အလ်-ဟုဂျူရာ့ · 14/18
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ဟုဂျူရာ့
۞ قَالَتِ الْأَعْرَابُ آمَنَّا ۖ قُل لَّمْ تُؤْمِنُوا وَلَٰكِن قُولُوا أَسْلَمْنَا وَلَمَّا يَدْخُلِ الْإِيمَانُ فِي قُلُوبِكُمْ ۖ وَإِن تُطِيعُوا اللَّهَ وَرَسُولَهُ لَا يَلِتْكُم مِّنْ أَعْمَالِكُمْ شَيْئًا ۚ إِنَّ اللَّهَ غَفُورٌ رَّحِيمٌ ۝١٤
Qaalatil-A `raabu aamannaa qul lam tu`minoo wa laakin qoolooo aslamnaa wa lamma yadkhulil eemaanu fee quloobikum wa in tutee`ul laaha wa Rasoolahoo laa yalitkum min a`maalikum shai`aa; innal laaha Ghafoorur Raheem
📖 မြန်မာဘာသာ
ကျေးတောသားအရဗ်တို့က ‘ကျွန်ုပ်တို့သည်’အီမာန်’သက်ဝင်ယုံကြည်ခဲ့ကြပါပြီ’ ဟု ပြောဆိုကြကုန်၏။ (အိုနဗီတမန်တော်)အသင်သည် ပြောကြားပါလေ။ (အချင်းတို့)အသင်တို့သည် သက်ဝင်ယုံကြည်ကြသည် မရှိသေးပေ။ သို့ရာတွင် ‘ကျွန်ုပ်တို့သည် အမိန့်ကိုနာခံကြပါပြီ’ ဟူ၍သာ ပြောဆိုကြလေကုန်။ စင်စစ်တမူကား ‘အီမာန်’ ယုံကြည်မှုသည်အသင်တို့၏ စိတ်နှလုံးများတွင် မဝင်သေးပေ။ သို့ရာတွင် အကယ်၍ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်၏ အမိန့်တော်များကိုလည်းကောင်း၊ (အကယ်စင်စစ်) လိုက်နာကြလျှင် ထိုအရှင်မြတ်သည် အသင်တို့၏ ကျင့်မူဆောင်ရွက်ချက်တို့အနက်မှ မည်သည့် တစုံတရာကိုမျှပင် အသင်တို့၌ လျော့နည်းစေတော်မူမည် မဟုတ်ပေ။ စင်စစ်ဧကန် အလ္လာဟ်အရှင်မြတ်သည် လွန်စွာ ခွင့်လွှတ်တော်မူသောအရှင်၊ လွန်စွာ ကရုဏာပြုတော်မူသောအရှင် ဖြစ်တော်မူ၏။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ:
  • الْأَعْرَابُ (အလ်အာအ်ရာဗ်): အာရဗီဘာသာစကားဖြင့် ကျေးလက်ဒေသတွင် နေထိုင်သော ဘက်ဒူဝီအာရဗ်လူမျိုးများကို ဆိုလိုသည်။ မြို့ပြတွင် နေထိုင်သူများကို “အာရဗ်” ဟုခေါ်ပြီး ကျေးလက်တွင် နေထိုင်သူများကို “အာအ်ရာဗ်” ဟုခေါ်သည်။
  • آمَنَّا (အာမန်နာ): ကျွန်ုပ်တို့သည် အီမာန်ယုံကြည်မှု သက်ဝင်ပါပြီဟု ဆိုလိုသည်။
  • أَسْلَمْنَا (အစ်လမ်နာ): ကျွန်ုပ်တို့သည် အစ္စလာမ်သို့ ဝင်ရောက်အပ်နှံပြီး၊ လက်အောက်ခံနာခံပါပြီဟု ဆိုလိုသည်။
  • يَدْخُلِ الْإِيمَانُ فِي قُلُوبِكُمْ (ယဒ်ခုလိလ် အီမာနု ဖီ ကူလူဗိကွမ်): အီမာန်ယုံကြည်မှုသည် သင်တို့၏ စိတ်နှလုံးများထဲသို့ မဝင်ရောက်ရသေးပါဟု ဆိုလိုသည်။
  • يَلِتْكُم (ယလိတ်ကွမ်): လျော့နည်းစေခြင်း၊ လျှော့ချခြင်းကို ဆိုလိုသည်။
  • مِّنْ أَعْمَالِكُمْ (မိန် အာအ်မာလိကွမ်): သင်တို့၏ ကောင်းမှုလုပ်ရပ်များ၏ အကျိုးကျေးဇူးများမှ ဟု ဆိုလိုသည်။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်:

ကျေးလက်ဒေသတွင် နေထိုင်သော အာရဗ်လူမျိုးတစ်စုသည် တမန်တော်မုဟမ္မဒ် (ဆွလ္လလ္လာဟု အ်လိုင်ဟိ ဝစလ္လမ်) ထံသို့ ရောက်လာပြီး “ကျွန်ုပ်တို့သည် အီမာန်ယုံကြည်ပါပြီ” ဟု ဆိုကြသည်။ သူတို့သည် အီမာန်၏ အစစ်အမှန်အနှစ်သာရဖြစ်သော စိတ်နှလုံးအတွင်းမှ ယုံကြည်မှုအပြည့်အဝဖြင့် မဟုတ်ဘဲ၊ မိမိတို့၏ အသက်အိုးအိမ်စည်းစိမ်များ လုံခြုံမှုရရှိရန်နှင့် စစ်ဘေးအန္တရာယ်မှ ကင်းဝေးရန်အတွက် အစ္စလာမ်သို့ ဝင်ရောက်ခြင်းသာဖြစ်သည်။

ထိုအခါ အလ္လာဟ်အရှင်မြတ်သည် တမန်တော်မြတ်အား “သူတို့အား ပြောပါ – သင်တို့သည် အီမာန်အစစ်အမှန်ကို မယုံကြည်ကြသေးပါ။ သို့သော် ‘ကျွန်ုပ်တို့သည် အစ္စလာမ်သို့ ဝင်ရောက်အပ်နှံပြီး နာခံလိုက်ပါပြီ’ ဟု ဆိုကြပါ။ အီမာန်ယုံကြည်မှုသည် သင်တို့၏ စိတ်နှလုံးများထဲသို့ မဝင်ရောက်ရသေးပါ” ဟု မိန့်တော်မူခဲ့သည်။

သို့သော် သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့် အရှင့်တမန်တော်ကို နာခံကြပါက၊ အီမာန်အစစ်အမှန်ဖြင့် ယုံကြည်ပြီး ကောင်းမှုကုသိုလ်များကို ပြုလုပ်ကြပါက၊ မကောင်းမှုများကို ရှောင်ကြဉ်ကြပါက၊ အလ္လာဟ်အရှင်မြတ်သည် သူတို့၏ ကောင်းမှုလ



📜 အာယာသ် 12-16 — စူရာ အလ်-ဟုဂျူရာ့

12يَا أَيُّهَا الَّذِينَ آمَنُوا اجْتَنِبُوا كَثِيرًا مِّنَ الظَّنِّ إِنَّ بَعْضَ الظَّنِّ إِثْمٌ ۖ وَلَا تَجَسَّسُوا وَلَا يَغْتَب بَّعْضُكُم بَعْضًا ۚ أَيُحِبُّ أَحَدُكُمْ أَن يَأْكُلَ لَحْمَ أَخِيهِ مَيْتًا فَكَرِهْتُمُوهُ ۚ وَاتَّقُوا اللَّهَ ۚ إِنَّ اللَّهَ تَوَّابٌ رَّحِيمٌ
အို-’မုအ်မင်န်’သက်ဝင်ယုံကြည်သူ အပေါင်းတို့၊အသင်တို့သည် များစွာသော ထင်မြင်ယူဆချက်များမှ ကြဉ်ရှောင်ကြလေကုန်။ စင်စစ်ဧကန် အချို့သော ထင်မြင်ယူဆချက်များမှာ အပြစ်ပင်ဖြစ်ပေသည်။ ၎င်းပြင် အသင်တို့သည် (သူတစ်ပါးတို့၏ ချွတ်ယွင်းမှုများကို) ထောက်လှမ်းစူးစမ်းခြင်း မပြုကြကုန်လင့်။ ထို့ပြင် အသင်တို့အနက် တစ်ဦးသည်တစ်ဦး၏ နောက်ကွယ်၌ အတင်းပြောဆိုခြင်းကိုမပြုရ။ အသင်တို့အနက် တစ်ဦးတစ်ယောက်သည် မိမိညီအစ်ကို၏ အသေသားကို စားသုံးရန် နှစ်သက်ပါမည်လော။ စင်စစ် အသင်တို့သည် ထို(အသေသားစားခြင်း)ကို စက်ဆုပ်ကြမည်သာ။ ထိုမှတစ်ပါး အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ရိုသေကြလေကုန်။ မလွဲဧကန် အ�္လာဟ်အရှင်မြတ်သည် ဝန်ချတောင်းပန်ခြင်းကို အလွန်တရာ လက်ခံတော်မူသောအရှင်၊ အလွန်တရာ သနားကြင်နာတော်မူသောအရှင်၊ဖြစ်တော်မူပေသတည်း၊
13يَا أَيُّهَا النَّاسُ إِنَّا خَلَقْنَاكُم مِّن ذَكَرٍ وَأُنثَىٰ وَجَعَلْنَاكُمْ شُعُوبًا وَقَبَائِلَ لِتَعَارَفُوا ۚ إِنَّ أَكْرَمَكُمْ عِندَ اللَّهِ أَتْقَاكُمْ ۚ إِنَّ اللَّهَ عَلِيمٌ خَبِيرٌ
အို-လူခပ်သိမ်းတို့၊ ဧကန်မလွဲ ငါအရှင်မြတ်သည် အသင်တို့အား ယောက်ျားတစ်ယောက်၊ မိန်းမ တစ်ယောက်မှ (စတင်)ဖန်ဆင်းတော်မူခဲ့၏။ ထို့ပြင် ငါအရှင်မြတ်သည် အသင်တို့အချင်းချင်း တစ်ဦးကိုတစ်ဦး ခွဲခြားသိမြင်မှတ်မိကြအံ့သောငှာ၊ လူမျိုးစုအသီးသီး မျိုးနွယ်အသွယ်သွယ် ပြုလုပ်တော်မူခဲ့၏။ ဧကန်စင်စစ် အသင်တို့အနက် (အလ္လာဟ်အရှင်မြတ်အား) အကြောက်ရွံ့ဆုံး၊ အပြစ်များမှ အများဆုံး ကြဉ်ရှောင်သောသူသည်သာလျှင် အလ္လာဟ်အရှင်မြတ် အထံတော်၌အမြင့်မြတ်ဆုံးသောသူဖြစ်၏။ စင်စစ်တစ်မူကား အလ္လာဟ်အရှင်မြတ်သည် အသိတော်မူဆုံး၊ အကြားတော်မူဆုံးအရှင် ဖြစ်တော်မူပေသတည်း။
14۞ قَالَتِ الْأَعْرَابُ آمَنَّا ۖ قُل لَّمْ تُؤْمِنُوا وَلَٰكِن قُولُوا أَسْلَمْنَا وَلَمَّا يَدْخُلِ الْإِيمَانُ فِي قُلُوبِكُمْ ۖ وَإِن تُطِيعُوا اللَّهَ وَرَسُولَهُ لَا يَلِتْكُم مِّنْ أَعْمَالِكُمْ شَيْئًا ۚ إِنَّ اللَّهَ غَفُورٌ رَّحِيمٌ
ကျေးတောသားအရဗ်တို့က ‘ကျွန်ုပ်တို့သည်’အီမာန်’သက်ဝင်ယုံကြည်ခဲ့ကြပါပြီ’ ဟု ပြောဆိုကြကုန်၏။ (အိုနဗီတမန်တော်)အသင်သည် ပြောကြားပါလေ။ (အချင်းတို့)အသင်တို့သည် သက်ဝင်ယုံကြည်ကြသည် မရှိသေးပေ။ သို့ရာတွင် ‘ကျွန်ုပ်တို့သည် အမိန့်ကိုနာခံကြပါပြီ’ ဟူ၍သာ ပြောဆိုကြလေကုန်။ စင်စစ်တမူကား ‘အီမာန်’ ယုံကြည်မှုသည်အသင်တို့၏ စိတ်နှလုံးများတွင် မဝင်သေးပေ။ သို့ရာတွင် အကယ်၍ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်၏ အမိန့်တော်များကိုလည်းကောင်း၊ (အကယ်စင်စစ်) လိုက်နာကြလျှင် ထိုအရှင်မြတ်သည် အသင်တို့၏ ကျင့်မူဆောင်ရွက်ချက်တို့အနက်မှ မည်သည့် တစုံတရာကိုမျှပင် အသင်တို့၌ လျော့နည်းစေတော်မူမည် မဟုတ်ပေ။ စင်စစ်ဧကန် အလ္လာဟ်အရှင်မြတ်သည် လွန်စွာ ခွင့်လွှတ်တော်မူသောအရှင်၊ လွန်စွာ ကရုဏာပြုတော်မူသောအရှင် ဖြစ်တော်မူ၏။
15إِنَّمَا الْمُؤْمِنُونَ الَّذِينَ آمَنُوا بِاللَّهِ وَرَسُولِهِ ثُمَّ لَمْ يَرْتَابُوا وَجَاهَدُوا بِأَمْوَالِهِمْ وَأَنفُسِهِمْ فِي سَبِيلِ اللَّهِ ۚ أُولَٰئِكَ هُمُ الصَّادِقُونَ
ကြင်သူတို့သည်သာလျှင်(ပြည့်ဝစုံလင်သော)’မုအ်မင်န်’ သက်ဝင်ယုံကြည်သူများ ဖြစ်ကြကုန်၏။ ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်အားလည်းကောင်း၊ သက်ဝင်ယုံကြည်ခဲ့ကြသည်။ ပြီးနောက် ၎င်းတို့သည် သံသယ ဖြစ်ခဲ့ကြသည် မရှိချေ။ထိုမှတစ်ပါး ထိုသူတို့သည် မိမိတို့၏ပစ္စည်းဥစ္စာများဖြင့် လည်းကောင်း၊ မိမိတို့၏ အသက်ဇီဝိန်များဖြင့်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ သက်စွန့်ကြိုးပမ်း ဆောင်ရွက်ခဲ့ကြကုန်၏။ ထိုသူတို့သည်သာလျှင် သစ္စာဝါဒီများ ဖြစ်ကြကုန်၏။
16قُلْ أَتُعَلِّمُونَ اللَّهَ بِدِينِكُمْ وَاللَّهُ يَعْلَمُ مَا فِي السَّمَاوَاتِ وَمَا فِي الْأَرْضِ ۚ وَاللَّهُ بِكُلِّ شَيْءٍ عَلِيمٌ
(အို-နဗီတမန်တော်)။ အသင်သည် ပြောကြားပါလေ။ (အချင်းတို့၊) အသင်တို့သည် မိမိတို့၏’ဒီန်’သာသနာကို အလ္လာဟ်အရှင်မြတ်အား အသိပေးကြ လေသလော။ စင်စစ်မှာမူကား အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်များ၌ ရှိသမျှတို့ကိုလည်းကောင်း၊ ပထဝီမြေများ၌ ရှိသမျှတို့ကိုလည်းကောင်း၊ ကောင်းစွာသိရှိတော်မူ၏။ ထိုမှတစ်ပါး အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိရှိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။
အလ်-ဟုဂျူရာ့ကုရ်အာန် ညွှန်းကိန်း
18အာယာသ်
MedinanRevelation
14အာယာသ်

ဘာသာပြန် — အလ်-ဟုဂျူရာ့ 14

စူရာ အလ်-ဟုဂျူရာ့ အာယာသ် 14 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ကျေးတောသားအရဗ်တို့က ‘ကျွန်ုပ်တို့သည်’အီမာန်’သက်ဝင်ယုံကြည်ခဲ့ကြပါပြီ’ ဟု ပြောဆိုကြကုန်၏။ (အိုနဗီတမန်တော်)အသင်သည် ပြောကြားပါလေ။ (အချင်းတို့)အသင်တို့သည် သက်ဝင်ယုံကြည်ကြသည် မရှိသေးပေ။ သို့ရာတွင်…

စူရာ အာယာသ် 14/18 — စူရာ အလ်-ဟုဂျူရာ့ الحجرات (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဟုဂျူရာ့ နားထောင်, စူရာ အလ်-ဟုဂျူရာ့ ဘာသာပြန်, စူရာ အလ်-ဟုဂျူရာ့ mp3, စူရာ အလ်-ဟုဂျူရာ့ pdf. အာယာသ် 12–16. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers