📖 0/604 ဖတ်ပြီးသောစာမျက်နှာများ
📄 313
وَأَنَا ٱخۡتَرۡتُكَ فَٱسۡتَمِعۡ لِمَا يُوحَىٰٓ ١٣ إِنَّنِيٓ أَنَا ٱللَّهُ لَآ إِلَٰهَ إِلَّآ أَنَا۠ فَٱعۡبُدۡنِي وَأَقِمِ ٱلصَّلَوٰةَ لِذِكۡرِيٓ ١٤ إِنَّ ٱلسَّاعَةَ ءَاتِيَةٌ أَكَادُ أُخۡفِيهَا لِتُجۡزَىٰ كُلُّ نَفۡسِۭ بِمَا تَسۡعَىٰ ١٥ فَلَا يَصُدَّنَّكَ عَنۡهَا مَن لَّا يُؤۡمِنُ بِهَا وَٱتَّبَعَ هَوَىٰهُ فَتَرۡدَىٰ ١٦ وَمَا تِلۡكَ بِيَمِينِكَ يَٰمُوسَىٰ ١٧ قَالَ هِيَ عَصَايَ أَتَوَكَّؤُاْ عَلَيۡهَا وَأَهُشُّ بِهَا عَلَىٰ غَنَمِي وَلِيَ فِيهَا مَـَٔارِبُ أُخۡرَىٰ ١٨ قَالَ أَلۡقِهَا يَٰمُوسَىٰ ١٩ فَأَلۡقَىٰهَا فَإِذَا هِيَ حَيَّةٌ تَسۡعَىٰ ٢٠ قَالَ خُذۡهَا وَلَا تَخَفۡۖ سَنُعِيدُهَا سِيرَتَهَا ٱلۡأُولَىٰ ٢١ وَٱضۡمُمۡ يَدَكَ إِلَىٰ جَنَاحِكَ تَخۡرُجۡ بَيۡضَآءَ مِنۡ غَيۡرِ سُوٓءٍ ءَايَةً أُخۡرَىٰ ٢٢ لِنُرِيَكَ مِنۡ ءَايَٰتِنَا ٱلۡكُبۡرَى ٢٣ ٱذۡهَبۡ إِلَىٰ فِرۡعَوۡنَ إِنَّهُۥ طَغَىٰ ٢٤ قَالَ رَبِّ ٱشۡرَحۡ لِي صَدۡرِي ٢٥ وَيَسِّرۡ لِيٓ أَمۡرِي ٢٦ وَٱحۡلُلۡ عُقۡدَةً مِّن لِّسَانِي ٢٧ يَفۡقَهُواْ قَوۡلِي ٢٨ وَٱجۡعَل لِّي وَزِيرًا مِّنۡ أَهۡلِي ٢٩ هَٰرُونَ أَخِي ٣٠ ٱشۡدُدۡ بِهِۦٓ أَزۡرِي ٣١ وَأَشۡرِكۡهُ فِيٓ أَمۡرِي ٣٢ كَيۡ نُسَبِّحَكَ كَثِيرًا ٣٣ وَنَذۡكُرَكَ كَثِيرًا ٣٤ إِنَّكَ كُنتَ بِنَا بَصِيرًا ٣٥ قَالَ قَدۡ أُوتِيتَ سُؤۡلَكَ يَٰمُوسَىٰ ٣٦ وَلَقَدۡ مَنَنَّا عَلَيۡكَ مَرَّةً أُخۡرَىٰٓ ٣٧
20:13
وَأَنَا ٱخۡتَرۡتُكَ فَٱسۡتَمِعۡ لِمَا يُوحَىٰٓ ١٣
စင်စစ် ငါအရှင်မြတ်သည် အသင့်အား (နဗီတမန်တော်အဖြစ်) ရွေးချယ်တော်မူပြီးဖြစ်ရာ အသင်သည်(မိမိထံသို့ ငါအရှင်မြတ်အထံတော်မှ) ထုတ်ပြန် ခြင်းခံရသောအမိန့်တော်များကို နားထောင်ပါလေ။
20:14
إِنَّنِيٓ أَنَا ٱللَّهُ لَآ إِلَٰهَ إِلَّآ أَنَا۠ فَٱعۡبُدۡنِي وَأَقِمِ ٱلصَّلَوٰةَ لِذِكۡرِيٓ ١٤
ဧကန်အမှန် ငါအရှင်မြတ်သည် ပင်လျှင်အလ္လာဟ်အရှင်မြတ် ဖြစ်တော်မူပေသည်။ ငါအရှင်မြတ် မှတစ်ပါး ခဝပ်ကိုးကွယ်ရာအရှင်ဟူ၍ အလျှင်းမရှိပြီ။ သို့ဖြစ် ပေရာအသင်သည် ငါအရှင်မြတ်အားသာလျှင် ခဝပ်ကိုးကွယ်ပါလေ။ထို့ပြင် အသင်သည် ငါအရှင်မြတ်အား သတိရခြင်းငှာ ဆွလာတ်ဝတ်ပြုမှုကို ဆောက်တည်ပါလေ။
20:15
إِنَّ ٱلسَّاعَةَ ءَاتِيَةٌ أَكَادُ أُخۡفِيهَا لِتُجۡزَىٰ كُلُّ نَفۡسِۭ بِمَا تَسۡعَىٰ ١٥
ဧကန်မလွဲ ကိယာမတ်သည် ရောက်ရှိလာ ပေမည်။ လူတိုင်းလူတိုင်းသည် မိမိကြိုးပမ်းမှု၏ အကျိုးကို ခံစားနိုင်အံ့သောငှာ ငါအရှင်မြတ်သည် ယင်းကိယာမတ်နေ့ကို(မည်သူ့အားမျှအသိမပေးဘဲ) လျှို့ဝှက်ထားလိုတော်မူပေသည်။
20:16
فَلَا يَصُدَّنَّكَ عَنۡهَا مَن لَّا يُؤۡمِنُ بِهَا وَٱتَّبَعَ هَوَىٰهُ فَتَرۡدَىٰ ١٦
သို့ဖြစ်ပေရာ ယင်းကိယာမတ်ကို မယုံကြည်ဘဲမိမိစိတ်အလိုဆန္ဒကို လိုက်စားသောသူသည် အသင့်အား ယင်းကိယာမတ်ကို ယုံကြည်ခြင်းမှ တားဆီးခြင်းမပြုစေနှင့်။ သို့မဟုတ်လျှင် အသင်သည်လည်း ပျက်စီးသွားအံ့သတည်း။
20:17
وَمَا تِلۡكَ بِيَمِينِكَ يَٰمُوسَىٰ ١٧
၎င်းပြင် အို-မူစာ၊ အသင်၏ လက်ယာဘက်လက်၌ ဤသည် အဘယ်အရာနည်း။
20:18
قَالَ هِيَ عَصَايَ أَتَوَكَّؤُاْ عَلَيۡهَا وَأَهُشُّ بِهَا عَلَىٰ غَنَمِي وَلِيَ فِيهَا مَـَٔارِبُ أُخۡرَىٰ ١٨
ယင်းမူစာက (အို-အရှင်)ဤသည် ကျွန်တော်မျိုး၏တောင်ဝှေးဖြစ်ပါသည်။ ကျွန်တော်မျိုးသည် ယင်းတောင်ဝှေးပေါ်၌ အမှီသဟဲပြုပါသည်။ ကျွန်တော်မျိုးသည် ယင်း တောင်ဝှေးဖြင့် မိမိဆိတ်များအဖို့ သစ်ခက်သစ်ရွက်များကိုလည်းခြွေပါသည်။ ထိုမှတစ်ပါး ကျွန်တော်မျိုးအဖို့ ယင်းတောင်ဝှေး၌အခြားအလိုဆန္ဒများ (အလုပ်များ)လည်း ရှိပါသေးသည်ဟုလျှောက်ထား အစီရင်ခံခဲ့လေ၏။
20:19
قَالَ أَلۡقِهَا يَٰمُوسَىٰ ١٩
ထိုအရှင်မြတ်က အို-မူစာ အသင်သည် ယင်းတောင်ဝှေးကို(မြေကြီးပေါ်သို့)ပစ်ချပါလေဟု မိန့်ကြားတော်မူခဲ့လေ၏။
20:20
فَأَلۡقَىٰهَا فَإِذَا هِيَ حَيَّةٌ تَسۡعَىٰ ٢٠
သို့ဖြစ်ပေရာ ထိုမူစာသည် ယင်းတောင်ဝှေးကို(မြေကြီးပေါ်သို့)ပစ်ချခဲ့သောအခါ ရုတ်တရက် ယင်းတောင်ဝှေးသည် လှုပ်ရှား သွားလာနေသော မြွေတစ်ကောင် ဖြစ်နေလေေတော့၏။
20:21
قَالَ خُذۡهَا وَلَا تَخَفۡۖ سَنُعِيدُهَا سِيرَتَهَا ٱلۡأُولَىٰ ٢١
ထိုအရှင်မြတ်က (ဤသို့) မိန့်ကြားတော်မူခဲ့လေ၏။ (အို-မူစာ) အသင်သည် ယင်းေ>မကို (မိမိလက်ဖြင့်)ကိုင်ဖမ်းပါလေ။ ၎င်းပြင် အသင်မကြောက်နှင့် ယခုပင်ငါအရှင်မြတ်သည် ယင်းေ>မကို ၎င်း၏ မူလပထမအခြေအနေအတိုင်း ပြန်လည်၍ဖြစ်စေတော်မူမည်။
20:22
وَٱضۡمُمۡ يَدَكَ إِلَىٰ جَنَاحِكَ تَخۡرُجۡ بَيۡضَآءَ مِنۡ غَيۡرِ سُوٓءٍ ءَايَةً أُخۡرَىٰ ٢٢
ထို့ပြင် အသင်သည် မိမိ(ယာဘက်)လက်ကို မိမိ(ဝဲဘက်)ချိုင်းကြားတွင် သွင်းလေ၊ ယင်းလက်မှာ နောက်ထပ်သက်သေလက္ခဏာတော်တစ်ပါးအဖြစ် အပြစ်အနာအဆာလုံးဝမရှိဘဲ၊ လင်းဝင်းထွန်းတောက်လျက် ထွက်ပေါ်၍လာပေမည်။
20:23
لِنُرِيَكَ مِنۡ ءَايَٰتِنَا ٱلۡكُبۡرَى ٢٣
(ဤသို့ ဖြစ်စေတော်မူခြင်းမှာ) ငါအရှင်မြတ်သည် မိမိကြီးကျယ်စွာသော သက်သေလက္ခဏာတော် များအနက် (အချို့ကို) အသင့်အား ပြသတော်မူရန် ဖြစ်ချေသည်။
20:24
ٱذۡهَبۡ إِلَىٰ فِرۡعَوۡنَ إِنَّهُۥ طَغَىٰ ٢٤
(ယခုသော်) အသင်သည် ဖိရ်အောင်(န်)ထံ သို့သွားလေ။ ဧကန်မလွဲ ယင်းဖစ်ရ်အောင်န်ကား သွေဖည်ရာတွင်လွန်ကျူးနေချေပြီ။
20:25
قَالَ رَبِّ ٱشۡرَحۡ لِي صَدۡرِي ٢٥
(ထိုအခါ) ယင်းမူစာက(ဤသို့)လျှောက်ထားပန်ကြားခဲ့လေသည်။ အို-ကျွန်တော်မျိုး၏အရှင်မြတ်၊ အရှင်မြတ်သည် ကျွန်တော်မျိုးအဖို့ ကျွန်တော်မျိုး၏ ရင်ကို ကျယ်ဝန်းကြည်လင်စေတော်မူပါ။
20:26
وَيَسِّرۡ لِيٓ أَمۡرِي ٢٦
၎င်းပြင် အရှင်မြတ်သည် ကျွန်တော်မျိုး၏အရေးကိစ္စကို လွယ်ကူစေတော်မူပါ။
20:27
وَٱحۡلُلۡ عُقۡدَةً مِّن لِّسَانِي ٢٧
ထို့ပြင် အရှင်မြတ်သည် ကျွန်တော်မျိုး၏ လျှာမှအထုံးကို ဖြေ၍ ပေးတော်မူပါ။
20:28
يَفۡقَهُواْ قَوۡلِي ٢٨
သို့မှသာလျှင် လူတို့သည်ကျွန်တော်မျိုး၏စကားကနား လည်နိုင်ကြမည်ဖြစ်ပါသည်။
20:29
وَٱجۡعَل لِّي وَزِيرًا مِّنۡ أَهۡلِي ٢٩
ထိုမှတစ်ပါး အရှင်မြတ်သည် ကျွန်တော်မျိုး၏အိမ်ထောင်စုသားတို့အနက်မှပင် ကျွန်တော်မျိုးအဖို့ ကူညီယိုင်းပင်းသူအဖြစ် ပြုလုပ်၍ပေးသနားတော်မူပါ။
20:31
ٱشۡدُدۡ بِهِۦٓ أَزۡرِي ٣١
အရှင်မြတ်သည် ယင်းဟာရူန်အားဖြင့် ကျွန်တော်မျိုး၏အင်အားကို ဖြည့်တင်း၍ပေးတော်မူပါ။
20:32
وَأَشۡرِكۡهُ فِيٓ أَمۡرِي ٣٢
ထိုမှတစ်ပါး အရှင်မြတ်သည် ယင်းဟာရူန် အားကျွန်တော်မျိုး၏အရေးကိစ္စတွင်လည်း တွဲဖက်၍ ပေးတော်မူပါ။
20:33
كَيۡ نُسَبِّحَكَ كَثِيرًا ٣٣
ကျွန်တော်မျိုးတို့သည် အရှင်မြတ်၏ တဆ်ဗီဟ်(သန့်ရှင်းစင်ကြယ်တော်မူကြောင်း)ကို များစွာဂုဏ်တော်မွှမ်းနိုင်ကြအံ့သောငှာလည်းကောင်း။
20:34
وَنَذۡكُرَكَ كَثِيرًا ٣٤
ကျွန်တော်မျိုးတို့သည် အရှင်မြတ်အား များစွာအောက်မေ့တသ သတိရနိုင်ကြအံ့သောငှာ လည်းကောင်း။
20:35
إِنَّكَ كُنتَ بِنَا بَصِيرًا ٣٥
ဧကန်မလွဲ အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား ကောင်းစွာ ရှုမြင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပါသတည်း။
20:36
قَالَ قَدۡ أُوتِيتَ سُؤۡلَكَ يَٰمُوسَىٰ ٣٦
ထိုအရှင်မြတ်သည် (ဤသို့) မိန့်ကြားတော် မူခဲ့လေသည်။ အို-မူစာ၊ ဧကန်မလွဲ အသင်သည် မိမိတောင်းခံချက်ကို ချီးမြှင့် ပးသနားတော်မူခြင်းခံရလေပြီ။
20:37
وَلَقَدۡ مَنَنَّا عَلَيۡكَ مَرَّةً أُخۡرَىٰٓ ٣٧
အမှန်စင်စစ်မူကား ငါအရှင်မြတ်သည် အသင့်အပေါ်၌ ယခင်ကလည်း တစ်ကြိမ် ကျေးဇူးပြုတော် မူခဲ့ဖူးလေသည်။
العربيةEnglishBahasa IndonesiaTürkçeРусскийفارسیFrançaisاردوবাংলাDeutschEspañol中文हिन्दीPortuguêsItalianoภาษาไทยPolskiNederlandsShqipKiswahiliO'zbekதமிழ்MelayuBosanskiSoomaaliAzərbaycanکوردی한국어日本語SvenskaDanskNorskپښتوമലയാളംසිංහලTamazightHausaአማርኛБългарскиТоҷикӣҚазақшаFilipinoسنڌيYorùbáFulfuldeТатарчаئۇيغۇرچەКыргызчаਪੰਜਾਬੀJawaతెలుగుမြန်မာગુજરાતીOromoमराठीTiếng ViệtMalagasyНохчийнWolofދިވެހިಕನ್ನಡУкраїнськаΕλληνικάქართულიខ្មែរدریQafar afMaranaoनेपाली
ကုရ်အာန်ကျမ်း
Tuesday, August 25, 2026
Don't forget us in your sincere prayers







