PDF —
17 အာယာသ် Meccan PDF
Built right in your browser — download starts automatically

စူရာ အတ်-တာရီက် pdf — ဒေါင်းလုဒ် (မြန်မာ)

စူရာ အတ်-တာရီက် pdf မြန်မာ — ဒေါင်းလုဒ် စူရာ အတ်-တာရီက် ဘာသာပြန်. စူရာ အတ်-တာရီက် (Meccan) 17 အာယာသ်.

← အလ်-ဗူရူဂျ်စူရာ အတ်-တာရီက် အလ်-အအ်လာ →


17 အာယာသ် · Meccan · မြန်မာ
bismillah
ﭑﭒﭓ
86:1 (ငါအရှင်မြတ်သည်) မိုးကောင်းကင်ကိုလည်းကောင်း၊ ညဉ့်အချိန်၌ သွားလာသောအရာကိုလည်းကောင်း၊ သက်သေထူတော်မူ၏။
ﭔﭕﭖﭗﭘ
86:2 စင်စစ် ညဉ့်အချိန်၌လာသောအရာကား မည်သည့်အရာနည်းဟု အသင် သိပါသလော။
ﭙﭚﭛ
86:3 ယင်းသည် (ထွင်းဖောက်)လင်းဝင်းတောက်ပသော ကြယ်တာရာပင်။
ﭜﭝﭞﭟﭠﭡﭢ
86:4 လူတိုင်းလူတိုင်း၌ ထိန်းသိမ်းစောင့်ရှောက်သူ(ကောင်းကင်တမန်)တစ်ဦးစီ ရှိပေသည်။
ﭣﭤﭥﭦﭧ
86:5 သို့ဖြစ်ပေရာ လူသားသည် မည်သည့်အရာမှ မိမိ ဖန်ဆင်းခြင်းခံခဲ့ရသည်ကို ကြည့်ရှုရပေမည်။
ﭨﭩﭪﭫﭬ
86:6 ထိုလူသားသည် ပန်း၍ထွက်သောအရည်မှ ဖန်ဆင်းခြင်းကို ခံခဲ့ရလေသည်။
ﭭﭮﭯﭰﭱﭲ
86:7 ထိုအရည်သည် ကျောရိုးနှင့် ရင်ရိုးများ၏အကြားမှ (ဝါ-တစ်ကိုယ်လုံးမှ) ထွက်လေသည်။
ﭳﭴﭵﭶﭷ
86:8 ဧကန်မလွဲ ထိုအရှင်မြတ်သည် ထိုလူသားအား အမှန်ပင် ရှင်ပြန်ထစေတော်မူနိုင်သော အရှင်မြတ်ပင် ဖြစ်တော်မူ၏။
ﭸﭹﭺﭻ
86:9 လျှို့ဝှက်ချက်များ စစ်ဆေးစူးစမ်းခြင်း ခံရသောနေ့တွင်။
ﭼﭽﭾﭿﮀﮁﮂ
86:10 ထိုလူသား၌ မည်သည့် စွမ်းအင်မျှလည်း ရှိလိမ့်မည်မဟုတ်၊ ကူညီစောင်မမည့်သူ ဟူ၍လည်း တစ်ဦးတစ်ယောက်မျှပင် ရှိလိမ့်မည်မဟုတ် ပေတကား။
ﮃﮄﮅﮆ
86:11 (ငါအရှင်မြတ်သည်) မိုးရေရွာသွန်းသော မိုးကောင်းကင်ကို သက်သေထူတော်မူ၏။
ﮇﮈﮉﮊ
86:12 ၎င်းပြင် (ငါအရှင်မြတ်သည်) (သီးနှံထွက်ချိန်တွင်) အက်ကွဲသောပထဝီမြေကို သက်သေထူတော်မူ၏။
ﮋﮌﮍﮎ
86:13 ဧကန်မလွဲ ဤ(ကုရ်အာန်ကျမ်းတော်မြတ်)သည် အပြီးအပြတ်စကားပင် ဖြစ်ပေသည်။ (တိကျ ပြတ်သားသော အဆုံးအဖြတ်ပင် ဖြစ်ပေသည်။)
ﮏﮐﮑﮒ
86:14 ၎င်းပြင် ထိုစကားသည် ထို(ကုရ်အာန်ကျမ်းတော်မြတ်)သည် ကရော်ကမည် ပြောဆိုသောစကား မဟုတ်ပြီ။
ﮓﮔﮕﮖ
86:15 ဧကန်စင်စစ် ထို("ကာဖိရ်"သွေဖည်ငြင်းပယ်သော)သူတို့သည် အကြံအစည် အမျိုးမျိုးကို ကြံစည်လျက် ရှိကြကုန်၏။
ﮗﮘﮙ
86:16 ငါအရှင်မြတ်သည်လည်း အကြံအစည်အမျိုးမျိုးကို ကြံစည်လျက် ရှိတော်မူ၏။
ﮚﮛﮜﮝﮞ
86:17 သို့ဖြစ်ပေရာ (အို-နဗီတမန်တော်) အသင်သည် "ကာဖိရ်" သွေဖည်ငြင်းပယ်သောသူတို့အား ရွှေ့ဆိုင်းခွင့်ပေးပါလေ။ အသင်သည် ၎င်းတို့အား မသိမသာ အချိန်ဆွဲ၍ ထားပါလေ။ (ခေတ္တ လန်စမ်းထားပါလေ။)

ကုရ်အာန်ကျမ်း


Wednesday, September 9, 2026

Don't forget us in your sincere prayers