📖 0/604 ဖတ်ပြီးသောစာမျက်နှာများ
📄 580
وَمِنَ ٱلَّيۡلِ فَٱسۡجُدۡ لَهُۥ وَسَبِّحۡهُ لَيۡلًا طَوِيلًا  ۝٢٦ إِنَّ هَٰٓؤُلَآءِ يُحِبُّونَ ٱلۡعَاجِلَةَ وَيَذَرُونَ وَرَآءَهُمۡ يَوۡمًا ثَقِيلًا  ۝٢٧ نَّحۡنُ خَلَقۡنَٰهُمۡ وَشَدَدۡنَآ أَسۡرَهُمۡۖ وَإِذَا شِئۡنَا بَدَّلۡنَآ أَمۡثَٰلَهُمۡ تَبۡدِيلًا  ۝٢٨ إِنَّ هَٰذِهِۦ تَذۡكِرَةٌۖ فَمَن شَآءَ ٱتَّخَذَ إِلَىٰ رَبِّهِۦ سَبِيلًا  ۝٢٩ وَمَا تَشَآءُونَ إِلَّآ أَن يَشَآءَ ٱللَّهُۚ إِنَّ ٱللَّهَ كَانَ عَلِيمًا حَكِيمًا  ۝٣٠ يُدۡخِلُ مَن يَشَآءُ فِي رَحۡمَتِهِۦۚ وَٱلظَّٰلِمِينَ أَعَدَّ لَهُمۡ عَذَابًا أَلِيمَۢا  ۝٣١
စူရာ အလ်-မုရ်စလာ့
bismillah
وَٱلۡمُرۡسَلَٰتِ عُرۡفًا  ۝١ فَٱلۡعَٰصِفَٰتِ عَصۡفًا  ۝٢ وَٱلنَّٰشِرَٰتِ نَشۡرًا  ۝٣ فَٱلۡفَٰرِقَٰتِ فَرۡقًا  ۝٤ فَٱلۡمُلۡقِيَٰتِ ذِكۡرًا  ۝٥ عُذۡرًا أَوۡ نُذۡرًا  ۝٦ إِنَّمَا تُوعَدُونَ لَوَٰقِعٌ  ۝٧ فَإِذَا ٱلنُّجُومُ طُمِسَتۡ  ۝٨ وَإِذَا ٱلسَّمَآءُ فُرِجَتۡ  ۝٩ وَإِذَا ٱلۡجِبَالُ نُسِفَتۡ  ۝١٠ وَإِذَا ٱلرُّسُلُ أُقِّتَتۡ  ۝١١ لِأَيِّ يَوۡمٍ أُجِّلَتۡ  ۝١٢ لِيَوۡمِ ٱلۡفَصۡلِ  ۝١٣ وَمَآ أَدۡرَىٰكَ مَا يَوۡمُ ٱلۡفَصۡلِ  ۝١٤ وَيۡلٌ يَوۡمَئِذٍ لِّلۡمُكَذِّبِينَ  ۝١٥ أَلَمۡ نُهۡلِكِ ٱلۡأَوَّلِينَ  ۝١٦ ثُمَّ نُتۡبِعُهُمُ ٱلۡأٓخِرِينَ  ۝١٧ كَذَٰلِكَ نَفۡعَلُ بِٱلۡمُجۡرِمِينَ  ۝١٨ وَيۡلٌ يَوۡمَئِذٍ لِّلۡمُكَذِّبِينَ  ۝١٩
76:26
وَمِنَ ٱلَّيۡلِ فَٱسۡجُدۡ لَهُۥ وَسَبِّحۡهُ لَيۡلًا طَوِيلًا  ۝٢٦
တစ်ဖန် အသင်သည် ညဉ့်၏အစိတ်အပိုင်း တစ်ခုခု၌လည်း ထိုအရှင်မြတ်အား "စဂျ်ဒဟ်" ပျပ်ဝပ်ဦးချပါလေ။ ထိုမှတစ်ပါး အသင်သည် ညဉ့်၏ရှည်လျားစွာသော အစိတ်အပိုင်း၌ ထိုအရှင်မြတ် စင်ကြယ် သန့်ရှင်းတော်မူကြောင်းကို မြွက်ဆိုပါလေ။
76:27
إِنَّ هَٰٓؤُلَآءِ يُحِبُّونَ ٱلۡعَاجِلَةَ وَيَذَرُونَ وَرَآءَهُمۡ يَوۡمًا ثَقِيلًا  ۝٢٧
စင်စစ်ဧကန် ဤသူတို့ကား လောကီဘဝကို နှစ်သက်ကြကုန်၏။ ထို့ပြင် ၎င်းတို့သည် ခက်ခဲကြီးလေး လှစွာသော နေ့တစ်နေ့ကိုမူ မိမိတို့၏ နောက်တွင် စွန့်ပစ်၍ထားကြကုန်၏။ (တစ်နည်း)သို့ရာတွင် မိမိတို့ရှေ့၌ (ကြုံကြိုက်အံ့သော)ခက်ခဲလေးလံစွာသော နေ့တစ်နေ့ကိုမူ ၎င်းတို့သည် စွန့်ထားကြကုန် ၏။ (လျစ်လျူပြုထားကြ၏။)
76:28
نَّحۡنُ خَلَقۡنَٰهُمۡ وَشَدَدۡنَآ أَسۡرَهُمۡۖ وَإِذَا شِئۡنَا بَدَّلۡنَآ أَمۡثَٰلَهُمۡ تَبۡدِيلًا  ۝٢٨
ငါအရှင်မြတ်သည်ပင် ၎င်းတို့အား ဖန်ဆင်းတော်မူခဲ့သည့်ပြင် ငါအရှင်မြတ်သည်ပင် ၎င်းတို့၏ (ခန္ဓာကိုယ်၏) အဆစ်အဆက် အဆစ်အပိုင်းတို့ကို (အကြောအခြင်များဖြင့် ချည်နှောင်၍) ခိုင်ခံ့တော်မူစေခဲ့၏။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် အလိုရှိတော်မူသောအခါဝယ် ၎င်းတို့၏အစား ၎င်းတို့ကဲ့သို့ သောသူတို့အား လဲလှယ်တော်မူပေမည်။
76:29
إِنَّ هَٰذِهِۦ تَذۡكِرَةٌۖ فَمَن شَآءَ ٱتَّخَذَ إِلَىٰ رَبِّهِۦ سَبِيلًا  ۝٢٩
ဧကန်မလွဲ ဤ "စူရဟ်" ကဏ္ဍသည် ဆုံးမဩဝါဒပင်ဖြစ်၏။ သို့ဖြစ်ပေရာ မည်သူမဆို အလိုရှိပါလျင် ၎င်းအား ဖန်ဆင်းမွေးမြူတော်မူသော အရှင် မြတ်အထံတော်သို့ (သွားရာ)လမ်းကို ရွေးချယ်ရမည်သာ။
76:30
وَمَا تَشَآءُونَ إِلَّآ أَن يَشَآءَ ٱللَّهُۚ إِنَّ ٱللَّهَ كَانَ عَلِيمًا حَكِيمًا  ۝٣٠
စင်စစ် အလ္လာဟ်အရှင်မြတ် အလိုရှိတော်မမူဘဲ အသင်တို့သည် အလိုရှိနိုင်ကြမည်မဟုတ်ပေ။ စင်စစ်ဧကန် အလ္လာဟ်အရှင်မြတ်သည် (အရာခပ် သိမ်းတို့ကို) အကြွင်းမဲ့သိတော်မူသောအရှင်၊ နက်နဲ သိမ်မွေ့သောဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအရှင်၊ ဖြစ်တော်မူ၏။
76:31
يُدۡخِلُ مَن يَشَآءُ فِي رَحۡمَتِهِۦۚ وَٱلظَّٰلِمِينَ أَعَدَّ لَهُمۡ عَذَابًا أَلِيمَۢا  ۝٣١
ထိုအရှင်မြတ်သည် မိမိ အလိုရှိတော်မူသောသူအား မိမိကရုဏာတော်အတွင်းဝယ် ဝင်ရောက်စေတော်မူ၏။ သို့ရာတွင် မတရားသော သူတို့အဖို့မှာမူကား၊ ထိုအရှင်မြတ်သည် နာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်တော်ကို အဆင်သင့်ပြုလုပ်၍ ထားရှိတော်မူပြီး ဖြစ်ပေသည်တကား။
စူရာ အလ်-မုရ်စလာ့
bismillah
77:1
وَٱلۡمُرۡسَلَٰتِ عُرۡفًا  ۝١
(ငါအရှင်မြတ်သည်) အကျိုးဖြစ်စေအံ့သောငှာ စေလွှတ်ခြင်းခံရသောလေများကို၊ စေလွှတ်ခြင်းခံရသော၊ ဆက်တိုက်၊ တိုက်ခတ်သောလေများကို သက်သေထူတော်မူ၏။
77:2
فَٱلۡعَٰصِفَٰتِ عَصۡفًا  ۝٢
တစ်ဖန် (ငါအရှင်မြတ်သည်) ပြင်းထန်စွာ တိုက်ခတ်သောလေများကို သက်သေထူတော်မူ၏။
77:3
وَٱلنَّٰشِرَٰتِ نَشۡرًا  ۝٣
ထို့ပြင် (ငါအရှင်မြတ်သည်) တိမ်များကို ပြန့်နှံ့စေသောလေများကို သက်သေထူတော်မူ၏။
77:4
فَٱلۡفَٰرِقَٰتِ فَرۡقًا  ۝٤
တစ်ဖန် (ငါအရှင်မြတ်သည် ယင်းတိမ်များကို)ကစဉ့်ကလျားဖြစ်စေသော လေများကို သက်သေထူတော်မူ၏။
77:5
فَٱلۡمُلۡقِيَٰتِ ذِكۡرًا  ۝٥
တစ်ဖန် (ငါအရှင်မြတ်သည် စိတ်နှလုံးများတွင် အလ္လာဟ်အရှင်မြတ်အား) အောက်မေ့တသ သတိရမှု ထည့်သွင်းပေးသောလေများကို သက်သေထူတော်မူ၏။
77:6
عُذۡرًا أَوۡ نُذۡرًا  ۝٦
ဝန်ချ တောင်းပန်ရန်သော်လည်းကောင်း၊ သတိပေးနှိုးဆော်ရန်သော်လည်းကောင်း၊ (တစ်နည်း) အကြောင်းပြချက် မပြုနိုင်ရန်သော်လည်းကောင်း၊ သတိပေး နှိုးဆော်ရန်သော်လည်းကောင်း။
77:7
إِنَّمَا تُوعَدُونَ لَوَٰقِعٌ  ۝٧
ဧကန်မလွဲ အသင်တို့ ချိန်းဆိုခြင်းခံကြရသော ချိန်းဆိုချက်မှာ အမှန်ပင် ဆိုက်လာမည်ဖြစ်၏။
77:8
فَإِذَا ٱلنُّجُومُ طُمِسَتۡ  ۝٨
စင်စစ်သော်ကား အကြင်ခါဝယ် ကြယ်နက္ခတ်တို့သည် ကွယ်ပျောက်၍ သွားကြရပေမည်။ (တစ်နည်း) ကြယ်နက္ခတ်တို့၏အလင်းရောင်မှာ မှေးမှိန်၍ သွားရပေမည်။
77:9
وَإِذَا ٱلسَّمَآءُ فُرِجَتۡ  ۝٩
၎င်း ပြင် အကြင်အခါဝယ် မိုးကောင်းကင်သည် အက်ကွဲ၍ သွားရပေမည်။
77:10
وَإِذَا ٱلۡجِبَالُ نُسِفَتۡ  ۝١٠
ထို့ပြင် အကြင်အခါဝယ် တောင်များသည် အမြစ်မှလှန်ပစ်ခြင်းကို ခံခဲ့ကြရ(ပြီးလျှင် အစိတ်စိတ် အပိုင်းပိုင်းဖြစ်ကာ လေထဲ၌ လွင့်ပါးလျက်ရှိကြရ)ပေမည်။
77:11
وَإِذَا ٱلرُّسُلُ أُقِّتَتۡ  ۝١١
ထိုမှတစ်ပါး အကြင်အခါဝယ် (ရစူလ်)တမန်တော်များသည် (သတ်မှတ်ထားသော)အချိန်၌ လာရောက်စုရုံးကြရပေမည်။
77:12
لِأَيِّ يَوۡمٍ أُجِّلَتۡ  ۝١٢
ယင်း (အရေးကိစ္စတို့သည်) မည်သည့်နေ့ရက်သို့ ရွှေ့ဆိုင်းခြင်း ခံခဲ့ရသနည်း။
77:13
لِيَوۡمِ ٱلۡفَصۡلِ  ۝١٣
စီရင်ဆုံးဖြတ်မည့် နေ့သို့ (ရွှေ့ဆိုင်းခြင်းခံခဲ့ရလေ၏။)
77:14
وَمَآ أَدۡرَىٰكَ مَا يَوۡمُ ٱلۡفَصۡلِ  ۝١٤
စင်စစ်သော်ကား (အို-နဗီတမန်တော်)၊ စီရင်ဆုံးဖြတ်မည့်နေ့သည် အဘယ်နည်းဟူ၍ အသင်သိပါသလော။
77:15
وَيۡلٌ يَوۡمَئِذٍ لِّلۡمُكَذِّبِينَ  ۝١٥
ထိုနေ့တွင်မူကား မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ကြကုန်သောသူတို့၌ (အကြီးအကျယ်) ပျက်စီးမှုသည် ရှိချေအံ့သတည်း။
77:16
أَلَمۡ نُهۡلِكِ ٱلۡأَوَّلِينَ  ۝١٦
ငါအရှင်မြတ်သည် ရှေးသူဟောင်းတို့အား ပျက်စီးစေတော်မူခဲ့သည် မဟုတ်လော။
77:17
ثُمَّ نُتۡبِعُهُمُ ٱلۡأٓخِرِينَ  ۝١٧
ထို့နောက်တစ်ဖန် ငါအရှင်မြတ်သည် နောင်လာနောက်သားတို့အားလည်း ထိုရှေးသူဟောင်းတို့၏ နောက်သို့ပင် လိုက်စေတော်မူမည်ဖြစ်၏။
77:18
كَذَٰلِكَ نَفۡعَلُ بِٱلۡمُجۡرِمِينَ  ۝١٨
ငါအရှင်မြတ်သည် ပြစ်မှုကျူးလွန်သူတို့အား ဤအတိုင်း ပြုလုပ်တော်မူလေ့ရှိ၏။
77:19
وَيۡلٌ يَوۡمَئِذٍ لِّلۡمُكَذِّبِينَ  ۝١٩
ထို့နေ့တွင် မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ကြကုန်သောသူတို့၌ (အကြီးအကျယ်)ပျက်စီးမှုသည် ရှိပေမည်။


📚Juz 29 📄580 / 604



Mishary Rashid Alafasy
Mahmoud Khalil Al-Husary
Abdurrahman As-Sudais
Mohamed Siddiq Al-Minshawi
Abdul Basit Abdul Samad
Ali Al-Hudhaify
Ahmed ibn Ali al-Ajamy
Abu Bakr Ash-Shaatree
Muhammad Ayyoub
Abdullah Basfar
Abdullah Al-Juhani
Maher Al Muaiqly
0:00
0:00
-

ကုရ်အာန်ကျမ်း


Tuesday, September 1, 2026

Don't forget us in your sincere prayers