لَّهُمْ عَذَابٌ فِي الْحَيَاةِ الدُّنْيَا ۖ وَلَعَذَابُ الْآخِرَةِ أَشَقُّ ۖ وَمَا لَهُم مِّنَ اللَّهِ مِن وَاقٍ ٣٤
🔤 Transliteration
Lahum `azaabun fil hayaatid dunyaa wa la`azaabul Aakhirati ashaaq, wa maa lahum minal laahi min-waaq
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
၎င်းတို့၌ ဤပစ္စက္ခမျက်မှောက် လောကီဘဝ၌လည်း ပြစ်ဒဏ်သည်ရှိပေသည်။ သို့ရာတွင် နောင်တမလွန်ဘဝ၏ပြစ်ဒဏ်မှာမူကား ပြင်းထန်လှပေသည်။ ထို့ပြင် ၎င်းတို့အား အလ္လာဟ်အရှင်မြတ်၏ ပြစ်ဒဏ်မှ ကယ်တင်မည့်သူဟူ၍လည်း တစ်ဦးတစ်ယောက်မျှပင် ရှိလိမ့်မည် မဟုတ်ပေတကား။
🌐 Additional reference in ภาษาไทย
ကမ္ဘာ့ဘဝတွင် သူတို့အတွက် ပြစ်ဒဏ်ရှိသည်။ နောင်တမလွန်ဘဝ၏ ပြစ်ဒဏ်သည် ပို၍ပြင်းထန်သည်။ သူတို့အတွက် အလ္လာဟ်အရှင်မြတ်၏ ပြစ်ဒဏ်မှ ကာကွယ်ပေးမည့်သူ မရှိပါ။ ဤအာယသ်တော်တွင် ဖော်ပြထားသည့်အတိုင်း အလ္လာဟ်အရှင်မြတ်၏ လမ်းတော်မှ ပိတ်ဆို့တားဆီးသူ ကာဖိရ်များအတွက် ဤလောကီဘဝတွင်ပင် ပြစ်ဒဏ်များ ခံစားရမည်ဖြစ်သည်။ ထိုပြစ်ဒဏ်များမှာ စစ်ပွဲများတွင် အသတ်ခံရခြင်း၊ အဖမ်းခံရခြင်း၊ အရှက်ကွဲခံရခြင်း စသည့် ဆင်းရဲဒုက္ခများဖြစ်သည်။ သို့သော် နောင်တမလွန်ဘဝတွင် ခံစားရမည့် ပြစ်ဒဏ်သည် ဤလောကီဘဝ၏ ပြစ်ဒဏ်ထက် များစွာပို၍ ပြင်းထန်လေးလံသည်။ အဘယ်ကြောင့်ဆိုသော် နောင်တမလွန်ဘဝ၏ ပြစ်ဒဏ်သည် အဆက်မပြတ် ထာဝရခံစားရမည်ဖြစ်ပြီး ၎င်း၏ ပြင်းထန်မှုမှာ နှလုံးသားကို ထိခိုက်စေလောက်အောင် ကြီးမားလှသည်။ ထို့ပြင် ထိုသူများအတွက် အလ္လာဟ်အရှင်မြတ်၏ ပြစ်ဒဏ်တော်မှ ကာကွယ်ပေးမည့်သူ၊ တားဆီးပေးမည့်သူ တစ်ဦးတစ်ယောက်မျှ မရှိပါ။ မည်သည့်အင်အားစွမ်းအား၊ မည်သည့်ဥစ္စာဓန၊ မည်သည့်ဆွေမျိုးဉာတိကာမျှ သူတို့ကို ကယ်တင်နိုင်မည် မဟုတ်ပါ။
ဤအာယသ်တော်မှ ရရှိသည့် အကျိုးကျေးဇူးများမှာ အောက်ပါအတိုင်းဖြစ်သည်။
အလ္လာဟ်အရှင်မြတ်သည် တရားမှတ်စရာ၊ သတိရစရာဖြစ်သည့် ပြစ်ဒဏ်များကို ဤလောကီဘဝတွင်ပင် ပြသပေးတော်မူသည်။ ဤသည်မှာ အရှင်မြတ်၏ တရားမျှတမှုနှင့် ကရုဏာတော်ကို ထင်ဟပ်စေသည်။ လူသားတို့သည် ဤလောကီဘဝ၏ ပြစ်ဒဏ်များမှ သင်ခန်းစာယူပြီး နောင်တမလွန်ဘဝ၏ ပြစ်ဒဏ်များမှ လွတ်မြောက်ရန် ကြိုးစားသင့်သည်။ နောင်တမလွန်ဘဝ၏ ပြစ်ဒဏ်သည် မည်မျှပြင်းထန်ကြောင်း သိရှိခြင်းဖြင့် လူသားတို့သည် အလ္လာဟ်အရှင်မြတ်ထံ ဝန်ချတောင်းပန်ပြီး ကောင်းမှုကုသိုလ်များ ပြုလုပ်ရန် စိတ်အားထက်သန်လာမည်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် အပြစ်များကို ခွင့်လွှတ်တော်မူသော အရှင်ဖြစ်ကြောင်း၊ အရှင်မြတ်ထံ ဝန်ချတောင်းပန်ပါက လွတ်မြောက်နိုင်ကြောင်း သိရှိခြင်းဖြင့် လူသားတို့သည် အရှင်မြတ်ထံ ပြန်လှည့်လာကြမည်ဖြစ်သည်။ ဤလောကီဘဝတွင် မည်မျှပင် အင်အားကြီးမားစေကာမူ၊ နောင်တမလွန်ဘဝတွင် မည်သည့်အင်အားကမျှ အလ္လာဟ်အရှင်မြတ်၏ ပြစ်ဒဏ
لَّهُمۡ عَذَابٌ فِي ٱلۡحَيَوٰةِ ٱلدُّنۡيَاۖ وَلَعَذَابُ ٱلۡأٓخِرَةِ أَشَقُّۖ وَمَا لَهُم مِّنَ ٱللَّهِ مِن وَاقٍ ٣٤
၎င်းတို့၌ ဤပစ္စက္ခမျက်မှောက် လောကီဘဝ၌လည်း ပြစ်ဒဏ်သည်ရှိပေသည်။ သို့ရာတွင် နောင်တမလွန်ဘဝ၏ပြစ်ဒဏ်မှာမူကား ပြင်းထန်လှပေသည်။ ထို့ပြင် ၎င်းတို့အား အလ္လာဟ်အရှင်မြတ်၏ ပြစ်ဒဏ်မှ ကယ်တင်မည့်သူဟူ၍လည်း တစ်ဦးတစ်ယောက်မျှပင် ရှိလိမ့်မည် မဟုတ်ပေတကား။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 32-36 — စူရာ အရ်-ရာအ်ဒ်
32 وَلَقَدِ اسْتُهْزِئَ بِرُسُلٍ مِّن قَبْلِكَ فَأَمْلَيْتُ لِلَّذِينَ كَفَرُوا ثُمَّ أَخَذْتُهُمْ ۖ فَكَيْفَ كَانَ عِقَابِ
၎င်းပြင် စင်စစ်ဧကန် အသင်၏အလျင်လည်းရစူလ်တမန်တော်များသည် ပြက်ရယ်သမှုပြုခြင်းကို ခံခဲ့ကြရကုန်၏။ သို့ပါလျက် ငါအရှင်မြတ်သည် ကာဖိရ် သွေဖည်ငြင်းပယ်ကြကုန်သော သူတို့အား ရွှေ့ဆိုင်းခွင့်ပေးတော်မူခဲ့လေသည်။ ထို့နောက် ငါအရှင်မြတ်သည် ၎င်းတို့အား ဖမ်းဆီးကွပ်မျက်တော် မူခဲ့လေသည်။ သို့ဖြစ်ပေရာ ငါအရှင်မြတ်၏ပြစ်ဒဏ်ပစ်ဒဏ် သည်အသို့ရှိခဲ့ပါသနည်း။ (အလွန်ပြင်းထန်ခဲ့ပေသည်)။
33 أَفَمَنْ هُوَ قَائِمٌ عَلَىٰ كُلِّ نَفْسٍ بِمَا كَسَبَتْ ۗ وَجَعَلُوا لِلَّهِ شُرَكَاءَ قُلْ سَمُّوهُمْ ۚ أَمْ تُنَبِّئُونَهُ بِمَا لَا يَعْلَمُ فِي الْأَرْضِ أَم بِظَاهِرٍ مِّنَ الْقَوْلِ ۗ بَلْ زُيِّنَ لِلَّذِينَ كَفَرُوا مَكْرُهُمْ وَصُدُّوا عَنِ السَّبِيلِ ۗ وَمَن يُضْلِلِ اللَّهُ فَمَا لَهُ مِنْ هَادٍ
