📖 0/604 ဖတ်ပြီးသောစာမျက်နှာများ
📄 581
أَلَمۡ نَخۡلُقكُّم مِّن مَّآءٍ مَّهِينٍ  ۝٢٠ فَجَعَلۡنَٰهُ فِي قَرَارٍ مَّكِينٍ  ۝٢١ إِلَىٰ قَدَرٍ مَّعۡلُومٍ  ۝٢٢ فَقَدَرۡنَا فَنِعۡمَ ٱلۡقَٰدِرُونَ  ۝٢٣ وَيۡلٌ يَوۡمَئِذٍ لِّلۡمُكَذِّبِينَ  ۝٢٤ أَلَمۡ نَجۡعَلِ ٱلۡأَرۡضَ كِفَاتًا  ۝٢٥ أَحۡيَآءً وَأَمۡوَٰتًا  ۝٢٦ وَجَعَلۡنَا فِيهَا رَوَٰسِيَ شَٰمِخَٰتٍ وَأَسۡقَيۡنَٰكُم مَّآءً فُرَاتًا  ۝٢٧ وَيۡلٌ يَوۡمَئِذٍ لِّلۡمُكَذِّبِينَ  ۝٢٨ ٱنطَلِقُوٓاْ إِلَىٰ مَا كُنتُم بِهِۦ تُكَذِّبُونَ  ۝٢٩ ٱنطَلِقُوٓاْ إِلَىٰ ظِلٍّ ذِي ثَلَٰثِ شُعَبٍ  ۝٣٠ لَّا ظَلِيلٍ وَلَا يُغۡنِي مِنَ ٱللَّهَبِ  ۝٣١ إِنَّهَا تَرۡمِي بِشَرَرٍ كَٱلۡقَصۡرِ  ۝٣٢ كَأَنَّهُۥ جِمَٰلَتٌ صُفۡرٌ  ۝٣٣ وَيۡلٌ يَوۡمَئِذٍ لِّلۡمُكَذِّبِينَ  ۝٣٤ هَٰذَا يَوۡمُ لَا يَنطِقُونَ  ۝٣٥ وَلَا يُؤۡذَنُ لَهُمۡ فَيَعۡتَذِرُونَ  ۝٣٦ وَيۡلٌ يَوۡمَئِذٍ لِّلۡمُكَذِّبِينَ  ۝٣٧ هَٰذَا يَوۡمُ ٱلۡفَصۡلِۖ جَمَعۡنَٰكُمۡ وَٱلۡأَوَّلِينَ  ۝٣٨ فَإِن كَانَ لَكُمۡ كَيۡدٌ فَكِيدُونِ  ۝٣٩ وَيۡلٌ يَوۡمَئِذٍ لِّلۡمُكَذِّبِينَ  ۝٤٠ إِنَّ ٱلۡمُتَّقِينَ فِي ظِلَٰلٍ وَعُيُونٍ  ۝٤١ وَفَوَٰكِهَ مِمَّا يَشۡتَهُونَ  ۝٤٢ كُلُواْ وَٱشۡرَبُواْ هَنِيٓـَٔۢا بِمَا كُنتُمۡ تَعۡمَلُونَ  ۝٤٣ إِنَّا كَذَٰلِكَ نَجۡزِي ٱلۡمُحۡسِنِينَ  ۝٤٤ وَيۡلٌ يَوۡمَئِذٍ لِّلۡمُكَذِّبِينَ  ۝٤٥ كُلُواْ وَتَمَتَّعُواْ قَلِيلًا إِنَّكُم مُّجۡرِمُونَ  ۝٤٦ وَيۡلٌ يَوۡمَئِذٍ لِّلۡمُكَذِّبِينَ  ۝٤٧ وَإِذَا قِيلَ لَهُمُ ٱرۡكَعُواْ لَا يَرۡكَعُونَ  ۝٤٨ وَيۡلٌ يَوۡمَئِذٍ لِّلۡمُكَذِّبِينَ  ۝٤٩ فَبِأَيِّ حَدِيثِۭ بَعۡدَهُۥ يُؤۡمِنُونَ  ۝٥٠
77:20
أَلَمۡ نَخۡلُقكُّم مِّن مَّآءٍ مَّهِينٍ  ۝٢٠
ငါအရှင်မြတ်သည် အသင်တို့အား ယုတ်ညံ့သောရေဖြင့် ဖန်ဆင်းတော်မူခဲ့သည် မဟုတ်လော။
77:21
فَجَعَلۡنَٰهُ فِي قَرَارٍ مَّكِينٍ  ۝٢١
တစ်ဖန် ငါအရှင်မြတ်သည် ထိုရေကို လုံခြုံသောနေရာ၌ ထားရှိတော်မူခဲ့၏။
77:22
إِلَىٰ قَدَرٍ مَّعۡلُومٍ  ۝٢٢
သတ်မှတ်ပြီးဖြစ်သော အချိန်ကာလတိုင်အောင်။
77:23
فَقَدَرۡنَا فَنِعۡمَ ٱلۡقَٰدِرُونَ  ۝٢٣
တစ်ဖန် ငါအရှင်မြတ်သည် စနစ်တကျ စီမံပြုပြင် ချိန်ဆခန့်မှန်းတော်မူခဲ့ရာ စင်စစ် (ငါအရှင်မြတ်သည်)အဘယ်မျှ ကောင်းမြတ်သော စီမံပြုပြင် ချိန်ဆ ခန့်မှန်းတော်မူသောအရှင်၊ ဖြစ်တော်မူပါ သနည်း။
77:24
وَيۡلٌ يَوۡمَئِذٍ لِّلۡمُكَذِّبِينَ  ۝٢٤
ထိုနေ့တွင် မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ကြကုန်သောသူတို့၌ (အကြီးအကျယ်) ပျက်စီးမှုသည် ရှိပေမည်။
77:25
أَلَمۡ نَجۡعَلِ ٱلۡأَرۡضَ كِفَاتًا  ۝٢٥
ငါအရှင်မြတ်သည် ပထဝီမြေကို စုရုံးပေါင်းစပ်ရာနေရာဌာန၊ စုရုံးပေါင်းစပ်သောအရာ၊ ပြုလုပ်တော်မူခဲ့သည်မဟုတ်လော။
77:26
أَحۡيَآءً وَأَمۡوَٰتًا  ۝٢٦
အသက်ရှင်သူတို့အားလည်းကောင်း၊ သူသေတို့အားလည်းကောင်း။
77:27
وَجَعَلۡنَا فِيهَا رَوَٰسِيَ شَٰمِخَٰتٍ وَأَسۡقَيۡنَٰكُم مَّآءً فُرَاتًا  ۝٢٧
ထိုမှတစ်ပါး ငါအရှင်မြတ်သည် ယင်းပထဝီမြေဝယ် မြင့်စွင့်လှစွာသော တောင်များကို (နေရာတကျ) စိုက်ထူတော်မူသည်။ ၎င်းပြင် ငါအရှင်မြတ်သည် အသင်တို့အား ချိုမြသောရေကို တိုက်ကျွေးတော်မူသည်။
77:28
وَيۡلٌ يَوۡمَئِذٍ لِّلۡمُكَذِّبِينَ  ۝٢٨
ထိုနေ့တွင် မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ကြကုန်သောသူတို့၌ (ကြီးကျယ်လှစွာ)သော ပျက်စီးမှုသည် ရှိချေမည်သာတည်း။
77:29
ٱنطَلِقُوٓاْ إِلَىٰ مَا كُنتُم بِهِۦ تُكَذِّبُونَ  ۝٢٩
အသင်တို့သည် မဟုတ်မမှန်ဟူ၍ မိမိတို့ စွပ်စွဲငြင်းပယ်လျက် ရှိခဲ့ကြသော (ပြစ်ဒဏ်)ရှိရာသို့ လျှောက်၍ သွားကြလေကုန်။
77:30
ٱنطَلِقُوٓاْ إِلَىٰ ظِلٍّ ذِي ثَلَٰثِ شُعَبٍ  ۝٣٠
အသင်တို့သည် အကိုင်းသုံးကိုင်း ခွဲထွက်သော အရိပ်ဆာယာ(အောက်)သို့ လျှောက်သွားကြလေကုန်၏။
77:31
لَّا ظَلِيلٍ وَلَا يُغۡنِي مِنَ ٱللَّهَبِ  ۝٣١
(ယင်းအရိပ်တွင်) သက်သာမှုလည်း ရှိမည်မဟုတ်ပေ။ မီးတောက်မီးလျှံ(၏အရှိန်မှ) ကာကွယ်မည်လည်း မဟုတ်ပေ။
77:32
إِنَّهَا تَرۡمِي بِشَرَرٍ كَٱلۡقَصۡرِ  ۝٣٢
ဧကန်အမှန် ယင်းမီးသည် အဆောက်အအုံကြီးများ ပမာရှိသော မီးပွင့်မီးပွားများကို ပေါက်ထွက်စေမည်။
