အရ်-ရာအ်ဒ် · 11/43
ဘာသာပြန် အသံနိုင်ငံ — စူရာ အရ်-ရာအ်ဒ်
لَهُ مُعَقِّبَاتٌ مِّن بَيْنِ يَدَيْهِ وَمِنْ خَلْفِهِ يَحْفَظُونَهُ مِنْ أَمْرِ اللَّهِ ۗ إِنَّ اللَّهَ لَا يُغَيِّرُ مَا بِقَوْمٍ حَتَّىٰ يُغَيِّرُوا مَا بِأَنفُسِهِمْ ۗ وَإِذَا أَرَادَ اللَّهُ بِقَوْمٍ سُوءًا فَلَا مَرَدَّ لَهُ ۚ وَمَا لَهُم مِّن دُونِهِ مِن وَالٍ ۝١١
Lahoo mu`aqqibaatum mim baini yadaihi wa min khalfihee yahfazoonahoo min amril laah; innal laaha laa yughaiyiru maa biqawmin hattaa yughaiyiroo maa bianfusihim; wa izaaa araadal laahu biqawmin sooo`an falaa maradda lah; wa maa lahum min dooniheeminw waal
📖 မြန်မာဘာသာ
ထို(လူသား)အသီးသီးတို့တွင် ယင်းအသီးသီးတို့၏ရှေ့၌လည်းကောင်း၊ နောက်၌လည်းကောင်း အလှည့်ကျလာသော ကောင်းကင်တမန်များသည် ရှိကြကုန်၏။ ယင်းကောင်းကင်တမန်များသည် ယင်း(လူသား)အသီးသီးတို့အား အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်အရ စောင့်ရှောက်ကြကုန်၏။ အမှန်သော်ကား အရှင်မြတ်သည် လူမျိုးတစ်မျိုး၏ (ကောင်းမွန်သော) အခြေအနေကို ၎င်းတို့ကိုယ်တိုင် မိမိ တို့၏အခြေအနေကို မပြောင်းလဲသမျှကာလပတ်လုံး ပြောင်းလဲတော်မူသည်မဟုတ်ပေ။ စင်စစ်မှာမူကား အလ္လာဟ်အရှင်မြတ်သည် လူမျိုးတစ်မျိုး၏အပေါ်၌ ဘေးဒုက္ခဆိုက်ရောက်စေရန် ရည်ရွယ်တော်မူခဲ့သည်ရှိသော် (မည်သူတစ်ဦးတစ်ယောက်မျှပင်) ထိုဘေးဒုက္ခကို တွန်းလှန်နိုင်ခြင်းမရှိချေ။ ထိုမှတစ်ပါး ၎င်းတို့အား ထိုအရှင်မြတ်အပြင် ကာကွယ်စောင့်ရှောက်မည့်သူ ဟူ၍လည်း တစ်ဦးတစ်ယောက်မျှ မရှိပေ။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ

  • مُعَقِّبَاتٌ (မုအက်က္ကီဗာသ်) — အဓိပ္ပာယ်မှာ “အဆက်မပြတ် လိုက်ပါစောင့်ရှောက်သူများ” ဖြစ်သည်။ ဤနေရာတွင် လူသား၏ ရှေ့နှင့်နောက်မှ အလှည့်ကျ အလှည့်ကျ စောင့်ရှောက်နေသော ကောင်းကင်တမန်များ (မာလာအိကဟ်) ကို ဆိုလိုသည်။
  • مِن بَيْنِ يَدَيْهِ (မိန်ဗိုင်နိယဒိုင်ဟိ) — သူ၏ ရှေ့မှ၊ ဆိုလိုသည်မှာ လူသား၏ ရှေ့ဘက်မှ။
  • وَمِنْ خَلْفِهِ (ဝမိန်ခလ်ဖိဟိ) — သူ၏ နောက်မှ၊ ဆိုလိုသည်မှာ လူသား၏ နောက်ဘက်မှ။
  • يَحْفَظُونَهُ (ယဟ်ဖဇူနဟူ) — သူ့ကို စောင့်ရှောက်ကြသည်။
  • مِنْ أَمْرِ اللَّهِ (မိန် အမ်ရိလ္လာဟ်) — အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ဖြင့်။
  • مَا بِقَوْمٍ (မာ ဗိကအ်မ်) — လူမျိုးတစ်မျိုးတွင် ရှိသော အခြေအနေ (ကောင်းချီးမင်္ဂလာ သို့မဟုတ် ဘေးအန္တရာယ်)။
  • مَا بِأَنفُسِهِمْ (မာ ဗိအန်ဖုစိဟိမ်) — သူတို့ကိုယ်တိုင်၌ ရှိသော အခြေအနေ (ယုံကြည်မှု၊ ကိုယ်ကျင့်တရား၊ စိတ်နေစိတ်ထား)။
  • سُوءًا (ဆူအာ) — ဘေးအန္တရာယ်၊ ပျက်စီးမှု၊ ဒုက္ခ။
  • مَرَدَّ (မာရဒ်ဒ) — ပြန်လှန်သူ၊ တားဆီးသူ။ “فَلَا مَرَدَّ لَهُ” ဆိုသည်မှာ “မည်သူမျှ ပြန်လှန်တားဆီးနိုင်မည် မဟုတ်” ဟု အဓိပ္ပာယ်ရသည်။
  • وَالٍ (ဝါလင်) — အုပ်ထိန်းသူ၊ ကူညီစောင့်ရှောက်သူ။

၂။ အာယသ်တော်၏ အဓိပ္ပာယ် ရှင်းလင်းချက်

အလ္လာဟ်အရှင်မြတ်သည် လူသားတစ်ဦးစီအတွက် ကောင်းကင်တမန်များကို ခန့်အပ်ထားတော်မူသည်။ ထို ကောင်းကင်တမန်များသည် လူသား၏ ရှေ့ဘက်နှင့် နောက်ဘက်တို့မှ အလှည့်ကျ အလှည့်ကျ လိုက်ပါစောင့်ရှောက်ကြသည်။ သူတို့သည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်အတိုင်း လူသားကို ဘေးအန္တရာယ်များမှ ကာကွယ်စောင့်ရှောက်ကြပြီး သူ၏ ကောင်းမှုနှင့် မကောင်းမှုများကိုလည်း မှတ်တမ်းတင်ထားကြသည်။

ထို့နောက် အလ္လာဟ်အရှင်မြတ်သည် လူမျိုးတစ်မျိုးအပေါ် ပေးအပ်ထားတော်မူသော ကောင်းချီးမင်္ဂလာများကို သူတို့ကိုယ်တိုင် မိမိတို့၏ စိတ်နေစိတ်ထား၊ ယုံကြည်မှုနှင့် လုပ်ရပ်များကို ပြောင်းလဲသည့်တိုင်အောင် အလ္လာဟ်အရှင်မြတ်သည် ပြောင်းလဲတော်မူသည် မဟုတ်ပေ။ ဆိုလိုသည်မှာ လူတို့သည် ကောင်းမှုကို စွန့်လွှတ်၍ မကောင်းမှုကို ကျူးလွန်ကြသောအခါ သူတို့ထံရှိ က



📜 အာယာသ် 9-13 — စူရာ အရ်-ရာအ်ဒ်

9عَالِمُ الْغَيْبِ وَالشَّهَادَةِ الْكَبِيرُ الْمُتَعَالِ
ထိုအရှင်မြတ်သည် (သတ္တဝါအပေါင်း) မမြင်နိုင်သောအရာများကိုလည်းကောင်း၊ မြင်နိုင်သောအရာများကိုလည်းကောင်း၊(တစ်နည်း)လျှို့ဝှက် နေသောအရာများကိုလည်းကောင်း၊ ထင်ရှား၍နေသော အရာများကိုလည်းကောင်း၊ သိတော်မူသောအရှင်၊(အလုံးစုံတို့ထက်) ကြီးကဲတော်မူသောအရှင်၊မြင့်မြတ်တော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။
10سَوَاءٌ مِّنكُم مَّنْ أَسَرَّ الْقَوْلَ وَمَن جَهَرَ بِهِ وَمَنْ هُوَ مُسْتَخْفٍ بِاللَّيْلِ وَسَارِبٌ بِالنَّهَارِ
အသင်တို့အနက် စကားကို လျှို့ဝှက်သော သူသည်လည်းကောင်း၊ ထုတ်ဖော်ပြောဆိုသူသည် လည်းကောင်း၊ညဉ့်(၏အမှောင်)၌ ပုန်းကွယ်၍နေသူသည်လည်းကောင်း၊ နေ့(၏အလင်းရောင်) ၌ (အထင်အရှား) သွားလာသောသူသည်လည်းကောင်း၊(ထိုအရှင်မြတ်၏အသိဉာဏ်တော်တွင်) အတူတူပင် ဖြစ်ကုန်သတည်း။
11لَهُ مُعَقِّبَاتٌ مِّن بَيْنِ يَدَيْهِ وَمِنْ خَلْفِهِ يَحْفَظُونَهُ مِنْ أَمْرِ اللَّهِ ۗ إِنَّ اللَّهَ لَا يُغَيِّرُ مَا بِقَوْمٍ حَتَّىٰ يُغَيِّرُوا مَا بِأَنفُسِهِمْ ۗ وَإِذَا أَرَادَ اللَّهُ بِقَوْمٍ سُوءًا فَلَا مَرَدَّ لَهُ ۚ وَمَا لَهُم مِّن دُونِهِ مِن وَالٍ
ထို(လူသား)အသီးသီးတို့တွင် ယင်းအသီးသီးတို့၏ရှေ့၌လည်းကောင်း၊ နောက်၌လည်းကောင်း အလှည့်ကျလာသော ကောင်းကင်တမန်များသည် ရှိကြကုန်၏။ ယင်းကောင်းကင်တမန်များသည် ယင်း(လူသား)အသီးသီးတို့အား အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်အရ စောင့်ရှောက်ကြကုန်၏။ အမှန်သော်ကား အရှင်မြတ်သည် လူမျိုးတစ်မျိုး၏ (ကောင်းမွန်သော) အခြေအနေကို ၎င်းတို့ကိုယ်တိုင် မိမိ တို့၏အခြေအနေကို မပြောင်းလဲသမျှကာလပတ်လုံး ပြောင်းလဲတော်မူသည်မဟုတ်ပေ။ စင်စစ်မှာမူကား အလ္လာဟ်အရှင်မြတ်သည် လူမျိုးတစ်မျိုး၏အပေါ်၌ ဘေးဒုက္ခဆိုက်ရောက်စေရန် ရည်ရွယ်တော်မူခဲ့သည်ရှိသော် (မည်သူတစ်ဦးတစ်ယောက်မျှပင်) ထိုဘေးဒုက္ခကို တွန်းလှန်နိုင်ခြင်းမရှိချေ။ ထိုမှတစ်ပါး ၎င်းတို့အား ထိုအရှင်မြတ်အပြင် ကာကွယ်စောင့်ရှောက်မည့်သူ ဟူ၍လည်း တစ်ဦးတစ်ယောက်မျှ မရှိပေ။
12هُوَ الَّذِي يُرِيكُمُ الْبَرْقَ خَوْفًا وَطَمَعًا وَيُنشِئُ السَّحَابَ الثِّقَالَ
ထိုအရှင်မြတ်သည်ပင်လျှင် အသင်တို့အား လျှပ်စစ်ပြက်ခြင်းကို ကြောက်မက်ဖွယ်ရာအဖြစ် လည်းကောင်း၊မျှော်လင့်ဖွယ်ရာအဖြစ်လည်းကောင်း ပြတော်မူသောအရှင်ဖြစ်တော်မူသည်။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည်ပင်လျှင် လေးလံစွာသောမိုးတိမ်များကို ဖန်ဆင်း (မြှင့်)မြှောက်တော်မူသောအရှင် ဖြစ်တော်မူပေသတည်း။
13وَيُسَبِّحُ الرَّعْدُ بِحَمْدِهِ وَالْمَلَائِكَةُ مِنْ خِيفَتِهِ وَيُرْسِلُ الصَّوَاعِقَ فَيُصِيبُ بِهَا مَن يَشَاءُ وَهُمْ يُجَادِلُونَ فِي اللَّهِ وَهُوَ شَدِيدُ الْمِحَالِ
၎င်းပြင် ရအ်ဒ် အမည်ရှိသော ကောင်းကင်တမန် (မိုးခြိမ်းသံ)သည် ထိုအရှင်မြတ်အား ချီးမွမ်းထောပနာပြုခြင်းနှင့်(ထိုအရှင်မြတ်) သန့်ရှင်းစင်ကြယ်တော်မူကြောင်းကိုဘာဝနာစီးဖျန်းလေသည်။ ထိုနည်းတူစွာ(အခြား)ကောင်းကင်တမန်တို့သည်လည်း ထိုအရှင်မြတ်အား ကြောက်ရွံ့ရိုသေခြင်းအားဖြင့်(ချီးမွမ်းထောပနာပြုခြင်းနှင့်သန့်ရှင်း တော်မူကြောင်းကို ဘာဝနာစီးဖျန်းကြကုန်၏။) ထိုမှတစ်ပါး ထိုအရှင်မြတ်သည် မိုးကြိုးသွားများကို စေလွှတ်တော်မူပြီးနောက် မိမိအလိုရှိတော်မူသောသူ၏အပေါ်ဝယ် ယင်းမိုးကြိုးသွားများကို ကျရောက်စေတော်မူ၏။ သို့ပါလျက် ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်၍ ငြင်းခုံလျက် ရှိကြကုန်၏။ စင်စစ်မှာမူကား ထိုအရှင်မြတ်သည် ဖမ်းဆီးအရေးယူတော်မူသောအရှင်၊(အားအင်အလွန်ကြီးမားသောအရှင်)မြတ်ပင် ဖြစ်တော်မူပေသတည်း။
အရ်-ရာအ်ဒ်ကုရ်အာန် ညွှန်းကိန်း
43အာယာသ်
MedinanRevelation
11အာယာသ်

ဘာသာပြန် — အရ်-ရာအ်ဒ် 11

စူရာ အရ်-ရာအ်ဒ် အာယာသ် 11 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထို(လူသား)အသီးသီးတို့တွင် ယင်းအသီးသီးတို့၏ရှေ့၌လည်းကောင်း၊ နောက်၌လည်းကောင်း အလှည့်ကျလာသော ကောင်းကင်တမန်များသည် ရှိကြကုန်၏။ ယင်းကောင်းကင်တမန်များသည် ယင်း(လူသား)အသီးသီးတို့အား အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်အရ…

စူရာ အာယာသ် 11/43 — စူရာ အရ်-ရာအ်ဒ် الرعد (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အရ်-ရာအ်ဒ် နားထောင်, စူရာ အရ်-ရာအ်ဒ် ဘာသာပြန်, စူရာ အရ်-ရာအ်ဒ် mp3, စူရာ အရ်-ရာအ်ဒ် pdf. အာယာသ် 9–13. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Friday, October 2, 2026

Don't forget us in your sincere prayers