တစ်ဖန် လူတိုင်းလူတိုင်း မည်သည်ကို ပြုလုပ်ကြသည်ကို သိရှိတော်မူသောအရှင်မြတ်သည် (အခြား မဟုတ်မမှန်သော ကိုးကွယ်ခံများနှင့် တူနိုင်တော်မူပါမည်လော)။ သို့ရာတွင် ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်၌ နှိုင်းယှဉ်ဖက်များကို ပြုလုပ်ခဲ့ ကြလေသည်။ အသင်သည် (၎င်းတို့အား ဤသို့)ပြောကြားပါလေ။ (အချင်းတို့)အသင်တို့သည် ၎င်းတို့၏ဂုဏ်အရည်အချင်းကို (ငါ့အား)ပြော၍ပြကြလေကုန်။ ထိုအရှင်မြတ်သိတော်မမူသောအရာများကို ကြားသိစေကြလေသလော။သို့တည်းမဟုတ် (ယင်းကိုးကွယ်ရာများကို) အပေါ်ရိကအားဖြင့်သာ (ကိုးကွယ်ရာများဟူ၍) ပြောဆိုခြင်းဖြစ်လေသလော။ထိုသို့အလျှင်းမဟုတ် စင်စစ်မှာကား ကာဖိရ်သွေဖည် ငြင်းပယ်ကြကုန်သော သူတို့၏အမြင်၌ ၎င်းတို့၏ လျှို့ဝှက်ကြံစည်မှုသည်လှပတင့်တယ်အောင်ပြုလုပ်ပြီးဖြစ်ပေသည်။ ထို့အတွက်ကြောင့်လည်း ၎င်းတို့သည် (မှန်ကန်သောတရား)လမ်းမှလည်းတားဆီးခြင်း ခံခဲ့ရလေသည်။ အသင်တို့သည် ထိုအရှင်မြတ်အား ပထဝီမြေ၌ စင်စစ်မှာမူကား အလ္လာဟ်အရှင်မြတ် လမ်းမှား၌ ထားရှိသောသူအား တရားလမ်းမှန်ကို ညွှန်ကြားပြသမည့် သူဟူ၍ တစ်ဦးတစ်ယောက်မျှပင် မရှိချေ။
34 لَّهُمْ عَذَابٌ فِي الْحَيَاةِ الدُّنْيَا ۖ وَلَعَذَابُ الْآخِرَةِ أَشَقُّ ۖ وَمَا لَهُم مِّنَ اللَّهِ مِن وَاقٍ
၎င်းတို့၌ ဤပစ္စက္ခမျက်မှောက် လောကီဘဝ၌လည်း ပြစ်ဒဏ်သည်ရှိပေသည်။ သို့ရာတွင် နောင်တမလွန်ဘဝ၏ပြစ်ဒဏ်မှာမူကား ပြင်းထန်လှပေသည်။ ထို့ပြင် ၎င်းတို့အား အလ္လာဟ်အရှင်မြတ်၏ ပြစ်ဒဏ်မှ ကယ်တင်မည့်သူဟူ၍လည်း တစ်ဦးတစ်ယောက်မျှပင် ရှိလိမ့်မည် မဟုတ်ပေတကား။
35 ۞ مَّثَلُ الْجَنَّةِ الَّتِي وُعِدَ الْمُتَّقُونَ ۖ تَجْرِي مِن تَحْتِهَا الْأَنْهَارُ ۖ أُكُلُهَا دَائِمٌ وَظِلُّهَا ۚ تِلْكَ عُقْبَى الَّذِينَ اتَّقَوا ۖ وَّعُقْبَى الْكَافِرِينَ النَّارُ
ပြစ်မှုဒုစရိုက်တို့မှ ကြဉ်ရှောင်ကြကုန်သော သူမွန်သူမြတ်တို့က ကတိပေးခြင်းခံကြရသော ဂျန္နတ် အမတသုခဘုံ၏အခြေအနေကား ယင်းဂျန္နတ်အမတ သုခဘုံ၏အောက်၌စမ်းရေချောင်းများသည် စီးတွေလျက်ရှိပေမည်။ ယင်းဂျန္နတ်၏သစ်သီးဝလံများ သည်လည်းကောင်း၊ ယင်းဂျန္နတ်၏ အရိပ်ဆာယာသည် လည်းကောင်း၊ ထာဝရတည်သော သစ်သီးဝလံများ၊အရိပ်ဆာယာများပင်ဖြစ်ချေမည်။ ဤသည်ကား ပြစ်မှုဒုစရိုက်တို့မှ ကြဉ်ရှောင်ကြကုန်သော သူမွန်သူမြတ်တို့၏ အကျိုးတည်း။ သို့ရာတွင် ကာဖိရ် မယုံမကြည် သွေဖည် ငြင်းပယ်ကုန်သောသူတို့၏ အကျိုးမှာကား ငရဲမီးပင် ဖြစ်အံ့သတည်း။
36 وَالَّذِينَ آتَيْنَاهُمُ الْكِتَابَ يَفْرَحُونَ بِمَا أُنزِلَ إِلَيْكَ ۖ وَمِنَ الْأَحْزَابِ مَن يُنكِرُ بَعْضَهُ ۚ قُلْ إِنَّمَا أُمِرْتُ أَنْ أَعْبُدَ اللَّهَ وَلَا أُشْرِكَ بِهِ ۚ إِلَيْهِ أَدْعُو وَإِلَيْهِ مَآبِ
အမှန်သော်ကား ငါအရှင်မြတ်က ဒေသနာတော်ကျမ်းမြတ်ကို ချီးမြှင့်ပေးသနားတော်မူသော သူတို့သည်အသင့်ထံသို့ ကျရောက်လာသော ကျမ်းမြတ်ဒေသနာတော်ကြောင့် ရွှင်မြူးလျက်ရှိကြကုန်၏။ သို့ရာတွင် ယင်းအုပ်စုထဲ၌ပင် ယင်းကျမ်းမြတ်ဒေသနာတော်၏ အချို့အစိတ်အပိုင်းကိုငြင်းပယ်သောသူများလည်း ရှိကုန်၏။(သို့ဖြစ်ပေရာ) အသင်သည် (၎င်းတို့အားဤသို့)ပြောကြားပါလေ။ (အချင်းတို့၊ အမှန်စင်စစ် မှာမူကား)ငါသည် အလ္လာဟ်အရှင်မြတ်ကိုသာလျှင် ခဝပ်ကိုးကွယ်ရန်နှင့်မည်သည့် တစ်စုံတစ်ရာကိုမျှ ထိုအရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ်ကိုးကွယ်ခြင်း မပြုရန်လည်းကောင်း အမိန့်ပေးတော်မူခြင်းကိုသာ ခံခဲ့ရလေသည်။ ငါသည် ထိုအရှင်မြတ်ဘက်သို့သာလျှင်(အသင်တို့အား) ဖိတ်ခေါ်လျက်ရှိပေသည်။ ၎င်းပြင် ငါသည်ထိုအရှင်မြတ် အထံတော်သို့သာလျှင် ပြန်လည်၍ သွားရမည်ဖြစ်ချေသတည်း။
ဘာသာပြန် — အရ်-ရာအ်ဒ် 34 စူရာ အရ်-ရာအ်ဒ် အာယာသ် 34 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ၎င်းတို့၌ ဤပစ္စက္ခမျက်မှောက် လောကီဘဝ၌လည်း ပြစ်ဒဏ်သည်ရှိပေသည်။ သို့ရာတွင် နောင်တမလွန်ဘဝ၏ပြစ်ဒဏ်မှာမူကား ပြင်းထန်လှပေသည်။ ထို့ပြင် ၎င်းတို့အား အလ္လာဟ်အရှင်မြတ်၏…
စူရာ အာယာသ် 34/43 — စူရာ အရ်-ရာအ်ဒ် الرعد (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အရ်-ရာအ်ဒ် နားထောင်, စူရာ အရ်-ရာအ်ဒ် ဘာသာပြန်, စူရာ အရ်-ရာအ်ဒ် mp3, စူရာ အရ်-ရာအ်ဒ် pdf. အာယာသ် 32–36. မြန်မာဘာသာ: ภาษาไทย.