77:33
كَأَنَّهُۥ جِمَٰلَتٌ صُفۡرٌ  ۝٣٣
ယင်းမီးပွင့်မီးပွားများမှာ အဝါရောင်ရှိသော ကုလားအုပ်များကဲ့သို့ ရှိကြပေမည်။
77:34
وَيۡلٌ يَوۡمَئِذٍ لِّلۡمُكَذِّبِينَ  ۝٣٤
ထိုနေ့တွင် မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ကြကုန်သောသူတို့၌ (ကြီးကျယ်လှစွာသော) ပျက်စီးမှုသည် ရှိပေမည်။
77:35
هَٰذَا يَوۡمُ لَا يَنطِقُونَ  ۝٣٥
ဤနေ့သည် ၎င်းတို့ စကားပြောဆိုခြင်း မပြုနိုင်သောနေ့ပင်။
77:36
وَلَا يُؤۡذَنُ لَهُمۡ فَيَعۡتَذِرُونَ  ۝٣٦
၎င်းတို့သည် အကြောင်းပြ ဆင်ခြေလဲနိုင်ကြရန် ခွင့်ပြုခြင်းကိုလည်း ခံကြရမည်မဟုတ်ပေ။
77:37
وَيۡلٌ يَوۡمَئِذٍ لِّلۡمُكَذِّبِينَ  ۝٣٧
ထိုနေ့သည် မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ကြကုန်သောသူတို့၌ (ကြီးကျယ်လှစွာသော) ပျက်စီးမှုသည် ရှိချေမည်။
77:38
هَٰذَا يَوۡمُ ٱلۡفَصۡلِۖ جَمَعۡنَٰكُمۡ وَٱلۡأَوَّلِينَ  ۝٣٨
ဤသည် စီရင်ဆုံးဖြတ်မည့်နေ့ပင်။ ငါအရှင်မြတ်သည် အသင်တို့အားလည်းကောင်း၊ ရှေးသူဟောင်းတို့အားလည်းကောင်း၊ စုရုံးတော်မူလိုက်ပြီ။
77:39
فَإِن كَانَ لَكُمۡ كَيۡدٌ فَكِيدُونِ  ۝٣٩
သို့ဖြစ်ပေရာ အကယ်၍ အသင်တို့၌ အကြံအစည် တစ်စုံတစ်ရာရှိခဲ့မူ ငါအရှင်မြတ်နှင့် ယှဉ်ပြိုင်၍ ကြံစည်ကြလေကုန်။
77:40
وَيۡلٌ يَوۡمَئِذٍ لِّلۡمُكَذِّبِينَ  ۝٤٠
ထို့နေ့တွင်မူကား မဟုတ်မမှန်ဟူ၍ စွပ်စွဲ ငြင်းပယ်ကြကုန်သောသူတို့၌ (ကြီးကျယ်လှစွာသော) ပျက်စီးမှုသည် ရှိချေအံ့သတည်း။
77:41
إِنَّ ٱلۡمُتَّقِينَ فِي ظِلَٰلٍ وَعُيُونٍ  ۝٤١
ဧကန်မလွဲ "မွတ္တကီ" သူတော်စင်တို့သည် အရိပ်အာဝါသများ၌လည်းကောင်း၊ စမ်းများ၌လည်းကောင်း။
77:42
وَفَوَٰكِهَ مِمَّا يَشۡتَهُونَ  ۝٤٢
ထိုသူတို့ အာသာဆန္ဒရှိကြလေသော သစ်သီးဝလံများ၌လည်းကောင်း၊ ရှိနေကြပေမည်။
77:43
كُلُواْ وَٱشۡرَبُواْ هَنِيٓـَٔۢا بِمَا كُنتُمۡ تَعۡمَلُونَ  ۝٤٣
(၎င်း တို့သည် ဤသို့ပြောဆိုခြင်းကို ခံကြရပေမည်။) အသင်တို့သည် မိမိတို့ ကျင့်မူခဲ့ကြလေသော (ကောင်းမှု သုစရိုက်များကြောင့်) မြိန်ယှက်စွာ စားသုံးခြင်းကိုလည်းကောင်း၊ သောက်သုံးခြင်းကိုလည်းကောင်း၊ ပြုကြလေကုန်။
77:44
إِنَّا كَذَٰلِكَ نَجۡزِي ٱلۡمُحۡسِنِينَ  ۝٤٤
ဧကန်မလွဲ ငါအရှင်မြတ်သည် ကောင်းမှုပြုသူတို့အား ဤအတိုင်းပင် အစားပေးလေ့ရှိတော်မူ၏။
77:45
وَيۡلٌ يَوۡمَئِذٍ لِّلۡمُكَذِّبِينَ  ۝٤٥
ထိုနေ့တွင် မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ကြကုန်သောသူတို့၌ (ကြီးကျယ်လှစွာသော) ပျက်စီးမှုသည် ရှိပေမည်။
77:46
كُلُواْ وَتَمَتَّعُواْ قَلِيلًا إِنَّكُم مُّجۡرِمُونَ  ۝٤٦
အသင်တို့သည် (ဤပစ္စက္ခဘဝ၌) အနည်းငယ်မျှ (ကာလတိုင်အောင်) စားသုံးခြင်းကိုလည်းကောင်း၊ အကျိုးခံစားခြင်းကိုလည်းကောင်း၊ ပြုကြ လေကုန်။ ဧကန်မလွဲ အသင်တို့သည် အပြစ်ရှိသူများပင် ဖြစ်ကြကုန်၏။
77:47
وَيۡلٌ يَوۡمَئِذٍ لِّلۡمُكَذِّبِينَ  ۝٤٧
ထိုနေ့တွင် မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ကြကုန်သောသူတို့၌ (ကြီးကျယ်လှစွာသော) ပျက်စီးမှုသည် ရှိပေမည်။
77:48
وَإِذَا قِيلَ لَهُمُ ٱرۡكَعُواْ لَا يَرۡكَعُونَ  ۝٤٨
စင်စစ်သော်ကား ၎င်းတို့အား အသင်တို့သည် `ရူကူအ်` ဦးညွှတ်ကြလေကုန်၊ ဟု အမိန့်ပေးတော်မူသောအခါ ၎င်းတို့သည် "ရူကူအ်" ဦးညွှတ် ခြင်းကို ပြုကြသည် မဟုတ်ပေ။
77:49
وَيۡلٌ يَوۡمَئِذٍ لِّلۡمُكَذِّبِينَ  ۝٤٩
ထိုနေ့တွင် မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ကြကုန်သောသူတို့၌ (ကြီးကျယ်လှစွာသော) ပျက်စီးမှုသည် ရှိချေမည်။
77:50
فَبِأَيِّ حَدِيثِۭ بَعۡدَهُۥ يُؤۡمِنُونَ  ۝٥٠
စင်စစ် ၎င်းတို့သည် (ကုရ်အာန်ကျမ်းတော်မြတ်)အပြင် (တစ်နည်း) (ကုရ်အာန်ကျမ်းတော်မြတ် ကျရောက်ခဲ့ပြီး)နောက် မည်သည့်စကားကို သက်ဝင် ယုံကြည်ကြကုန်အံ့နည်း။


📚Juz 29 📄581 / 604



Mishary Rashid Alafasy
Mahmoud Khalil Al-Husary
Abdurrahman As-Sudais
Mohamed Siddiq Al-Minshawi
Abdul Basit Abdul Samad
Ali Al-Hudhaify
Ahmed ibn Ali al-Ajamy
Abu Bakr Ash-Shaatree
Muhammad Ayyoub
Abdullah Basfar
Abdullah Al-Juhani
Maher Al Muaiqly
0:00
0:00
-

ကုရ်အာန်ကျမ်း


Tuesday, September 1, 2026

Don't forget us in your sincere prayers