အရ်-ရာအ်ဒ် · 17/43
ဘာသာပြန် အသံနိုင်ငံ — စူရာ အရ်-ရာအ်ဒ်
أَنزَلَ مِنَ السَّمَاءِ مَاءً فَسَالَتْ أَوْدِيَةٌ بِقَدَرِهَا فَاحْتَمَلَ السَّيْلُ زَبَدًا رَّابِيًا ۚ وَمِمَّا يُوقِدُونَ عَلَيْهِ فِي النَّارِ ابْتِغَاءَ حِلْيَةٍ أَوْ مَتَاعٍ زَبَدٌ مِّثْلُهُ ۚ كَذَٰلِكَ يَضْرِبُ اللَّهُ الْحَقَّ وَالْبَاطِلَ ۚ فَأَمَّا الزَّبَدُ فَيَذْهَبُ جُفَاءً ۖ وَأَمَّا مَا يَنفَعُ النَّاسَ فَيَمْكُثُ فِي الْأَرْضِ ۚ كَذَٰلِكَ يَضْرِبُ اللَّهُ الْأَمْثَالَ ۝١٧
Anzala minas samaaa`i maaa`an fasaalat awdiyatum biqadarihaa fahtamalas sailu zabadar raabiyaa; wa mimmmaa yooqidoona `alaihi fin naarib tighaaa`a bilyatin aw mataa`in zabadum misluh; kazaalika yadribul laahul haqqa wal baatil; fa ammaz zabadu fa yazhabu jufaaa`aa; wa ammaa maa yanfa`un naasa fa yamkusu fil ard; kazaalika yadribul laahul amsaal
📖 မြန်မာဘာသာ
ထိုအရှင်မြတ်သည် မိုးကောင်းကင်မှာ(မိုး)ရေကိုရွာသွန်းစေတော်မူခဲ့၏။ သို့ဖြစ်ပေရာ ချောင်း၊ လျိုး၊ ရိုးများသည် မိမိတို့၏အဝင်အဆံ့နှင့်လျှော်ညီစွာ စီးတွေ၍လာခဲ့ကြလေသည်။ တစ်ဖန် ပြင်းစွာစီးသော ထိုရေစီးသည် တက်၍နေသောရေမြှုပ်ကို အထက်သို့ ချီဆောင်၍လာခဲ့လေသည်။ ထိုနည်းတူ စွာ လူတို့သည် လက်ဝတ်လက်စားသော်လည်းကောင်း၊(အခြား) အသုံးအဆောင် ကိရိယာပစ္စည်းသော်လည်း ကောင်း၊ပြုလုပ်အံ့သောငှာ(ဖိုထဲ၌)မီးချကြကုန် သောဓာတ်သတ္တုများတွင်လည်း ယင်းကဲ့သို့ပင် အမြှုပ်အချေးသည် ရှိပေသည်။အလ္လာဟ်အရှင်မြတ်သည် ဤနည်းအတိုင်းပင် အမှန်နှင့်အမှားကို ပုံခိုင်းတော်မူလေသည်။ သို့ဖြစ်ပေရာ အညစ်အကြေးသည်အသုံးမကျ သောအရာအဖြစ် အချည်းနှီးဖြစ်သွားလေတော့သည်။ သို့ရာတွင် လူတို့အဖို့ အသုံးဝင်သောအရာမှာမူကားကမ္ဘာမြေဝယ်ကျန်ရှိ၍နေလေသည်။ အလ္လာဟ်အရှင်မြတ်သည်ဤနည်းအတိုင်းပင် ဥပမာ ပုံဆောင် ချက်များကို ခိုင်းနှိုင်းတော်မူချေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ ကမ္မသဒ္ဒါများ ရှင်းလင်းချက်

  • أَوْدِيَةٌ (အောင်ဒိယသ်) — ချိုင့်ဝှမ်းများ၊ ရေစီးကြောင်းများ။ ဝါဒီ (وادٍ) ၏ အများကိန်း။
  • بِقَدَرِهَا (ဗိကဒရိဟာ) — မိမိတို့၏ ပမာဏအတိုင်း၊ အရွယ်အစားအတိုင်း။
  • زَبَدًا (ဇဗဒန်) — ရေမြှုပ်၊ အမြှုပ်၊ အညစ်အကြေး။
  • رَابِيًا (ရာဗိယန်) — မြင့်တက်နေသော၊ အထက်သို့ ဖောင်းပွနေသော။
  • جُفَاءً (ဂျုဖာအန်) — စွန့်ပစ်ခံရသော၊ လွင့်စင်သွားသော။
  • حِلْيَةٍ (ဟိလ်ယသ်) — အဆင်တန်ဆာ၊ လက်ဝတ်ရတနာ။
  • مَتَاعٍ (မသာအ်) — အသုံးအဆောင် ပစ္စည်း။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်မှ မိုးရေကို ရွာသွန်းစေတော်မူသည်။ ထိုရေသည် ချိုင့်ဝှမ်းများသို့ စီးဝင်သောအခါ ချိုင့်ဝှမ်းတစ်ခုချင်းစီ၏ အရွယ်အစားအတိုင်း ရေစီးကြောင်းများ ဖြစ်ပေါ်လာသည်။ ထို့နောက် ရေစီးကြောင်းသည် ရေမျက်နှာပြင်အထက်၌ မြင့်တက်နေသော အမြှုပ်များနှင့် အညစ်အကြေးများကို သယ်ဆောင်လာသည်။

ထို့အတူ အလ္လာဟ်အရှင်မြတ်သည် အခြားဥပမာတစ်ခုကိုလည်း ဖော်ပြတော်မူသည်။ လူတို့သည် အဆင်တန်ဆာပြုလုပ်ရန် သို့မဟုတ် အသုံးအဆောင်ပစ္စည်းများ ပြုလုပ်ရန် ရွှေ၊ ငွေ၊ ကြေးနီစသော သတ္တုများကို မီးဖြင့် အရည်ကျိုသောအခါ ထိုသတ္တုများမှလည်း အမြှုပ်နှင့် အညစ်အကြေးများ ထွက်ပေါ်လာသည်။ ဤသို့ပင် အလ္လာဟ်အရှင်မြတ်သည် အမှန်တရားနှင့် အတုအယောင်ကို နှိုင်းယှဉ်ဖော်ပြတော်မူသည်။

အတုအယောင်သည် ရေမြှုပ်နှင့် အညစ်အကြေးကဲ့သို့ဖြစ်သည်။ ၎င်းသည် လွင့်စင်သွားပြီး မည်သည့်အကျိုးမျှ မပေးနိုင်ပါ။ သို့သော် လူတို့အတွက် အကျိုးရှိသောအရာ — ကြည်လင်သောရေနှင့် သန့်စင်သောသတ္တုကဲ့သို့သောအရာ — သည် မြေကြီးပေါ်တွင် တည်ရှိနေပြီး လူတို့ အကျိုးခံစားနိုင်ဆဲ ဖြစ်သည်။ ဤနည်းအတိုင်းပင် အလ္လာဟ်အရှင်မြတ်သည် လူတို့အတွက် ဥပမာများကို ဖော်ပြတော်မူသည်။

၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများ

၁။ အမှန်တရား (ဟက္က်) သည် မည်မျှပင် အခက်အခဲများ ကြုံတွေ့ရသော်လည်း ရေရှည်တည်တံ့ခိုင်မြဲသည်။ အတုအယောင် (ဗာသိလ်) သည် ရေမြှုပ်ကဲ့သို့ ခေတ္တခဏသာ ထင်ရှားပြီး လျင်မြန်စွာ ကွယ်ပျောက်သွားသည်။

၂။ အစ္စလာမ်သာသနာသည် လူသားတို့အတွက



📜 အာယာသ် 15-19 — စူရာ အရ်-ရာအ်ဒ်

15وَلِلَّهِ يَسْجُدُ مَن فِي السَّمَاوَاتِ وَالْأَرْضِ طَوْعًا وَكَرْهًا وَظِلَالُهُم بِالْغُدُوِّ وَالْآصَالِ ۩
ထို့ပြင် မိုးကောင်းကင်၌ရှိသည်တို့သည် လည်းကောင်း၊ ပထဝီမြေ၌ရှိသည်တို့သည်လည်းကောင်း၊ မိမိစေတနာအလျောက်ဖြစ်စေ၊ စေတနာမရှိဘဲ မလွဲမရှောင်သာ၍ဖြစ်စေ၊ ထိုအရှင်မြတ်၏ရှေ့တော် မှောက်၌သာလျှင် ပျပ်ဝပ်ဦးချခယရိုကျိုးလျက်ရှိကုန်၏။ ထိုမှတစ်ပါး ယင်းတို့၏အရိပ်ဆာယာတို့မှာလည်း နံနက်ယံများ၌လည်းကောင်း၊ညနေခင်းများ၌ လည်းကောင်း၊(ထိုနည်းအတိုင်းပင် ပျပ်ဝပ်ဦးချခယရိုကျိုးလျက် ရှိကုန်သတည်း)။
16قُلْ مَن رَّبُّ السَّمَاوَاتِ وَالْأَرْضِ قُلِ اللَّهُ ۚ قُلْ أَفَاتَّخَذْتُم مِّن دُونِهِ أَوْلِيَاءَ لَا يَمْلِكُونَ لِأَنفُسِهِمْ نَفْعًا وَلَا ضَرًّا ۚ قُلْ هَلْ يَسْتَوِي الْأَعْمَىٰ وَالْبَصِيرُ أَمْ هَلْ تَسْتَوِي الظُّلُمَاتُ وَالنُّورُ ۗ أَمْ جَعَلُوا لِلَّهِ شُرَكَاءَ خَلَقُوا كَخَلْقِهِ فَتَشَابَهَ الْخَلْقُ عَلَيْهِمْ ۚ قُلِ اللَّهُ خَالِقُ كُلِّ شَيْءٍ وَهُوَ الْوَاحِدُ الْقَهَّارُ
(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အားဤသို့)ပြောဆို(မေးမြန်း)ပါလေ။ (ဟယ်-အချင်းတို့) မိုးကောင်းကင်များကိုလည်းကောင်း၊ ပထဝီမြေကို လည်းကောင်း၊ဖန်ဆင်းတော်မူသော အရှင်မြတ်သည် အဘယ်အရှင်နည်း။အသင်သည်ပင်လျှင် (ဤသို့) ပြောဆိုဖြေကြားပါလေ။အလ္လာဟ်အရှင်မြတ်ပင် အသင်သည်(၎င်းတို့အား ဤသည်ကိုလည်း) ပြောဆိုမေးမြန်းပါဦးလေ။ (ဟယ်-အချင်းတို့)၊ သို့ပါလျက် အသင်တို့သည် ထိုအရှင်မြတ်အား စွန့်၍ မိမိတို့ကိုယ်နှင့်ပတ်သက်၍ပင် အကျိုးကျေးဇူးဖြစ် ထွန်းစေခြင်းကိုလည်းကောင်း၊ အကျိုးယုတ်စေခြင်းကိုလည်းကောင်း၊ အစိုးမရသောအရာများကိုပင် အရာရာကို စီမံခန့်ခွဲ၍ပေးသူများ ပြုလုပ်ခဲ့ကြလေပြီလော။ အသင်သည်(၎င်းတို့အား ဤသည်တို့ကိုလည်း)ပြောဆိုမေးမြန်းပါဦးလေ။ (ဟယ်-အချင်းတို့)စက္ခုအလင်းမရသောသူနှင့်စက္ခုအလင်းရသူသည် တူနိုင်ပါမည်လော။ သို့တည်းမဟုတ် အမှောင်နှင့်အလင်းရောင်သည် တူနိုင်ပါမည်လော။သို့တည်းမဟုတ် ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်၌ အကြင်တွဲဖက်များကို ပြုလုပ်၍ထားခဲ့ကြသလော။ ထိုတွဲဖက်တို့သည်ထိုအရှင်မြတ်ဖန်ဆင်းတော်မူဘိသကဲ့သို့ပင် ဖန်ဆင်းခဲ့ကြသည်ဖြစ်သလော။ သို့ဖြစ်ပေရာ ဖန်ဆင်းသောအရာသည် ၎င်းတို့အပေါ်၌ ဆင်တူယိုးမှားဖြစ်ခဲ့သည် ဖြစ်သလော။ (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အား ဤသို့)ပြောဆိုဖြေကြားပါလေ။ (ဟယ်-အချင်းတို့) အလ္လာဟ်အရှင်မြတ်သည်သာလျှင်အရာခပ်သိမ်းကို ဖန်ဆင်းတော်မူသော အရှင်ဖြစ်တော်မူ၏။၎င်းပြင် ထိုအရှင်မြတ်သည်လျှင် တစ်ဆူတည်းသောအရှင်၊ နှိမ်နင်းလွှမ်းမိုးတော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။
17أَنزَلَ مِنَ السَّمَاءِ مَاءً فَسَالَتْ أَوْدِيَةٌ بِقَدَرِهَا فَاحْتَمَلَ السَّيْلُ زَبَدًا رَّابِيًا ۚ وَمِمَّا يُوقِدُونَ عَلَيْهِ فِي النَّارِ ابْتِغَاءَ حِلْيَةٍ أَوْ مَتَاعٍ زَبَدٌ مِّثْلُهُ ۚ كَذَٰلِكَ يَضْرِبُ اللَّهُ الْحَقَّ وَالْبَاطِلَ ۚ فَأَمَّا الزَّبَدُ فَيَذْهَبُ جُفَاءً ۖ وَأَمَّا مَا يَنفَعُ النَّاسَ فَيَمْكُثُ فِي الْأَرْضِ ۚ كَذَٰلِكَ يَضْرِبُ اللَّهُ الْأَمْثَالَ
ထိုအရှင်မြတ်သည် မိုးကောင်းကင်မှာ(မိုး)ရေကိုရွာသွန်းစေတော်မူခဲ့၏။ သို့ဖြစ်ပေရာ ချောင်း၊ လျိုး၊ ရိုးများသည် မိမိတို့၏အဝင်အဆံ့နှင့်လျှော်ညီစွာ စီးတွေ၍လာခဲ့ကြလေသည်။ တစ်ဖန် ပြင်းစွာစီးသော ထိုရေစီးသည် တက်၍နေသောရေမြှုပ်ကို အထက်သို့ ချီဆောင်၍လာခဲ့လေသည်။ ထိုနည်းတူ စွာ လူတို့သည် လက်ဝတ်လက်စားသော်လည်းကောင်း၊(အခြား) အသုံးအဆောင် ကိရိယာပစ္စည်းသော်လည်း ကောင်း၊ပြုလုပ်အံ့သောငှာ(ဖိုထဲ၌)မီးချကြကုန် သောဓာတ်သတ္တုများတွင်လည်း ယင်းကဲ့သို့ပင် အမြှုပ်အချေးသည် ရှိပေသည်။အလ္လာဟ်အရှင်မြတ်သည် ဤနည်းအတိုင်းပင် အမှန်နှင့်အမှားကို ပုံခိုင်းတော်မူလေသည်။ သို့ဖြစ်ပေရာ အညစ်အကြေးသည်အသုံးမကျ သောအရာအဖြစ် အချည်းနှီးဖြစ်သွားလေတော့သည်။ သို့ရာတွင် လူတို့အဖို့ အသုံးဝင်သောအရာမှာမူကားကမ္ဘာမြေဝယ်ကျန်ရှိ၍နေလေသည်။ အလ္လာဟ်အရှင်မြတ်သည်ဤနည်းအတိုင်းပင် ဥပမာ ပုံဆောင် ချက်များကို ခိုင်းနှိုင်းတော်မူချေသတည်း။
