အရ်-ရာအ်ဒ် · 33/43
ဘာသာပြန် အသံနိုင်ငံ — စူရာ အရ်-ရာအ်ဒ်
أَفَمَنْ هُوَ قَائِمٌ عَلَىٰ كُلِّ نَفْسٍ بِمَا كَسَبَتْ ۗ وَجَعَلُوا لِلَّهِ شُرَكَاءَ قُلْ سَمُّوهُمْ ۚ أَمْ تُنَبِّئُونَهُ بِمَا لَا يَعْلَمُ فِي الْأَرْضِ أَم بِظَاهِرٍ مِّنَ الْقَوْلِ ۗ بَلْ زُيِّنَ لِلَّذِينَ كَفَرُوا مَكْرُهُمْ وَصُدُّوا عَنِ السَّبِيلِ ۗ وَمَن يُضْلِلِ اللَّهُ فَمَا لَهُ مِنْ هَادٍ ۝٣٣
Afaman Huwa qaaa`imun `alaa kulli nafsim bimaa kasabat; wa ja`aloo illlaahi shurakaaa`a qul samoohum; am tunabbi`oona hoo bimaa laa ya`lamu fil ardi; am bizaahirim minal qawl; bal zuyyina lillazeena kafaroo makruhum wa suddoo `anis sabeel; wa mai yudlilil laaahu famaa lahoo min haad
📖 မြန်မာဘာသာ
တစ်ဖန် လူတိုင်းလူတိုင်း မည်သည်ကို ပြုလုပ်ကြသည်ကို သိရှိတော်မူသောအရှင်မြတ်သည် (အခြား မဟုတ်မမှန်သော ကိုးကွယ်ခံများနှင့် တူနိုင်တော်မူပါမည်လော)။ သို့ရာတွင် ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်၌ နှိုင်းယှဉ်ဖက်များကို ပြုလုပ်ခဲ့ ကြလေသည်။ အသင်သည် (၎င်းတို့အား ဤသို့)ပြောကြားပါလေ။ (အချင်းတို့)အသင်တို့သည် ၎င်းတို့၏ဂုဏ်အရည်အချင်းကို (ငါ့အား)ပြော၍ပြကြလေကုန်။ ထိုအရှင်မြတ်သိတော်မမူသောအရာများကို ကြားသိစေကြလေသလော။သို့တည်းမဟုတ် (ယင်းကိုးကွယ်ရာများကို) အပေါ်ရိကအားဖြင့်သာ (ကိုးကွယ်ရာများဟူ၍) ပြောဆိုခြင်းဖြစ်လေသလော။ထိုသို့အလျှင်းမဟုတ် စင်စစ်မှာကား ကာဖိရ်သွေဖည် ငြင်းပယ်ကြကုန်သော သူတို့၏အမြင်၌ ၎င်းတို့၏ လျှို့ဝှက်ကြံစည်မှုသည်လှပတင့်တယ်အောင်ပြုလုပ်ပြီးဖြစ်ပေသည်။ ထို့အတွက်ကြောင့်လည်း ၎င်းတို့သည် (မှန်ကန်သောတရား)လမ်းမှလည်းတားဆီးခြင်း ခံခဲ့ရလေသည်။ အသင်တို့သည် ထိုအရှင်မြတ်အား ပထဝီမြေ၌ စင်စစ်မှာမူကား အလ္လာဟ်အရှင်မြတ် လမ်းမှား၌ ထားရှိသောသူအား တရားလမ်းမှန်ကို ညွှန်ကြားပြသမည့် သူဟူ၍ တစ်ဦးတစ်ယောက်မျှပင် မရှိချေ။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္မဋ္ဌာန်းအဓိပ္ပာယ်ရှင်းလင်းချက်
  • قَائِمٌ (ကိုင်းမွန်) — ရပ်တည်သူ၊ ကြီးကြပ်စောင့်ရှောက်သူ၊ ထိန်းသိမ်းသူ။
  • بِمَا كَسَبَتْ (ဗိမာ ကဆဗတ်) — ထိုနဖ်စ်(ဝိညာဉ်)က ရှာဖွေဆည်းပူးခဲ့သမျှအတွက်။
  • شُرَكَاءَ (ရှုရကာအ်) — တွဲဖက်ဖော်များ၊ အလ္လာဟ်နှင့်တွဲဖက်ကိုးကွယ်ခံရသူများ။
  • سَمُّوهُمْ (ဆမ်မူဟွမ်) — သူတို့ကို အမည်တပ်ကြလော့၊ ဖော်ပြကြလော့။
  • زُيِّنَ (ဇုယ်ယိန) — အလှဆင်ပေးခဲ့သည်၊ လှပစေခဲ့သည်။
  • مَكْرُهُمْ (မကရုဟွမ်) — သူတို့၏ လိမ်လည်ကြံစည်မှု၊ ပရိယာယ်များ။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

အလ္လာဟ်အရှင်မြတ်သည် လူသားတိုင်း၏ နဖ်စ်(ဝိညာဉ်)အပေါ် ရပ်တည်ကြီးကြပ်တော်မူသောအရှင်ဖြစ်သည်။ မည်သူမဆို ပြုလုပ်ဆည်းပူးသမျှသော ကောင်းမှုနှင့်မကောင်းမှုကို အရှင်မြတ် သိတော်မူပြီး မှတ်တမ်းတင်ထားတော်မူသည်။ ထိုသို့ ကြီးကြပ်စောင့်ရှောက်တော်မူသော အရှင်မြတ်သည် ကိုးကွယ်ထိုက်သူဖြစ်သည်။ သို့သော် ကာဖိရ်များသည် အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်များ ပြုလုပ်ကိုးကွယ်ခဲ့ကြသည်။ ထိုအခါ အရှင်မြတ်က “သင်တို့၏ တွဲဖက်များကို အမည်ဖော်ပြကြလော့၊ သူတို့တွင် ကိုးကွယ်ထိုက်သော ဂုဏ်သတ္တိရှိပါသလား” ဟု မိန့်တော်မူသည်။ ထို့နောက် “သင်တို့သည် အလ္လာဟ်အရှင်မြတ်အား မြေပြင်ပေါ်တွင် အရှင်မြတ်မသိသော တွဲဖက်များအကြောင်း အသိပေးနေကြသလား၊ သို့မဟုတ် အသံအနေဖြင့်သာ အမည်တပ်နေကြခြင်းလား” ဟု မေးခွန်းထုတ်တော်မူသည်။ အမှန်စင်စစ် ကာဖိရ်များအတွက် သူတို့၏ လိမ်လည်ကြံစည်မှုကို ရှိုင်သွာန်က အလှဆင်ပေးခဲ့ပြီး သူတို့သည် အလ္လာဟ်အရှင်မြတ်၏ လမ်းတော်မှ ပိတ်ဆို့တားဆီးခြင်းခံခဲ့ရသည်။ အလ္လာဟ်အရှင်မြတ်သည် မည်သူ့ကို လမ်းမှားစေတော်မူပါက သူ့အတွက် လမ်းညွှန်ပေးမည့်သူ တစ်ဦးမျှမရှိပေ။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများ
  • အလ္လာဟ်အရှင်မြတ်သည် လူသားတိုင်း၏ လုပ်ရပ်များကို ကြီးကြပ်စောင့်ရှောက်တော်မူသော အရှင်ဖြစ်ကြောင်း သိရှိရသည်။ ဤအသိသည် လူသားကို ကောင်းမှုပြုရန် အားပေးပြီး မကောင်းမှုမှ ရှောင်ကြဉ်စေသည်။
  • အလ္လာဟ်အရှင်မြတ်သည် တစ်ဆူတည်းဖြစ်တော်မူပြီး တွဲဖက်ကိုးကွယ်ခြင်းသည် အခြေအမြစ


📜 အာယာသ် 31-35 — စူရာ အရ်-ရာအ်ဒ်

31وَلَوْ أَنَّ قُرْآنًا سُيِّرَتْ بِهِ الْجِبَالُ أَوْ قُطِّعَتْ بِهِ الْأَرْضُ أَوْ كُلِّمَ بِهِ الْمَوْتَىٰ ۗ بَل لِّلَّهِ الْأَمْرُ جَمِيعًا ۗ أَفَلَمْ يَيْأَسِ الَّذِينَ آمَنُوا أَن لَّوْ يَشَاءُ اللَّهُ لَهَدَى النَّاسَ جَمِيعًا ۗ وَلَا يَزَالُ الَّذِينَ كَفَرُوا تُصِيبُهُم بِمَا صَنَعُوا قَارِعَةٌ أَوْ تَحُلُّ قَرِيبًا مِّن دَارِهِمْ حَتَّىٰ يَأْتِيَ وَعْدُ اللَّهِ ۚ إِنَّ اللَّهَ لَا يُخْلِفُ الْمِيعَادَ
စင်စစ်မူကား အကယ်၍သာ အကြင်ကဲ့သို့ သောကုရ်အာန်တစ်စောင်သည်ရှိခဲ့အံ့။ ထိုကုရ်အာန်ဖြင့် တောင်များသည် လွှဲဖယ်ရွှေ့ပြောင်းခြင်းကို ခံကြရသည်ဖြစ်စေ၊ သို့တည်းမဟုတ် ထိုကုရ်အာန်ဖြင့် ပထဝီမြေသည် အက်ကွဲစေခြင်းကိုခံရသည်ဖြစ်စေ၊ သို့တည်းမဟုတ် ထိုကုရ်အာန်ဖြင့် သူသေများသည် စကားပြောဆိုစေခြင်းကို ခံကြရသည်ဖြစ်စေ၊ (သို့ဖြစ်ငြားလည်း ၎င်းတို့သည် အလျှင်းသက်ဝင်ယုံကြည်ကြမည်မဟုတ်ပေ)။ ထိုသို့ အလျှင်းမဟုတ်၊ စင်စစ်မှာမူကား အလုံးစုံသောအမိန့် အာဏာတို့သည် အလ္လာဟ်အရှင်မြတ်၌သာရှိချေသည်။ သို့ပါလျက် မုအ်မင်န် သက်ဝင်ယုံကြည်သူတို့သည်အကယ်၍ အလ္လာဟ်အရှင်မြတ် အလိုတော်ရှိပါလျှင် မလွဲဧကန် ထိုအရှင်မြတ်သည် လူခပ်သိမ်းတို့အား တရားလမ်းမှန်သို့ ပို့တော်မူခဲ့မည်ဖြစ်ကြောင်း မသိခဲ့ကြလေသလော။ အမှန်စင်စစ်မှာမူကား သွေဖည်ငြင်းပယ်ခဲ့ ကြကုန်သောသူတို့၌ ၎င်းတို့၏ အပြုအမူများကြောင့် အတိဒုက္ခတစ်စုံတစ်ရာသည် ဆိုက်ရောက်မြဲ ဆိုက်ရောက်လျက်ပင် ရှိပေသည်။ သို့တည်းမဟုတ်၎င်းတို့၏မြို့ရွာ၏အနီး (ပတ်ဝန်းကျင်)၌ပင် အမြဲမပြတ် သက်ရောက်လျက်ရှိလေသည်။ နောက်ဆုံးတွင်မူ အလ္လာဟ်အရှင်မြတ် ချိန်းချက်ထားတော်မူသော ပြစ်ဒဏ်သည် ရောက်ရှိလာပေမည်။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် (မိမိ) ချိန်းချက်ထားတော်မူသောကတိကို အလျှင်း ဖောက်ဖျက်တော်မူသည်မဟုတ်ပေ။
32وَلَقَدِ اسْتُهْزِئَ بِرُسُلٍ مِّن قَبْلِكَ فَأَمْلَيْتُ لِلَّذِينَ كَفَرُوا ثُمَّ أَخَذْتُهُمْ ۖ فَكَيْفَ كَانَ عِقَابِ
၎င်းပြင် စင်စစ်ဧကန် အသင်၏အလျင်လည်းရစူလ်တမန်တော်များသည် ပြက်ရယ်သမှုပြုခြင်းကို ခံခဲ့ကြရကုန်၏။ သို့ပါလျက် ငါအရှင်မြတ်သည် ကာဖိရ် သွေဖည်ငြင်းပယ်ကြကုန်သော သူတို့အား ရွှေ့ဆိုင်းခွင့်ပေးတော်မူခဲ့လေသည်။ ထို့နောက် ငါအရှင်မြတ်သည် ၎င်းတို့အား ဖမ်းဆီးကွပ်မျက်တော် မူခဲ့လေသည်။ သို့ဖြစ်ပေရာ ငါအရှင်မြတ်၏ပြစ်ဒဏ်ပစ်ဒဏ် သည်အသို့ရှိခဲ့ပါသနည်း။ (အလွန်ပြင်းထန်ခဲ့ပေသည်)။
33أَفَمَنْ هُوَ قَائِمٌ عَلَىٰ كُلِّ نَفْسٍ بِمَا كَسَبَتْ ۗ وَجَعَلُوا لِلَّهِ شُرَكَاءَ قُلْ سَمُّوهُمْ ۚ أَمْ تُنَبِّئُونَهُ بِمَا لَا يَعْلَمُ فِي الْأَرْضِ أَم بِظَاهِرٍ مِّنَ الْقَوْلِ ۗ بَلْ زُيِّنَ لِلَّذِينَ كَفَرُوا مَكْرُهُمْ وَصُدُّوا عَنِ السَّبِيلِ ۗ وَمَن يُضْلِلِ اللَّهُ فَمَا لَهُ مِنْ هَادٍ
တစ်ဖန် လူတိုင်းလူတိုင်း မည်သည်ကို ပြုလုပ်ကြသည်ကို သိရှိတော်မူသောအရှင်မြတ်သည် (အခြား မဟုတ်မမှန်သော ကိုးကွယ်ခံများနှင့် တူနိုင်တော်မူပါမည်လော)။ သို့ရာတွင် ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်၌ နှိုင်းယှဉ်ဖက်များကို ပြုလုပ်ခဲ့ ကြလေသည်။ အသင်သည် (၎င်းတို့အား ဤသို့)ပြောကြားပါလေ။ (အချင်းတို့)အသင်တို့သည် ၎င်းတို့၏ဂုဏ်အရည်အချင်းကို (ငါ့အား)ပြော၍ပြကြလေကုန်။ ထိုအရှင်မြတ်သိတော်မမူသောအရာများကို ကြားသိစေကြလေသလော။သို့တည်းမဟုတ် (ယင်းကိုးကွယ်ရာများကို) အပေါ်ရိကအားဖြင့်သာ (ကိုးကွယ်ရာများဟူ၍) ပြောဆိုခြင်းဖြစ်လေသလော။ထိုသို့အလျှင်းမဟုတ် စင်စစ်မှာကား ကာဖိရ်သွေဖည် ငြင်းပယ်ကြကုန်သော သူတို့၏အမြင်၌ ၎င်းတို့၏ လျှို့ဝှက်ကြံစည်မှုသည်လှပတင့်တယ်အောင်ပြုလုပ်ပြီးဖြစ်ပေသည်။ ထို့အတွက်ကြောင့်လည်း ၎င်းတို့သည် (မှန်ကန်သောတရား)လမ်းမှလည်းတားဆီးခြင်း ခံခဲ့ရလေသည်။ အသင်တို့သည် ထိုအရှင်မြတ်အား ပထဝီမြေ၌ စင်စစ်မှာမူကား အလ္လာဟ်အရှင်မြတ် လမ်းမှား၌ ထားရှိသောသူအား တရားလမ်းမှန်ကို ညွှန်ကြားပြသမည့် သူဟူ၍ တစ်ဦးတစ်ယောက်မျှပင် မရှိချေ။
