قُلْ مَن رَّبُّ السَّمَاوَاتِ وَالْأَرْضِ قُلِ اللَّهُ ۚ قُلْ أَفَاتَّخَذْتُم مِّن دُونِهِ أَوْلِيَاءَ لَا يَمْلِكُونَ لِأَنفُسِهِمْ نَفْعًا وَلَا ضَرًّا ۚ قُلْ هَلْ يَسْتَوِي الْأَعْمَىٰ وَالْبَصِيرُ أَمْ هَلْ تَسْتَوِي الظُّلُمَاتُ وَالنُّورُ ۗ أَمْ جَعَلُوا لِلَّهِ شُرَكَاءَ خَلَقُوا كَخَلْقِهِ فَتَشَابَهَ الْخَلْقُ عَلَيْهِمْ ۚ قُلِ اللَّهُ خَالِقُ كُلِّ شَيْءٍ وَهُوَ الْوَاحِدُ الْقَهَّارُ ١٦
🔤 Transliteration
Wul mar Rabbus samaawaati wal ard; qulillaah; qul afattakhaztum min dooniheee awliyaaa`a laa yamlikoona li anfusihim naf`anw wa laa darraa; qul hal yastawil a`maa wal baseeru am hal tastawiz zulumaatu wannoor; am ja`aloo lillaahi shurakaaa`a khalaqoo kakhalqihee fatashaa bahal khalqu `alaihim; qulil laahu Khaaliqu kulli shai`inw wa Huwal Waahidul Qahhar
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အားဤသို့)ပြောဆို(မေးမြန်း)ပါလေ။ (ဟယ်-အချင်းတို့) မိုးကောင်းကင်များကိုလည်းကောင်း၊ ပထဝီမြေကို လည်းကောင်း၊ဖန်ဆင်းတော်မူသော အရှင်မြတ်သည် အဘယ်အရှင်နည်း။အသင်သည်ပင်လျှင် (ဤသို့) ပြောဆိုဖြေကြားပါလေ။အလ္လာဟ်အရှင်မြတ်ပင် အသင်သည်(၎င်းတို့အား ဤသည်ကိုလည်း) ပြောဆိုမေးမြန်းပါဦးလေ။ (ဟယ်-အချင်းတို့)၊ သို့ပါလျက် အသင်တို့သည် ထိုအရှင်မြတ်အား စွန့်၍ မိမိတို့ကိုယ်နှင့်ပတ်သက်၍ပင် အကျိုးကျေးဇူးဖြစ် ထွန်းစေခြင်းကိုလည်းကောင်း၊ အကျိုးယုတ်စေခြင်းကိုလည်းကောင်း၊ အစိုးမရသောအရာများကိုပင် အရာရာကို စီမံခန့်ခွဲ၍ပေးသူများ ပြုလုပ်ခဲ့ကြလေပြီလော။ အသင်သည်(၎င်းတို့အား ဤသည်တို့ကိုလည်း)ပြောဆိုမေးမြန်းပါဦးလေ။ (ဟယ်-အချင်းတို့)စက္ခုအလင်းမရသောသူနှင့်စက္ခုအလင်းရသူသည် တူနိုင်ပါမည်လော။ သို့တည်းမဟုတ် အမှောင်နှင့်အလင်းရောင်သည် တူနိုင်ပါမည်လော။သို့တည်းမဟုတ် ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်၌ အကြင်တွဲဖက်များကို ပြုလုပ်၍ထားခဲ့ကြသလော။ ထိုတွဲဖက်တို့သည်ထိုအရှင်မြတ်ဖန်ဆင်းတော်မူဘိသကဲ့သို့ပင် ဖန်ဆင်းခဲ့ကြသည်ဖြစ်သလော။ သို့ဖြစ်ပေရာ ဖန်ဆင်းသောအရာသည် ၎င်းတို့အပေါ်၌ ဆင်တူယိုးမှားဖြစ်ခဲ့သည် ဖြစ်သလော။ (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အား ဤသို့)ပြောဆိုဖြေကြားပါလေ။ (ဟယ်-အချင်းတို့) အလ္လာဟ်အရှင်မြတ်သည်သာလျှင်အရာခပ်သိမ်းကို ဖန်ဆင်းတော်မူသော အရှင်ဖြစ်တော်မူ၏။၎င်းပြင် ထိုအရှင်မြတ်သည်လျှင် တစ်ဆူတည်းသောအရှင်၊ နှိမ်နင်းလွှမ်းမိုးတော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။
🌐 Additional reference in ภาษาไทย
အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ: رَبُّ (ရဗ်ဗ်): ဖန်ဆင်းသူ၊ စောင့်ရှောက်ထိန်းသိမ်းသူ၊ အုပ်ချုပ်သူ။ أَوْلِيَاءَ (အောင်လိယာအ်): ကိုးကွယ်ရာများ၊ ယုံကြည်အားထားရာများ၊ မိတ်ဆွေများ။ الْأَعْمَىٰ (အလ်အъမာ): မျက်စိကန်းသူ — ဤနေရာတွင် ကာဖိရ် (မယုံကြည်သူ) ကို ရည်ညွှန်းသည်။ الْبَصِيرُ (အလ်ဗဆီးရ်): မျက်စိမြင်သူ — ဤနေရာတွင် မုအ်မင် (ယုံကြည်သူ) ကို ရည်ညွှန်းသည်။ الظُّلُمَاتُ (အဇ်ဇုလုမာသ်): အမှောင်ထုများ — ဤနေရာတွင် ကုဖ်ရ် (မယုံကြည်မှု) ကို ရည်ညွှန်းသည်။ النُّورُ (အန္နူးရ်): အလင်း — ဤနေရာတွင် အီမာန် (ယုံကြည်မှု) ကို ရည်ညွှန်းသည်။ الْقَهَّارُ (အလ်ကဟ်ဟာရ်): အားလုံးကို လွှမ်းမိုးနိုင်သူ၊ အနိုင်ယူနိုင်သူ။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်: အို တမန်တော်၊ ရှိခိုးကိုးကွယ်ရာများစွာကို ယုံကြည်ကိုးကွယ်နေကြသော သူတို့အား မေးလိုက်ပါ — မိုးကောင်းကင်များနှင့် မြေကြီးကို ဖန်ဆင်းပြီး စီမံခန့်ခွဲနေသူက မည်သူနည်းဟု။ သူတို့က ဝန်ခံမည်ဆိုလျှင် အို တမန်တော်၊ အလ္လာဟ်အရှင်မြတ်သည် ထိုအရာအားလုံးကို ဖန်ဆင်းသူနှင့် စီမံခန့်ခွဲသူဖြစ်တော်မူသည်ဟု ပြောလိုက်ပါ။ ထို့နောက် သူတို့အား စောဒကတက်သည့်အနေဖြင့် မေးလိုက်ပါ — အလ္လာဟ်အရှင်မြတ်ကို စွန့်လွှတ်ပြီး မိမိတို့ကိုယ်တိုင်ပင် ကောင်းကျိုးဖြစ်စေနိုင်ခြင်း၊ ဘေးအန္တရာယ်ကို ဖယ်ရှားနိုင်ခြင်းမရှိသော အရာများကို ကိုးကွယ်ရာအဖြစ် သတ်မှတ်ထားကြသလော။ မိမိတို့ကိုယ်တိုင်အတွက်ပင် အကျိုးအပြစ် မပေးနိုင်သော အရာများသည် အခြားသူများအတွက် မည်သို့ အကျိုးပြုနိုင်မည်နည်း။
ထို့နောက် အို တမန်တော်၊ သူတို့အား မေးလိုက်ပါ — မျက်စိကန်းသူနှင့် မျက်စိမြင်သူသည် တူညီနိုင်သလော။ ဤနေရာတွင် မျက်စိကန်းသူသည် ကာဖိရ် (မယုံကြည်သူ) ကို ဆိုလိုပြီး မျက်စိမြင်သူသည် မုအ်မင် (ယုံကြည်သူ) ကို ဆိုလိုသည်။ ထို့အပြင် အမှောင်ထုများနှင့် အလင်းသည် တူညီနိုင်သလော။ ဤနေရာတွင် အမှောင်ထုများသည် ကုဖ်ရ် (မယုံကြည်မှု) ကို ဆိုလိုပြီး အလင်းသည် အီမာန် (ယုံကြည်မှု) ကို ဆိုလိုသည်။
ထို့နောက် သူတို့သည် အလ္လာဟ်အရှင်မြတ်အတွက် တွဲဖက်များ သတ်မှတ်ထားကြသလော။ ထိုတွဲဖက်များသည် အလ္လာဟ
قُلۡ مَن رَّبُّ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ قُلِ ٱللَّهُۚ قُلۡ أَفَٱتَّخَذۡتُم مِّن دُونِهِۦٓ أَوۡلِيَآءَ لَا يَمۡلِكُونَ لِأَنفُسِهِمۡ نَفۡعًا وَلَا ضَرًّاۚ قُلۡ هَلۡ يَسۡتَوِي ٱلۡأَعۡمَىٰ وَٱلۡبَصِيرُ أَمۡ هَلۡ تَسۡتَوِي ٱلظُّلُمَٰتُ وَٱلنُّورُۗ أَمۡ جَعَلُواْ لِلَّهِ شُرَكَآءَ خَلَقُواْ كَخَلۡقِهِۦ فَتَشَٰبَهَ ٱلۡخَلۡقُ عَلَيۡهِمۡۚ قُلِ ٱللَّهُ خَٰلِقُ كُلِّ شَيۡءٍ وَهُوَ ٱلۡوَٰحِدُ ٱلۡقَهَّٰرُ ١٦
(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အားဤသို့)ပြောဆို(မေးမြန်း)ပါလေ။ (ဟယ်-အချင်းတို့) မိုးကောင်းကင်များကိုလည်းကောင်း၊ ပထဝီမြေကို လည်းကောင်း၊ဖန်ဆင်းတော်မူသော အရှင်မြတ်သည် အဘယ်အရှင်နည်း။အသင်သည်ပင်လျှင် (ဤသို့) ပြောဆိုဖြေကြားပါလေ။အလ္လာဟ်အရှင်မြတ်ပင် အသင်သည်(၎င်းတို့အား ဤသည်ကိုလည်း) ပြောဆိုမေးမြန်းပါဦးလေ။ (ဟယ်-အချင်းတို့)၊ သို့ပါလျက် အသင်တို့သည် ထိုအရှင်မြတ်အား စွန့်၍ မိမိတို့ကိုယ်နှင့်ပတ်သက်၍ပင် အကျိုးကျေးဇူးဖြစ် ထွန်းစေခြင်းကိုလည်းကောင်း၊ အကျိုးယုတ်စေခြင်းကိုလည်းကောင်း၊ အစိုးမရသောအရာများကိုပင် အရာရာကို စီမံခန့်ခွဲ၍ပေးသူများ ပြုလုပ်ခဲ့ကြလေပြီလော။ အသင်သည်(၎င်းတို့အား ဤသည်တို့ကိုလည်း)ပြောဆိုမေးမြန်းပါဦးလေ။ (ဟယ်-အချင်းတို့)စက္ခုအလင်းမရသောသူနှင့်စက္ခုအလင်းရသူသည် တူနိုင်ပါမည်လော။ သို့တည်းမဟုတ် အမှောင်နှင့်အလင်းရောင်သည် တူနိုင်ပါမည်လော။သို့တည်းမဟုတ် ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်၌ အကြင်တွဲဖက်များကို ပြုလုပ်၍ထားခဲ့ကြသလော။ ထိုတွဲဖက်တို့သည်ထိုအရှင်မြတ်ဖန်ဆင်းတော်မူဘိသကဲ့သို့ပင် ဖန်ဆင်းခဲ့ကြသည်ဖြစ်သလော။ သို့ဖြစ်ပေရာ ဖန်ဆင်းသောအရာသည် ၎င်းတို့အပေါ်၌ ဆင်တူယိုးမှားဖြစ်ခဲ့သည် ဖြစ်သလော။ (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အား ဤသို့)ပြောဆိုဖြေကြားပါလေ။ (ဟယ်-အချင်းတို့) အလ္လာဟ်အရှင်မြတ်သည်သာလျှင်အရာခပ်သိမ်းကို ဖန်ဆင်းတော်မူသော အရှင်ဖြစ်တော်မူ၏။၎င်းပြင် ထိုအရှင်မြတ်သည်လျှင် တစ်ဆူတည်းသောအရှင်၊ နှိမ်နင်းလွှမ်းမိုးတော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 14-18 — စူရာ အရ်-ရာအ်ဒ်
14 لَهُ دَعْوَةُ الْحَقِّ ۖ وَالَّذِينَ يَدْعُونَ مِن دُونِهِ لَا يَسْتَجِيبُونَ لَهُم بِشَيْءٍ إِلَّا كَبَاسِطِ كَفَّيْهِ إِلَى الْمَاءِ لِيَبْلُغَ فَاهُ وَمَا هُوَ بِبَالِغِهِ ۚ وَمَا دُعَاءُ الْكَافِرِينَ إِلَّا فِي ضَلَالٍ
မှန်ကန်သော ဟစ်ခေါ်တသ ဆုတောင်းပတ္ထနာပြုမှုသည် ထိုအရှင်မြတ်အထံတော်၌သာလျှင် ပြုထိုက်၏။ စင်စစ် ၎င်းတို့ဟစ်ခေါ်တသဆုတောင်း ပတ္ထနာပြုလျက်ရှိကြကုန်သောအရာဝတ္ထုတို့မှာမူကား ၎င်းတို့အား အကြင်သူ (ရရှိသည်)ထက်ပိုမို၍ ပေးစွမ်းနိုင်ကြသည် မရှိချေ။ ထိုသူသည် ရေရှိရာဘက်သို့၊ ထိုရေသည် ၎င်း၏ပါးစပ်ထဲသို့ (အလိုအလျောက်)ရောက်လာအံ့သောငှာ မိမိလက်ဝါးနှစ်ဖက်ကို ဖြန့်၍ထား၏။စင်စစ်မှာမူကားထိုရေသည်(မည်သည့်အခါမျှအလိုအလျောက်)ယင်းပါးစပ်ထဲသို့ ရောက်ရှိလာမည်မဟုတ်ပေ။ အမှန်သော်ကား ကာဖိရ် သွေဖည်ငြင်းပယ်သော သူတို့၏ဟစ်ခေါ်တသဆုတောင်းပတ္ထနာပြုမှုသည် လွဲမှားမှု၌သာ ရှိနေပေသတည်း။
15 وَلِلَّهِ يَسْجُدُ مَن فِي السَّمَاوَاتِ وَالْأَرْضِ طَوْعًا وَكَرْهًا وَظِلَالُهُم بِالْغُدُوِّ وَالْآصَالِ ۩
ထို့ပြင် မိုးကောင်းကင်၌ရှိသည်တို့သည် လည်းကောင်း၊ ပထဝီမြေ၌ရှိသည်တို့သည်လည်းကောင်း၊ မိမိစေတနာအလျောက်ဖြစ်စေ၊ စေတနာမရှိဘဲ မလွဲမရှောင်သာ၍ဖြစ်စေ၊ ထိုအရှင်မြတ်၏ရှေ့တော် မှောက်၌သာလျှင် ပျပ်ဝပ်ဦးချခယရိုကျိုးလျက်ရှိကုန်၏။ ထိုမှတစ်ပါး ယင်းတို့၏အရိပ်ဆာယာတို့မှာလည်း နံနက်ယံများ၌လည်းကောင်း၊ညနေခင်းများ၌ လည်းကောင်း၊(ထိုနည်းအတိုင်းပင် ပျပ်ဝပ်ဦးချခယရိုကျိုးလျက် ရှိကုန်သတည်း)။
16 قُلْ مَن رَّبُّ السَّمَاوَاتِ وَالْأَرْضِ قُلِ اللَّهُ ۚ قُلْ أَفَاتَّخَذْتُم مِّن دُونِهِ أَوْلِيَاءَ لَا يَمْلِكُونَ لِأَنفُسِهِمْ نَفْعًا وَلَا ضَرًّا ۚ قُلْ هَلْ يَسْتَوِي الْأَعْمَىٰ وَالْبَصِيرُ أَمْ هَلْ تَسْتَوِي الظُّلُمَاتُ وَالنُّورُ ۗ أَمْ جَعَلُوا لِلَّهِ شُرَكَاءَ خَلَقُوا كَخَلْقِهِ فَتَشَابَهَ الْخَلْقُ عَلَيْهِمْ ۚ قُلِ اللَّهُ خَالِقُ كُلِّ شَيْءٍ وَهُوَ الْوَاحِدُ الْقَهَّارُ
(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အားဤသို့)ပြောဆို(မေးမြန်း)ပါလေ။ (ဟယ်-အချင်းတို့) မိုးကောင်းကင်များကိုလည်းကောင်း၊ ပထဝီမြေကို လည်းကောင်း၊ဖန်ဆင်းတော်မူသော အရှင်မြတ်သည် အဘယ်အရှင်နည်း။အသင်သည်ပင်လျှင် (ဤသို့) ပြောဆိုဖြေကြားပါလေ။အလ္လာဟ်အရှင်မြတ်ပင် အသင်သည်(၎င်းတို့အား ဤသည်ကိုလည်း) ပြောဆိုမေးမြန်းပါဦးလေ။ (ဟယ်-အချင်းတို့)၊ သို့ပါလျက် အသင်တို့သည် ထိုအရှင်မြတ်အား စွန့်၍ မိမိတို့ကိုယ်နှင့်ပတ်သက်၍ပင် အကျိုးကျေးဇူးဖြစ် ထွန်းစေခြင်းကိုလည်းကောင်း၊ အကျိုးယုတ်စေခြင်းကိုလည်းကောင်း၊ အစိုးမရသောအရာများကိုပင် အရာရာကို စီမံခန့်ခွဲ၍ပေးသူများ ပြုလုပ်ခဲ့ကြလေပြီလော။ အသင်သည်(၎င်းတို့အား ဤသည်တို့ကိုလည်း)ပြောဆိုမေးမြန်းပါဦးလေ။ (ဟယ်-အချင်းတို့)စက္ခုအလင်းမရသောသူနှင့်စက္ခုအလင်းရသူသည် တူနိုင်ပါမည်လော။ သို့တည်းမဟုတ် အမှောင်နှင့်အလင်းရောင်သည် တူနိုင်ပါမည်လော။သို့တည်းမဟုတ် ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်၌ အကြင်တွဲဖက်များကို ပြုလုပ်၍ထားခဲ့ကြသလော။ ထိုတွဲဖက်တို့သည်ထိုအရှင်မြတ်ဖန်ဆင်းတော်မူဘိသကဲ့သို့ပင် ဖန်ဆင်းခဲ့ကြသည်ဖြစ်သလော။ သို့ဖြစ်ပေရာ ဖန်ဆင်းသောအရာသည် ၎င်းတို့အပေါ်၌ ဆင်တူယိုးမှားဖြစ်ခဲ့သည် ဖြစ်သလော။ (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အား ဤသို့)ပြောဆိုဖြေကြားပါလေ။ (ဟယ်-အချင်းတို့) အလ္လာဟ်အရှင်မြတ်သည်သာလျှင်အရာခပ်သိမ်းကို ဖန်ဆင်းတော်မူသော အရှင်ဖြစ်တော်မူ၏။၎င်းပြင် ထိုအရှင်မြတ်သည်လျှင် တစ်ဆူတည်းသောအရှင်၊ နှိမ်နင်းလွှမ်းမိုးတော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။
17 أَنزَلَ مِنَ السَّمَاءِ مَاءً فَسَالَتْ أَوْدِيَةٌ بِقَدَرِهَا فَاحْتَمَلَ السَّيْلُ زَبَدًا رَّابِيًا ۚ وَمِمَّا يُوقِدُونَ عَلَيْهِ فِي النَّارِ ابْتِغَاءَ حِلْيَةٍ أَوْ مَتَاعٍ زَبَدٌ مِّثْلُهُ ۚ كَذَٰلِكَ يَضْرِبُ اللَّهُ الْحَقَّ وَالْبَاطِلَ ۚ فَأَمَّا الزَّبَدُ فَيَذْهَبُ جُفَاءً ۖ وَأَمَّا مَا يَنفَعُ النَّاسَ فَيَمْكُثُ فِي الْأَرْضِ ۚ كَذَٰلِكَ يَضْرِبُ اللَّهُ الْأَمْثَالَ
ထိုအရှင်မြတ်သည် မိုးကောင်းကင်မှာ(မိုး)ရေကိုရွာသွန်းစေတော်မူခဲ့၏။ သို့ဖြစ်ပေရာ ချောင်း၊ လျိုး၊ ရိုးများသည် မိမိတို့၏အဝင်အဆံ့နှင့်လျှော်ညီစွာ စီးတွေ၍လာခဲ့ကြလေသည်။ တစ်ဖန် ပြင်းစွာစီးသော ထိုရေစီးသည် တက်၍နေသောရေမြှုပ်ကို အထက်သို့ ချီဆောင်၍လာခဲ့လေသည်။ ထိုနည်းတူ စွာ လူတို့သည် လက်ဝတ်လက်စားသော်လည်းကောင်း၊(အခြား) အသုံးအဆောင် ကိရိယာပစ္စည်းသော်လည်း ကောင်း၊ပြုလုပ်အံ့သောငှာ(ဖိုထဲ၌)မီးချကြကုန် သောဓာတ်သတ္တုများတွင်လည်း ယင်းကဲ့သို့ပင် အမြှုပ်အချေးသည် ရှိပေသည်။အလ္လာဟ်အရှင်မြတ်သည် ဤနည်းအတိုင်းပင် အမှန်နှင့်အမှားကို ပုံခိုင်းတော်မူလေသည်။ သို့ဖြစ်ပေရာ အညစ်အကြေးသည်အသုံးမကျ သောအရာအဖြစ် အချည်းနှီးဖြစ်သွားလေတော့သည်။ သို့ရာတွင် လူတို့အဖို့ အသုံးဝင်သောအရာမှာမူကားကမ္ဘာမြေဝယ်ကျန်ရှိ၍နေလေသည်။ အလ္လာဟ်အရှင်မြတ်သည်ဤနည်းအတိုင်းပင် ဥပမာ ပုံဆောင် ချက်များကို ခိုင်းနှိုင်းတော်မူချေသတည်း။
18 لِلَّذِينَ اسْتَجَابُوا لِرَبِّهِمُ الْحُسْنَىٰ ۚ وَالَّذِينَ لَمْ يَسْتَجِيبُوا لَهُ لَوْ أَنَّ لَهُم مَّا فِي الْأَرْضِ جَمِيعًا وَمِثْلَهُ مَعَهُ لَافْتَدَوْا بِهِ ۚ أُولَٰئِكَ لَهُمْ سُوءُ الْحِسَابِ وَمَأْوَاهُمْ جَهَنَّمُ ۖ وَبِئْسَ الْمِهَادُ
မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ အမိန့်တော်ကို လက်ခံနာယူကြကုန် သောသူတို့အဖို့အကောင်းမြတ်ဆုံးသောအကျိုးသည်ရှိပေသည်။ သို့ရာတွင်ထိုအရှင်မြတ်၏ အမိန့်တော်ကို လက်ခံနာယူခြင်းမပြုခဲ့ကြသောသူတို့မူကား အကယ်၍ ဧကန်စင်စစ် ၎င်းတို့၌ ကမ္ဘာမြေဝယ်ရှိသမျှသော အရာဝတ္ထုအလုံးစုံတို့အပြင် ယင်းနှင့်အတူထိုမျှလောက် နောက်ထပ်ရှိပါလျှင်လည်း အမှန်ပင် ၎င်းတို့သည် ထိုအလုံးစုံတို့ကို လျော်ကြေးအဖြစ် ပေးကြမည်သာတည်း။ ဤသူများပင် ၎င်းတို့၌ အလွန်ပြင်းထန်ပူ ဆွေးဖွယ်ဖြစ်သော စစ်ဆေးမှုသည်ရှိချေမည်။ ထို့ပြင် ၎င်းတို့၏ နေရာထိုင်ခင်းသည် ဂျဟန္နမ်ငရဲဘုံပင် ဖြစ်ပေမည်။ စင်စစ်သော်ကား ယင်းနေရာထိုင်ခင်းသည် အလွန်ပင် ဆိုးရွားလှပေသည်တကား။
ဘာသာပြန် — အရ်-ရာအ်ဒ် 16 စူရာ အရ်-ရာအ်ဒ် အာယာသ် 16 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အားဤသို့)ပြောဆို(မေးမြန်း)ပါလေ။ (ဟယ်-အချင်းတို့) မိုးကောင်းကင်များကိုလည်းကောင်း၊ ပထဝီမြေကို လည်းကောင်း၊ဖန်ဆင်းတော်မူသော အရှင်မြတ်သည် အဘယ်အရှင်နည်း။အသင်သည်ပင်လျှင် (ဤသို့)…
စူရာ အာယာသ် 16/43 — စူရာ အရ်-ရာအ်ဒ် الرعد (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အရ်-ရာအ်ဒ် နားထောင်, စူရာ အရ်-ရာအ်ဒ် ဘာသာပြန်, စူရာ အရ်-ရာအ်ဒ် mp3, စူရာ အရ်-ရာအ်ဒ် pdf. အာယာသ် 14–18. မြန်မာဘာသာ: ภาษาไทย.