يَا أَيُّهَا النَّاسُ إِنَّا خَلَقْنَاكُم مِّن ذَكَرٍ وَأُنثَىٰ وَجَعَلْنَاكُمْ شُعُوبًا وَقَبَائِلَ لِتَعَارَفُوا ۚ إِنَّ أَكْرَمَكُمْ عِندَ اللَّهِ أَتْقَاكُمْ ۚ إِنَّ اللَّهَ عَلِيمٌ خَبِيرٌ ١٣
🔤 Transliteration
Yaaa ayyuhan naasu innaa khalaqnaakum min zakarinw wa unsaa wa ja`alnaakum shu`oobanw wa qabaaa`ila lita`aarafoo inna akramakum `indal laahi atqaakum innal laaha `Aleemun khabeer
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
အို-လူခပ်သိမ်းတို့၊ ဧကန်မလွဲ ငါအရှင်မြတ်သည် အသင်တို့အား ယောက်ျားတစ်ယောက်၊ မိန်းမ တစ်ယောက်မှ (စတင်)ဖန်ဆင်းတော်မူခဲ့၏။ ထို့ပြင် ငါအရှင်မြတ်သည် အသင်တို့အချင်းချင်း တစ်ဦးကိုတစ်ဦး ခွဲခြားသိမြင်မှတ်မိကြအံ့သောငှာ၊ လူမျိုးစုအသီးသီး မျိုးနွယ်အသွယ်သွယ် ပြုလုပ်တော်မူခဲ့၏။ ဧကန်စင်စစ် အသင်တို့အနက် (အလ္လာဟ်အရှင်မြတ်အား) အကြောက်ရွံ့ဆုံး၊ အပြစ်များမှ အများဆုံး ကြဉ်ရှောင်သောသူသည်သာလျှင် အလ္လာဟ်အရှင်မြတ် အထံတော်၌အမြင့်မြတ်ဆုံးသောသူဖြစ်၏။ စင်စစ်တစ်မူကား အလ္လာဟ်အရှင်မြတ်သည် အသိတော်မူဆုံး၊ အကြားတော်မူဆုံးအရှင် ဖြစ်တော်မူပေသတည်း။
🌐 Additional reference in ภาษาไทย
လိုအပ်သော ဝေါဟာရအနက်ဖွင့်ဆိုချက်များ شُعُوبًا (ရှူအူဗန်) — “ရှအူဗ်” ၏ အများကိန်း။ မျိုးနွယ်စုအုပ်စုကြီး၊ လူမျိုးအုပ်စုကြီးဟု ဆိုနိုင်သည်။ လူမျိုးစုတစ်ခုထက် ပိုကြီးမားသော အုပ်စုအဆင့်ကို ဆိုလိုသည်။ قَبَائِلَ (ကိုဘာအိလ) — “ကိုဘိုင်လဟ်” ၏ အများကိန်း။ မျိုးနွယ်စု၊ လူမျိုးစုခွဲဟု ဆိုနိုင်သည်။ “ရှအူဗ်” ထက် အဆင့်နိမ့်သော အုပ်စုဖြစ်သည်။ لِتَعَارَفُوا (လိတအာရဖူ) — တစ်ဦးနှင့်တစ်ဦး သိကျွမ်းရန်၊ အချင်းချင်း မှတ်မိသိရှိရန်။ أَتْقَاكُمْ (အတ်ကွာကုမ်) — သင်တို့အနက် အလ္လာဟ်အရှင်မြတ်ကို အအဲဟ်သော၊ အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ရိုသေမှု အမြင့်ဆုံးသူ။ عَلِيمٌ (အလီမ်) — အရာခပ်သိမ်းကို အသိပညာနှင့်ပြည့်စုံတော်မူသော။ خَبِيرٌ (ခဗီရ်) — အတွင်းအပြင်၊ လျှို့ဝှက်ချက်များကို အသေးစိတ်သိတော်မူသော။ အာယသ်တော်၏ အနက်အဓိပ္ပာယ် အို လူသားအားလုံးတို့၊ ဧကန်စင်စစ် ငါအရှင်မြတ်သည် သင်တို့အား ယောက်ျားတစ်ဦးနှင့် မိန်းမတစ်ဦးတည်းမှ ဖန်ဆင်းတော်မူခဲ့သည်။ ထိုသူတို့မှာ သင်တို့၏ ဖခင်ကြီး အာဒမ်နှင့် မိခင်ကြီး ဟဝါတို့ ဖြစ်ကြသည်။ ထို့ကြောင့် သင်တို့၏ မျိုးရိုးဇစ်မြစ်သည် တစ်ခုတည်းဖြစ်သည်။ မျိုးရိုးအားဖြင့် တစ်ဦးက တစ်ဦးကို ဂုဏ်ယူဝါကြွားရန် အကြောင်းမရှိပေ။
ထို့နောက် ငါအရှင်မြတ်သည် သင်တို့အား မျိုးနွယ်အုပ်စုကြီးများ၊ မျိုးနွယ်စုများအဖြစ် ကွဲပြားစေတော်မူခဲ့သည်။ ဤသို့ ကွဲပြားစေတော်မူခြင်းမှာ တစ်ဦးက တစ်ဦးကို ဂုဏ်ယူဝါကြွားရန်အတွက် မဟုတ်ဘဲ၊ တစ်ဦးနှင့်တစ်ဦး သိကျွမ်းမှတ်မိရန်၊ အချင်းချင်း အခွင့်အရေးနှင့် တာဝန်များကို သိရှိရန်အတွက်သာ ဖြစ်သည်။
ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်ထံတော်တွင် သင်တို့အနက် အဂုဏ်အသရေအကြီးမားဆုံးသူသည် အလ္လာဟ်အရှင်မြတ်အား အအဲဟ်သော၊ အရှင်မြတ်အား ကြောက်ရွံ့ရိုသေမှု အမြင့်ဆုံးသူသာ ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် သင်တို့၏ အခြေအနေအလုံးစုံကို အသိပညာနှင့်ပြည့်စုံတော်မူသော၊ သင်တို့၏ အတွင်းအပြင်၊ လျှို့ဝှက်ထားသော အရာများကိုပါ အသေးစိတ်သိတော်မူသော အရှင်ဖြစ်တော်မူသည်။
ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခ
يَٰٓأَيُّهَا ٱلنَّاسُ إِنَّا خَلَقۡنَٰكُم مِّن ذَكَرٍ وَأُنثَىٰ وَجَعَلۡنَٰكُمۡ شُعُوبًا وَقَبَآئِلَ لِتَعَارَفُوٓاْۚ إِنَّ أَكۡرَمَكُمۡ عِندَ ٱللَّهِ أَتۡقَىٰكُمۡۚ إِنَّ ٱللَّهَ عَلِيمٌ خَبِيرٌ ١٣
အို-လူခပ်သိမ်းတို့၊ ဧကန်မလွဲ ငါအရှင်မြတ်သည် အသင်တို့အား ယောက်ျားတစ်ယောက်၊ မိန်းမ တစ်ယောက်မှ (စတင်)ဖန်ဆင်းတော်မူခဲ့၏။ ထို့ပြင် ငါအရှင်မြတ်သည် အသင်တို့အချင်းချင်း တစ်ဦးကိုတစ်ဦး ခွဲခြားသိမြင်မှတ်မိကြအံ့သောငှာ၊ လူမျိုးစုအသီးသီး မျိုးနွယ်အသွယ်သွယ် ပြုလုပ်တော်မူခဲ့၏။ ဧကန်စင်စစ် အသင်တို့အနက် (အလ္လာဟ်အရှင်မြတ်အား) အကြောက်ရွံ့ဆုံး၊ အပြစ်များမှ အများဆုံး ကြဉ်ရှောင်သောသူသည်သာလျှင် အလ္လာဟ်အရှင်မြတ် အထံတော်၌အမြင့်မြတ်ဆုံးသောသူဖြစ်၏။ စင်စစ်တစ်မူကား အလ္လာဟ်အရှင်မြတ်သည် အသိတော်မူဆုံး၊ အကြားတော်မူဆုံးအရှင် ဖြစ်တော်မူပေသတည်း။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 11-15 — စူရာ အလ်-ဟုဂျူရာ့
11 يَا أَيُّهَا الَّذِينَ آمَنُوا لَا يَسْخَرْ قَوْمٌ مِّن قَوْمٍ عَسَىٰ أَن يَكُونُوا خَيْرًا مِّنْهُمْ وَلَا نِسَاءٌ مِّن نِّسَاءٍ عَسَىٰ أَن يَكُنَّ خَيْرًا مِّنْهُنَّ ۖ وَلَا تَلْمِزُوا أَنفُسَكُمْ وَلَا تَنَابَزُوا بِالْأَلْقَابِ ۖ بِئْسَ الِاسْمُ الْفُسُوقُ بَعْدَ الْإِيمَانِ ۚ وَمَن لَّمْ يَتُبْ فَأُولَٰئِكَ هُمُ الظَّالِمُونَ
အို-’မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်းတို့၊ ယောက်ျားများသည် ယောက်ျားအား သရော်သမှုမပြုရ။(အကြောင်းသော်ကား) ထို(သရော်သမှု ပြုခြင်းခံကြရသော)ယောက်ျားများသည် ထို(သရော် သောယောက်ျား)တို့ထက်ပို၍ ကောင်းမြတ်သူများ ဖြစ်တန်ကြရာကုန်၏။ ထိုနည်းတူစွာ မိန်းမများသည်လည်း မိန်းမများအား သရော်သမှုမပြုကြရ။ထို (သရော်သမှုပြုခြင်းကိုခံကြရသော)မိန်းမများသည် ထို(သရော်ကြသောမိန်းမ)များထက်ပို၍ ကောင်းမြတ်သူများ ဖြစ်တန်ကြရာကုန်၏။ ၎င်းပြင် အသင်တို့သည် မိမိတို့အချင်းချင်း တစ်ဦးကိုတစ်ဦး ငြူစူစောင်းမြောင်း ကဲ့ရဲ့ပြစ်တင်ခြင်းလည်း မပြုကြကုန်လင့်။ ထိုမှတစ်ပါး အသင်တို့သည် မိမိတို့အချင်းချင်း တစ်ဦးကိုတစ်ဦး သရော်သမှုပြုကြသော အမည်နာမများဖြင့်လည်း မှည့်ခေါ်ခြင်း မပြုကုန်လင့်။ ‘အီမာန်’သက်ဝင်ယုံကြည်ပြီးနောက် ပြစ်မှုတည်းဟူသော အမည်နာမသည် လွန်စွာဆိုးရွားလှ၏။ သို့ပါလျက် မည်သူမဆို ဝန်ချတောင်းပန်ခြင်း မပြုခဲ့သော် ယင်းကဲ့သို့ သူတို့သည်သာလျှင် မတရားသောသူများ ဖြစ်ကြပေသတည်း။
12 يَا أَيُّهَا الَّذِينَ آمَنُوا اجْتَنِبُوا كَثِيرًا مِّنَ الظَّنِّ إِنَّ بَعْضَ الظَّنِّ إِثْمٌ ۖ وَلَا تَجَسَّسُوا وَلَا يَغْتَب بَّعْضُكُم بَعْضًا ۚ أَيُحِبُّ أَحَدُكُمْ أَن يَأْكُلَ لَحْمَ أَخِيهِ مَيْتًا فَكَرِهْتُمُوهُ ۚ وَاتَّقُوا اللَّهَ ۚ إِنَّ اللَّهَ تَوَّابٌ رَّحِيمٌ
အို-’မုအ်မင်န်’သက်ဝင်ယုံကြည်သူ အပေါင်းတို့၊အသင်တို့သည် များစွာသော ထင်မြင်ယူဆချက်များမှ ကြဉ်ရှောင်ကြလေကုန်။ စင်စစ်ဧကန် အချို့သော ထင်မြင်ယူဆချက်များမှာ အပြစ်ပင်ဖြစ်ပေသည်။ ၎င်းပြင် အသင်တို့သည် (သူတစ်ပါးတို့၏ ချွတ်ယွင်းမှုများကို) ထောက်လှမ်းစူးစမ်းခြင်း မပြုကြကုန်လင့်။ ထို့ပြင် အသင်တို့အနက် တစ်ဦးသည်တစ်ဦး၏ နောက်ကွယ်၌ အတင်းပြောဆိုခြင်းကိုမပြုရ။ အသင်တို့အနက် တစ်ဦးတစ်ယောက်သည် မိမိညီအစ်ကို၏ အသေသားကို စားသုံးရန် နှစ်သက်ပါမည်လော။ စင်စစ် အသင်တို့သည် ထို(အသေသားစားခြင်း)ကို စက်ဆုပ်ကြမည်သာ။ ထိုမှတစ်ပါး အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ရိုသေကြလေကုန်။ မလွဲဧကန် အ�္လာဟ်အရှင်မြတ်သည် ဝန်ချတောင်းပန်ခြင်းကို အလွန်တရာ လက်ခံတော်မူသောအရှင်၊ အလွန်တရာ သနားကြင်နာတော်မူသောအရှင်၊ဖြစ်တော်မူပေသတည်း၊
13 يَا أَيُّهَا النَّاسُ إِنَّا خَلَقْنَاكُم مِّن ذَكَرٍ وَأُنثَىٰ وَجَعَلْنَاكُمْ شُعُوبًا وَقَبَائِلَ لِتَعَارَفُوا ۚ إِنَّ أَكْرَمَكُمْ عِندَ اللَّهِ أَتْقَاكُمْ ۚ إِنَّ اللَّهَ عَلِيمٌ خَبِيرٌ
အို-လူခပ်သိမ်းတို့၊ ဧကန်မလွဲ ငါအရှင်မြတ်သည် အသင်တို့အား ယောက်ျားတစ်ယောက်၊ မိန်းမ တစ်ယောက်မှ (စတင်)ဖန်ဆင်းတော်မူခဲ့၏။ ထို့ပြင် ငါအရှင်မြတ်သည် အသင်တို့အချင်းချင်း တစ်ဦးကိုတစ်ဦး ခွဲခြားသိမြင်မှတ်မိကြအံ့သောငှာ၊ လူမျိုးစုအသီးသီး မျိုးနွယ်အသွယ်သွယ် ပြုလုပ်တော်မူခဲ့၏။ ဧကန်စင်စစ် အသင်တို့အနက် (အလ္လာဟ်အရှင်မြတ်အား) အကြောက်ရွံ့ဆုံး၊ အပြစ်များမှ အများဆုံး ကြဉ်ရှောင်သောသူသည်သာလျှင် အလ္လာဟ်အရှင်မြတ် အထံတော်၌အမြင့်မြတ်ဆုံးသောသူဖြစ်၏။ စင်စစ်တစ်မူကား အလ္လာဟ်အရှင်မြတ်သည် အသိတော်မူဆုံး၊ အကြားတော်မူဆုံးအရှင် ဖြစ်တော်မူပေသတည်း။
14 ۞ قَالَتِ الْأَعْرَابُ آمَنَّا ۖ قُل لَّمْ تُؤْمِنُوا وَلَٰكِن قُولُوا أَسْلَمْنَا وَلَمَّا يَدْخُلِ الْإِيمَانُ فِي قُلُوبِكُمْ ۖ وَإِن تُطِيعُوا اللَّهَ وَرَسُولَهُ لَا يَلِتْكُم مِّنْ أَعْمَالِكُمْ شَيْئًا ۚ إِنَّ اللَّهَ غَفُورٌ رَّحِيمٌ
ကျေးတောသားအရဗ်တို့က ‘ကျွန်ုပ်တို့သည်’အီမာန်’သက်ဝင်ယုံကြည်ခဲ့ကြပါပြီ’ ဟု ပြောဆိုကြကုန်၏။ (အိုနဗီတမန်တော်)အသင်သည် ပြောကြားပါလေ။ (အချင်းတို့)အသင်တို့သည် သက်ဝင်ယုံကြည်ကြသည် မရှိသေးပေ။ သို့ရာတွင် ‘ကျွန်ုပ်တို့သည် အမိန့်ကိုနာခံကြပါပြီ’ ဟူ၍သာ ပြောဆိုကြလေကုန်။ စင်စစ်တမူကား ‘အီမာန်’ ယုံကြည်မှုသည်အသင်တို့၏ စိတ်နှလုံးများတွင် မဝင်သေးပေ။ သို့ရာတွင် အကယ်၍ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်၏ အမိန့်တော်များကိုလည်းကောင်း၊ (အကယ်စင်စစ်) လိုက်နာကြလျှင် ထိုအရှင်မြတ်သည် အသင်တို့၏ ကျင့်မူဆောင်ရွက်ချက်တို့အနက်မှ မည်သည့် တစုံတရာကိုမျှပင် အသင်တို့၌ လျော့နည်းစေတော်မူမည် မဟုတ်ပေ။ စင်စစ်ဧကန် အလ္လာဟ်အရှင်မြတ်သည် လွန်စွာ ခွင့်လွှတ်တော်မူသောအရှင်၊ လွန်စွာ ကရုဏာပြုတော်မူသောအရှင် ဖြစ်တော်မူ၏။
15 إِنَّمَا الْمُؤْمِنُونَ الَّذِينَ آمَنُوا بِاللَّهِ وَرَسُولِهِ ثُمَّ لَمْ يَرْتَابُوا وَجَاهَدُوا بِأَمْوَالِهِمْ وَأَنفُسِهِمْ فِي سَبِيلِ اللَّهِ ۚ أُولَٰئِكَ هُمُ الصَّادِقُونَ
ကြင်သူတို့သည်သာလျှင်(ပြည့်ဝစုံလင်သော)’မုအ်မင်န်’ သက်ဝင်ယုံကြည်သူများ ဖြစ်ကြကုန်၏။ ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်အားလည်းကောင်း၊ သက်ဝင်ယုံကြည်ခဲ့ကြသည်။ ပြီးနောက် ၎င်းတို့သည် သံသယ ဖြစ်ခဲ့ကြသည် မရှိချေ။ထိုမှတစ်ပါး ထိုသူတို့သည် မိမိတို့၏ပစ္စည်းဥစ္စာများဖြင့် လည်းကောင်း၊ မိမိတို့၏ အသက်ဇီဝိန်များဖြင့်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ သက်စွန့်ကြိုးပမ်း ဆောင်ရွက်ခဲ့ကြကုန်၏။ ထိုသူတို့သည်သာလျှင် သစ္စာဝါဒီများ ဖြစ်ကြကုန်၏။
ဘာသာပြန် — အလ်-ဟုဂျူရာ့ 13 စူရာ အလ်-ဟုဂျူရာ့ အာယာသ် 13 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အို-လူခပ်သိမ်းတို့၊ ဧကန်မလွဲ ငါအရှင်မြတ်သည် အသင်တို့အား ယောက်ျားတစ်ယောက်၊ မိန်းမ တစ်ယောက်မှ (စတင်)ဖန်ဆင်းတော်မူခဲ့၏။ ထို့ပြင် ငါအရှင်မြတ်သည်…
စူရာ အာယာသ် 13/18 — စူရာ အလ်-ဟုဂျူရာ့ الحجرات (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဟုဂျူရာ့ နားထောင်, စူရာ အလ်-ဟုဂျူရာ့ ဘာသာပြန်, စူရာ အလ်-ဟုဂျူရာ့ mp3, စူရာ အလ်-ဟုဂျူရာ့ pdf. အာယာသ် 11–15. မြန်မာဘာသာ: ภาษาไทย.