34لَّهُمْ عَذَابٌ فِي الْحَيَاةِ الدُّنْيَا ۖ وَلَعَذَابُ الْآخِرَةِ أَشَقُّ ۖ وَمَا لَهُم مِّنَ اللَّهِ مِن وَاقٍ
၎င်းတို့၌ ဤပစ္စက္ခမျက်မှောက် လောကီဘဝ၌လည်း ပြစ်ဒဏ်သည်ရှိပေသည်။ သို့ရာတွင် နောင်တမလွန်ဘဝ၏ပြစ်ဒဏ်မှာမူကား ပြင်းထန်လှပေသည်။ ထို့ပြင် ၎င်းတို့အား အလ္လာဟ်အရှင်မြတ်၏ ပြစ်ဒဏ်မှ ကယ်တင်မည့်သူဟူ၍လည်း တစ်ဦးတစ်ယောက်မျှပင် ရှိလိမ့်မည် မဟုတ်ပေတကား။
35۞ مَّثَلُ الْجَنَّةِ الَّتِي وُعِدَ الْمُتَّقُونَ ۖ تَجْرِي مِن تَحْتِهَا الْأَنْهَارُ ۖ أُكُلُهَا دَائِمٌ وَظِلُّهَا ۚ تِلْكَ عُقْبَى الَّذِينَ اتَّقَوا ۖ وَّعُقْبَى الْكَافِرِينَ النَّارُ
ပြစ်မှုဒုစရိုက်တို့မှ ကြဉ်ရှောင်ကြကုန်သော သူမွန်သူမြတ်တို့က ကတိပေးခြင်းခံကြရသော ဂျန္နတ် အမတသုခဘုံ၏အခြေအနေကား ယင်းဂျန္နတ်အမတ သုခဘုံ၏အောက်၌စမ်းရေချောင်းများသည် စီးတွေလျက်ရှိပေမည်။ ယင်းဂျန္နတ်၏သစ်သီးဝလံများ သည်လည်းကောင်း၊ ယင်းဂျန္နတ်၏ အရိပ်ဆာယာသည် လည်းကောင်း၊ ထာဝရတည်သော သစ်သီးဝလံများ၊အရိပ်ဆာယာများပင်ဖြစ်ချေမည်။ ဤသည်ကား ပြစ်မှုဒုစရိုက်တို့မှ ကြဉ်ရှောင်ကြကုန်သော သူမွန်သူမြတ်တို့၏ အကျိုးတည်း။ သို့ရာတွင် ကာဖိရ် မယုံမကြည် သွေဖည် ငြင်းပယ်ကုန်သောသူတို့၏ အကျိုးမှာကား ငရဲမီးပင် ဖြစ်အံ့သတည်း။
အရ်-ရာအ်ဒ်ကုရ်အာန် ညွှန်းကိန်း
43အာယာသ်
MedinanRevelation
33အာယာသ်

ဘာသာပြန် — အရ်-ရာအ်ဒ် 33

စူရာ အရ်-ရာအ်ဒ် အာယာသ် 33 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : တစ်ဖန် လူတိုင်းလူတိုင်း မည်သည်ကို ပြုလုပ်ကြသည်ကို သိရှိတော်မူသောအရှင်မြတ်သည် (အခြား မဟုတ်မမှန်သော ကိုးကွယ်ခံများနှင့် တူနိုင်တော်မူပါမည်လော)။ သို့ရာတွင်…

စူရာ အာယာသ် 33/43 — စူရာ အရ်-ရာအ်ဒ် الرعد (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အရ်-ရာအ်ဒ် နားထောင်, စူရာ အရ်-ရာအ်ဒ် ဘာသာပြန်, စူရာ အရ်-ရာအ်ဒ် mp3, စူရာ အရ်-ရာအ်ဒ် pdf. အာယာသ် 31–35. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers