۞ وَالْمُحْصَنَاتُ مِنَ النِّسَاءِ إِلَّا مَا مَلَكَتْ أَيْمَانُكُمْ ۖ كِتَابَ اللَّهِ عَلَيْكُمْ ۚ وَأُحِلَّ لَكُم مَّا وَرَاءَ ذَٰلِكُمْ أَن تَبْتَغُوا بِأَمْوَالِكُم مُّحْصِنِينَ غَيْرَ مُسَافِحِينَ ۚ فَمَا اسْتَمْتَعْتُم بِهِ مِنْهُنَّ فَآتُوهُنَّ أُجُورَهُنَّ فَرِيضَةً ۚ وَلَا جُنَاحَ عَلَيْكُمْ فِيمَا تَرَاضَيْتُم بِهِ مِن بَعْدِ الْفَرِيضَةِ ۚ إِنَّ اللَّهَ كَانَ عَلِيمًا حَكِيمًا ٢٤
🔤 Transliteration
Walmuhsanaatu minan nisaaa`i illaa maa malakat aimaanukum kitaabal laahi `alaikum; wa uhilla lakum maa waraaa`a zaalikum an tabtaghoo bi amwaali kum muhsineena ghaira musaa fiheen; famastamta`tum bihee minhunna fa aatoohunna ujoorahunna fareedah; wa laa junaaha `alaikum feemaa taraadaitum bihee mim ba`dil fareedah; innal laaha kaana `Aleeman Hakeemaa
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
၎င်းအပြင် အမျိုးသမီးများအနက် ထိန်းသိမ်းစောင့်ရှောက်ပြီးဖြစ်သော (ဝါ) လင်ရှိမိန်းမများသည်လည်း (ထိမ်းမြားရန် မြစ်တားပြီးဖြစ်ချေသည်) ၊ သို့ရာတွင် အကြင်မိန်းမများသည် အသင်တို့ လက်တွင်းသို့ သုံ့ပန်းအဖြစ်နှင့် ရောက်ရှိလာကြသော် (ထိုသို့ လင်ရှိသုံ့ပန်းမိန်းမများကိုပင် ထိမ်းမြားပိုင်ခွင့်ရှိပေသည်) ။ (ဤသည်) အသင်တို့အပေါ်၌ အလ္လာဟ်အရှင်မြတ်၏ (အထံတော်မှ) သတ်မှတ်ပြဋ္ဌာန်းပြီးဖြစ်သော အမိန့်တော်ဖြစ်သည်။ ၎င်းအပြင် ထို (ဖော်ပြပါ) မိန်းမတို့မှတစ်ပါး အခြားသောမိန်းမများကို အသင်တို့အဖို့ ဟလာလ် ပြုလုပ်ထားတော်မူသည်။ ဆိုလိုသည်ကား အသင်တို့သည် (ထိုမိန်းမများကို) မိမိတို့၏ ဥစ္စာပစ္စည်းများဖြင့် ကာမဂုဏ် လိုက်စားသူများအဖြစ်နှင့်မဟုတ်ဘဲ ထိန်းသိမ်း၊ စောင့်ရှောက်သောသူများအဖြစ်နှင့် (ဝါ) ထိမ်းမြားလက်ထပ်ယူသော သူများအဖြစ်နှင့် ရှာဖွေတောင်းဆို (ထိမ်းမြား) ကြလေကုန်။ ပြီးနောက် အသင်တို့သည် ထိုမိန်းမများနှင့် (ဇနီးမောင်နှံအဖြစ်နှင့်) အကျိုးကျေးဇူး ခံစားခဲ့ကြသည်ရှိသော် အသင်တို့သည် ထိုမိန်းမများအား သတ်မှတ်ပြဋ္ဌာန်းပြီးဖြစ်သော ‘မဟရ်’ ကိုပေးကြကုန်။ သို့ရာတွင် အကယ်၍ အသင်တို့သည် (ယင်းကဲ့သို့) မဟရ်ကို သတ်မှတ်ပြဋ္ဌာန်းပြီးနောက်တွင် (ထိုမဟ်ရ်ကို တိုးခြင်း၊ လျှော့ခြင်း၊ လုံးဝခွင့်လွှတ်ခြင်း၌) မိမိတို့အချင်းချင်း သဘောတူ ကျေနပ်ကြပါမူ အသင်တို့အပေါ်၌ အပြစ်တစ်စုံတစ်ရာ မရှိချေ။ အလ္လာဟ်အရှင်မြတ်သည် မုချဧကန် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိတော်မူသောအရှင်၊ ကျိုးကြောင်းဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသော အရှင် ဖြစ်တော်မူပေသတည်း။ (တစ်နည်း) ၎င်းအပြင် အသင်တို့ပိုင်ဆိုင်ခဲ့ကြသော (လင်ရှိ) သုံ့ပန်းမိန်းမများမှတစ်ပါး အခြား ထိမ်းသိမ်းစောင့်ရှောက်ပြီးဖြစ်သော (ဝါ) သူတစ်ပါးနှင့် ထိမ်းမြားထားသော အိမ်ထောင်သည်မိန်းမတို့သည်လည်း (ဟရာမ်မြစ်တားပြီးဖြစ်၏။) (ဤသည်) အသင်တို့အပေါ်၌ အလ္လာဟ်အရှင်မြတ် (အထံတော်မှ) သတ်မှတ်ပြဋ္ဌာန်းပြီးဖြစ်သော (အမိန့်တော်ပင်တည်း။) သို့ရာတွင် ယင်း (ဖော်ပြပါ) မိန်းမတို့မှတစ်ပါး အခြားမိန်းမတို့သည် (အကယ်၍) ယင်းမိန်းမတို့အား ကာမဂုဏ်လိုက်စားကြသူများအဖြစ် မဟုတ်ဘဲ အသင်တို့သည် မိမိတို့ ဥစ္စာပစ္စည်းများဖြင့် (ရိုးသားစွာ) ထိန်းသိမ်း၊ စောင့်ရှောက်ကြသူများအဖြစ် (ဝါ) ထိမ်းမြားလက်ထပ်သူများအဖြစ်နှင့် အိမ်ထောင်ပြုလိုကြပါမူ အသင်တို့အဖို့ ခွင့်ပြုပြီးဖြစ်ချေသတည်း။ တစ်ဖန် အသင်တို့သည် ထိုဇနီးမိန်းမများအနက်မှ မည်သည့် မိန်းမနှင့်မဆို (ဇနီးမောင်နှံအဖြစ်) အကျိုးကျေးဇူးခံစားခဲ့သည်ရှိကြသော် အသင်တို့သည် ၎င်းမိန်းမတို့အား မဟရ်များကို သတ်မှတ်ပြဋ္ဌာန်းခဲ့သည့်အတိုင်း ပေးဆပ်ကြလေကုန်၊ သို့ရာတွင် အကယ်၍ အသင်တို့သည် (ယင်းကဲ့သို့) မဟ်ရ်ကို သတ်မှတ်အတည်ပြုပြီးသည့်နောက် (ထိုမဟ်ရ်ကို လျှော့ခြင်း၊ တိုးခြင်း၊ လုံးဝခွင့်လွှတ်ခြင်းနှင့်စပ်လျဉ်း၍) မိမိတို့အချင်းချင်း သဘောတူကျေနပ်ကြပါမူ အသင်တို့ အပေါ်ဝယ် ယင်းသည့်အချက်နှင့်စပ်လျဉ်း၍ အပြစ်တစ်စုံတစ်ရာမျှ မရှိပေ။ အလ္လာဟ်အရှင်မြတ်သည် ဧကန်စင်စစ် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိရှိတော်မူသောအရှင်၊ ကျိုးကြောင်းဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။
🌐 Additional reference in ภาษาไทย
အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ: الْمُحْصَنَاتُ (အလ်-မုဟ်ဆနာသ်): လက်ထပ်ထားပြီးသော အမျိုးသမီးများ။ "အိဟ်ဆွာန်" ဟူသော စကားမှ ဆင်းသက်လာပြီး "ကာကွယ်ထိန်းသိမ်းခြင်း" ဟု အဓိပ္ပာယ်ရသည်။ ဤနေရာတွင် ခင်ပွန်းရှိသော အမျိုးသမီးများကို ဆိုလိုသည်။ مَا مَلَكَتْ أَيْمَانُكُمْ (မာ မာလကသ် အီမာနုကွမ်): သင့်တို့၏ လက်ယာလက်များ ပိုင်ဆိုင်သောသူများ ဟု အဓိပ္ပာယ်ရပြီး ဤနေရာတွင် စစ်ပွဲတွင် ဖမ်းဆီးရမိသော ကျွန်အမျိုးသမီးများကို ဆိုလိုသည်။ مُحْصِنِينَ (မုဟ်ဆိနီန်း): ကိုယ်ကို ထိန်းသိမ်းသူများ၊ တရားဝင်လက်ထပ်ခြင်းဖြင့် ကာမဂုဏ်ကို ထိန်းသိမ်းသူများ။ مُسَافِحِينَ (မုဆာဖိဟီန်း): တရားမဝင် ကာမဆက်ဆံသူများ၊ အိမ်ထောင်ရေးဖောက်ပြန်သူများ။ "ဆဖဟ" ဟူသော စကားမှ ဆင်းသက်လာပြီး "ရေကို သွန်းလောင်းခြင်း" ဟု အဓိပ္ပာယ်ရသည်။ أُجُورَهُنَّ (အုဂျူရဟွန်န): သူတို့၏ မဟ်ရ် (မင်္ဂလာဆောင်ရာတွင် ပေးရသော ပစ္စည်း) များ။ فَرِيضَةً (ဖရီဒွာ): မဖြစ်မနေ ပေးရမည့် တာဝန်ဝတ္တရား။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်: အလ္လာဟ်အရှင်မြတ်သည် ဤအာယသ်တော်တွင် လက်ထပ်ထားပြီးသော အမျိုးသမီးများနှင့် လက်ထပ်ခြင်းကို ဟရာမ် (တားမြစ်) ပြုတော်မူသည်။ သို့သော် စစ်ပွဲတွင် ဖမ်းဆီးရမိသော ကျွန်အမျိုးသမီးများသည် ခြွင်းချက်ဖြစ်သည်။ သူတို့၏ ခင်ပွန်းများသည် စစ်မြေပြင်တွင် ကျန်ရစ်ခဲ့သောကြောင့် သူတို့နှင့် လက်ထပ်ခြင်းသည် ခွင့်ပြုထားသည်။ သို့သော် သန့်ရှင်းစေရန် တစ်ကြိမ် ဓမ္မတာလာသည်အထိ စောင့်ရမည်။
ဤသည်မှာ အလ္လာဟ်အရှင်မြတ်က သင့်တို့အပေါ် ပြဋ္ဌာန်းထားသော ဥပဒေဖြစ်သည်။ ထို့နောက် အလ္လာဟ်အရှင်မြတ်သည် ထိုတားမြစ်ထားသော အမျိုးသမီးများမှလွဲ၍ အခြားအမျိုးသမီးများနှင့် လက်ထပ်ခြင်းကို ခွင့်ပြုတော်မူသည်။ သင်တို့သည် မိမိတို့၏ ဥစ္စာပစ္စည်းများဖြင့် မဟ်ရ်ပေး၍ တရားဝင်လက်ထပ်ခြင်းဖြင့် ကိုယ်ကို ထိန်းသိမ်းရမည်။ တရားမဝင် ကာမဆက်ဆံမှုကို မပြုလုပ်ရ။
သင်တို့သည် အမျိုးသမီးများနှင့် တရားဝင်လက်ထပ်ခြင်းဖြင့် အကျိုးခံစားခွင့်ရသောအခါ သူတို့၏ မဟ်ရ်များကို မဖြစ်မနေ ပေးရမည်။ မဟ်ရ် သတ်မှတ်ပြီးနောက် နှစ
۞ وَٱلۡمُحۡصَنَٰتُ مِنَ ٱلنِّسَآءِ إِلَّا مَا مَلَكَتۡ أَيۡمَٰنُكُمۡۖ كِتَٰبَ ٱللَّهِ عَلَيۡكُمۡۚ وَأُحِلَّ لَكُم مَّا وَرَآءَ ذَٰلِكُمۡ أَن تَبۡتَغُواْ بِأَمۡوَٰلِكُم مُّحۡصِنِينَ غَيۡرَ مُسَٰفِحِينَۚ فَمَا ٱسۡتَمۡتَعۡتُم بِهِۦ مِنۡهُنَّ فَـَٔاتُوهُنَّ أُجُورَهُنَّ فَرِيضَةًۚ وَلَا جُنَاحَ عَلَيۡكُمۡ فِيمَا تَرَٰضَيۡتُم بِهِۦ مِنۢ بَعۡدِ ٱلۡفَرِيضَةِۚ إِنَّ ٱللَّهَ كَانَ عَلِيمًا حَكِيمًا ٢٤
၎င်းအပြင် အမျိုးသမီးများအနက် ထိန်းသိမ်းစောင့်ရှောက်ပြီးဖြစ်သော (ဝါ) လင်ရှိမိန်းမများသည်လည်း (ထိမ်းမြားရန် မြစ်တားပြီးဖြစ်ချေသည်) ၊ သို့ရာတွင် အကြင်မိန်းမများသည် အသင်တို့ လက်တွင်းသို့ သုံ့ပန်းအဖြစ်နှင့် ရောက်ရှိလာကြသော် (ထိုသို့ လင်ရှိသုံ့ပန်းမိန်းမများကိုပင် ထိမ်းမြားပိုင်ခွင့်ရှိပေသည်) ။ (ဤသည်) အသင်တို့အပေါ်၌ အလ္လာဟ်အရှင်မြတ်၏ (အထံတော်မှ) သတ်မှတ်ပြဋ္ဌာန်းပြီးဖြစ်သော အမိန့်တော်ဖြစ်သည်။ ၎င်းအပြင် ထို (ဖော်ပြပါ) မိန်းမတို့မှတစ်ပါး အခြားသောမိန်းမများကို အသင်တို့အဖို့ ဟလာလ် ပြုလုပ်ထားတော်မူသည်။ ဆိုလိုသည်ကား အသင်တို့သည် (ထိုမိန်းမများကို) မိမိတို့၏ ဥစ္စာပစ္စည်းများဖြင့် ကာမဂုဏ် လိုက်စားသူများအဖြစ်နှင့်မဟုတ်ဘဲ ထိန်းသိမ်း၊ စောင့်ရှောက်သောသူများအဖြစ်နှင့် (ဝါ) ထိမ်းမြားလက်ထပ်ယူသော သူများအဖြစ်နှင့် ရှာဖွေတောင်းဆို (ထိမ်းမြား) ကြလေကုန်။ ပြီးနောက် အသင်တို့သည် ထိုမိန်းမများနှင့် (ဇနီးမောင်နှံအဖြစ်နှင့်) အကျိုးကျေးဇူး ခံစားခဲ့ကြသည်ရှိသော် အသင်တို့သည် ထိုမိန်းမများအား သတ်မှတ်ပြဋ္ဌာန်းပြီးဖြစ်သော ‘မဟရ်’ ကိုပေးကြကုန်။ သို့ရာတွင် အကယ်၍ အသင်တို့သည် (ယင်းကဲ့သို့) မဟရ်ကို သတ်မှတ်ပြဋ္ဌာန်းပြီးနောက်တွင် (ထိုမဟ်ရ်ကို တိုးခြင်း၊ လျှော့ခြင်း၊ လုံးဝခွင့်လွှတ်ခြင်း၌) မိမိတို့အချင်းချင်း သဘောတူ ကျေနပ်ကြပါမူ အသင်တို့အပေါ်၌ အပြစ်တစ်စုံတစ်ရာ မရှိချေ။ အလ္လာဟ်အရှင်မြတ်သည် မုချဧကန် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိတော်မူသောအရှင်၊ ကျိုးကြောင်းဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသော အရှင် ဖြစ်တော်မူပေသတည်း။ (တစ်နည်း) ၎င်းအပြင် အသင်တို့ပိုင်ဆိုင်ခဲ့ကြသော (လင်ရှိ) သုံ့ပန်းမိန်းမများမှတစ်ပါး အခြား ထိမ်းသိမ်းစောင့်ရှောက်ပြီးဖြစ်သော (ဝါ) သူတစ်ပါးနှင့် ထိမ်းမြားထားသော အိမ်ထောင်သည်မိန်းမတို့သည်လည်း (ဟရာမ်မြစ်တားပြီးဖြစ်၏။) (ဤသည်) အသင်တို့အပေါ်၌ အလ္လာဟ်အရှင်မြတ် (အထံတော်မှ) သတ်မှတ်ပြဋ္ဌာန်းပြီးဖြစ်သော (အမိန့်တော်ပင်တည်း။) သို့ရာတွင် ယင်း (ဖော်ပြပါ) မိန်းမတို့မှတစ်ပါး အခြားမိန်းမတို့သည် (အကယ်၍) ယင်းမိန်းမတို့အား ကာမဂုဏ်လိုက်စားကြသူများအဖြစ် မဟုတ်ဘဲ အသင်တို့သည် မိမိတို့ ဥစ္စာပစ္စည်းများဖြင့် (ရိုးသားစွာ) ထိန်းသိမ်း၊ စောင့်ရှောက်ကြသူများအဖြစ် (ဝါ) ထိမ်းမြားလက်ထပ်သူများအဖြစ်နှင့် အိမ်ထောင်ပြုလိုကြပါမူ အသင်တို့အဖို့ ခွင့်ပြုပြီးဖြစ်ချေသတည်း။ တစ်ဖန် အသင်တို့သည် ထိုဇနီးမိန်းမများအနက်မှ မည်သည့် မိန်းမနှင့်မဆို (ဇနီးမောင်နှံအဖြစ်) အကျိုးကျေးဇူးခံစားခဲ့သည်ရှိကြသော် အသင်တို့သည် ၎င်းမိန်းမတို့အား မဟရ်များကို သတ်မှတ်ပြဋ္ဌာန်းခဲ့သည့်အတိုင်း ပေးဆပ်ကြလေကုန်၊ သို့ရာတွင် အကယ်၍ အသင်တို့သည် (ယင်းကဲ့သို့) မဟ်ရ်ကို သတ်မှတ်အတည်ပြုပြီးသည့်နောက် (ထိုမဟ်ရ်ကို လျှော့ခြင်း၊ တိုးခြင်း၊ လုံးဝခွင့်လွှတ်ခြင်းနှင့်စပ်လျဉ်း၍) မိမိတို့အချင်းချင်း သဘောတူကျေနပ်ကြပါမူ အသင်တို့ အပေါ်ဝယ် ယင်းသည့်အချက်နှင့်စပ်လျဉ်း၍ အပြစ်တစ်စုံတစ်ရာမျှ မရှိပေ။ အလ္လာဟ်အရှင်မြတ်သည် ဧကန်စင်စစ် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိရှိတော်မူသောအရှင်၊ ကျိုးကြောင်းဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 22-26 — စူရာ အန်-နီဆာ
22 وَلَا تَنكِحُوا مَا نَكَحَ آبَاؤُكُم مِّنَ النِّسَاءِ إِلَّا مَا قَدْ سَلَفَ ۚ إِنَّهُ كَانَ فَاحِشَةً وَمَقْتًا وَسَاءَ سَبِيلًا
၎င်းပြင် အသင်တို့သည် မိမိတို့၏ဖခင်များ ထိမ်းမြားခဲ့ကြကုန်သော မိန်းမတို့နှင့် ထိမ်းမြားခြင်းကို မပြုကြကုန်လင့်။ သို့ရာတွင် (ဤအမိန့်တော်မကျရောက်မီ) လွန်ခဲ့သောအမှုများကား (လွန်ခဲ့လေပြီ။) အကြောင်းသော်ကား ယင်းအမှုကိစ္စသည် ဧကန်စင်စစ် ယုတ်မာမှုတရပ်ဖြစ်သည့်ပြင် စက်ဆုပ်ရွံရှာဖွယ်လည်းဖြစ်၏။ ဤမျှမက ယင်းကိစ္စသည် အလွန်ဆိုးရွားလှသော နည်းလမ်းတစ်ခုလည်း ဖြစ်ပေသေး၏။
23 حُرِّمَتْ عَلَيْكُمْ أُمَّهَاتُكُمْ وَبَنَاتُكُمْ وَأَخَوَاتُكُمْ وَعَمَّاتُكُمْ وَخَالَاتُكُمْ وَبَنَاتُ الْأَخِ وَبَنَاتُ الْأُخْتِ وَأُمَّهَاتُكُمُ اللَّاتِي أَرْضَعْنَكُمْ وَأَخَوَاتُكُم مِّنَ الرَّضَاعَةِ وَأُمَّهَاتُ نِسَائِكُمْ وَرَبَائِبُكُمُ اللَّاتِي فِي حُجُورِكُم مِّن نِّسَائِكُمُ اللَّاتِي دَخَلْتُم بِهِنَّ فَإِن لَّمْ تَكُونُوا دَخَلْتُم بِهِنَّ فَلَا جُنَاحَ عَلَيْكُمْ وَحَلَائِلُ أَبْنَائِكُمُ الَّذِينَ مِنْ أَصْلَابِكُمْ وَأَن تَجْمَعُوا بَيْنَ الْأُخْتَيْنِ إِلَّا مَا قَدْ سَلَفَ ۗ إِنَّ اللَّهَ كَانَ غَفُورًا رَّحِيمًا
(အို- မုအ်မင်န် သက်ဝင်ယုံကြည်သူအပေါင်းတို့) အသင်တို့အဖို့ (နိကာဟ် ထိမ်းမြားလက်ထပ်ခြင်းမပြုကြရန်) ဟရာမ်ဟူ၍ မြစ်တားထားပြီးဖြစ်သော မိန်းမများကား၊ အသင်တို့၏ မိခင်များသည်လည်းကောင်း၊ အသင်တို့၏ သမီးများသည်လည်းကောင်း၊ အသင်တို့၏အစ်မများ၊ နှမများသည်လည်းကောင်း၊ အသင်တို့၏ အရီးကြီး၊ အရီးကလေးသည်လည်းကောင်း၊ အသင်တို့၏ အမိကြီး၊ အမိထွေးတို့သည်လည်းကောင်း၊ ညီ (သို့မဟုတ်) အစ်ကို၏ သမီးများသည်လည်းကောင်း၊ အသင်တို့အား နို့ရည်တိုက်ကျွေးခဲ့ဖူးသော နို့ထိန်းသည် မိခင်တို့သည်လည်းကောင်း၊ အစ်မ၊ နှမ၏ သမီးများသည် လည်းကောင်း၊ နို့စို့ဖက်အစ်မ၊ နှမများသည်လည်းကောင်း၊ အသင်တို့၏ ဇနီးမိန်းမတို့၏ မိခင်များသည်လည်းကောင်း၊ အသင်တို့ ပေါင်းသင်းစပ်ယှက်ခဲ့ဘူးကြသော ဇနီးမိန်းမတို့မှ ပေါက်ဖွားကြကုန်သော အသင်တို့၏ရင်ခွင်၌ ကြီးပြင်းကြသော မိမိတို့၏ မယားပါသမီးများသည်လည်းကောင်း ဖြစ်ကြကုန်သတည်း။ သို့ရာတွင် အကယ်၍ အသင်တို့သည် ယင်းဇနီးမိန်းမတို့နှင့် ပေါင်းသင်းစပ်ယှက်ခြင်းမပြုခဲ့ကြပါမူ (ထိုမယားပါသမီးများနှင့် ထိမ်းမြားခြင်းအားဖြင့်) အသင်တို့၌ အပြစ်တစ်စုံတစ်ရာမျှမရှိပေ။ ၎င်းပြင် အသင်တို့၏ သားရင်းတို့၏ ဇနီးမိန်းမတို့ (နှင့် ထိမ်းမြားခြင်း) သည်လည်းကောင်း၊ ညီအစ်မ နှစ်ယောက်တို့ကို (တစ်ချိန်တည်းထိမ်းမြား) ပေါင်းသင်းခြင်းသည်လည်းကောင်း၊ (မြစ်တားပြီးဖြစ်ပေသည်) ။ သို့ရာတွင် (ဤအမိန့်တော်မကျရောက်မီက) ပြုခဲ့သည်တို့သည် (ခွင့်လွှတ်ပြီးဖြစ်ချေသည်) အကြောင်းတမူကား အလ္လာဟ်အရှင်မြတ်သည် (ပြစ်မှုဒုစရိုက်တို့မှ) အကြိမ်ကြိမ် လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ အလွန်တရာ သနားကြင်နာညှာတာတော်မူသော မဟာကရုဏာတော်ရှင် ဖြစ်တော်မူပေသတည်း။
24 ۞ وَالْمُحْصَنَاتُ مِنَ النِّسَاءِ إِلَّا مَا مَلَكَتْ أَيْمَانُكُمْ ۖ كِتَابَ اللَّهِ عَلَيْكُمْ ۚ وَأُحِلَّ لَكُم مَّا وَرَاءَ ذَٰلِكُمْ أَن تَبْتَغُوا بِأَمْوَالِكُم مُّحْصِنِينَ غَيْرَ مُسَافِحِينَ ۚ فَمَا اسْتَمْتَعْتُم بِهِ مِنْهُنَّ فَآتُوهُنَّ أُجُورَهُنَّ فَرِيضَةً ۚ وَلَا جُنَاحَ عَلَيْكُمْ فِيمَا تَرَاضَيْتُم بِهِ مِن بَعْدِ الْفَرِيضَةِ ۚ إِنَّ اللَّهَ كَانَ عَلِيمًا حَكِيمًا
၎င်းအပြင် အမျိုးသမီးများအနက် ထိန်းသိမ်းစောင့်ရှောက်ပြီးဖြစ်သော (ဝါ) လင်ရှိမိန်းမများသည်လည်း (ထိမ်းမြားရန် မြစ်တားပြီးဖြစ်ချေသည်) ၊ သို့ရာတွင် အကြင်မိန်းမများသည် အသင်တို့ လက်တွင်းသို့ သုံ့ပန်းအဖြစ်နှင့် ရောက်ရှိလာကြသော် (ထိုသို့ လင်ရှိသုံ့ပန်းမိန်းမများကိုပင် ထိမ်းမြားပိုင်ခွင့်ရှိပေသည်) ။ (ဤသည်) အသင်တို့အပေါ်၌ အလ္လာဟ်အရှင်မြတ်၏ (အထံတော်မှ) သတ်မှတ်ပြဋ္ဌာန်းပြီးဖြစ်သော အမိန့်တော်ဖြစ်သည်။ ၎င်းအပြင် ထို (ဖော်ပြပါ) မိန်းမတို့မှတစ်ပါး အခြားသောမိန်းမများကို အသင်တို့အဖို့ ဟလာလ် ပြုလုပ်ထားတော်မူသည်။ ဆိုလိုသည်ကား အသင်တို့သည် (ထိုမိန်းမများကို) မိမိတို့၏ ဥစ္စာပစ္စည်းများဖြင့် ကာမဂုဏ် လိုက်စားသူများအဖြစ်နှင့်မဟုတ်ဘဲ ထိန်းသိမ်း၊ စောင့်ရှောက်သောသူများအဖြစ်နှင့် (ဝါ) ထိမ်းမြားလက်ထပ်ယူသော သူများအဖြစ်နှင့် ရှာဖွေတောင်းဆို (ထိမ်းမြား) ကြလေကုန်။ ပြီးနောက် အသင်တို့သည် ထိုမိန်းမများနှင့် (ဇနီးမောင်နှံအဖြစ်နှင့်) အကျိုးကျေးဇူး ခံစားခဲ့ကြသည်ရှိသော် အသင်တို့သည် ထိုမိန်းမများအား သတ်မှတ်ပြဋ္ဌာန်းပြီးဖြစ်သော ‘မဟရ်’ ကိုပေးကြကုန်။ သို့ရာတွင် အကယ်၍ အသင်တို့သည် (ယင်းကဲ့သို့) မဟရ်ကို သတ်မှတ်ပြဋ္ဌာန်းပြီးနောက်တွင် (ထိုမဟ်ရ်ကို တိုးခြင်း၊ လျှော့ခြင်း၊ လုံးဝခွင့်လွှတ်ခြင်း၌) မိမိတို့အချင်းချင်း သဘောတူ ကျေနပ်ကြပါမူ အသင်တို့အပေါ်၌ အပြစ်တစ်စုံတစ်ရာ မရှိချေ။ အလ္လာဟ်အရှင်မြတ်သည် မုချဧကန် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိတော်မူသောအရှင်၊ ကျိုးကြောင်းဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသော အရှင် ဖြစ်တော်မူပေသတည်း။ (တစ်နည်း) ၎င်းအပြင် အသင်တို့ပိုင်ဆိုင်ခဲ့ကြသော (လင်ရှိ) သုံ့ပန်းမိန်းမများမှတစ်ပါး အခြား ထိမ်းသိမ်းစောင့်ရှောက်ပြီးဖြစ်သော (ဝါ) သူတစ်ပါးနှင့် ထိမ်းမြားထားသော အိမ်ထောင်သည်မိန်းမတို့သည်လည်း (ဟရာမ်မြစ်တားပြီးဖြစ်၏။) (ဤသည်) အသင်တို့အပေါ်၌ အလ္လာဟ်အရှင်မြတ် (အထံတော်မှ) သတ်မှတ်ပြဋ္ဌာန်းပြီးဖြစ်သော (အမိန့်တော်ပင်တည်း။) သို့ရာတွင် ယင်း (ဖော်ပြပါ) မိန်းမတို့မှတစ်ပါး အခြားမိန်းမတို့သည် (အကယ်၍) ယင်းမိန်းမတို့အား ကာမဂုဏ်လိုက်စားကြသူများအဖြစ် မဟုတ်ဘဲ အသင်တို့သည် မိမိတို့ ဥစ္စာပစ္စည်းများဖြင့် (ရိုးသားစွာ) ထိန်းသိမ်း၊ စောင့်ရှောက်ကြသူများအဖြစ် (ဝါ) ထိမ်းမြားလက်ထပ်သူများအဖြစ်နှင့် အိမ်ထောင်ပြုလိုကြပါမူ အသင်တို့အဖို့ ခွင့်ပြုပြီးဖြစ်ချေသတည်း။ တစ်ဖန် အသင်တို့သည် ထိုဇနီးမိန်းမများအနက်မှ မည်သည့် မိန်းမနှင့်မဆို (ဇနီးမောင်နှံအဖြစ်) အကျိုးကျေးဇူးခံစားခဲ့သည်ရှိကြသော် အသင်တို့သည် ၎င်းမိန်းမတို့အား မဟရ်များကို သတ်မှတ်ပြဋ္ဌာန်းခဲ့သည့်အတိုင်း ပေးဆပ်ကြလေကုန်၊ သို့ရာတွင် အကယ်၍ အသင်တို့သည် (ယင်းကဲ့သို့) မဟ်ရ်ကို သတ်မှတ်အတည်ပြုပြီးသည့်နောက် (ထိုမဟ်ရ်ကို လျှော့ခြင်း၊ တိုးခြင်း၊ လုံးဝခွင့်လွှတ်ခြင်းနှင့်စပ်လျဉ်း၍) မိမိတို့အချင်းချင်း သဘောတူကျေနပ်ကြပါမူ အသင်တို့ အပေါ်ဝယ် ယင်းသည့်အချက်နှင့်စပ်လျဉ်း၍ အပြစ်တစ်စုံတစ်ရာမျှ မရှိပေ။ အလ္လာဟ်အရှင်မြတ်သည် ဧကန်စင်စစ် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိရှိတော်မူသောအရှင်၊ ကျိုးကြောင်းဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။
25 وَمَن لَّمْ يَسْتَطِعْ مِنكُمْ طَوْلًا أَن يَنكِحَ الْمُحْصَنَاتِ الْمُؤْمِنَاتِ فَمِن مَّا مَلَكَتْ أَيْمَانُكُم مِّن فَتَيَاتِكُمُ الْمُؤْمِنَاتِ ۚ وَاللَّهُ أَعْلَمُ بِإِيمَانِكُم ۚ بَعْضُكُم مِّن بَعْضٍ ۚ فَانكِحُوهُنَّ بِإِذْنِ أَهْلِهِنَّ وَآتُوهُنَّ أُجُورَهُنَّ بِالْمَعْرُوفِ مُحْصَنَاتٍ غَيْرَ مُسَافِحَاتٍ وَلَا مُتَّخِذَاتِ أَخْدَانٍ ۚ فَإِذَا أُحْصِنَّ فَإِنْ أَتَيْنَ بِفَاحِشَةٍ فَعَلَيْهِنَّ نِصْفُ مَا عَلَى الْمُحْصَنَاتِ مِنَ الْعَذَابِ ۚ ذَٰلِكَ لِمَنْ خَشِيَ الْعَنَتَ مِنكُمْ ۚ وَأَن تَصْبِرُوا خَيْرٌ لَّكُمْ ۗ وَاللَّهُ غَفُورٌ رَّحِيمٌ
သို့ရာတွင် အသင်တို့အနက်မှ အကြင်သူသည် လွတ်လပ်သော ‘မုအ်မင်န်’ အမျိုးသ္မီးများနှင့် ထိမ်းမြားနိုင်ရန် (ကုံလုံကြွယ်ဝ) တတ်စွမ်းနိုင်ခြင်း မရှိခဲ့ပါလျှင် ထိုသို့သောသူသည် အသင်တို့ပိုင်ဆိုင်ကြသော ‘မုအ်မင်န်’ ကျွန်မများ (နှင့်ထိမ်းမြားနိုင်ပေသည်) စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့၏ ‘အီမာန်’ သက်ဝင်ယုံကြည်မှုကို အသိဆုံးပင် ဖြစ်တော်မူပေသည်။ အသင်တို့သည် (အာဒမ်နှင့်ဟောင်ဝါမှ ဆင်းသက်လာသော) သားချင်းများပင် ဖြစ်ကြပေသည်။ သို့ဖြစ်ပေရာ အသင်တို့သည် ၎င်းကျွန်မတို့အား ပိုင်ဆိုင်ကြသော သခင်များ၏ ခွင့်ပြုချက်ဖြင့် ထိုကျွန်မများနှင့် ထိမ်းမြားလက်ထပ်ကြကုန်။ ၎င်းပြင် အသင်တို့သည် တရားဥပဒေနှင့်အညီ ထိုကျွန်မများအား ၎င်းတို့၏ မဟရ်များကို ပေးကြကုန်။ ထိုကျွန်မများသည် (ထိမ်းမြားခြင်းအားဖြင့် မိမိတို့၏) ဂုဏ်ရည်ကို ထိန်းသိမ်းစောင့်ရှောက်သူများ ဖြစ်ကြရပေမည်။ ကာမေသုမိစ္ဆာစာရကို ကျူးလွန်သူများ မဖြစ်ကြရပေ။ တိတ်တိတ်ပုံး မိတ်ဖွဲ့ (လင်မြှောင်ထား) သူများလည်း မဖြစ်ကြရပေ။ ထို့ပြင် ထိုကျွန်မများသည် ဇနီးမိန်းမများအဖြစ် ထိမ်းမြားခြင်းခံရပြီးနောက် အကယ်၍ ကာမေသုမိစ္ဆာစာရကို ကျူးလွန်ခဲ့ကြသော် ထိုကျွန်မတို့အပေါ်၌ (စီရင်အပ်သော အပြစ်ဒဏ်သည်) လွတ်လပ်သော အမျိုးသမီးများအပေါ်၌ စီရင်အပ်သောအပြစ်ဒဏ်၏ ထက်ဝက်ဖြစ်သည်။ ဤ (ကဲ့သို့ ကျွန်မများနှင့်ထိမ်းမြားရန်) အမိန့်တော်သည် အသင်တို့အနက်မှ (ထိမ်းမြားခြင်း�ပြုဘဲ နေခဲ့သည်ရှိသော်) ကာမေသုမိစ္ဆာစာရ (ကျူးလွန်မိမည်) ကို စိုးရိမ်သောသူတို့အဖို့ဖြစ်၏။ ၎င်းပြင် အသင်တို့သည် (မိမိတို့၏စိတ်များကို ချုပ်တည်း၍ ကျွန်မများနှင့်မထိမ်းမြားဘဲ) သည်းခံကြပါမူ အသင်တို့အဖို့ ပို၍ပင်ကောင်းပေသည်။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် (ပြစ်မှုများမှ) အလွန်တရာ ချမ်းသာခွင့်ပေးတော်မူသောအရှင်၊ အလွန်တရာ သနားညှာတာ ကရုဏာထားတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။
26 يُرِيدُ اللَّهُ لِيُبَيِّنَ لَكُمْ وَيَهْدِيَكُمْ سُنَنَ الَّذِينَ مِن قَبْلِكُمْ وَيَتُوبَ عَلَيْكُمْ ۗ وَاللَّهُ عَلِيمٌ حَكِيمٌ
အလ္လာဟ်အရှင်မြတ်သည် အသင်တို့အဖို့ (မိမိအမိန့်တော်များကို) ရှင်းလင်း ဖော်ပြတော်မူရန်လည်းကောင်း၊ သင်တို့အလျင်ရှိခဲ့ကြသော သူ (တော်စင်) တို့၏ တရားနည်းလမ်းတို့ကို ညွှန်ကြား ပြသတော်မူရန်လည်းကောင်း၊ (မိမိ) ကရုဏာတော်နှင့် အသင်တို့ဘက်သို့ ပြန်လှည့်တော်မူရန်လည်းကောင်း ရည်စူးတော်မူလေသည်။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိတော်မူသောအရှင်၊ ကျိုးကြောင်းဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအရှင်မြတ် ဖြစ်တော်မူပေသတည်း။
ဘာသာပြန် — အန်-နီဆာ 24 စူရာ အန်-နီဆာ အာယာသ် 24 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ၎င်းအပြင် အမျိုးသမီးများအနက် ထိန်းသိမ်းစောင့်ရှောက်ပြီးဖြစ်သော (ဝါ) လင်ရှိမိန်းမများသည်လည်း (ထိမ်းမြားရန် မြစ်တားပြီးဖြစ်ချေသည်) ၊ သို့ရာတွင် အကြင်မိန်းမများသည်…
စူရာ အာယာသ် 24/176 — စူရာ အန်-နီဆာ النساء (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အန်-နီဆာ နားထောင်, စူရာ အန်-နီဆာ ဘာသာပြန်, စူရာ အန်-နီဆာ mp3, စူရာ အန်-နီဆာ pdf. အာယာသ် 22–26. မြန်မာဘာသာ: ภาษาไทย.