La sourate Al-Adiyat en Birmane
(ငါအရှင်မြတ်သည်) မောဟိုက်သံနှင့်တကွ လျင်မြန်စွာပြေးကြသော တိုက်မြင်းများကို သက်သေထူတော်မူ၏။ |
တဖန် (ငါအရှင်မြတ်သည် မိမိတို့၏ခွာများဖြင့် ကျောက်ခဲများကို) ရိုက်ခတ်ခြင်းအားဖြင့် မီးပွားများ ထွက်စေကြသောမြင်းများကို သက်သေ ထူတော်မူ၏။ |
တဖန် (ငါအရှင်မြတ်သည်) နံနက်မိုးသောက်ချိန်၌ (ရန်သူများအား)ဝင်ရောက် တိုက်ခိုက်ကြသော မြင်းများကို သက်သေထူတော်မူ၏။ |
တဖန် (ငါအရှင်မြတ်သည်) ထိုနံနက်မိုးသောက်ချိန်၌ ဖုံများကို ထောင်းထောင်းထစေသော မြင်းများကို သက်သေထူတော်မူ၏။ |
တဖန် (ငါအရှင်မြတ်သည် ရန်သူများ၏) အုပ်စုအလယ်သို့ တရှိန်တည်းထိုးဖောက် ဝင်ရောက်ကြသောမြင်းများကို သက်သေထူတော်မူ၏။ |
ဧကန်မလွဲ လူသည် မိမိကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား ကျေးဇူးကန်းသူဖြစ်၏။ |
ထို့ပြင် ထိုလူသည် ကျေးဇူးကန်းမှုနှင့်စပ်လျဉ်း၍ မိမိကိုယ်တိုင်ပင် သက်သေဖြစ်၏။ |
ထိုမှတစ်ပါး ထိုလူသည် ဥစ္စာပစ္စည်းကို ခုံမင်စုံမက်ရာ၌ အလွန်စိတ်ထက်သန်နေသူဖြစ်၏။ (ထိုလူသည် ဥစ္စာပစ္စည်းကို အလွန်ခုံမင်သည့်အတွက် အလွန်စေးနဲသူဖြစ်၏)။ |
(ကိယာမတ်ဖြစ်သော)အခါတွင် သင်္ချိုင်းများအတွင်း၌ ရှိကြကုန်သောသူတို့သည် (ထိုသင်္ချိုင်းများကိုမှောက်လှန်၍) ထုတ်ဖော်ခြင်းခံကြရမည်ကို ထိုသူသည် မသိလေသလော။ |
၎င်းပြင် စိတ်နှလုံးများအတွင်း၌ လျှို့ဝှက်ချက်များသည် ထင်ရှားစေခြင်း ခံရမည်ကိုလည်း ထိုသူ (မသိလေသလော)။ |
မလွဲဧကန် ၎င်းတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ထိုနေ့တွင် ၎င်းတို့နှင့်ပတ်သက်၍ အလုံးစုံတို့ကို ကောင်းစွာ သိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။ |
Plus de sourates en Birmane :
Téléchargez la sourate avec la voix des récitants du Coran les plus célèbres :
Téléchargez le fichier mp3 de la sourate Al-Adiyat : choisissez le récitateur pour écouter et télécharger la sourate Al-Adiyat complète en haute qualité.















Donnez-nous une invitation valide