📖 0/604 ဖတ်ပြီးသောစာမျက်နှာများ
📄 582
စူရာ အန်-နဘ

စူရာ အန်-နဘ

78:1
عَمَّ يَتَسَآءَلُونَ ١
ထို (ကိယာမတ်ကို မယုံကြည်သောသူတို့သည်)မည်သည့်အရာနှင့်စပ်လျဉ်း၍ မိမိတို့ အချင်းချင်း မေးမြန်းလျက် ရှိကြသနည်း။
78:2
عَنِ ٱلنَّبَإِ ٱلۡعَظِيمِ ٢
၎င်းတို့သည် အကြင် ကြီးကျယ်လှစွာသော(ကိယာမတ်၏)အကြောင်းသတင်းကို (မေးမြန်းလျက် ရှိကြကုန်၏)။
78:3
ٱلَّذِي هُمۡ فِيهِ مُخۡتَلِفُونَ ٣
၎င်းတို့သည် ယင်းအကြောင်းသတင်းနှင့်စပ်လျဉ်း၍ (အမြင်မှန်ရရှိသောသူတို့နှင့် အယူဝါဒ) ကွဲလွဲနေသူများ ဖြစ်ကြကုန်၏။
78:4
كـَلَّا سَيَعۡلَمُونَ ٤
(၎င်းတို့သည် ကိယာမတ် ဖြစ်မည်မဟုတ်ဟု ထင်မှတ်နေကြ၏။) (ထိုသို့) အလျင်းမဟုတ်၊ (ထို ကိယာမတ်သည် မုချ ဆိုက်ရောက်လာမည်ဖြစ်ရာ) ၎င်းတို့သည် မကြာမြင့်မီပင် (ယင်းကိယာမသ်ကို မျက်မြင်ဒိဋ္ဌ တွေ့မြင်)သိရှိရပေမည်။
78:5
ثُمَّ كـَلَّا سَيَعۡلَمُونَ ٥
ထို့နောက်တဖန် (ငါအရှင်မြတ် ထပ်မံ မိန့်ကြားတော်မူအံ့၊ ၎င်းတို့သည် ကိယာမတ်ဖြစ်မည် မဟုတ်ဟု ထင်မှတ်နေကြ၏၊) အလျင်းမဟုတ်၊ (ထို ကိယာမတ်သည် အမှန်ပင်ဆိုက်ရောက်လာမည် ဖြစ်ပေရာ) ၎င်းတို့သည် (မျက်ဝါးထင်ထင်တွေ့မြင်) သိရှိကြရမည်သာ။
78:6
أَلَمۡ نَجۡعَلِ ٱلۡأَرۡضَ مِهَٰدًا ٦
(စင်စစ် ကိယာမတ်မဖြစ်နိုင်ဟု ငြင်းပယ်ခြင်းသည် ငါအရှင်မြတ်၏ တန်ခိုးတော်ကို ငြင်းပယ် စော်ကားခြင်းသာ ဖြစ်ပေသည်။ ငါအရှင်မြတ်၏ ထူးကဲ ဆန်းပြားလှစွာသော တန်ခိုးတော်ကို ၎င်းတို့သည် မတွေ့ကြလေသလော၊)ငါအရှင်မြတ်သည်သာလျှင် ပထဝီမြေကို (လူသတ္တဝါ အပေါင်းတို့၏အကျိုးငှာ) အခင်း ပြုလုပ်တော်မူခဲ့သည် မဟုတ်လော။
78:7
وَٱلۡجِبَالَ أَوۡتَادًا ٧
၎င်းပြင် (ငါအရှင်မြတ်သည်ပင် ယင်းပထဝီ မြေတည်ငြိမ်အံ့သောငှာ) တောင်များကို သတ်များ၊ ငုတ်များ၊(ပြုလုပ်တော်မူခဲ့သည် မဟုတ်လော)။
78:8
وَخَلَقۡنَٰكُمۡ أَزۡوَٰجًا ٨
ထိုမှတစ်ပါး ငါအရှင်မြတ်သည်သာလျှင် အသင်တို့အား (ယောက်ျားနှင့် မိန်းမဟူ၍) အစုံ၊ အစုံ (စုံတွဲများ) ဖန်ဆင်းတော်မူခဲ့၏။
78:9
وَجَعَلۡنَا نَوۡمَكُمۡ سُبَاتًا ٩
၎င်းပြင် ငါအရှင်မြတ်သည်သာလျှင် အသင်တို့၏အိပ်စက်ခြင်းကို (အသင်တို့အဖို့) အပန်းဖြေမှု ပြုလုပ်တော်မူခဲ့၏။
78:10
وَجَعَلۡنَا ٱلَّيۡلَ لِبَاسًا ١٠
ထို့ပြင် ငါအရှင်မြတ်သည်သာလျှင် ညဉ့်ကို(အသင်တို့အကျိုးငှာ) ဝတ်ရုံ(အကာအကွယ်) ပြုလုပ်တော်မူခဲ့၏။
78:11
وَجَعَلۡنَا ٱلنَّهَارَ مَعَاشًا ١١
ထို့မှတစ်ပါး ငါအရှင်မြတ်သည်သာလျှင် နေ့ကို(အသင်တို့အဖို့) အသက်မွေးဝမ်းကျောင်းပြုရန် အချိန် ပြုလုပ်တော်မူခဲ့၏။
78:12
وَبَنَيۡنَا فَوۡقَكُمۡ سَبۡعًا شِدَادًا ١٢
ထို့ပြင် ငါအရှင်မြတ်သည်သာလျှင် အသင်တို့ထက်ဝယ် အလွန်ခိုင်ခန့်လှစွာသော မိုးခုနှစ်ထပ်ကို ဆောက်လုပ်တော်မူခဲ့၏။
78:13
وَجَعَلۡنَا سِرَاجًا وَهَّاجًا ١٣
ထို့ပြင် ငါအရှင်မြတ်သည်သာလျှင် (ယင်းမိုးကောင်းကင်၌) လင်းဝင်းတောက်ပလှစွာသော ဆီမီးတစ်ခုကိုဖန်ဆင်းတော်မူခဲ့၏။
78:14
وَأَنزَلۡنَا مِنَ ٱلۡمُعۡصِرَٰتِ مَآءً ثَجَّاجًا ١٤
ထိုမှတစ်ပါး ငါအရှင်မြတ်သည်သာလျှင် ညှစ်ထုတ်သောတိမ်များမှ (ရေအပြည့်ရှိသောမိုးတိမ်များမှ) (မိုး)ရေကို သည်းထန်စွာ ရွာသွန်းစေတော်မူခဲ့၏။
78:15
لِّنُخۡرِجَ بِهِۦ حَبًّا وَنَبَاتًا ١٥
(ယင်းမိုးရေကို ရွာသွန်းစေတော်မူခြင်းမှာ) ငါအရှင်မြတ်သည် ထိုမိုးရေဖြင့် ကောက်ပဲသီးနှံများကိုလည်းကောင်း၊ ဟင်းသီးဟင်းရွက်ပင်များကိုလည်းကောင်း၊ ပေါက်ရောက်စေတော်မူရန်လည်း ဖြစ်ပေသည်။
78:16
وَجَنَّٰتٍ أَلۡفَافًا ١٦
၎င်း ပြင် ပူးကပ်ထူထပ်သော ဥယျာဉ်များ(ပေါက်ရောက်စေတော်မူရန်လည်း) ဖြစ်ပေသတည်း။
78:17
إِنَّ يَوۡمَ ٱلۡفَصۡلِ كَانَ مِيقَٰتًا ١٧
ဧကန်မလွဲ စီရင်ဆုံးဖြတ်မည့်နေ့ကား သတ်မှတ်ပြီးဖြစ်သော အချိန်ကာလတစ်ခုပင် ဖြစ်ပေသည်၊
78:18
يَوۡمَ يُنفَخُ فِي ٱلصُّورِ فَتَأۡتُونَ أَفۡوَاجًا ١٨
အကြင်နေ့တွင် တံပိုးခရာမှုတ်ခြင်း ခံရပေမည်။ထိုအခါ အသင်တို့သည် အစုလိုက်၊ အစုလိုက် လာကြပေမည်။
78:19
وَفُتِحَتِ ٱلسَّمَآءُ فَكَانَتۡ أَبۡوَٰبًا ١٩
၎င်းပြင် (ထိုနေ့တွင်) မိုးကောင်ကင်သည် ပွင့်သွားပေမည်။ ထိုအခါ ယင်းမိုးကောင်းကင်၌ တံခါးများသာ ဖြစ်သွားကြပေမည်။
78:20
وَسُيِّرَتِ ٱلۡجِبَالُ فَكَانَتۡ سَرَابًا ٢٠
ထို့ပြင် (ထိုနေ့တွင်) တောင်များသည် ရွေ့လျားစေခြင်းကို ခံကြရပေမည်။ ထိုအခါ ယင်းတောင်များသည် သဲ(များပမာ) (လင်းလျှပ်ပမာ) ဖြစ်သွားကြပေမည်။
78:21
إِنَّ جَهَنَّمَ كَانَتۡ مِرۡصَادًا ٢١
ဧကန်အမှန် ဂျဟန္နမ်ငရဲသည် (ကျူးလွန် ဆိုးသွမ်းသူတို့အဖို့) ချောင်းမြောင်းရာဌာနပင် ဖြစ်ပေသည်။
78:22
لِّلطَّٰغِينَ مَـَٔابًا ٢٢
လွန်စွာ ဆိုးသွမ်း ပြစ်မှုကျူးလွန်သူတို့၏ ပြန်လည်ရာစခန်း(လည်း) ဖြစ်ပေသည်။
78:23
لَّٰبِثِينَ فِيهَآ أَحۡقَابًا ٢٣
(၎င်းတို့သည်) ယင်းဂျဟန္နမ်ငရဲ၌ အဆုံးမရှိသော အချိန်ကာလတိုင်အောင် နေထိုင်ကြရပေမည်။
78:24
لَّا يَذُوقُونَ فِيهَا بَرۡدًا وَلَا شَرَابًا ٢٤
၎င်းတို့သည် ယင်းဂျဟန္နမ်ငရဲ၌ မည်သည့် အေးချမ်း၊ အေးဆေး၊ အေးမြမှုကိုမျှ၊ မြည်းစမ်းကြရမည် မဟုတ်ပေ။၎င်းပြင် မည်သည့်သောက်သုံးရာ ပစ္စည်းကိုမျှလည်း မြည်းစမ်းကြရမည် မဟုတ်ပေ။
78:25
إِلَّا حَمِيمًا وَغَسَّاقًا ٢٥
ပွက်ပွက်ဆူလျက်ရှိသော ရေပူနှင့် ပြည်ပုပ်ကိုသာ (မြည်းစမ်းကြရပေမည်)။
78:26
جَزَآءً وِفَاقًا ٢٦
(ဤသည် ၎င်းတို့အား ၎င်းတို့ ကျူးလွန်ခဲ့ကြကုန်သော ပြစ်မှုဒုစရိုက်များနှင့်)လျော်ညီစွာ အစားပေးခြင်းပင် ဖြစ်ပေသည်။
78:27
إِنَّهُمۡ كَانُواْ لَا يَرۡجُونَ حِسَابًا ٢٧
ဧကန်မလွဲ ၎င်းတို့သည် မည်သည့်စစ်ဆေးမှုကိုမျှ ကြောက်ရွံ့စိုးရိမ်ခဲ့ကြသည် မဟုတ်ပေ။ မျှော်လင့်ခဲ့ကြသည် မဟုတ်ပေ။
78:28
وَكَذَّبُواْ بِـَٔايَٰتِنَا كِذَّابًا ٢٨
ထိုမှတစ်ပါး ၎င်းတို့သည် ငါအရှင်မြတ်၏ အာယတ်တော်များကို မဟုတ်မမှန်ဟူ၍ ဇွတ်ငြင်းခဲ့ ကြပေသည်။
78:29
وَكُلَّ شَيۡءٍ أَحۡصَيۡنَٰهُ كِتَٰبًا ٢٩
စင်စစ် ငါအရှင်မြတ်သည်(၎င်းတို့၏ အပြုအမူတို့ကို) အသီးသီး ရေးသားလျက် စေ့ငုစွာ ရေတွက်မှတ်သားတော်မူခဲ့သည်။
78:30
فَذُوقُواْ فَلَن نَّزِيدَكُمۡ إِلَّا عَذَابًا ٣٠
သို့ဖြစ်ပေရာ (ငါအရှင်မြတ်သည် ထိုနေ့တွင် ၎င်းတို့အား ယင်းအပြုအမူတို့ကို ပြသတော်မူ၍) အသင်တို့သည် (ပြစ်ဒဏ်၏အရသာကို) မြည်းစမ်း ကြလေကုန်။ စင်စစ် ငါအရှင်မြတ်သည် ပြစ်ဒဏ်မှတစ်ပါး အခြားတစ်စုံတစ်ရာကိုမျှ အသင်တို့၌ ပိုမိုစေတော်မူမည်မဟုတ်(ဟု မိန့်ကြားတော်မူအံ့သတည်း)။
العربيةEnglishBahasa IndonesiaTürkçeРусскийفارسیFrançaisاردوবাংলাDeutschEspañol中文हिन्दीPortuguêsItalianoภาษาไทยPolskiNederlandsShqipKiswahiliO'zbekதமிழ்MelayuBosanskiSoomaaliAzərbaycanکوردی한국어日本語SvenskaDanskNorskپښتوമലയാളംසිංහලTamazightHausaአማርኛБългарскиТоҷикӣҚазақшаFilipinoسنڌيYorùbáFulfuldeТатарчаئۇيغۇرچەКыргызчаਪੰਜਾਬੀJawaతెలుగుမြန်မာગુજરાતીOromoमराठीTiếng ViệtMalagasyНохчийнWolofދިވެހިಕನ್ನಡУкраїнськаΕλληνικάქართულიខ្មែរدریQafar afMaranaoनेपाली
ကုရ်အာန်ကျမ်း
Tuesday, September 1, 2026
Don't forget us in your sincere prayers







