အက်ရှ်-ရှုအ်ရာ · 177/227
ဘာသာပြန် အသံနိုင်ငံ — စူရာ အက်ရှ်-ရှုအ်ရာ
إِذْ قَالَ لَهُمْ شُعَيْبٌ أَلَا تَتَّقُونَ ۝١٧٧
Iz qaala lahum Shu`aybun alaa tattaqoon
📖 မြန်မာဘာသာ
အကြင်အခါဝယ် ၎င်းတို့အား "ရှုအိုက်ဗ်"ကပြောကြားခဲ့၏။ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား မကြောက်ရွံ့ ကြလေသလော။

🎧 နားထောင်


📜 အာယာသ် 175-179 — စူရာ အက်ရှ်-ရှုအ်ရာ

175وَإِنَّ رَبَّكَ لَهُوَ الْعَزِيزُ الرَّحِيمُ
စင်စစ်ဧကန် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည်ပင်လျှင် အလွန်တရာ လွှမ်းမိုးတော်မူသော၊ အလွန်တရာ သနားကရုဏာပြုတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
176كَذَّبَ أَصْحَابُ الْأَيْكَةِ الْمُرْسَلِينَ
တောအုပ်၌ နေထိုင်ကြကုန်သော အမျိုးသားတို့သည်လည်း ရစူလ်တမန်တော်တို့အား မဟုတ်မမှန်ဟူ၍စွပ်စွဲ ငြင်းပယ်ခဲ့ကြကုန်၏။
177إِذْ قَالَ لَهُمْ شُعَيْبٌ أَلَا تَتَّقُونَ
အကြင်အခါဝယ် ၎င်းတို့အား "ရှုအိုက်ဗ်"ကပြောကြားခဲ့၏။ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား မကြောက်ရွံ့ ကြလေသလော။
178إِنِّي لَكُمْ رَسُولٌ أَمِينٌ
ဧကန်စင်စစ် ငါသည် အသင်တို့အဖို့ ယုံကြည်စိတ်ချအပ်သော ရစူလ်တမန်တော်တစ်ပါးပင်ဖြစ်၏။
179فَاتَّقُوا اللَّهَ وَأَطِيعُونِ
သို့ဖြစ်ပေရာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်။ ၎င်းပြင် အသင်တို့သည် ငါ၏အမိန့်ကို လိုက်နာကြလေကုန်။
အက်ရှ်-ရှုအ်ရာကုရ်အာန် ညွှန်းကိန်း
227အာယာသ်
MeccanRevelation
177အာယာသ်

ဘာသာပြန် — အက်ရှ်-ရှုအ်ရာ 177

စူရာ အက်ရှ်-ရှုအ်ရာ အာယာသ် 177 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အကြင်အခါဝယ် ၎င်းတို့အား "ရှုအိုက်ဗ်"ကပြောကြားခဲ့၏။ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား မကြောက်ရွံ့ ကြလေသလော။

စူရာ အာယာသ် 177/227 — စူရာ အက်ရှ်-ရှုအ်ရာ الشعراء (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အက်ရှ်-ရှုအ်ရာ နားထောင်, စူရာ အက်ရှ်-ရှုအ်ရာ ဘာသာပြန်, စူရာ အက်ရှ်-ရှုအ်ရာ mp3, စူရာ အက်ရှ်-ရှုအ်ရာ pdf. အာယာသ် 175–179. မြန်မာဘာသာ: ภาษาไทย.




ကုရ်အာန်ကျမ်း


Tuesday, September 8, 2026

Don't forget us in your sincere prayers