အတ်-တာရီက် စူရာ အာရဗ်ဘာသာ နှင့် မြန်မာ

အတ်-တာရီက် စူရာကို မြန်မာဘာသာပြန် ပြည့်စုံစွာ နှင့် အသံ တိလာဝတ် နှင့် ဖတ်ပါ။ (17 အာယာသ် — مكية). အတ်-တာရီက် နားထောင်, အတ်-တာရီက် ဘာသာပြန်, အတ်-တာရီက် mp3, အတ်-တာရီက် pdf.

အတ်-တာရီက် စူရာ ဖတ်ရှူ နှင့် နားထောင်

🎧 အာယာသ်
M Mishary Rashid Alafasy
M Mahmoud Khalil Al-Husary
A Abdurrahman As-Sudais
M Mohamed Siddiq Al-Minshawi
A Abdul Basit Abdul Samad
A Ali Al-Hudhaify
A Ahmed ibn Ali al-Ajamy
A Abu Bakr Ash-Shaatree
M Muhammad Ayyoub
A Abdullah Basfar
A Abdullah Al-Juhani
M Maher Al Muaiqly
x1
وَالسَّمَاءِ وَالطَّارِقِ ۝١
📖 ဘာသာပြန် အာယာသ် 1
(ငါအရှင်မြတ်သည်) မိုးကောင်းကင်ကိုလည်းကောင်း၊ ညဉ့်အချိန်၌ သွားလာသောအရာကိုလည်းကောင်း၊ သက်သေထူတော်မူ၏။
وَمَا أَدْرَاكَ مَا الطَّارِقُ ۝٢
📖 ဘာသာပြန် အာယာသ် 2
စင်စစ် ညဉ့်အချိန်၌လာသောအရာကား မည်သည့်အရာနည်းဟု အသင် သိပါသလော။
النَّجْمُ الثَّاقِبُ ۝٣
📖 ဘာသာပြန် အာယာသ် 3
ယင်းသည် (ထွင်းဖောက်)လင်းဝင်းတောက်ပသော ကြယ်တာရာပင်။
إِن كُلُّ نَفْسٍ لَّمَّا عَلَيْهَا حَافِظٌ ۝٤
📖 ဘာသာပြန် အာယာသ် 4
လူတိုင်းလူတိုင်း၌ ထိန်းသိမ်းစောင့်ရှောက်သူ(ကောင်းကင်တမန်)တစ်ဦးစီ ရှိပေသည်။
فَلْيَنظُرِ الْإِنسَانُ مِمَّ خُلِقَ ۝٥
📖 ဘာသာပြန် အာယာသ် 5
သို့ဖြစ်ပေရာ လူသားသည် မည်သည့်အရာမှ မိမိ ဖန်ဆင်းခြင်းခံခဲ့ရသည်ကို ကြည့်ရှုရပေမည်။
خُلِقَ مِن مَّاءٍ دَافِقٍ ۝٦
📖 ဘာသာပြန် အာယာသ် 6
ထိုလူသားသည် ပန်း၍ထွက်သောအရည်မှ ဖန်ဆင်းခြင်းကို ခံခဲ့ရလေသည်။
يَخْرُجُ مِن بَيْنِ الصُّلْبِ وَالتَّرَائِبِ ۝٧
📖 ဘာသာပြန် အာယာသ် 7
ထိုအရည်သည် ကျောရိုးနှင့် ရင်ရိုးများ၏အကြားမှ (ဝါ-တစ်ကိုယ်လုံးမှ) ထွက်လေသည်။
إِنَّهُ عَلَىٰ رَجْعِهِ لَقَادِرٌ ۝٨
📖 ဘာသာပြန် အာယာသ် 8
ဧကန်မလွဲ ထိုအရှင်မြတ်သည် ထိုလူသားအား အမှန်ပင် ရှင်ပြန်ထစေတော်မူနိုင်သော အရှင်မြတ်ပင် ဖြစ်တော်မူ၏။
يَوْمَ تُبْلَى السَّرَائِرُ ۝٩
📖 ဘာသာပြန် အာယာသ် 9
လျှို့ဝှက်ချက်များ စစ်ဆေးစူးစမ်းခြင်း ခံရသောနေ့တွင်။
فَمَا لَهُ مِن قُوَّةٍ وَلَا نَاصِرٍ ۝١٠
📖 ဘာသာပြန် အာယာသ် 10
ထိုလူသား၌ မည်သည့် စွမ်းအင်မျှလည်း ရှိလိမ့်မည်မဟုတ်၊ ကူညီစောင်မမည့်သူ ဟူ၍လည်း တစ်ဦးတစ်ယောက်မျှပင် ရှိလိမ့်မည်မဟုတ် ပေတကား။
وَالسَّمَاءِ ذَاتِ الرَّجْعِ ۝١١
📖 ဘာသာပြန် အာယာသ် 11
(ငါအရှင်မြတ်သည်) မိုးရေရွာသွန်းသော မိုးကောင်းကင်ကို သက်သေထူတော်မူ၏။
وَالْأَرْضِ ذَاتِ الصَّدْعِ ۝١٢
📖 ဘာသာပြန် အာယာသ် 12
၎င်းပြင် (ငါအရှင်မြတ်သည်) (သီးနှံထွက်ချိန်တွင်) အက်ကွဲသောပထဝီမြေကို သက်သေထူတော်မူ၏။
إِنَّهُ لَقَوْلٌ فَصْلٌ ۝١٣
📖 ဘာသာပြန် အာယာသ် 13
ဧကန်မလွဲ ဤ(ကုရ်အာန်ကျမ်းတော်မြတ်)သည် အပြီးအပြတ်စကားပင် ဖြစ်ပေသည်။ (တိကျ ပြတ်သားသော အဆုံးအဖြတ်ပင် ဖြစ်ပေသည်။)
وَمَا هُوَ بِالْهَزْلِ ۝١٤
📖 ဘာသာပြန် အာယာသ် 14
၎င်းပြင် ထိုစကားသည် ထို(ကုရ်အာန်ကျမ်းတော်မြတ်)သည် ကရော်ကမည် ပြောဆိုသောစကား မဟုတ်ပြီ။
إِنَّهُمْ يَكِيدُونَ كَيْدًا ۝١٥
📖 ဘာသာပြန် အာယာသ် 15
ဧကန်စင်စစ် ထို("ကာဖိရ်"သွေဖည်ငြင်းပယ်သော)သူတို့သည် အကြံအစည် အမျိုးမျိုးကို ကြံစည်လျက် ရှိကြကုန်၏။
وَأَكِيدُ كَيْدًا ۝١٦
📖 ဘာသာပြန် အာယာသ် 16
ငါအရှင်မြတ်သည်လည်း အကြံအစည်အမျိုးမျိုးကို ကြံစည်လျက် ရှိတော်မူ၏။
فَمَهِّلِ الْكَافِرِينَ أَمْهِلْهُمْ رُوَيْدًا ۝١٧
📖 ဘာသာပြန် အာယာသ် 17
သို့ဖြစ်ပေရာ (အို-နဗီတမန်တော်) အသင်သည် "ကာဖိရ်" သွေဖည်ငြင်းပယ်သောသူတို့အား ရွှေ့ဆိုင်းခွင့်ပေးပါလေ။ အသင်သည် ၎င်းတို့အား မသိမသာ အချိန်ဆွဲ၍ ထားပါလေ။ (ခေတ္တ လန်စမ်းထားပါလေ။)
← 85 အတ်-တာရီက် (86/114) 87 →
ဖတ်ရန် အတ်-တာရီက် စူရာ မြန်မာဘာသာ – ဘာသာပြန် နှင့် အသံ

86الطارق At-Tariq 📚 17 အာယာသ် مكية

အာယာသ် တစ်ခုချင်း – အတ်-တာရီက် စူရာ — 17 အာယာသ်




ကုရ်အာန်ကျမ်း


Tuesday, August 18, 2026

Don't forget us in your sincere prayers