အလ်-ဗကရ · 176/286
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ဗကရ
ذَٰلِكَ بِأَنَّ اللَّهَ نَزَّلَ الْكِتَابَ بِالْحَقِّ ۗ وَإِنَّ الَّذِينَ اخْتَلَفُوا فِي الْكِتَابِ لَفِي شِقَاقٍ بَعِيدٍ ۝١٧٦
Zaalika bi annal laaha nazzalal kitaaba bilhaqq; wa innal lazeenakh talafoo fil kitaabi lafee shiqaaqim ba`eed
📖 မြန်မာဘာသာ
ဤကဲ့သို့ (အပြစ်ဒဏ်များ ခံစားကြရမည့်) အကြောင်းမှာကား၊ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မှန်ကန်သော ဒေသနာများနှင့်တကွ ကျမ်းတော်မြတ်ကို ချပေး သနားတော်မူခဲ့သော်လည်း (ယင်း) ကျမ်းတော်မြတ်နှင့် စပ်လျဉ်း၍ သဘောကွဲလွဲ ကြသူတို့သည် မှန်သောတရားတော်မှ (အလွန်တရာမျှ) ဝေးကွာလှသော ကွဲပြားမှု၌ ဧကန်အမှန် ရောက်ရှိ ကြလေပြီ။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ခက်ခဲသောဝေါဟာရများ၏အဓိပ္ပာယ်
  • ذَٰلِكَ (ဇာလိက) — ထိုအရာ၊ ထိုပြစ်ဒဏ်
  • الْكِتَابَ (အလ်ကီတာဗ) — ကျမ်းတော်၊ အလ္လာဟ်အရှင်မြတ် ချမှတ်ပေးအပ်တော်မူသော ကျမ်းများ
  • بِالْحَقِّ (ဗိလ်ဟက္က်) — အမှန်တရားနှင့်တကွ၊ သံသယကင်းသော အမှန်တရားဖြင့်
  • اخْتَلَفُوا (အိခ်သလဖူ) — ကွဲလွဲခဲ့ကြသည်၊ သဘောထားကွဲပြားခဲ့ကြသည်
  • شِقَاقٍ (ရှိကာက်) — ကွဲပြားမှု၊ သဘောထားကွဲလွဲမှု၊ ရန်ဖြစ်မှု
  • بَعِيدٍ (ဗအီးဒ်) — အလွန်ဝေးကွာသော၊ ဝေးကွာလှသော
  1. အာယသ်တော်၏အနက်ဖွင့်ဆိုချက်

ဤပြစ်ဒဏ်သည် အလ္လာဟ်အရှင်မြတ်သည် ကျမ်းတော်များကို အမှန်တရားနှင့်တကွ ချမှတ်ပေးအပ်တော်မူခဲ့သောကြောင့် ဖြစ်သည်။ ထိုကျမ်းတော်များသည် သံသယကင်းမဲ့ပြီး ကွဲလွဲမှုမရှိသော အမှန်တရားကို ဖော်ပြထားသည်။ သို့သော် လူအချို့သည် ထိုကျမ်းတော်များကို ကွဲလွဲစွာ သဘောထားကြပြီး အချို့ကို လက်ခံကာ အချို့ကို ငြင်းပယ်ကြသည်။ ထိုသို့ ကျမ်းတော်နှင့်ပတ်သက်၍ ကွဲလွဲခဲ့ကြသူများသည် အမှန်တရားနှင့် လမ်းညွှန်မှုမှ အလွန်ဝေးကွာသော ကွဲပြားမှုနှင့် ရန်ဖြစ်မှုထဲတွင် ရှိနေကြသည်။ သူတို့သည် ကျမ်းတော်ကို အချို့လက်ခံ အချို့ငြင်းပယ်ခြင်းဖြင့် တရားလမ်းမှ ဝေးကွာသွားကြသည်။ အမှန်မှာ ကျမ်းတော်သည် ရှင်းလင်းပြတ်သားသော အမှန်တရားဖြစ်ပြီး ထိုအမှန်တရားကို ဖုံးကွယ်ထားခြင်းသည် ကြီးလေးသော အမှားဖြစ်သည်။ ထို့ကြောင့် ကျမ်းတော်ကို လက်ခံသူများသည် ထိုကျမ်းတော်၏ အမှန်တရားအတိုင်း လိုက်နာရမည်ဖြစ်ပြီး ကွဲလွဲမှုများ ဖန်တီးခြင်းမှ ရှောင်ကြဉ်ရမည်။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများ
  • အလ္လာဟ်အရှင်မြတ်သည် ကျမ်းတော်များကို အမှန်တရားနှင့်တကွ ချမှတ်ပေးအပ်တော်မူခဲ့သည်။ ထိုကျမ်းတော်များသည် လူသားတို့အတွက် လမ်းညွှန်မှုနှင့် အလင်းရောင်ဖြစ်သည်။
  • ကျမ်းတော်ကို ကွဲလွဲစွာ သဘောထားခြင်း၊ အချို့လက်ခံ အချို့ငြင်းပယ်ခြင်းသည် အမှန်တရားနှင့် ဝေးကွာသော လမ်းမှားသို့ ရောက်စေသည်။
  • အစ္စလာမ်သည် ကျမ်းတော်အားလုံးကို လက်ခံယုံကြည်ရန် သွန်သင်ပေးသည်။ ကျမ်းတော်များကို ကွဲလွဲစွာ မသဘောထားဘဲ တစ်ညီတစ်ညွတ်တည်း လက်ခံခြင်းသည် မှန်ကန်သော လမ်းဖြစ်သည်။
  • ကျမ်းတော်၏ အမှန်တရားကို ဖုံးကွယ်ထားခြင်းသည် ကြီးလေးသော အပြစ်ဖြစ


📜 အာယာသ် 174-178 — စူရာ အလ်-ဗကရ

174إِنَّ الَّذِينَ يَكْتُمُونَ مَا أَنزَلَ اللَّهُ مِنَ الْكِتَابِ وَيَشْتَرُونَ بِهِ ثَمَنًا قَلِيلًا ۙ أُولَٰئِكَ مَا يَأْكُلُونَ فِي بُطُونِهِمْ إِلَّا النَّارَ وَلَا يُكَلِّمُهُمُ اللَّهُ يَوْمَ الْقِيَامَةِ وَلَا يُزَكِّيهِمْ وَلَهُمْ عَذَابٌ أَلِيمٌ
အလ္လာဟ်အရှင်မြတ် ထုတ်ပြန်ချမှတ်တော်မူ သောကျမ်းဂန်လာ တရားဒေသနာအနည်းငယ်မျှသော အဖိုး အခဖြင့် လဲလှယ်ရောင်းချစားသုံးသောသူများသည် မိမိတို့၏ ဝမ်းတွင်း သို့ အခြား (တစ်စုံတစ်ရာ) စားသုံးကြသည်မမည်။ စင်စစ် အားဖြင့် မီးကိုသာ စားသုံးရာမည်ချေသည်။ အလ္လာဟ် အရှင်မြတ်သည် ရှင်ပြန်ထမည့်နေ့တွင် ထိုသူများအား (ချိုအေးသောစကားကို) ပြောကြားတော်မူမည် လည်းမဟုတ်၊ ထိုသူတို့အား (အပြစ်ဒုစရိုက်မှုများမှ) သန့်ရှင်းစေတော်မူမည် လည်းမဟုတ်၊ ထို့ပြင်တဝ ယင်းသူတို့ခံစားရန် ပြင်းပြ နာကျင်စေသော အပြစ်ဒဏ်လည်း အသင့်ရှိပေသတည်း။
175أُولَٰئِكَ الَّذِينَ اشْتَرَوُا الضَّلَالَةَ بِالْهُدَىٰ وَالْعَذَابَ بِالْمَغْفِرَةِ ۚ فَمَا أَصْبَرَهُمْ عَلَى النَّارِ
(ဤဘဝတွင်)လမ်းမှားကို လမ်းမှန်ဖြင်လည်းကောင်း၊ ပြစ်ဒဏ်ကို လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လည်းကောင်း၊ လဲလှယ်ဝယ်ယူသူများသည် ဤသူများပင်တည်း၊ ယင်းသူတို့သည် အဘယ်နည်းဖြင့် ငရဲမီး၏ဒဏ်ကို ခံဝံ့ကြပါဘိသနည်း။
176ذَٰلِكَ بِأَنَّ اللَّهَ نَزَّلَ الْكِتَابَ بِالْحَقِّ ۗ وَإِنَّ الَّذِينَ اخْتَلَفُوا فِي الْكِتَابِ لَفِي شِقَاقٍ بَعِيدٍ
ဤကဲ့သို့ (အပြစ်ဒဏ်များ ခံစားကြရမည့်) အကြောင်းမှာကား၊ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မှန်ကန်သော ဒေသနာများနှင့်တကွ ကျမ်းတော်မြတ်ကို ချပေး သနားတော်မူခဲ့သော်လည်း (ယင်း) ကျမ်းတော်မြတ်နှင့် စပ်လျဉ်း၍ သဘောကွဲလွဲ ကြသူတို့သည် မှန်သောတရားတော်မှ (အလွန်တရာမျှ) ဝေးကွာလှသော ကွဲပြားမှု၌ ဧကန်အမှန် ရောက်ရှိ ကြလေပြီ။
177۞ لَّيْسَ الْبِرَّ أَن تُوَلُّوا وُجُوهَكُمْ قِبَلَ الْمَشْرِقِ وَالْمَغْرِبِ وَلَٰكِنَّ الْبِرَّ مَنْ آمَنَ بِاللَّهِ وَالْيَوْمِ الْآخِرِ وَالْمَلَائِكَةِ وَالْكِتَابِ وَالنَّبِيِّينَ وَآتَى الْمَالَ عَلَىٰ حُبِّهِ ذَوِي الْقُرْبَىٰ وَالْيَتَامَىٰ وَالْمَسَاكِينَ وَابْنَ السَّبِيلِ وَالسَّائِلِينَ وَفِي الرِّقَابِ وَأَقَامَ الصَّلَاةَ وَآتَى الزَّكَاةَ وَالْمُوفُونَ بِعَهْدِهِمْ إِذَا عَاهَدُوا ۖ وَالصَّابِرِينَ فِي الْبَأْسَاءِ وَالضَّرَّاءِ وَحِينَ الْبَأْسِ ۗ أُولَٰئِكَ الَّذِينَ صَدَقُوا ۖ وَأُولَٰئِكَ هُمُ الْمُتَّقُونَ
အရှေ့အရပ်ဘက်သို့ သော်လည်းကောင်း၊ အနောက် အရပ်ဘက်သို့ သော်လည်းကောင်း မျက်နှာမူခြင်း သည် (သာလျှင်) အသင်တို့အဘို့ ကောင်းမြတ်သော အကျင့် သီလ မဟုတ်သေးပေ။ ကောင်းမြတ်သော သီလရှိသူ သီလဝန် ဂုဏဝန်တို့ ဟူသည်ကား အလ္လာဟ်အရှင်မြတ်ကိုလည်းကောင်း၊ နောက် ဆုံးနေ့ကိုလည်းကောင်း၊ ကောင်းကင်တမန်များကို လည်းကောင်း၊ (အလ္လာဟ်အရှင်မြတ်ထံမှကျရောက်သော) ကျမ်းဂန်များကိုလည်းကောင်း၊ နဗီတမန်တော် များကိုလည်း ကောင်း၊ ယုံကြည်မြတ်နိုးကြသော သူများတည်း။ ၎င်းပြင် ယင်းသူတို့သည် မိမိတို့၏ ဥစ္စာ ပစ္စည်းများကို စုံမက်နှစ်သက် ပါလျက်နှင့်ပင် (တနည်း အလ္လာဟ်အရှင်မြတ်ကို ကြည်ညို မြတ်နိုး ကြ၍) ဆွေမျိုးညာတကာများအား လည်းကောင်း၊ မိသက်ဆိုး ဖသက်ဆိုးများအား လည်းကောင်း၊ အထီးကျန်သူဆင်းရဲများအား လည်းကောင်း၊ ခရီးသည်များအား လည်းကောင်း၊ ဖုန်းတောင်းယာစကာများအား လည်းကောင်း၊ ကြေးကျွန်များကို ကျွန်ဘဝမှ လွတ်မြောက်စေရာ၌ လည်းကောင်း၊ ပေးကမ်းလှူဒါန်း စွန့်ကြဲကြ၏။ ထို့ပြင် ယင်းသူတို့သည် ဆွလာတ် ဝတ်ပြုကြ၏။ ဇကာတ် တရားဝင်ဒါနကြေးကိုလည်း ပေးလှူကြ၏။ ယင်းသူတို့သည် ကတိပြုသောအခါ၌ မိမိတို့၏ ပဋိညာဉ် ဝန်ခံချက်များကို အတည်ပြုကြ၏။ ဆင်းရဲ ဒုက္ခကျ ရောက်သည့်အခါ၌ လည်းကောင်း၊ ရောဂါဘယ ဖိစီးသည့် အခါ၌ လည်းကောင်း၊ စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်သည့် အခါ၌ လည်းကောင်း၊ ခန္တီပါရမီကို ခိုင်မြဲ စွာ စောင့်စည်းကြ၏။ ဤ တရားများကို လိုက်နာကျင့်သုံးသော သူမွန် သူမြတ်များ သည်သာလျှင် သစ္စာဝါဒီများ ဖြစ်ကြကုန်၏။ ဤသူမွန် သူမြတ် တို့သည်သာလျှင် (အလ္လာဟ်အရှင်မြတ်ကို) ကြောက်ရွံ့ရိုသေ မြတ်နိုးသော သီလဝန် ဂုဏဝန်များ ဖြစ်ကြကုန်၏။
178يَا أَيُّهَا الَّذِينَ آمَنُوا كُتِبَ عَلَيْكُمُ الْقِصَاصُ فِي الْقَتْلَى ۖ الْحُرُّ بِالْحُرِّ وَالْعَبْدُ بِالْعَبْدِ وَالْأُنثَىٰ بِالْأُنثَىٰ ۚ فَمَنْ عُفِيَ لَهُ مِنْ أَخِيهِ شَيْءٌ فَاتِّبَاعٌ بِالْمَعْرُوفِ وَأَدَاءٌ إِلَيْهِ بِإِحْسَانٍ ۗ ذَٰلِكَ تَخْفِيفٌ مِّن رَّبِّكُمْ وَرَحْمَةٌ ۗ فَمَنِ اعْتَدَىٰ بَعْدَ ذَٰلِكَ فَلَهُ عَذَابٌ أَلِيمٌ
အို-အီမန် ယုံကြည်ခြင်းသက်ဝင် ယုံကြည် သူအပေါင်းတို့၊ အသင်တို့အပေါ်၌ မတရား သတ်ဖြတ်ခြင်း ခံကြရသူတို့ နှင့် စပ်လျဉ်း၍ (အလ္လာဟ်အရှင်မြတ်၏ အထံ တော်မှ) လက်စားချေရန်(ဥပဒေကို) ပြဋ္ဌာန်း အတည်ပြုထားတော်မူလေပြီ။ (ပြဋ္ဌာန်း ချက်မှာ) လွတ်လပ်သော သူကောင်း သည်၊ လွတ်လပ်သော သောသူများ သူကောင်း၏အစား၊ ကြေးကျွန်သည် ကြေးကျွန်၏အစား၊ မိန်းမသည် မိန်းမ၏အစား (သေဒဏ်ခံရပေမည်)။ သို့ပင်တစေ အကြင်သူသည် မိမိ၏ညီ သားအစ်ကိုဖြစ်သော သေသူ၏ အမွေဆိုင် တို့ဘက်မှ (လျော် ကြေးပေးလျှင် ကျေအေး မည်ဟု) ခွင့်လွှတ်ခြင်းခံရပါမူ (အမွေ စားအမွေခံတို့အဘို့မှာ ထိုလျော် ကြေးငွေကို) ယဉ်ကျေး သိမ်မွေ့စွာဖြင့် တောင်းဆိုရမည်။ (ယင်းလက် သည်အဖို့ မှာလည်း ထိုသူတို့တောင်း ဆိုသည့် အတိုင်း) သာယာချေငံ သော နည်းဖြင့် ပေးဆပ်ရမည်၊။ ဤသည်ကား အသင် တို့အား မွေးမြူတော်မူသော အရှင်မြတ် ၏အထံ တော်မှ သေစား သေစေခြင်းဒဏ်မှ သက်သာစေခြင်း နှင့် ကရုဏာ တော်သက် ရောက်စေခြင်းပင် ဖြစ်လေသည်။ (သို့သော်) ထို (ဥပဒေ စည်းမျဉ်း ပြဋ္ဌာန်း ပြီးသည့်) နောက် မည်သူမဆို (ထိုစည်း မျဉ်းဥပဒေကို ဖောက်ဖျက်) ကျူးလွန်ပါလျှင် ထိုသူအဘို့ (နောင် တမလွန်ဘဝတွင်) အလွန်ပြင်းပြနာကျင်ဘွယ်ရာ သောအပြစ်ဒဏ်သည် ရှိလတ္တံ့။
အလ်-ဗကရကုရ်အာန် ညွှန်းကိန်း
286အာယာသ်
MedinanRevelation
176အာယာသ်

ဘာသာပြန် — အလ်-ဗကရ 176

စူရာ အလ်-ဗကရ အာယာသ် 176 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ဤကဲ့သို့ (အပြစ်ဒဏ်များ ခံစားကြရမည့်) အကြောင်းမှာကား၊ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မှန်ကန်သော ဒေသနာများနှင့်တကွ ကျမ်းတော်မြတ်ကို ချပေး…

စူရာ အာယာသ် 176/286 — စူရာ အလ်-ဗကရ البقرة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဗကရ နားထောင်, စူရာ အလ်-ဗကရ ဘာသာပြန်, စူရာ အလ်-ဗကရ mp3, စူရာ အလ်-ဗကရ pdf. အာယာသ် 174–178. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Monday, October 19, 2026

Don't forget us in your sincere prayers