အန်-နီဆာ · 25/176
ဘာသာပြန် အသံနိုင်ငံ — စူရာ အန်-နီဆာ
وَمَن لَّمْ يَسْتَطِعْ مِنكُمْ طَوْلًا أَن يَنكِحَ الْمُحْصَنَاتِ الْمُؤْمِنَاتِ فَمِن مَّا مَلَكَتْ أَيْمَانُكُم مِّن فَتَيَاتِكُمُ الْمُؤْمِنَاتِ ۚ وَاللَّهُ أَعْلَمُ بِإِيمَانِكُم ۚ بَعْضُكُم مِّن بَعْضٍ ۚ فَانكِحُوهُنَّ بِإِذْنِ أَهْلِهِنَّ وَآتُوهُنَّ أُجُورَهُنَّ بِالْمَعْرُوفِ مُحْصَنَاتٍ غَيْرَ مُسَافِحَاتٍ وَلَا مُتَّخِذَاتِ أَخْدَانٍ ۚ فَإِذَا أُحْصِنَّ فَإِنْ أَتَيْنَ بِفَاحِشَةٍ فَعَلَيْهِنَّ نِصْفُ مَا عَلَى الْمُحْصَنَاتِ مِنَ الْعَذَابِ ۚ ذَٰلِكَ لِمَنْ خَشِيَ الْعَنَتَ مِنكُمْ ۚ وَأَن تَصْبِرُوا خَيْرٌ لَّكُمْ ۗ وَاللَّهُ غَفُورٌ رَّحِيمٌ ۝٢٥
Wa mal lam yastati` minkum tawlan ai yankihal muhsanaatil mu`minaati famimmaa malakat aimaanukum min fatayaatikumul mu`minaat; wallaahu a`lamu bi eemaanikum; ba`dukum mim ba`d; fankihoohunna bi izni ahlihinna wa aatoohunna ujoorahunna bilma`roofi muhsanaatin ghaira musaa fihaatinw wa laa muttakhizaati akhdaan; fa izaaa uhsinna fa in ataina bifaahi shatin fa`alaihinnna nisfu maa `alal muhsanaati minal `azaab; zaalika liman khashiyal `anata minkum; wa an tasbiroo khairul lakum; wallaahu Ghafoorur Raheem
📖 မြန်မာဘာသာ
သို့ရာတွင် အသင်တို့အနက်မှ အကြင်သူသည် လွတ်လပ်သော ‘မုအ်မင်န်’ အမျိုးသ္မီးများနှင့် ထိမ်းမြားနိုင်ရန် (ကုံလုံကြွယ်ဝ) တတ်စွမ်းနိုင်ခြင်း မရှိခဲ့ပါလျှင် ထိုသို့သောသူသည် အသင်တို့ပိုင်ဆိုင်ကြသော ‘မုအ်မင်န်’ ကျွန်မများ (နှင့်ထိမ်းမြားနိုင်ပေသည်) စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့၏ ‘အီမာန်’ သက်ဝင်ယုံကြည်မှုကို အသိဆုံးပင် ဖြစ်တော်မူပေသည်။ အသင်တို့သည် (အာဒမ်နှင့်ဟောင်ဝါမှ ဆင်းသက်လာသော) သားချင်းများပင် ဖြစ်ကြပေသည်။ သို့ဖြစ်ပေရာ အသင်တို့သည် ၎င်းကျွန်မတို့အား ပိုင်ဆိုင်ကြသော သခင်များ၏ ခွင့်ပြုချက်ဖြင့် ထိုကျွန်မများနှင့် ထိမ်းမြားလက်ထပ်ကြကုန်။ ၎င်းပြင် အသင်တို့သည် တရားဥပဒေနှင့်အညီ ထိုကျွန်မများအား ၎င်းတို့၏ မဟရ်များကို ပေးကြကုန်။ ထိုကျွန်မများသည် (ထိမ်းမြားခြင်းအားဖြင့် မိမိတို့၏) ဂုဏ်ရည်ကို ထိန်းသိမ်းစောင့်ရှောက်သူများ ဖြစ်ကြရပေမည်။ ကာမေသုမိစ္ဆာစာရကို ကျူးလွန်သူများ မဖြစ်ကြရပေ။ တိတ်တိတ်ပုံး မိတ်ဖွဲ့ (လင်မြှောင်ထား) သူများလည်း မဖြစ်ကြရပေ။ ထို့ပြင် ထိုကျွန်မများသည် ဇနီးမိန်းမများအဖြစ် ထိမ်းမြားခြင်းခံရပြီးနောက် အကယ်၍ ကာမေသုမိစ္ဆာစာရကို ကျူးလွန်ခဲ့ကြသော် ထိုကျွန်မတို့အပေါ်၌ (စီရင်အပ်သော အပြစ်ဒဏ်သည်) လွတ်လပ်သော အမျိုးသမီးများအပေါ်၌ စီရင်အပ်သောအပြစ်ဒဏ်၏ ထက်ဝက်ဖြစ်သည်။ ဤ (ကဲ့သို့ ကျွန်မများနှင့်ထိမ်းမြားရန်) အမိန့်တော်သည် အသင်တို့အနက်မှ (ထိမ်းမြားခြင်း�ပြုဘဲ နေခဲ့သည်ရှိသော်) ကာမေသုမိစ္ဆာစာရ (ကျူးလွန်မိမည်) ကို စိုးရိမ်သောသူတို့အဖို့ဖြစ်၏။ ၎င်းပြင် အသင်တို့သည် (မိမိတို့၏စိတ်များကို ချုပ်တည်း၍ ကျွန်မများနှင့်မထိမ်းမြားဘဲ) သည်းခံကြပါမူ အသင်တို့အဖို့ ပို၍ပင်ကောင်းပေသည်။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် (ပြစ်မှုများမှ) အလွန်တရာ ချမ်းသာခွင့်ပေးတော်မူသောအရှင်၊ အလွန်တရာ သနားညှာတာ ကရုဏာထားတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 23-27 — စူရာ အန်-နီဆာ

23حُرِّمَتْ عَلَيْكُمْ أُمَّهَاتُكُمْ وَبَنَاتُكُمْ وَأَخَوَاتُكُمْ وَعَمَّاتُكُمْ وَخَالَاتُكُمْ وَبَنَاتُ الْأَخِ وَبَنَاتُ الْأُخْتِ وَأُمَّهَاتُكُمُ اللَّاتِي أَرْضَعْنَكُمْ وَأَخَوَاتُكُم مِّنَ الرَّضَاعَةِ وَأُمَّهَاتُ نِسَائِكُمْ وَرَبَائِبُكُمُ اللَّاتِي فِي حُجُورِكُم مِّن نِّسَائِكُمُ اللَّاتِي دَخَلْتُم بِهِنَّ فَإِن لَّمْ تَكُونُوا دَخَلْتُم بِهِنَّ فَلَا جُنَاحَ عَلَيْكُمْ وَحَلَائِلُ أَبْنَائِكُمُ الَّذِينَ مِنْ أَصْلَابِكُمْ وَأَن تَجْمَعُوا بَيْنَ الْأُخْتَيْنِ إِلَّا مَا قَدْ سَلَفَ ۗ إِنَّ اللَّهَ كَانَ غَفُورًا رَّحِيمًا
(အို- မုအ်မင်န် သက်ဝင်ယုံကြည်သူအပေါင်းတို့) အသင်တို့အဖို့ (နိကာဟ် ထိမ်းမြားလက်ထပ်ခြင်းမပြုကြရန်) ဟရာမ်ဟူ၍ မြစ်တားထားပြီးဖြစ်သော မိန်းမများကား၊ အသင်တို့၏ မိခင်များသည်လည်းကောင်း၊ အသင်တို့၏ သမီးများသည်လည်းကောင်း၊ အသင်တို့၏အစ်မများ၊ နှမများသည်လည်းကောင်း၊ အသင်တို့၏ အရီးကြီး၊ အရီးကလေးသည်လည်းကောင်း၊ အသင်တို့၏ အမိကြီး၊ အမိထွေးတို့သည်လည်းကောင်း၊ ညီ (သို့မဟုတ်) အစ်ကို၏ သမီးများသည်လည်းကောင်း၊ အသင်တို့အား နို့ရည်တိုက်ကျွေးခဲ့ဖူးသော နို့ထိန်းသည် မိခင်တို့သည်လည်းကောင်း၊ အစ်မ၊ နှမ၏ သမီးများသည် လည်းကောင်း၊ နို့စို့ဖက်အစ်မ၊ နှမများသည်လည်းကောင်း၊ အသင်တို့၏ ဇနီးမိန်းမတို့၏ မိခင်များသည်လည်းကောင်း၊ အသင်တို့ ပေါင်းသင်းစပ်ယှက်ခဲ့ဘူးကြသော ဇနီးမိန်းမတို့မှ ပေါက်ဖွားကြကုန်သော အသင်တို့၏ရင်ခွင်၌ ကြီးပြင်းကြသော မိမိတို့၏ မယားပါသမီးများသည်လည်းကောင်း ဖြစ်ကြကုန်သတည်း။ သို့ရာတွင် အကယ်၍ အသင်တို့သည် ယင်းဇနီးမိန်းမတို့နှင့် ပေါင်းသင်းစပ်ယှက်ခြင်းမပြုခဲ့ကြပါမူ (ထိုမယားပါသမီးများနှင့် ထိမ်းမြားခြင်းအားဖြင့်) အသင်တို့၌ အပြစ်တစ်စုံတစ်ရာမျှမရှိပေ။ ၎င်းပြင် အသင်တို့၏ သားရင်းတို့၏ ဇနီးမိန်းမတို့ (နှင့် ထိမ်းမြားခြင်း) သည်လည်းကောင်း၊ ညီအစ်မ နှစ်ယောက်တို့ကို (တစ်ချိန်တည်းထိမ်းမြား) ပေါင်းသင်းခြင်းသည်လည်းကောင်း၊ (မြစ်တားပြီးဖြစ်ပေသည်) ။ သို့ရာတွင် (ဤအမိန့်တော်မကျရောက်မီက) ပြုခဲ့သည်တို့သည် (ခွင့်လွှတ်ပြီးဖြစ်ချေသည်) အကြောင်းတမူကား အလ္လာဟ်အရှင်မြတ်သည် (ပြစ်မှုဒုစရိုက်တို့မှ) အကြိမ်ကြိမ် လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ အလွန်တရာ သနားကြင်နာညှာတာတော်မူသော မဟာကရုဏာတော်ရှင် ဖြစ်တော်မူပေသတည်း။
24۞ وَالْمُحْصَنَاتُ مِنَ النِّسَاءِ إِلَّا مَا مَلَكَتْ أَيْمَانُكُمْ ۖ كِتَابَ اللَّهِ عَلَيْكُمْ ۚ وَأُحِلَّ لَكُم مَّا وَرَاءَ ذَٰلِكُمْ أَن تَبْتَغُوا بِأَمْوَالِكُم مُّحْصِنِينَ غَيْرَ مُسَافِحِينَ ۚ فَمَا اسْتَمْتَعْتُم بِهِ مِنْهُنَّ فَآتُوهُنَّ أُجُورَهُنَّ فَرِيضَةً ۚ وَلَا جُنَاحَ عَلَيْكُمْ فِيمَا تَرَاضَيْتُم بِهِ مِن بَعْدِ الْفَرِيضَةِ ۚ إِنَّ اللَّهَ كَانَ عَلِيمًا حَكِيمًا
၎င်းအပြင် အမျိုးသမီးများအနက် ထိန်းသိမ်းစောင့်ရှောက်ပြီးဖြစ်သော (ဝါ) လင်ရှိမိန်းမများသည်လည်း (ထိမ်းမြားရန် မြစ်တားပြီးဖြစ်ချေသည်) ၊ သို့ရာတွင် အကြင်မိန်းမများသည် အသင်တို့ လက်တွင်းသို့ သုံ့ပန်းအဖြစ်နှင့် ရောက်ရှိလာကြသော် (ထိုသို့ လင်ရှိသုံ့ပန်းမိန်းမများကိုပင် ထိမ်းမြားပိုင်ခွင့်ရှိပေသည်) ။ (ဤသည်) အသင်တို့အပေါ်၌ အလ္လာဟ်အရှင်မြတ်၏ (အထံတော်မှ) သတ်မှတ်ပြဋ္ဌာန်းပြီးဖြစ်သော အမိန့်တော်ဖြစ်သည်။ ၎င်းအပြင် ထို (ဖော်ပြပါ) မိန်းမတို့မှတစ်ပါး အခြားသောမိန်းမများကို အသင်တို့အဖို့ ဟလာလ် ပြုလုပ်ထားတော်မူသည်။ ဆိုလိုသည်ကား အသင်တို့သည် (ထိုမိန်းမများကို) မိမိတို့၏ ဥစ္စာပစ္စည်းများဖြင့် ကာမဂုဏ် လိုက်စားသူများအဖြစ်နှင့်မဟုတ်ဘဲ ထိန်းသိမ်း၊ စောင့်ရှောက်သောသူများအဖြစ်နှင့် (ဝါ) ထိမ်းမြားလက်ထပ်ယူသော သူများအဖြစ်နှင့် ရှာဖွေတောင်းဆို (ထိမ်းမြား) ကြလေကုန်။ ပြီးနောက် အသင်တို့သည် ထိုမိန်းမများနှင့် (ဇနီးမောင်နှံအဖြစ်နှင့်) အကျိုးကျေးဇူး ခံစားခဲ့ကြသည်ရှိသော် အသင်တို့သည် ထိုမိန်းမများအား သတ်မှတ်ပြဋ္ဌာန်းပြီးဖြစ်သော ‘မဟရ်’ ကိုပေးကြကုန်။ သို့ရာတွင် အကယ်၍ အသင်တို့သည် (ယင်းကဲ့သို့) မဟရ်ကို သတ်မှတ်ပြဋ္ဌာန်းပြီးနောက်တွင် (ထိုမဟ်ရ်ကို တိုးခြင်း၊ လျှော့ခြင်း၊ လုံးဝခွင့်လွှတ်ခြင်း၌) မိမိတို့အချင်းချင်း သဘောတူ ကျေနပ်ကြပါမူ အသင်တို့အပေါ်၌ အပြစ်တစ်စုံတစ်ရာ မရှိချေ။ အလ္လာဟ်အရှင်မြတ်သည် မုချဧကန် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိတော်မူသောအရှင်၊ ကျိုးကြောင်းဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသော အရှင် ဖြစ်တော်မူပေသတည်း။ (တစ်နည်း) ၎င်းအပြင် အသင်တို့ပိုင်ဆိုင်ခဲ့ကြသော (လင်ရှိ) သုံ့ပန်းမိန်းမများမှတစ်ပါး အခြား ထိမ်းသိမ်းစောင့်ရှောက်ပြီးဖြစ်သော (ဝါ) သူတစ်ပါးနှင့် ထိမ်းမြားထားသော အိမ်ထောင်သည်မိန်းမတို့သည်လည်း (ဟရာမ်မြစ်တားပြီးဖြစ်၏။) (ဤသည်) အသင်တို့အပေါ်၌ အလ္လာဟ်အရှင်မြတ် (အထံတော်မှ) သတ်မှတ်ပြဋ္ဌာန်းပြီးဖြစ်သော (အမိန့်တော်ပင်တည်း။) သို့ရာတွင် ယင်း (ဖော်ပြပါ) မိန်းမတို့မှတစ်ပါး အခြားမိန်းမတို့သည် (အကယ်၍) ယင်းမိန်းမတို့အား ကာမဂုဏ်လိုက်စားကြသူများအဖြစ် မဟုတ်ဘဲ အသင်တို့သည် မိမိတို့ ဥစ္စာပစ္စည်းများဖြင့် (ရိုးသားစွာ) ထိန်းသိမ်း၊ စောင့်ရှောက်ကြသူများအဖြစ် (ဝါ) ထိမ်းမြားလက်ထပ်သူများအဖြစ်နှင့် အိမ်ထောင်ပြုလိုကြပါမူ အသင်တို့အဖို့ ခွင့်ပြုပြီးဖြစ်ချေသတည်း။ တစ်ဖန် အသင်တို့သည် ထိုဇနီးမိန်းမများအနက်မှ မည်သည့် မိန်းမနှင့်မဆို (ဇနီးမောင်နှံအဖြစ်) အကျိုးကျေးဇူးခံစားခဲ့သည်ရှိကြသော် အသင်တို့သည် ၎င်းမိန်းမတို့အား မဟရ်များကို သတ်မှတ်ပြဋ္ဌာန်းခဲ့သည့်အတိုင်း ပေးဆပ်ကြလေကုန်၊ သို့ရာတွင် အကယ်၍ အသင်တို့သည် (ယင်းကဲ့သို့) မဟ်ရ်ကို သတ်မှတ်အတည်ပြုပြီးသည့်နောက် (ထိုမဟ်ရ်ကို လျှော့ခြင်း၊ တိုးခြင်း၊ လုံးဝခွင့်လွှတ်ခြင်းနှင့်စပ်လျဉ်း၍) မိမိတို့အချင်းချင်း သဘောတူကျေနပ်ကြပါမူ အသင်တို့ အပေါ်ဝယ် ယင်းသည့်အချက်နှင့်စပ်လျဉ်း၍ အပြစ်တစ်စုံတစ်ရာမျှ မရှိပေ။ အလ္လာဟ်အရှင်မြတ်သည် ဧကန်စင်စစ် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိရှိတော်မူသောအရှင်၊ ကျိုးကြောင်းဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။
25وَمَن لَّمْ يَسْتَطِعْ مِنكُمْ طَوْلًا أَن يَنكِحَ الْمُحْصَنَاتِ الْمُؤْمِنَاتِ فَمِن مَّا مَلَكَتْ أَيْمَانُكُم مِّن فَتَيَاتِكُمُ الْمُؤْمِنَاتِ ۚ وَاللَّهُ أَعْلَمُ بِإِيمَانِكُم ۚ بَعْضُكُم مِّن بَعْضٍ ۚ فَانكِحُوهُنَّ بِإِذْنِ أَهْلِهِنَّ وَآتُوهُنَّ أُجُورَهُنَّ بِالْمَعْرُوفِ مُحْصَنَاتٍ غَيْرَ مُسَافِحَاتٍ وَلَا مُتَّخِذَاتِ أَخْدَانٍ ۚ فَإِذَا أُحْصِنَّ فَإِنْ أَتَيْنَ بِفَاحِشَةٍ فَعَلَيْهِنَّ نِصْفُ مَا عَلَى الْمُحْصَنَاتِ مِنَ الْعَذَابِ ۚ ذَٰلِكَ لِمَنْ خَشِيَ الْعَنَتَ مِنكُمْ ۚ وَأَن تَصْبِرُوا خَيْرٌ لَّكُمْ ۗ وَاللَّهُ غَفُورٌ رَّحِيمٌ
သို့ရာတွင် အသင်တို့အနက်မှ အကြင်သူသည် လွတ်လပ်သော ‘မုအ်မင်န်’ အမျိုးသ္မီးများနှင့် ထိမ်းမြားနိုင်ရန် (ကုံလုံကြွယ်ဝ) တတ်စွမ်းနိုင်ခြင်း မရှိခဲ့ပါလျှင် ထိုသို့သောသူသည် အသင်တို့ပိုင်ဆိုင်ကြသော ‘မုအ်မင်န်’ ကျွန်မများ (နှင့်ထိမ်းမြားနိုင်ပေသည်) စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့၏ ‘အီမာန်’ သက်ဝင်ယုံကြည်မှုကို အသိဆုံးပင် ဖြစ်တော်မူပေသည်။ အသင်တို့သည် (အာဒမ်နှင့်ဟောင်ဝါမှ ဆင်းသက်လာသော) သားချင်းများပင် ဖြစ်ကြပေသည်။ သို့ဖြစ်ပေရာ အသင်တို့သည် ၎င်းကျွန်မတို့အား ပိုင်ဆိုင်ကြသော သခင်များ၏ ခွင့်ပြုချက်ဖြင့် ထိုကျွန်မများနှင့် ထိမ်းမြားလက်ထပ်ကြကုန်။ ၎င်းပြင် အသင်တို့သည် တရားဥပဒေနှင့်အညီ ထိုကျွန်မများအား ၎င်းတို့၏ မဟရ်များကို ပေးကြကုန်။ ထိုကျွန်မများသည် (ထိမ်းမြားခြင်းအားဖြင့် မိမိတို့၏) ဂုဏ်ရည်ကို ထိန်းသိမ်းစောင့်ရှောက်သူများ ဖြစ်ကြရပေမည်။ ကာမေသုမိစ္ဆာစာရကို ကျူးလွန်သူများ မဖြစ်ကြရပေ။ တိတ်တိတ်ပုံး မိတ်ဖွဲ့ (လင်မြှောင်ထား) သူများလည်း မဖြစ်ကြရပေ။ ထို့ပြင် ထိုကျွန်မများသည် ဇနီးမိန်းမများအဖြစ် ထိမ်းမြားခြင်းခံရပြီးနောက် အကယ်၍ ကာမေသုမိစ္ဆာစာရကို ကျူးလွန်ခဲ့ကြသော် ထိုကျွန်မတို့အပေါ်၌ (စီရင်အပ်သော အပြစ်ဒဏ်သည်) လွတ်လပ်သော အမျိုးသမီးများအပေါ်၌ စီရင်အပ်သောအပြစ်ဒဏ်၏ ထက်ဝက်ဖြစ်သည်။ ဤ (ကဲ့သို့ ကျွန်မများနှင့်ထိမ်းမြားရန်) အမိန့်တော်သည် အသင်တို့အနက်မှ (ထိမ်းမြားခြင်း�ပြုဘဲ နေခဲ့သည်ရှိသော်) ကာမေသုမိစ္ဆာစာရ (ကျူးလွန်မိမည်) ကို စိုးရိမ်သောသူတို့အဖို့ဖြစ်၏။ ၎င်းပြင် အသင်တို့သည် (မိမိတို့၏စိတ်များကို ချုပ်တည်း၍ ကျွန်မများနှင့်မထိမ်းမြားဘဲ) သည်းခံကြပါမူ အသင်တို့အဖို့ ပို၍ပင်ကောင်းပေသည်။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် (ပြစ်မှုများမှ) အလွန်တရာ ချမ်းသာခွင့်ပေးတော်မူသောအရှင်၊ အလွန်တရာ သနားညှာတာ ကရုဏာထားတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။
26يُرِيدُ اللَّهُ لِيُبَيِّنَ لَكُمْ وَيَهْدِيَكُمْ سُنَنَ الَّذِينَ مِن قَبْلِكُمْ وَيَتُوبَ عَلَيْكُمْ ۗ وَاللَّهُ عَلِيمٌ حَكِيمٌ
အလ္လာဟ်အရှင်မြတ်သည် အသင်တို့အဖို့ (မိမိအမိန့်တော်များကို) ရှင်းလင်း ဖော်ပြတော်မူရန်လည်းကောင်း၊ သင်တို့အလျင်ရှိခဲ့ကြသော သူ (တော်စင်) တို့၏ တရားနည်းလမ်းတို့ကို ညွှန်ကြား ပြသတော်မူရန်လည်းကောင်း၊ (မိမိ) ကရုဏာတော်နှင့် အသင်တို့ဘက်သို့ ပြန်လှည့်တော်မူရန်လည်းကောင်း ရည်စူးတော်မူလေသည်။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိတော်မူသောအရှင်၊ ကျိုးကြောင်းဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအရှင်မြတ် ဖြစ်တော်မူပေသတည်း။
27وَاللَّهُ يُرِيدُ أَن يَتُوبَ عَلَيْكُمْ وَيُرِيدُ الَّذِينَ يَتَّبِعُونَ الشَّهَوَاتِ أَن تَمِيلُوا مَيْلًا عَظِيمًا
အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အသင်တို့ဘက်သို့ (မိမိ) ကရုဏာတော်ဖြင့် လှည့်တော်မူရန် ရည်စူးတော်မူသည်။ သို့ရာတွင် မိမိတို့၏အလိုဆန္ဒများကို လိုက်စားကြကုန်သော သူတို့မှာကား အသင်တို့ (ဖြောင့်မတ်မှန်ကန်သော တရားလမ်းစဉ်မှ) အကြီးအကျယ် ယိမ်းယိုင် ချွတ်ချော်တိမ်းပါးခြင်းကိုသာ ရည်စူးကြကုန်သတည်း။
အန်-နီဆာကုရ်အာန် ညွှန်းကိန်း
176အာယာသ်
MedinanRevelation
25အာယာသ်

ဘာသာပြန် — အန်-နီဆာ 25

စူရာ အန်-နီဆာ အာယာသ် 25 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : သို့ရာတွင် အသင်တို့အနက်မှ အကြင်သူသည် လွတ်လပ်သော ‘မုအ်မင်န်’ အမျိုးသ္မီးများနှင့် ထိမ်းမြားနိုင်ရန် (ကုံလုံကြွယ်ဝ) တတ်စွမ်းနိုင်ခြင်း မရှိခဲ့ပါလျှင်…

စူရာ အာယာသ် 25/176 — စူရာ အန်-နီဆာ النساء (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အန်-နီဆာ နားထောင်, စူရာ အန်-နီဆာ ဘာသာပြန်, စူရာ အန်-နီဆာ mp3, စူရာ အန်-နီဆာ pdf. အာယာသ် 23–27. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Monday, September 28, 2026

Don't forget us in your sincere prayers