18لِلَّذِينَ اسْتَجَابُوا لِرَبِّهِمُ الْحُسْنَىٰ ۚ وَالَّذِينَ لَمْ يَسْتَجِيبُوا لَهُ لَوْ أَنَّ لَهُم مَّا فِي الْأَرْضِ جَمِيعًا وَمِثْلَهُ مَعَهُ لَافْتَدَوْا بِهِ ۚ أُولَٰئِكَ لَهُمْ سُوءُ الْحِسَابِ وَمَأْوَاهُمْ جَهَنَّمُ ۖ وَبِئْسَ الْمِهَادُ
မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ အမိန့်တော်ကို လက်ခံနာယူကြကုန် သောသူတို့အဖို့အကောင်းမြတ်ဆုံးသောအကျိုးသည်ရှိပေသည်။ သို့ရာတွင်ထိုအရှင်မြတ်၏ အမိန့်တော်ကို လက်ခံနာယူခြင်းမပြုခဲ့ကြသောသူတို့မူကား အကယ်၍ ဧကန်စင်စစ် ၎င်းတို့၌ ကမ္ဘာမြေဝယ်ရှိသမျှသော အရာဝတ္ထုအလုံးစုံတို့အပြင် ယင်းနှင့်အတူထိုမျှလောက် နောက်ထပ်ရှိပါလျှင်လည်း အမှန်ပင် ၎င်းတို့သည် ထိုအလုံးစုံတို့ကို လျော်ကြေးအဖြစ် ပေးကြမည်သာတည်း။ ဤသူများပင် ၎င်းတို့၌ အလွန်ပြင်းထန်ပူ ဆွေးဖွယ်ဖြစ်သော စစ်ဆေးမှုသည်ရှိချေမည်။ ထို့ပြင် ၎င်းတို့၏ နေရာထိုင်ခင်းသည် ဂျဟန္နမ်ငရဲဘုံပင် ဖြစ်ပေမည်။ စင်စစ်သော်ကား ယင်းနေရာထိုင်ခင်းသည် အလွန်ပင် ဆိုးရွားလှပေသည်တကား။
19۞ أَفَمَن يَعْلَمُ أَنَّمَا أُنزِلَ إِلَيْكَ مِن رَّبِّكَ الْحَقُّ كَمَنْ هُوَ أَعْمَىٰ ۚ إِنَّمَا يَتَذَكَّرُ أُولُو الْأَلْبَابِ
အကြင်သူသည် စက္ခုအလင်းမရရှိသော မျက်ကန်းကဲ့သို့ဖြစ်နိုင်ပါမည်လော။ ထိုသူသည် အသင်၏ထံသို့အသင့်အား ဖန်ဆင်းမွေးမြူတော်မူ သောအရှင်မြတ်အထံတော်မှ ကျရောက်လာသောအရာသည် အမှန်တရားပင် ဖြစ်သည်ဟုကောင်းစွာ ယုံကြည်လေသည်။ (စင်စစ်မှာမူကား) နိသမ္မဉာဏ်ရှင်တို့ သည်သာသာလျှင် တရားကျကြကုန်သတည်း။
အရ်-ရာအ်ဒ်ကုရ်အာန် ညွှန်းကိန်း
43အာယာသ်
MedinanRevelation
17အာယာသ်

ဘာသာပြန် — အရ်-ရာအ်ဒ် 17

စူရာ အရ်-ရာအ်ဒ် အာယာသ် 17 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုအရှင်မြတ်သည် မိုးကောင်းကင်မှာ(မိုး)ရေကိုရွာသွန်းစေတော်မူခဲ့၏။ သို့ဖြစ်ပေရာ ချောင်း၊ လျိုး၊ ရိုးများသည် မိမိတို့၏အဝင်အဆံ့နှင့်လျှော်ညီစွာ စီးတွေ၍လာခဲ့ကြလေသည်။ တစ်ဖန် ပြင်းစွာစီးသော…

စူရာ အာယာသ် 17/43 — စူရာ အရ်-ရာအ်ဒ် الرعد (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အရ်-ရာအ်ဒ် နားထောင်, စူရာ အရ်-ရာအ်ဒ် ဘာသာပြန်, စူရာ အရ်-ရာအ်ဒ် mp3, စူရာ အရ်-ရာအ်ဒ် pdf. အာယာသ် 15–19. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers