La sourate Al-Qariah en Birmane
الْقَارِعَةُ(1) ထိုဘေးကြီး ဆိုက်ရောက်ခြင်းသည် (ထိုတီးခေါက်သောအရာသည်)။ |
ထိုဘေးကြီး ဆိုက်ရောက်ခြင်းသည် (ထိုတီးခေါက်သောအရာသည်) မည်သည့်အရာနည်း။ |
စင်စစ် ထိုဘေးကြီး ဆိုက်ရောက်ခြင်းဟူသည်(ထိုတီးခေါက်သော အရာဟူသည်) မည်သည့်အရာဖြစ်သည်ကို အသင် သိပါသလော။ |
အကြင်နေ့တွင် လူတို့သည် ပြန့်ကြဲလျက်ရှိကြသော ပိုးဖလံများကဲ့သို့ ဖြစ်ကြပေမည်။ |
ထိုမှတစ်ပါး တောင်များသည် ဖတ်ပြီး အရောင်ဆိုးထားသော သိုးမွှေးကဲ့သို့ ဖြစ်ကြပေမည်။ |
ထိုအခါ အကြင်သူ၏ ချိန်စက်ခြင်းခံရသော(ကောင်းမှု)များသည် အချိန်စီးခဲ့မူ။ |
ထိုသူသည် စိတ်တိုင်းကျစည်းစိမ်၌ (မွေ့လျော်စွာ)ရှိပေမည်။ |
သို့ရာတွင် အကြင်သူ၏ ချိန်စက်ခြင်းခံရသော(ကောင်းမှု)များသည် (အချိန်မစီးဘဲ) ပေါ့၍ နေသည်ရှိသော်။ |
ထိုသူ၏ နေထိုင်ရာဌာနမှာ နက်ရှိုင်းသောငရဲတွင်းပင် ဖြစ်ပေမည်။ |
စင်စစ် ထိုငရဲတွင်းဟူသည် အဘယ်နည်းဟု အသင် သိပါသလော။ |
نَارٌ حَامِيَةٌ(11) (ထိုငရဲတွင်းမှာကား) အလျှံပြောင်ပြောင်တောက်လောင်လျက်ရှိသော (ငရဲ)မီးပင် ဖြစ်ချေသတည်း။ |
Plus de sourates en Birmane :
Téléchargez la sourate avec la voix des récitants du Coran les plus célèbres :
Téléchargez le fichier mp3 de la sourate Al-Qariah : choisissez le récitateur pour écouter et télécharger la sourate Al-Qariah complète en haute qualité.















Donnez-nous une invitation valide