အန်-နူရ် · 29/64
ဘာသာပြန် အသံနိုင်ငံ — စူရာ အန်-နူရ်
لَّيْسَ عَلَيْكُمْ جُنَاحٌ أَن تَدْخُلُوا بُيُوتًا غَيْرَ مَسْكُونَةٍ فِيهَا مَتَاعٌ لَّكُمْ ۚ وَاللَّهُ يَعْلَمُ مَا تُبْدُونَ وَمَا تَكْتُمُونَ ۝٢٩
Laisa `alaikum junaahun ann tadkhuloo buyootan ghaira maskoonatin feeha mataa`ul lakum; wallaahu ya`lamu maa tubdoona wa maa taktumoon
📖 မြန်မာဘာသာ
အသင်တို့သည် လူမနေသောအိမ်များတွင် အသင်တို့၏ (ကိုယ်ရေးကိုယ်တာ) အကျိုးကျေးဇူး ဥစ္စာပစ္စည်း တစ်စုံတစ်ရာရှိ၍ ထိုအိမ်များအတွင်းသို့ ဝင်ရောက်ခဲ့ကြသော် အသင်တို့၌ မည်သို့မျှအပြစ်မရှိချေ။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ထင်ရှားစေကြသော ကိစ္စများကို လည်းကောင်း၊ အသင်တို့ လျှို့ဝှက်သောကိစ္စများကိုလည်းကောင်း၊ ကောင်းစွာ သိရှိတော်မူပေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္ဘာ့ကျမ်းတော်မြတ်ကုရ်အာန်၏ အန်-နူရ် စူရာဟ် (၂၄) အာယသ် (၂၉) ကို ရှင်းလင်းတင်ပြပါမည်။

အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ:

  • جُنَاحٌ (ဂျုနာဟွန်): အပြစ်၊ ဒုစရိုက်၊ တားမြစ်ချက် ဟု အဓိပ္ပာယ်ရသည်။
  • بُيُوتًا غَيْرَ مَسْكُونَةٍ (ဘုယူတန် ဂိုင်ရာ မတ်စ်ကူနဟ်): လူနေထိုင်ရန် မဟုတ်သော အိမ်များ၊ အများသုံး အဆောက်အအုံများ ဖြစ်သည်။
  • مَتَاعٌ (မသာအွန်): အကျိုးအမြတ်၊ အသုံးအဆောင်၊ လိုအပ်ချက် ဖြစ်သည်။
  • مَا تُبْدُونَ (မာ တွဗ်ဒူန): သင်တို့ ထင်ရှားစွာ ပြုလုပ်သော အရာများ။
  • مَا تَكْتُمُونَ (မာ တက်သမူန): သင်တို့ လျှို့ဝှက်ထားသော အရာများ။
  1. အာယသ်တော်၏ အဓိပ္ပာယ် ရှင်းလင်းချက်:

အလ္လာဟ်အရှင်မြတ်သည် မုအ်မင်န်များအား ဤသို့ မိန့်တော်မူသည်။ လူနေထိုင်ရန် မဟုတ်သော၊ အများသုံးအတွက် ဖွင့်လှစ်ထားသော အိမ်များ၊ အဆောက်အအုံများထဲသို့ ခွင့်ပြုချက် မတောင်းဘဲ ဝင်ရောက်ခြင်းသည် သင်တို့အပေါ် အပြစ်မရှိပေ။ ထိုနေရာများတွင် သင်တို့အတွက် အကျိုးအမြတ်များ၊ လိုအပ်ချက်များ ရှိသောကြောင့် ဖြစ်သည်။ ဥပမာ - ဈေးဆိုင်များ၊ စာကြည့်တိုက်များ၊ ခရီးသွားများ အနားယူရာ နေရာများ၊ အများပြည်သူ သုံးစွဲရန် စီစဉ်ထားသော နေရာများ ဖြစ်သည်။ ထိုသို့သော နေရာများတွင် ခွင့်ပြုချက် တောင်းခြင်းသည် ခက်ခဲမှုများ ဖြစ်ပေါ်စေနိုင်သည်။ သို့သော် အလ္လာဟ်အရှင်မြတ်သည် သင်တို့ ထင်ရှားစွာ ပြုလုပ်သော အရာများကိုလည်းကောင်း၊ လျှို့ဝှက်ထားသော အရာများကိုလည်းကောင်း အကြွင်းမဲ့ သိရှိတော်မူသည်။ ထို့ကြောင့် ထိုနေရာများသို့ ဝင်ရောက်ရာတွင် မကောင်းသော ရည်ရွယ်ချက်ဖြင့် ဝင်ရောက်ခြင်း၊ သူတစ်ပါး၏ ကိုယ်ရေးကိုယ်တာ လျှို့ဝှက်ချက်များကို စူးစမ်းခြင်းများ မပြုလုပ်ရန် သတိပေးတော်မူသည်။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် အစ္စလာမ်ဘာသာကို ချစ်မြတ်နိုးစေသော သင်ခန်းစာများ:
  • အစ္စလာမ်ဘာသာသည် လူသားများ၏ နေ့စဉ်ဘဝတွင် လွယ်ကူချောမွေ့စေရန် သွန်သင်ချက်များ ပေးအပ်ထားသည်။ အများသုံး နေရာများတွင် ခွင့်ပြုချက် တောင်းရန် မလိုအပ်ခြင်းသည် ဘာသာတရား၏ လွယ်ကူမှုကို ပြသသည်။
  • အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းကို သိရှိတော်မူသည်။ ထို့ကြောင့် မည်သည့်န


📜 အာယာသ် 27-31 — စူရာ အန်-နူရ်

27يَا أَيُّهَا الَّذِينَ آمَنُوا لَا تَدْخُلُوا بُيُوتًا غَيْرَ بُيُوتِكُمْ حَتَّىٰ تَسْتَأْنِسُوا وَتُسَلِّمُوا عَلَىٰ أَهْلِهَا ۚ ذَٰلِكُمْ خَيْرٌ لَّكُمْ لَعَلَّكُمْ تَذَكَّرُونَ
အို-’မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်းတို၊ အသင်တို့သည် မိမိတို့အိမ်များမှတစ်ပါး အခြားအိမ်များအတွင်းသို့(ထိုအိမ်သားများထံမှ) ခွင့်ရယူခြင်း၊ ထိုအိမ်သားများအပေါ် ၌’စလာမ်’ မေတ္တာပို့သခြင်း၊ မပြုသမျှကာလပတ်လုံး ဝင်ရောက်ခြင်းကို မပြုကြကုန်လင့်။ ဤ(ခွင့်ရယူခြင်းနှင့်’စလာမ်’ မေတ္တာ ပို့သခြင်းတို့သည်)ကား အသင်တို့အဖို့ အကောင်းဆုံးပင်ဖြစ်ပေသည်။ သို့မှသာလျှင် အသင်တို့သည် သတိဝီရိယ ပြုကြပေမည်။
28فَإِن لَّمْ تَجِدُوا فِيهَا أَحَدًا فَلَا تَدْخُلُوهَا حَتَّىٰ يُؤْذَنَ لَكُمْ ۖ وَإِن قِيلَ لَكُمُ ارْجِعُوا فَارْجِعُوا ۖ هُوَ أَزْكَىٰ لَكُمْ ۚ وَاللَّهُ بِمَا تَعْمَلُونَ عَلِيمٌ
တစ်ဖန် အကယ်၍ အသင်တို့သည် ထိုအိမ်များတွင် တစ်ဦးတစ်ယောက်ကိုမျှ မတွေ့ခဲ့ကြလျှင်၊ အသင်တို့သည် မိမိတို့�� အခွင့်မရရှိသမျှ ကာလပတ်လုံး ထိုအိမ်များအတွင်းသို့ မဝင်ကြကုန်လင့်။ ၎င်းပြင် အကယ်၍ အသင်တို့အား ပြန်ကြကုန်ဟု ပြောဆိုခဲ့လျှင် အသင်တို့သည် ပြန်ခဲ့ကြလေကုန်။ ထို(သို့ပြန်လာခြင်း)သည် အသင်တို့အဖို့ အစင်ကြယ်အမွန်မြတ် ဆုံးပင်ဖြစ်ချေသည်။ စင်စစ်မူကား အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ကျင့်မူသမျှတို့ကို အသိတော်မူဆုံးပင် ဖြစ်တော်မူ၏။
29لَّيْسَ عَلَيْكُمْ جُنَاحٌ أَن تَدْخُلُوا بُيُوتًا غَيْرَ مَسْكُونَةٍ فِيهَا مَتَاعٌ لَّكُمْ ۚ وَاللَّهُ يَعْلَمُ مَا تُبْدُونَ وَمَا تَكْتُمُونَ
အသင်တို့သည် လူမနေသောအိမ်များတွင် အသင်တို့၏ (ကိုယ်ရေးကိုယ်တာ) အကျိုးကျေးဇူး ဥစ္စာပစ္စည်း တစ်စုံတစ်ရာရှိ၍ ထိုအိမ်များအတွင်းသို့ ဝင်ရောက်ခဲ့ကြသော် အသင်တို့၌ မည်သို့မျှအပြစ်မရှိချေ။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ထင်ရှားစေကြသော ကိစ္စများကို လည်းကောင်း၊ အသင်တို့ လျှို့ဝှက်သောကိစ္စများကိုလည်းကောင်း၊ ကောင်းစွာ သိရှိတော်မူပေသတည်း။
30قُل لِّلْمُؤْمِنِينَ يَغُضُّوا مِنْ أَبْصَارِهِمْ وَيَحْفَظُوا فُرُوجَهُمْ ۚ ذَٰلِكَ أَزْكَىٰ لَهُمْ ۗ إِنَّ اللَّهَ خَبِيرٌ بِمَا يَصْنَعُونَ
(အို-နဗီတမန်တော်) အသင်သည် "မုအ်မင်န်" သက်ဝင်ယုံကြည်သူတို့အား မိမိတို့၏မျက်စိများကို နှိမ့်ချထားရမည်ဟူ၍လည်းကောင်း၊ ထို့ပြင် မိမိတို့၏ အရှက်အင်္ဂါများကို ထိန်းသိမ်းကြရမည်ဟူ၍လည်းကောင်း၊ ပြောကြားပါလေ။ ဤသည် ၎င်းတို့အဖို့ အစင်ကြယ်ဆုံးပင် ဖြစ်ပေသည်။ ဧကန် မလွဲ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့ပြုလုပ်သမျှတို့ကို ကောင်းစွာသိရှိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
31وَقُل لِّلْمُؤْمِنَاتِ يَغْضُضْنَ مِنْ أَبْصَارِهِنَّ وَيَحْفَظْنَ فُرُوجَهُنَّ وَلَا يُبْدِينَ زِينَتَهُنَّ إِلَّا مَا ظَهَرَ مِنْهَا ۖ وَلْيَضْرِبْنَ بِخُمُرِهِنَّ عَلَىٰ جُيُوبِهِنَّ ۖ وَلَا يُبْدِينَ زِينَتَهُنَّ إِلَّا لِبُعُولَتِهِنَّ أَوْ آبَائِهِنَّ أَوْ آبَاءِ بُعُولَتِهِنَّ أَوْ أَبْنَائِهِنَّ أَوْ أَبْنَاءِ بُعُولَتِهِنَّ أَوْ إِخْوَانِهِنَّ أَوْ بَنِي إِخْوَانِهِنَّ أَوْ بَنِي أَخَوَاتِهِنَّ أَوْ نِسَائِهِنَّ أَوْ مَا مَلَكَتْ أَيْمَانُهُنَّ أَوِ التَّابِعِينَ غَيْرِ أُولِي الْإِرْبَةِ مِنَ الرِّجَالِ أَوِ الطِّفْلِ الَّذِينَ لَمْ يَظْهَرُوا عَلَىٰ عَوْرَاتِ النِّسَاءِ ۖ وَلَا يَضْرِبْنَ بِأَرْجُلِهِنَّ لِيُعْلَمَ مَا يُخْفِينَ مِن زِينَتِهِنَّ ۚ وَتُوبُوا إِلَى اللَّهِ جَمِيعًا أَيُّهَ الْمُؤْمِنُونَ لَعَلَّكُمْ تُفْلِحُونَ
(အို-နဗီတမန်တော်) အသင်သည် ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူ အမျိုးသမီးတို့အား (ဤသို့) ပြောကြားပါ လေ။ ၎င်းတို့သည် မိမိတို့မျက်စိများကို အောက်သို့နှိမ့်၍စိုက်၍ ထားရှိကြရမည်။ ထို့ပြင် ၎င်းတို့သည် မိမိတို့၏အရှက်အင်္ဂါများကို(ကာမေသုမိစ္ဆာစာရမှု ကျူးလွန်ခြင်းမှ) ထိန်းသိမ်းကြရမည်။ ထိုမှတစ်ပါး ၎င်းတို့သည် ပေါ်၍နေတတ်သောမိမိတို့၏အလှ မှတစ်ပါး ကျန်အလှအပတို့ကို မပေါ်ကြစေရ။ ထို့ပြင် ၎င်းတို့သည် မိမိတို့၏အပေါ်ရုံများ(ဦးခေါင်းခြုံလွှာများ)ကို မိမိတို့၏ ရင်ဘတ်များအပေါ်သို့ ချထားကြရမည်။ ထိုမှတစ်ပါး ၎င်းတို့သည် မိမိတို့၏အလှကို မိမိတို့၏ လင်ယောက်ျားများ၊ သို့မဟုတ်မိမိတို့၏ဖခင်များ၊ သို့မဟုတ်မိမိတို့၏လင်ယောက်ျားများ၏ဖခင်များ၊ သို့မဟုတ်မိမိတို့၏သားများ၊ သို့မဟုတ် မိမိတို့၏လင်ယောက်ျားများ၏သားများ၊ သို့မဟုတ်မိမိတို့၏အစ်ကိုများ၊ မောင်များ၏သားများ၊ သို့မဟုတ်မိမိတို့၏အစ်မများ၊ ညီမများ၏သားများ၊ သို့မဟုတ်မိမိတို့၏ (သာသနာဝင်)မိန်းမချင်းများ၊ သို့တည်းမဟုတ် မိမိတို့လက်ယာလက်များက ပိုင်ဆိုင်သောမိန်းမများ (ဝါ)ကျွန်မများ၊ သို့တည်းမဟုတ် ယောက်ျားများအနက်မှ (မိန်းမများကို)အလိုမရှိသော (မိမိတို့)လက်အောက်ခံများ သို့ မဟုတ် မိန်းမများ၏အတွင်းရေး လျှို့ဝှက်ချက်များကို မသိနား မလည်ကြသေးသော ကလေးသူငယ်များ၊ ရှေ့မှတစ်ပါး အခြား မည်သူ၏ ရှေ့၌မျှ မဖော်ကြရ။ ထိုမှတစ်ပါး ၎င်းတို့သည် မိမိတို့လျှို့ဝှက်ထား ကြသောတန်ဆာများကို(သူတစ်ပါးတို့)သိရှိရန် မိမိတို့၏ခြေများကို ဆောင့်၍မနင်းကြရ။ ထို့ပြင် အို- ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အောင်မြင်မှုရရှိကြ အံ့သောငှာ အသင်တို့အားလုံးတို့သည် အလ္လာဟ်အရှင်မြတ်၏ ရှေ့တော်မှောက်ဝယ် ဝန်ချတောင်းပန်ကြလေကုန်။
အန်-နူရ်ကုရ်အာန် ညွှန်းကိန်း
64အာယာသ်
MedinanRevelation
29အာယာသ်

ဘာသာပြန် — အန်-နူရ် 29

စူရာ အန်-နူရ် အာယာသ် 29 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အသင်တို့သည် လူမနေသောအိမ်များတွင် အသင်တို့၏ (ကိုယ်ရေးကိုယ်တာ) အကျိုးကျေးဇူး ဥစ္စာပစ္စည်း တစ်စုံတစ်ရာရှိ၍ ထိုအိမ်များအတွင်းသို့ ဝင်ရောက်ခဲ့ကြသော် အသင်တို့၌…

စူရာ အာယာသ် 29/64 — စူရာ အန်-နူရ် النور (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အန်-နူရ် နားထောင်, စူရာ အန်-နူရ် ဘာသာပြန်, စူရာ အန်-နူရ် mp3, စူရာ အန်-နူရ် pdf. အာယာသ် 27–31. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers