အလ်-ဟဂ်ျ · 25/78
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ဟဂ်ျ
إِنَّ الَّذِينَ كَفَرُوا وَيَصُدُّونَ عَن سَبِيلِ اللَّهِ وَالْمَسْجِدِ الْحَرَامِ الَّذِي جَعَلْنَاهُ لِلنَّاسِ سَوَاءً الْعَاكِفُ فِيهِ وَالْبَادِ ۚ وَمَن يُرِدْ فِيهِ بِإِلْحَادٍ بِظُلْمٍ نُّذِقْهُ مِنْ عَذَابٍ أَلِيمٍ ۝٢٥
Innal lazeena kafaroo wa yasuddoona `an sabeelil laahi wal Masjidil Haraamil lazee ja`alnaahu linnaasi sawaaa`anil `aakifu feehi walbaad; wa mai yurid feehi bi ilhaadim bizulmin nuziqhu min `azaabin aleem
📖 မြန်မာဘာသာ
ဧကန်စင်စစ် အကြင်သူတို့သည် သွေဖည် ငြင်းပယ်ခဲ့ကြသည့်ပြင်(သူတစ်ပါးတို့အားလည်း) အလ္လာဟ်အရှင်မြတ်၏ လမ်းတော်မှလည်းကောင်း၊ အကြင်ရိုသေအပ်သော မတ်စ်ဂျိဒ်ဗလီဝတ်ကျောင်းတော်မှလည်းကောင်း၊ ပိတ်ပင်တားဆီးကြကုန်၏။ ငါအရှင်မြတ်သည် ယင်းဗလီဝတ်ကျောင်းတော်ကို ယင်း၌ အမြဲနေထိုင်သောသူ၊ ပြင်ပမှ (ခေတ္တခဏ)လာရောက်သောသူဟူ၍(ခွဲခြားခြင်းမရှိဘဲ)လူသားတို့အဖို့ ညီတူညီမျှ(အခွင့်အရေးခံစားရာဗဟိုဌာန)အဖြစ် ပြဋ္ဌာန်းထားတော်မူခဲ့၏။ သို့ရာတွင်မူကား မည်သူမဆို ယင်းဗလီဝတ်ကျောင်းတော်၌ တစ်စုံတစ်ရာ အယူဝါဒဖောက်ပြန်မှု၊ တစ်စုံတစ်ရာမတရားမှုကို(တစ်နည်း) တစ်စုံတစ်ရာ အယူဝါဒဖောက်ပြန်မှုကို မတရားသဖြင့် ကြံရွယ်သည်ရှိသော် ငါအရှင်မြတ်သည် ထိုသူအား နာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်ကို မြည်းစမ်းစေတော် မူအံ့သတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ

  • كَفَرُوا (ကာဖရူး) — ကုဖ်ရ်ပြုကြသည်၊ အလ္လာဟ်အရှင်မြတ်ကို ငြင်းပယ်ကြသည်။
  • يَصُدُّونَ (ယဆုဒ္ဒူန) — ပိတ်ဆို့တားဆီးကြသည်၊ လမ်းမှ လွှဲဖယ်ကြသည်။
  • سَبِيلِ اللَّهِ (ဆဗီးလိလ္လာဟ်) — အလ္လာဟ်အရှင်မြတ်၏ လမ်းစဉ်၊ အစ္စလာမ်သာသနာ။
  • الْمَسْجِدِ الْحَرَامِ (အလ်မတ်စ်ဂျိဒိလ်ဟရာမ်) — မက္ကာမြို့ရှိ ကအ်ဗဟ်ကျောင်းတော် (ဟရာမ်ဗလီ)။
  • سَوَاءً (စဝါအ်) — တူညီသည်၊ ခွဲခြားမှုမရှိ။
  • الْعَاكِفُ (အလ်အာကိဖ်) — ထိုနေရာ၌ အမြဲနေထိုင်သူ။
  • الْبَادِ (အလ်ဗာဒီ) — ဝေးလံသောဒေသမှ လာရောက်သူ။
  • إِلْحَادٍ (ဣလ်ဟာဒ်) — အမှန်တရားမှ လွဲချော်ခြင်း၊ ဖောက်ပြန်ခြင်း။
  • بِظُلْمٍ (ဗိဇုလ်မ်) — မတရားမှုဖြင့်၊ အပြစ်ပြုလျက်။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

အလ္လာဟ်အရှင်မြတ်ကို ငြင်းပယ်၍ တမန်တော်မုဟမ္မဒ် (ဆွ) ယူဆောင်လာသည့် သတင်းစကားကို မဟုတ်မမှန်ဟု စွပ်စွဲကြသူများ၊ သူတစ်ပါးတို့ကို အလ္လာဟ်အရှင်မြတ်၏ လမ်းစဉ်ထဲ ဝင်ရောက်ခြင်းမှ တားဆီးကြသူများ၊ ထို့အပြင် တမန်တော်မြတ်နှင့် မုအ်မင်န်များကို ဟုဒိုင်ဗီယဟ်နှစ်တွင် ဟရာမ်ဗလီကျောင်းတော်သို့ ဝင်ရောက်ခွင့်မပြုဘဲ တားဆီးခဲ့ကြသူများသည် နာကျင်ဖွယ်ကောင်းသော ပြင်းထန်သည့် အပြစ်ဒဏ်ကို ခံစားရမည့်သူများဖြစ်ကြသည်။

ထိုဟရာမ်ဗလီကျောင်းတော်ကို လူသားအားလုံးအတွက် ကျောင်းတော်အဖြစ် ငါအရှင်မြတ် သတ်မှတ်တော်မူခဲ့သည်။ ထိုနေရာ၌ အမြဲနေထိုင်သူဖြစ်စေ၊ ဝေးလံသောဒေသမှ လာရောက်သူဖြစ်စေ အားလုံးတူညီကြသည်၊ မည်သူ့ကိုမျှ ခွဲခြားမှုမရှိပါ။ မည်သူမဆို ထိုကျောင်းတော်အတွင်း၌ မတရားမှုဖြင့် အမှန်တရားမှ လွဲချော်မှုကို ရည်ရွယ်လျှင် ငါအရှင်မြတ်သည် သူ့အား နာကျင်ဖွယ်ကောင်းသော အပြစ်ဒဏ်ကို မြည်းစမ်းစေတော်မူမည်။

၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ

  • အစ္စလာမ်သာသနာသည် လူသားအားလုံးအတွက် ဖွင့်လှစ်ထားသော သာသနာဖြစ်သည်။ မည်သည့်လူမျိုး၊ မည်သည့်ဒေသမှဖြစ်စေ အစ္စလာမ်ထဲ ဝင်ရောက်ခွင့်ရှိသည်။
  • ဟရာမ်ဗလီကျောင်းတော်သည် မွတ်စ်လင်မ်အားလုံး၏ ဘုံဗိမာန်ဖ


📜 အာယာသ် 23-27 — စူရာ အလ်-ဟဂ်ျ

23إِنَّ اللَّهَ يُدْخِلُ الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ جَنَّاتٍ تَجْرِي مِن تَحْتِهَا الْأَنْهَارُ يُحَلَّوْنَ فِيهَا مِنْ أَسَاوِرَ مِن ذَهَبٍ وَلُؤْلُؤًا ۖ وَلِبَاسُهُمْ فِيهَا حَرِيرٌ
ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် သက်ဝင်ယုံကြည်ခဲ့ကြသည့်ပြင် ကောင်းမြတ်သော အကျင့်သီလများကိုလည်း ကျင့်မူဆောက်တည်ခဲ့ကြကုန်သော သူတို့အား အကြင်ဥယျာဉ်များသို့ ဝင်ရောက်စေတော် မူပေမည်။ ထိုဥယျာဉ်များအောက်မှ ချောင်းများ စီးတွေလျက် ရှိကြပေမည်။ ထိုသူသည် ယင်းဥယျာဉ်များတွင် ရွှေလက်ကောက်(လက်မောင်းပတ်)များဖြင့်လည်း ကောင်း၊ ပုလဲများဖြင့်လည်းကောင်း တန်ဆာဆင်ယင်ပေးခြင်းကို ခံကြရပေမည်။ ထိုမှတစ်ပါး ယင်းဥယျာဉ်များတွင် ၎င်းတို့၏ဝတ်စားတန်ဆာများသည် ပိုးအဝတ်များပင်ဖြစ်ချေမည်။
24وَهُدُوا إِلَى الطَّيِّبِ مِنَ الْقَوْلِ وَهُدُوا إِلَىٰ صِرَاطِ الْحَمِيدِ
စင်စစ် ၎င်းတို့သည်(ဤပစ္စက္ခဘဝတွင်) စင်ကြယ်သန့်ရှင်းသောစကား (ကလိမတ် တွိုက်ယိဗဟ်)ကိုလည်း ညွှန်ကြားပြသခြင်းခံခဲ့ကြရလေသည်။ ထိုမှတစ်ပါး ချီးမွမ်းထောမနာပြုခြင်းကို ခံယူထိုက်တော်မူသော အရှင်မြတ်၏လမ်းတော်ကိုလည်း ညွှန်ကြားပြသခြင်း ခံခဲ့ကြရကုန်သတည်း။
25إِنَّ الَّذِينَ كَفَرُوا وَيَصُدُّونَ عَن سَبِيلِ اللَّهِ وَالْمَسْجِدِ الْحَرَامِ الَّذِي جَعَلْنَاهُ لِلنَّاسِ سَوَاءً الْعَاكِفُ فِيهِ وَالْبَادِ ۚ وَمَن يُرِدْ فِيهِ بِإِلْحَادٍ بِظُلْمٍ نُّذِقْهُ مِنْ عَذَابٍ أَلِيمٍ
ဧကန်စင်စစ် အကြင်သူတို့သည် သွေဖည် ငြင်းပယ်ခဲ့ကြသည့်ပြင်(သူတစ်ပါးတို့အားလည်း) အလ္လာဟ်အရှင်မြတ်၏ လမ်းတော်မှလည်းကောင်း၊ အကြင်ရိုသေအပ်သော မတ်စ်ဂျိဒ်ဗလီဝတ်ကျောင်းတော်မှလည်းကောင်း၊ ပိတ်ပင်တားဆီးကြကုန်၏။ ငါအရှင်မြတ်သည် ယင်းဗလီဝတ်ကျောင်းတော်ကို ယင်း၌ အမြဲနေထိုင်သောသူ၊ ပြင်ပမှ (ခေတ္တခဏ)လာရောက်သောသူဟူ၍(ခွဲခြားခြင်းမရှိဘဲ)လူသားတို့အဖို့ ညီတူညီမျှ(အခွင့်အရေးခံစားရာဗဟိုဌာန)အဖြစ် ပြဋ္ဌာန်းထားတော်မူခဲ့၏။ သို့ရာတွင်မူကား မည်သူမဆို ယင်းဗလီဝတ်ကျောင်းတော်၌ တစ်စုံတစ်ရာ အယူဝါဒဖောက်ပြန်မှု၊ တစ်စုံတစ်ရာမတရားမှုကို(တစ်နည်း) တစ်စုံတစ်ရာ အယူဝါဒဖောက်ပြန်မှုကို မတရားသဖြင့် ကြံရွယ်သည်ရှိသော် ငါအရှင်မြတ်သည် ထိုသူအား နာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်ကို မြည်းစမ်းစေတော် မူအံ့သတည်း။
26وَإِذْ بَوَّأْنَا لِإِبْرَاهِيمَ مَكَانَ الْبَيْتِ أَن لَّا تُشْرِكْ بِي شَيْئًا وَطَهِّرْ بَيْتِيَ لِلطَّائِفِينَ وَالْقَائِمِينَ وَالرُّكَّعِ السُّجُودِ
ထိုမှတစ်ပါး(အို-နဗီတမန်တော်၊ ပြန်လည် သတိရပါလေ၊) တစ်ရံရောအခါဝယ် ငါအရှင်မြတ်သည် (နဗီတမန်တော်) အိဗ်ရာဟီမ်အား (ထူးမြတ်သော)အိမ်တော်၏နေရာကိုညွှန်ပြ၍ ပေးတော်မူခဲ့၏။ အမိန့်တော်ထုတ်ပြန်တော်မူခဲ့၏။အို-အိဗ်ရာဟီမ်) အသင်သည် မည်သည့်တစ်စုံတစ်ရာကိုပင်ငါအရှင်မြတ်နှင့်တွဲဖက် (နှိုင်းယှဉ်ကိုးကွယ်) ခြင်းကို မပြုပါလေနှင့်။ ထို့ပြင် အသင်သည် ငါအရှင်မြတ်၏ (ထူးမြတ်လှသော)အိမ်တော်ကို တွဝါဖ်လှည့်သူတို့အဖို့လည်းကောင်း၊ ‘ကိယာမ်’ရပ်သူတို့အဖို့လည်းကောင်း၊ ‘ရုကူအ်’ ဦးညွတ်သူတို့နှင့်’စဂျီဒဟ်’ ပျပ်ဝပ် ဦးချသူတို့အဖို့လည်းကောင်း၊ သန့်ရှင်းစင်ကြယ်အောင် ပြုလုပ်၍ထားရှိပါလေ။
27وَأَذِّن فِي النَّاسِ بِالْحَجِّ يَأْتُوكَ رِجَالًا وَعَلَىٰ كُلِّ ضَامِرٍ يَأْتِينَ مِن كُلِّ فَجٍّ عَمِيقٍ
၎င်းပြင် အသင်သည် လူခပ်သိမ်းတို့အား (ထူးမြတ်လှစွာသော ယင်းအိမ်တော်သို့ လာရောက်ဖူးမြော်)ဟဂျ်ပြုကြရန် ကြေညာ(ဖိတ်ခေါ်)ပါလေ။ (ထိုအခါ)လူတို့သည် အလွန်ဝေးလံသော လမ်းခရီးတိုင်းမှ ခြေကျင်လည်းကောင်း၊ ကျုံလှီပိန်ချုံးသော ကုလားအုတ်အသီးသီးပေါ်၌ စီးနင်း၍လည်းကောင်း၊အသင့်ထံသို့ လာရောက်ကြပေမည်။
အလ်-ဟဂ်ျကုရ်အာန် ညွှန်းကိန်း
78အာယာသ်
MedinanRevelation
25အာယာသ်

ဘာသာပြန် — အလ်-ဟဂ်ျ 25

စူရာ အလ်-ဟဂ်ျ အာယာသ် 25 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ဧကန်စင်စစ် အကြင်သူတို့သည် သွေဖည် ငြင်းပယ်ခဲ့ကြသည့်ပြင်(သူတစ်ပါးတို့အားလည်း) အလ္လာဟ်အရှင်မြတ်၏ လမ်းတော်မှလည်းကောင်း၊ အကြင်ရိုသေအပ်သော မတ်စ်ဂျိဒ်ဗလီဝတ်ကျောင်းတော်မှလည်းကောင်း၊ ပိတ်ပင်တားဆီးကြကုန်၏။ ငါအရှင်မြတ်သည်…

စူရာ အာယာသ် 25/78 — စူရာ အလ်-ဟဂ်ျ الحج (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဟဂ်ျ နားထောင်, စူရာ အလ်-ဟဂ်ျ ဘာသာပြန်, စူရာ အလ်-ဟဂ်ျ mp3, စူရာ အလ်-ဟဂ်ျ pdf. အာယာသ် 23–27. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Sunday, October 18, 2026

Don't forget us in your sincere prayers