အရ်-ရာအ်ဒ် · 15/43
ဘာသာပြန် အသံနိုင်ငံ — စူရာ အရ်-ရာအ်ဒ်
وَلِلَّهِ يَسْجُدُ مَن فِي السَّمَاوَاتِ وَالْأَرْضِ طَوْعًا وَكَرْهًا وَظِلَالُهُم بِالْغُدُوِّ وَالْآصَالِ ۩ ۝١٥
Wa lillaahi yasjudu man fis samaawaati wal ardi taw `anw wa karhanw wa zilaaluhum bilghuduwwi wal aasaal
📖 မြန်မာဘာသာ
ထို့ပြင် မိုးကောင်းကင်၌ရှိသည်တို့သည် လည်းကောင်း၊ ပထဝီမြေ၌ရှိသည်တို့သည်လည်းကောင်း၊ မိမိစေတနာအလျောက်ဖြစ်စေ၊ စေတနာမရှိဘဲ မလွဲမရှောင်သာ၍ဖြစ်စေ၊ ထိုအရှင်မြတ်၏ရှေ့တော် မှောက်၌သာလျှင် ပျပ်ဝပ်ဦးချခယရိုကျိုးလျက်ရှိကုန်၏။ ထိုမှတစ်ပါး ယင်းတို့၏အရိပ်ဆာယာတို့မှာလည်း နံနက်ယံများ၌လည်းကောင်း၊ညနေခင်းများ၌ လည်းကောင်း၊(ထိုနည်းအတိုင်းပင် ပျပ်ဝပ်ဦးချခယရိုကျိုးလျက် ရှိကုန်သတည်း)။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ:
  • ယစ်ဂျုဒု (يَسْجُدُ): စဂျ်ဒဟ် ပြုသည်၊ နာခံသည်၊ ကျိုးနွံသည်။
  • သောင်အသ် (طَوْعًا): စိတ်ပါလက်ပါ၊ ဆန္ဒအလျောက်။
  • ကရ်ဟသ် (كَرْهًا): မလိုလားဘဲ၊ အတင်းအကြပ်၊ မဖြစ်မနေ။
  • ဇိလာလုဟုမ် (ظِلَالُهُم): သူတို့၏ အရိပ်များ။
  • ဂုဒွသ် (الْغُدُوِّ): နံနက်အချိန်၊ နံနက်စောစော။
  • အာဆွာလ် (الْآصَالِ): ညနေချိန်များ၊ နေ့လယ်နှောင်းပိုင်းမှ နေဝင်ချိန်အထိ။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်:

မိုးကောင်းကင်များနှင့် မြေပြင်တွင် ရှိရှိသမျှသော ဖန်ဆင်းခံအားလုံးသည် အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းကိုသာ စဂျ်ဒဟ် ပြုကျိုးနွံကြသည်။ မုအ်မင်န် သက်ဝင်ယုံကြည်သူများသည် စိတ်ပါလက်ပါ ဆန္ဒအလျောက် ကျိုးနွံကြပြီး၊ ကာဖိရ် မယုံကြည်သူများမှာမူ မလိုလားဘဲ အတင်းအကြပ် ကျိုးနွံကြရသည်။ အမှန်စင်စစ် လူသားတိုင်း၏ သဘာဝဖိတ်ခေါ်ချက်သည် အလ္လာဟ်အရှင်မြတ်အား ကျိုးနွံရန် ဖြစ်သော်လည်း မာန်မာနထောင်လွှားသူများသည် ငြင်းပယ်ကြသည်။ ထို့အပြင် ဖန်ဆင်းခံအားလုံး၏ အရိပ်များသည်လည်း နံနက်စောစောနှင့် ညနေချိန်များတွင် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်အတိုင်း လှုပ်ရှားကာ ကျိုးနွံလျက်ရှိကြသည်။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ:
  • အလ္လာဟ်အရှင်မြတ်သည် ဖန်ဆင်းခံအားလုံး၏ အရှင်သခင်ဖြစ်တော်မူကြောင်း သိရှိရသည်။
  • စကြဝဠာတစ်ခွင်လုံးရှိ အရာအားလုံးသည် အလ္လာဟ်အရှင်မြတ်၏ စည်းမျဉ်းတော်များအတိုင်း လည်ပတ်နေကြကြောင်း နားလည်ရသည်။
  • မုအ်မင်န်များသည် စိတ်ပါလက်ပါ ကျိုးနွံခြင်း၏ ဂုဏ်ကျေးဇူးကို ရရှိကြပြီး၊ ဤသည်မှာ အစစ်အမှန်သော အောင်မြင်မှုဖြစ်သည်။
  • အရိပ်များပင် အလ္လာဟ်အရှင်မြတ်ကို ကျိုးနွံနေပါလျှင် လူသားများအနေဖြင့် မာန်မာနထောင်လွှားခြင်းသည် အလွန်မိုက်မဲကြောင်း သတိရရသည်။
  • အစ္စလာမ်သည် လူသား၏ သဘာဝနှင့် ကိုက်ညီသော ဘာသာတရားဖြစ်ကြောင်း ဤအာယသ်တော်က ဖော်ပြသည်။
  • အလ္လာဟ်အရှင်မြတ်အား ကျိုးနွံခြင်းသည် လူသားအားလုံး၏ တာဝန်ဖြစ်ကြောင်း နားလည်ရသည်။
  • ဤအာယသ်တော်သည် ဖန်ဆင်းခံအားလုံး၏ ညီညွတ်မှုနှင့် အလ္လာဟ်အရှင်မြတ


📜 အာယာသ် 13-17 — စူရာ အရ်-ရာအ်ဒ်

13وَيُسَبِّحُ الرَّعْدُ بِحَمْدِهِ وَالْمَلَائِكَةُ مِنْ خِيفَتِهِ وَيُرْسِلُ الصَّوَاعِقَ فَيُصِيبُ بِهَا مَن يَشَاءُ وَهُمْ يُجَادِلُونَ فِي اللَّهِ وَهُوَ شَدِيدُ الْمِحَالِ
၎င်းပြင် ရအ်ဒ် အမည်ရှိသော ကောင်းကင်တမန် (မိုးခြိမ်းသံ)သည် ထိုအရှင်မြတ်အား ချီးမွမ်းထောပနာပြုခြင်းနှင့်(ထိုအရှင်မြတ်) သန့်ရှင်းစင်ကြယ်တော်မူကြောင်းကိုဘာဝနာစီးဖျန်းလေသည်။ ထိုနည်းတူစွာ(အခြား)ကောင်းကင်တမန်တို့သည်လည်း ထိုအရှင်မြတ်အား ကြောက်ရွံ့ရိုသေခြင်းအားဖြင့်(ချီးမွမ်းထောပနာပြုခြင်းနှင့်သန့်ရှင်း တော်မူကြောင်းကို ဘာဝနာစီးဖျန်းကြကုန်၏။) ထိုမှတစ်ပါး ထိုအရှင်မြတ်သည် မိုးကြိုးသွားများကို စေလွှတ်တော်မူပြီးနောက် မိမိအလိုရှိတော်မူသောသူ၏အပေါ်ဝယ် ယင်းမိုးကြိုးသွားများကို ကျရောက်စေတော်မူ၏။ သို့ပါလျက် ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်၍ ငြင်းခုံလျက် ရှိကြကုန်၏။ စင်စစ်မှာမူကား ထိုအရှင်မြတ်သည် ဖမ်းဆီးအရေးယူတော်မူသောအရှင်၊(အားအင်အလွန်ကြီးမားသောအရှင်)မြတ်ပင် ဖြစ်တော်မူပေသတည်း။
14لَهُ دَعْوَةُ الْحَقِّ ۖ وَالَّذِينَ يَدْعُونَ مِن دُونِهِ لَا يَسْتَجِيبُونَ لَهُم بِشَيْءٍ إِلَّا كَبَاسِطِ كَفَّيْهِ إِلَى الْمَاءِ لِيَبْلُغَ فَاهُ وَمَا هُوَ بِبَالِغِهِ ۚ وَمَا دُعَاءُ الْكَافِرِينَ إِلَّا فِي ضَلَالٍ
မှန်ကန်သော ဟစ်ခေါ်တသ ဆုတောင်းပတ္ထနာပြုမှုသည် ထိုအရှင်မြတ်အထံတော်၌သာလျှင် ပြုထိုက်၏။ စင်စစ် ၎င်းတို့ဟစ်ခေါ်တသဆုတောင်း ပတ္ထနာပြုလျက်ရှိကြကုန်သောအရာဝတ္ထုတို့မှာမူကား ၎င်းတို့အား အကြင်သူ (ရရှိသည်)ထက်ပိုမို၍ ပေးစွမ်းနိုင်ကြသည် မရှိချေ။ ထိုသူသည် ရေရှိရာဘက်သို့၊ ထိုရေသည် ၎င်း၏ပါးစပ်ထဲသို့ (အလိုအလျောက်)ရောက်လာအံ့သောငှာ မိမိလက်ဝါးနှစ်ဖက်ကို ဖြန့်၍ထား၏။စင်စစ်မှာမူကားထိုရေသည်(မည်သည့်အခါမျှအလိုအလျောက်)ယင်းပါးစပ်ထဲသို့ ရောက်ရှိလာမည်မဟုတ်ပေ။ အမှန်သော်ကား ကာဖိရ် သွေဖည်ငြင်းပယ်သော သူတို့၏ဟစ်ခေါ်တသဆုတောင်းပတ္ထနာပြုမှုသည် လွဲမှားမှု၌သာ ရှိနေပေသတည်း။
15وَلِلَّهِ يَسْجُدُ مَن فِي السَّمَاوَاتِ وَالْأَرْضِ طَوْعًا وَكَرْهًا وَظِلَالُهُم بِالْغُدُوِّ وَالْآصَالِ ۩
ထို့ပြင် မိုးကောင်းကင်၌ရှိသည်တို့သည် လည်းကောင်း၊ ပထဝီမြေ၌ရှိသည်တို့သည်လည်းကောင်း၊ မိမိစေတနာအလျောက်ဖြစ်စေ၊ စေတနာမရှိဘဲ မလွဲမရှောင်သာ၍ဖြစ်စေ၊ ထိုအရှင်မြတ်၏ရှေ့တော် မှောက်၌သာလျှင် ပျပ်ဝပ်ဦးချခယရိုကျိုးလျက်ရှိကုန်၏။ ထိုမှတစ်ပါး ယင်းတို့၏အရိပ်ဆာယာတို့မှာလည်း နံနက်ယံများ၌လည်းကောင်း၊ညနေခင်းများ၌ လည်းကောင်း၊(ထိုနည်းအတိုင်းပင် ပျပ်ဝပ်ဦးချခယရိုကျိုးလျက် ရှိကုန်သတည်း)။
16قُلْ مَن رَّبُّ السَّمَاوَاتِ وَالْأَرْضِ قُلِ اللَّهُ ۚ قُلْ أَفَاتَّخَذْتُم مِّن دُونِهِ أَوْلِيَاءَ لَا يَمْلِكُونَ لِأَنفُسِهِمْ نَفْعًا وَلَا ضَرًّا ۚ قُلْ هَلْ يَسْتَوِي الْأَعْمَىٰ وَالْبَصِيرُ أَمْ هَلْ تَسْتَوِي الظُّلُمَاتُ وَالنُّورُ ۗ أَمْ جَعَلُوا لِلَّهِ شُرَكَاءَ خَلَقُوا كَخَلْقِهِ فَتَشَابَهَ الْخَلْقُ عَلَيْهِمْ ۚ قُلِ اللَّهُ خَالِقُ كُلِّ شَيْءٍ وَهُوَ الْوَاحِدُ الْقَهَّارُ
(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အားဤသို့)ပြောဆို(မေးမြန်း)ပါလေ။ (ဟယ်-အချင်းတို့) မိုးကောင်းကင်များကိုလည်းကောင်း၊ ပထဝီမြေကို လည်းကောင်း၊ဖန်ဆင်းတော်မူသော အရှင်မြတ်သည် အဘယ်အရှင်နည်း။အသင်သည်ပင်လျှင် (ဤသို့) ပြောဆိုဖြေကြားပါလေ။အလ္လာဟ်အရှင်မြတ်ပင် အသင်သည်(၎င်းတို့အား ဤသည်ကိုလည်း) ပြောဆိုမေးမြန်းပါဦးလေ။ (ဟယ်-အချင်းတို့)၊ သို့ပါလျက် အသင်တို့သည် ထိုအရှင်မြတ်အား စွန့်၍ မိမိတို့ကိုယ်နှင့်ပတ်သက်၍ပင် အကျိုးကျေးဇူးဖြစ် ထွန်းစေခြင်းကိုလည်းကောင်း၊ အကျိုးယုတ်စေခြင်းကိုလည်းကောင်း၊ အစိုးမရသောအရာများကိုပင် အရာရာကို စီမံခန့်ခွဲ၍ပေးသူများ ပြုလုပ်ခဲ့ကြလေပြီလော။ အသင်သည်(၎င်းတို့အား ဤသည်တို့ကိုလည်း)ပြောဆိုမေးမြန်းပါဦးလေ။ (ဟယ်-အချင်းတို့)စက္ခုအလင်းမရသောသူနှင့်စက္ခုအလင်းရသူသည် တူနိုင်ပါမည်လော။ သို့တည်းမဟုတ် အမှောင်နှင့်အလင်းရောင်သည် တူနိုင်ပါမည်လော။သို့တည်းမဟုတ် ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်၌ အကြင်တွဲဖက်များကို ပြုလုပ်၍ထားခဲ့ကြသလော။ ထိုတွဲဖက်တို့သည်ထိုအရှင်မြတ်ဖန်ဆင်းတော်မူဘိသကဲ့သို့ပင် ဖန်ဆင်းခဲ့ကြသည်ဖြစ်သလော။ သို့ဖြစ်ပေရာ ဖန်ဆင်းသောအရာသည် ၎င်းတို့အပေါ်၌ ဆင်တူယိုးမှားဖြစ်ခဲ့သည် ဖြစ်သလော။ (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အား ဤသို့)ပြောဆိုဖြေကြားပါလေ။ (ဟယ်-အချင်းတို့) အလ္လာဟ်အရှင်မြတ်သည်သာလျှင်အရာခပ်သိမ်းကို ဖန်ဆင်းတော်မူသော အရှင်ဖြစ်တော်မူ၏။၎င်းပြင် ထိုအရှင်မြတ်သည်လျှင် တစ်ဆူတည်းသောအရှင်၊ နှိမ်နင်းလွှမ်းမိုးတော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။
17أَنزَلَ مِنَ السَّمَاءِ مَاءً فَسَالَتْ أَوْدِيَةٌ بِقَدَرِهَا فَاحْتَمَلَ السَّيْلُ زَبَدًا رَّابِيًا ۚ وَمِمَّا يُوقِدُونَ عَلَيْهِ فِي النَّارِ ابْتِغَاءَ حِلْيَةٍ أَوْ مَتَاعٍ زَبَدٌ مِّثْلُهُ ۚ كَذَٰلِكَ يَضْرِبُ اللَّهُ الْحَقَّ وَالْبَاطِلَ ۚ فَأَمَّا الزَّبَدُ فَيَذْهَبُ جُفَاءً ۖ وَأَمَّا مَا يَنفَعُ النَّاسَ فَيَمْكُثُ فِي الْأَرْضِ ۚ كَذَٰلِكَ يَضْرِبُ اللَّهُ الْأَمْثَالَ
ထိုအရှင်မြတ်သည် မိုးကောင်းကင်မှာ(မိုး)ရေကိုရွာသွန်းစေတော်မူခဲ့၏။ သို့ဖြစ်ပေရာ ချောင်း၊ လျိုး၊ ရိုးများသည် မိမိတို့၏အဝင်အဆံ့နှင့်လျှော်ညီစွာ စီးတွေ၍လာခဲ့ကြလေသည်။ တစ်ဖန် ပြင်းစွာစီးသော ထိုရေစီးသည် တက်၍နေသောရေမြှုပ်ကို အထက်သို့ ချီဆောင်၍လာခဲ့လေသည်။ ထိုနည်းတူ စွာ လူတို့သည် လက်ဝတ်လက်စားသော်လည်းကောင်း၊(အခြား) အသုံးအဆောင် ကိရိယာပစ္စည်းသော်လည်း ကောင်း၊ပြုလုပ်အံ့သောငှာ(ဖိုထဲ၌)မီးချကြကုန် သောဓာတ်သတ္တုများတွင်လည်း ယင်းကဲ့သို့ပင် အမြှုပ်အချေးသည် ရှိပေသည်။အလ္လာဟ်အရှင်မြတ်သည် ဤနည်းအတိုင်းပင် အမှန်နှင့်အမှားကို ပုံခိုင်းတော်မူလေသည်။ သို့ဖြစ်ပေရာ အညစ်အကြေးသည်အသုံးမကျ သောအရာအဖြစ် အချည်းနှီးဖြစ်သွားလေတော့သည်။ သို့ရာတွင် လူတို့အဖို့ အသုံးဝင်သောအရာမှာမူကားကမ္ဘာမြေဝယ်ကျန်ရှိ၍နေလေသည်။ အလ္လာဟ်အရှင်မြတ်သည်ဤနည်းအတိုင်းပင် ဥပမာ ပုံဆောင် ချက်များကို ခိုင်းနှိုင်းတော်မူချေသတည်း။
အရ်-ရာအ်ဒ်ကုရ်အာန် ညွှန်းကိန်း
43အာယာသ်
MedinanRevelation
15အာယာသ်

ဘာသာပြန် — အရ်-ရာအ်ဒ် 15

စူရာ အရ်-ရာအ်ဒ် အာယာသ် 15 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထို့ပြင် မိုးကောင်းကင်၌ရှိသည်တို့သည် လည်းကောင်း၊ ပထဝီမြေ၌ရှိသည်တို့သည်လည်းကောင်း၊ မိမိစေတနာအလျောက်ဖြစ်စေ၊ စေတနာမရှိဘဲ မလွဲမရှောင်သာ၍ဖြစ်စေ၊ ထိုအရှင်မြတ်၏ရှေ့တော် မှောက်၌သာလျှင် ပျပ်ဝပ်ဦးချခယရိုကျိုးလျက်ရှိကုန်၏။…

စူရာ အာယာသ် 15/43 — စူရာ အရ်-ရာအ်ဒ် الرعد (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အရ်-ရာအ်ဒ် နားထောင်, စူရာ အရ်-ရာအ်ဒ် ဘာသာပြန်, စူရာ အရ်-ရာအ်ဒ် mp3, စူရာ အရ်-ရာအ်ဒ် pdf. အာယာသ် 13–17. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Friday, October 2, 2026

Don't forget us in your sincere prayers