အန်-နူရ် · 59/64
ဘာသာပြန် အသံနိုင်ငံ — စူရာ အန်-နူရ်
وَإِذَا بَلَغَ الْأَطْفَالُ مِنكُمُ الْحُلُمَ فَلْيَسْتَأْذِنُوا كَمَا اسْتَأْذَنَ الَّذِينَ مِن قَبْلِهِمْ ۚ كَذَٰلِكَ يُبَيِّنُ اللَّهُ لَكُمْ آيَاتِهِ ۗ وَاللَّهُ عَلِيمٌ حَكِيمٌ ۝٥٩
Wa izaa balaghal atfaalu minkumul huluma fal yastaazinoo kamas taazanal lazeena min qablihim; kazaalika yubaiyinul laahu lakum Aayaatih; wallaahu `Aleemun Hakeem
📖 မြန်မာဘာသာ
သို့ရာတွင် အသင်တို့အနက်မှ ယောက်ျားကလေးများသည် အရွယ်ရောက်လာခဲ့ကြသော်၊ ၎င်းတို့သည်လည်း မိမိတို့အလျင် ခွင့်တောင်းခဲ့ကြသော သူများနည်းတူ ခွင့်တောင်းကြရပေမည်။ အလ္လာဟ်အရှင်မြတ်သည် ဤနည်းနှင်နှင် မိမိအမိန့်ပညတ်တော်များကို အသင်တို့အကျိုးငှာ ထုတ် ဖော်မိန့်ကြားတော်မူလေသည်။ စင်စစ်မူကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိတော်မူသော၊ ကျိုးကြောင်း ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ဤအာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ:
  • الْحُلُم (အလ်-ဟုလွမ်):အရွယ်ရောက်ခြင်း၊ အိပ်မက်ထဲတွင် သုက်လွှတ်ခြင်းဖြင့် သို့မဟုတ် အရွယ်ရောက်သည့် အခြားလက္ခဏာများဖြင့် သိရှိရသော ဘာလိဂ် (အရွယ်ရောက်) ဖြစ်ခြင်းကို ဆိုလိုသည်။
  • فَلْيَسْتَأْذِنُوا (ဖလ်ယသ်အက်ဇိနူ):သူတို့သည် ခွင့်တောင်းကြရမည်။ ဆိုလိုသည်မှာ အိမ်ထဲသို့ ဝင်ရောက်လိုသည့်အခါ ခွင့်ပြုချက် တောင်းခံကြရမည်။
  • الَّذِينَ مِن قَبْلِهِمْ (အလ်လဇီန မိန်ကောဗ်လိဟိမ်):သူတို့အလျင် ရှိခဲ့ကြသော သူများ၊ ဆိုလိုသည်မှာ အရွယ်ရောက်ပြီးသော လွတ်လပ်သော အကြီးအကဲများ ဖြစ်သည်။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်:

အကြင်သောအခါ သင်တို့အနက် ကလေးသူငယ်များသည် အရွယ်ရောက်ခြင်း (ဘာလိဂ်) အဆင့်သို့ ရောက်ရှိကြသောအခါ၊ သူတို့သည် အိမ်များထဲသို့ ဝင်ရောက်လိုသည့်အခါတိုင်း အချိန်မရွေး ခွင့်တောင်းကြရမည်။ ဤသည်မှာ သူတို့အလျင် ရှိခဲ့ကြသော အရွယ်ရောက်ပြီးသူ အကြီးအကဲများ ခွင့်တောင်းခဲ့ကြသည့် နည်းတူပင် ဖြစ်သည်။ ဤသို့အားဖြင့် အလ္လာဟ်အရှင်မြတ်သည် သင်တို့အတွက် အရှင်မြတ်၏ အာယသ်တော်များကို ရှင်းလင်းစွာ ဖော်ပြတော်မူသည်။ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းကို အကြွင်းမဲ့ သိတော်မူသောအရှင်၊ ဉာဏ်ပညာအကြွင်းမဲ့ နှင့်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူသည်။

ရှင်းလင်းချက်:ဤအာယသ်တော်သည် ယခင်အာယသ်တော်များတွင် ဖော်ပြခဲ့သော ခွင့်တောင်းခြင်းဆိုင်ရာ စည်းမျဉ်းများကို ဆက်လက်ရှင်းလင်းထားခြင်း ဖြစ်သည်။ ငယ်ရွယ်သော ကလေးများအတွက် ခွင့်တောင်းရန် လိုအပ်သော အချိန်သုံးမျိုးကို ယခင်က ဖော်ပြခဲ့ပြီး ဖြစ်သည်။ ယခုမူ ထိုကလေးများသည် အရွယ်ရောက်သွားကြသောအခါ မည်သည့်အချိန်မဆို ခွင့်တောင်းရမည်ဟု မိန့်တော်မူခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ အရွယ်ရောက်ပြီးသူများအတွက် ခွင့်တောင်းခြင်းသည် အချိန်တိုင်း၊ အခြေအနေတိုင်းတွင် မဖြစ်မနေ လိုအပ်သော တာဝန်တစ်ရပ် ဖြစ်လာခြင်း ဖြစ်သည်။ ဤသည်မှာ အိမ်တွင်းရေးလုံခြုံမှုကို ထိန်းသိမ်းရန်နှင့် မိသားစုဝင်များ၏ ကိုယ်ရေးကိုယ်တာ လွတ်လပ်ခွင့်ကို ကာကွယ်ရန်အတွက် အလ္လာဟ်အရှင်မြတ်၏ ဉာဏ်ပညာနှင့်ပြည့်စုံသော စီမံချက် ဖ



📜 အာယာသ် 57-61 — စူရာ အန်-နူရ်

57لَا تَحْسَبَنَّ الَّذِينَ كَفَرُوا مُعْجِزِينَ فِي الْأَرْضِ ۚ وَمَأْوَاهُمُ النَّارُ ۖ وَلَبِئْسَ الْمَصِيرُ
အသင်သည် ကာဖိရ် သွေဖည်ငြင်းပယ်သောသူတို့ကို (၎င်းတို့သည် ငါအရှင်မြတ်အား) ကမ္ဘာမြေဝယ် မစွမ်းဆောင်နိုင်အောင် ပြုနိုင်ကြမည်ဟု အလျှင်း မထင်မှတ်လေ နှင့်။ အမှန်စင်စစ် ၎င်းတို့၏ ခိုလှုံရာဌာနမှာ ငရဲမီးပင်ဖြစ်ပေသည်။ စင်စစ်သော်ကား ယင်းငရဲမီးသည် အလွန်တရာ ဆိုး ရွားလှသောစခန်းပင် ဖြစ်ပေသတည်း။
58يَا أَيُّهَا الَّذِينَ آمَنُوا لِيَسْتَأْذِنكُمُ الَّذِينَ مَلَكَتْ أَيْمَانُكُمْ وَالَّذِينَ لَمْ يَبْلُغُوا الْحُلُمَ مِنكُمْ ثَلَاثَ مَرَّاتٍ ۚ مِّن قَبْلِ صَلَاةِ الْفَجْرِ وَحِينَ تَضَعُونَ ثِيَابَكُم مِّنَ الظَّهِيرَةِ وَمِن بَعْدِ صَلَاةِ الْعِشَاءِ ۚ ثَلَاثُ عَوْرَاتٍ لَّكُمْ ۚ لَيْسَ عَلَيْكُمْ وَلَا عَلَيْهِمْ جُنَاحٌ بَعْدَهُنَّ ۚ طَوَّافُونَ عَلَيْكُم بَعْضُكُمْ عَلَىٰ بَعْضٍ ۚ كَذَٰلِكَ يُبَيِّنُ اللَّهُ لَكُمُ الْآيَاتِ ۗ وَاللَّهُ عَلِيمٌ حَكِيمٌ
အို-’မုအ်မင်န်’ သက်ဝင် ယုံကြည်သူအပေါင်းတို့၊ အသင်တို့၏ ကျွန်၊ ကျွန်မများသည်လည်းကောင်း၊ အသင်တို့အနက် အရွယ်မရောက်ကြသေးသော ယောက်ျားကလေးများသည်လည်းကောင်း၊ (အသင်တို့အိမ်များတွင် ဝင်ထွက်သွားလာရန်အလို့ငှာ) အချိန်သုံးချိန်တွင် အသင်တို့ထံ ခွင့်တောင်းကြရမည်။ ‘ဖဂျ်ရ် ဆွလာတ်’ အလျင် (တစ်ချိန်)၊ အသင်တို့သည် �ိမိတို့၏ အဝတ်အစားများကိုချွတ်၍ ထားလေ့ ရှိကြသော နေ့လယ်အချိန်၌(တစ်ချိန်)နှင့် ‘အိရှာအ် ဆွလာတ်’ အပြီး၌(တစ်ချိန်၊ဤ)သုံးချိန်ကား အသင်တို့၏ အရှက်လစ်လပ်ချိန်များတည်း။ (သို့ရာတွင်) ထို(သုံးချိန်)မှအပ(အခြားအချိန်များတွင်မူကား ခွင့်မတောင်းဘဲ ဝင်ထွက်သွားလာခြင်းကြောင့်) အသင်တို့အပေါ်၌လည်းကောင်း၊ ထိုသူတို့ အပေါ်၌ လည်းကောင်း၊ မည်သို့မျှ အပြစ်မရှိချေ။ ၎င်းတို့သည် အသင်တို့ထံ များစွာဝင်ထွက်သွားလာသူများ ဖြစ်ကြပေသည်။ အသင်တို့အနက် တစ်ဦးသည် တစ်ဦး၏ထံသို့ (ဝင်ထွက်သွားလာသူများသာဖြစ်ကြကုန်၏)။ အလ္လာဟ်အရှင်မြတ်သည် ဤနည်းအတိုင်းပင် အမိန့်ပညတ်တော်များကို အသင်တို့အကျိုးငှာ ထုတ်ဖော် မိန့်ကြားတော်မူလေသည်။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိတော်မူသော ကျိုးကြောင်းဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသည်။
59وَإِذَا بَلَغَ الْأَطْفَالُ مِنكُمُ الْحُلُمَ فَلْيَسْتَأْذِنُوا كَمَا اسْتَأْذَنَ الَّذِينَ مِن قَبْلِهِمْ ۚ كَذَٰلِكَ يُبَيِّنُ اللَّهُ لَكُمْ آيَاتِهِ ۗ وَاللَّهُ عَلِيمٌ حَكِيمٌ
သို့ရာတွင် အသင်တို့အနက်မှ ယောက်ျားကလေးများသည် အရွယ်ရောက်လာခဲ့ကြသော်၊ ၎င်းတို့သည်လည်း မိမိတို့အလျင် ခွင့်တောင်းခဲ့ကြသော သူများနည်းတူ ခွင့်တောင်းကြရပေမည်။ အလ္လာဟ်အရှင်မြတ်သည် ဤနည်းနှင်နှင် မိမိအမိန့်ပညတ်တော်များကို အသင်တို့အကျိုးငှာ ထုတ် ဖော်မိန့်ကြားတော်မူလေသည်။ စင်စစ်မူကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိတော်မူသော၊ ကျိုးကြောင်း ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
60وَالْقَوَاعِدُ مِنَ النِّسَاءِ اللَّاتِي لَا يَرْجُونَ نِكَاحًا فَلَيْسَ عَلَيْهِنَّ جُنَاحٌ أَن يَضَعْنَ ثِيَابَهُنَّ غَيْرَ مُتَبَرِّجَاتٍ بِزِينَةٍ ۖ وَأَن يَسْتَعْفِفْنَ خَيْرٌ لَّهُنَّ ۗ وَاللَّهُ سَمِيعٌ عَلِيمٌ
၎င်းပြင် ထိမ်းမြားရန် မျှော်လင့်ချက်မရှိကြသော အဖွားအိုများသည် လှပမှုကိုဖော်ပြခြင်းမပြုဘဲ မိမိတို့ ၏(အပို)အဝတ်များကို ချွတ်ထားခြင်းကြောင့် ၎င်းတို့အပေါ်၌ အပြစ်တစ်စုံတစ်ရာမျှ မရှိချေ။ သို့တစေလည်း ၎င်းတို့သည် (ဤသည်မှ)ရှောင်ကြဉ်ကြလျှင် ၎င်းတို့အဖို့ အကောင်းဆုံးပင်။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ ကို အကြွင်းမဲ့ကြားတော်မူသော၊ အရာခပ်သိမ်းတို့ကို အကြွင်း မဲ့သိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
61لَّيْسَ عَلَى الْأَعْمَىٰ حَرَجٌ وَلَا عَلَى الْأَعْرَجِ حَرَجٌ وَلَا عَلَى الْمَرِيضِ حَرَجٌ وَلَا عَلَىٰ أَنفُسِكُمْ أَن تَأْكُلُوا مِن بُيُوتِكُمْ أَوْ بُيُوتِ آبَائِكُمْ أَوْ بُيُوتِ أُمَّهَاتِكُمْ أَوْ بُيُوتِ إِخْوَانِكُمْ أَوْ بُيُوتِ أَخَوَاتِكُمْ أَوْ بُيُوتِ أَعْمَامِكُمْ أَوْ بُيُوتِ عَمَّاتِكُمْ أَوْ بُيُوتِ أَخْوَالِكُمْ أَوْ بُيُوتِ خَالَاتِكُمْ أَوْ مَا مَلَكْتُم مَّفَاتِحَهُ أَوْ صَدِيقِكُمْ ۚ لَيْسَ عَلَيْكُمْ جُنَاحٌ أَن تَأْكُلُوا جَمِيعًا أَوْ أَشْتَاتًا ۚ فَإِذَا دَخَلْتُم بُيُوتًا فَسَلِّمُوا عَلَىٰ أَنفُسِكُمْ تَحِيَّةً مِّنْ عِندِ اللَّهِ مُبَارَكَةً طَيِّبَةً ۚ كَذَٰلِكَ يُبَيِّنُ اللَّهُ لَكُمُ الْآيَاتِ لَعَلَّكُمْ تَعْقِلُونَ
မျက်ကန်း၏အပေါ်၌လည်း တစ်စုံတစ်ရာ တားမြစ်ခြင်းမရှိချေ။ ခြေမစွမ်းမသန်သော သူ၏အပေါ်၌လည်း တစ်စုံတစ်ရာ တားမြစ်ခြင်းမရှိချေ။ မကျန်းမမာသောသူ၏ အပေါ်၌လည်း တစ်စုံတစ်ရာ တားမြစ်ခြင်းမရှိချေ။ အသင်တို့ ကိုယ်တိုင်အပေါ်၌လည်း (တစ်စုံတစ်ရာ တားမြစ်ခြင်း) မရှိချေ။ မိမိတို့ အိမ်များမှဖြစ်စေ၊ မိမိတို့၏ ဖခင်များ၏ အိမ်များမှဖြစ်စေ၊ မိမိတို့၏မိခင်များ၏ အိမ်များမှဖြစ်စေ၊ မိမိတို့ညီများ အစ်ကိုများ၏အိမ်များမှဖြစ်စေ၊ မိမိတို့၏နှမများ အစ်မများ၏ အိမ်များမှဖြစ်စေ၊ မိမိတို့ဘကြီး ဘထွေးများ၏ အိမ်များမှဖြစ် စေ၊ မိမိတို့ အရီးကြီးအရီးကလေးများ၏ အိမ်များမှဖြစ်စေ၊ မိမိတို့ ဦးရီးများ၏ အိမ်များမှဖြစ်စေ၊ မိမိတို့ မိကြီးမိထွေးများ၏ အိမ်များမှဖြစ်စေ၊ မိမိတို့ သော့ထိန်းကြရသောအိမ်များ မှဖြစ်စေ၊ မိမိတို့ မိတ်ဆွေများ၏ အိမ်များမှဖြစ်စေ၊ အသင်တို့၏စားသုံးခြင်း၌ တစ်စုံတစ်ရာ တားမြစ်ခြင်းမရှိပေ။ အသင်တို့သည် အထူးရောနှော စုရုံးလျက် စားသုံးကြသည်ဖြစ်စေ၊ တခြားစီ(စားသုံးကြသည်)ဖြစ်စေ၊ အသင်တို့အပေါ်၌ အပြစ် တစ်စုံတစ်ရာမျှ မရှိချေ။ သို့ရာတွင် အသင်တို့သည် အိမ်များသို့ ဝင်ရောက်ကြသောအခါ မိမိတို့ကိုယ်များကို အချင်းချင်း စလာမ်မေတ္တာ ပို့သကြလေကုန်။ (ယင်းစလာမ် မေတ္တာပို့သ ခြင်းကား) အလ္လာဟ်အရှင်မြတ်အထံတော်မှ (သတ်မှတ် ပြ ဋ္ဌာန်းအပ်သော)နှုတ်ခွန်းစကား၊ ဆုတောင်းပတ္ထနာပြုချက်ဖြစ် ၏။ ကောင်းချီး မင်္ဂလာနှင့်ပြည့်စုံ၏။ ကောင်းမြတ်လှ၏။ အလ္လာဟ်အရှင်မြတ်သည် ဤနည်းအတိုင်းပင် အသင်တို့အဖို့ အမိန့်ပညတ်တော်များကို အသင်တို့နားလည်(ကျင့်သုံး) ကြအံ့သောငှာ ထုတ်ဖော်မိန့်ကြား တော်မူလေသတည်း။
အန်-နူရ်ကုရ်အာန် ညွှန်းကိန်း
64အာယာသ်
MedinanRevelation
59အာယာသ်

ဘာသာပြန် — အန်-နူရ် 59

စူရာ အန်-နူရ် အာယာသ် 59 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : သို့ရာတွင် အသင်တို့အနက်မှ ယောက်ျားကလေးများသည် အရွယ်ရောက်လာခဲ့ကြသော်၊ ၎င်းတို့သည်လည်း မိမိတို့အလျင် ခွင့်တောင်းခဲ့ကြသော သူများနည်းတူ ခွင့်တောင်းကြရပေမည်။ အလ္လာဟ်အရှင်မြတ်သည်…

စူရာ အာယာသ် 59/64 — စူရာ အန်-နူရ် النور (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အန်-နူရ် နားထောင်, စူရာ အန်-နူရ် ဘာသာပြန်, စူရာ အန်-နူရ် mp3, စူရာ အန်-နူရ် pdf. အာယာသ် 57–61. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers