အန်-နူရ် · 28/64
ဘာသာပြန် အသံနိုင်ငံ — စူရာ အန်-နူရ်
فَإِن لَّمْ تَجِدُوا فِيهَا أَحَدًا فَلَا تَدْخُلُوهَا حَتَّىٰ يُؤْذَنَ لَكُمْ ۖ وَإِن قِيلَ لَكُمُ ارْجِعُوا فَارْجِعُوا ۖ هُوَ أَزْكَىٰ لَكُمْ ۚ وَاللَّهُ بِمَا تَعْمَلُونَ عَلِيمٌ ۝٢٨
Fa il lam tajidoo feehaaa ahadan falaa tadkhuloohaa hattaa yu`zana lakum wa in qeela lakumurji`oo farji`oo huwa azkaa lakum; wallaahu bimaa ta`maloona `Aleem
📖 မြန်မာဘာသာ
တစ်ဖန် အကယ်၍ အသင်တို့သည် ထိုအိမ်များတွင် တစ်ဦးတစ်ယောက်ကိုမျှ မတွေ့ခဲ့ကြလျှင်၊ အသင်တို့သည် မိမိတို့�� အခွင့်မရရှိသမျှ ကာလပတ်လုံး ထိုအိမ်များအတွင်းသို့ မဝင်ကြကုန်လင့်။ ၎င်းပြင် အကယ်၍ အသင်တို့အား ပြန်ကြကုန်ဟု ပြောဆိုခဲ့လျှင် အသင်တို့သည် ပြန်ခဲ့ကြလေကုန်။ ထို(သို့ပြန်လာခြင်း)သည် အသင်တို့အဖို့ အစင်ကြယ်အမွန်မြတ် ဆုံးပင်ဖြစ်ချေသည်။ စင်စစ်မူကား အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ကျင့်မူသမျှတို့ကို အသိတော်မူဆုံးပင် ဖြစ်တော်မူ၏။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. စကားလုံးအဓိပ္ပာယ်များ
  • أَزْكَىٰ : ပို၍သန့်ရှင်းစင်ကြယ်သော၊ ပို၍ကောင်းမြတ်သော။
  • يُؤْذَنَ : ခွင့်ပြုခြင်းကို ခံရသည်။
  • ارْجِعُوا : ပြန်သွားကြပါ။
  • عَلِيمٌ : အရာခပ်သိမ်းကို အသိဆုံးဖြစ်တော်မူသော။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

အကယ်၍ ထိုအိမ်များထဲတွင် ခွင့်ပြုပိုင်ခွင့်ရှိသူ တစ်ဦးတစ်ယောက်ကိုမျှ သင်တို့မတွေ့ရှိပါက သင်တို့အတွက် ခွင့်ပြုချက်ပေးခံရသည့်အချိန်အထိ ထိုအိမ်များထဲသို့ မဝင်ရောက်ကြပါနှင့်။ အကယ်၍ သင်တို့အား "ပြန်သွားကြပါ" ဟု ပြောဆိုခံရပါက ပြန်သွားကြပါ။ ထိုသို့ပြန်သွားခြင်းသည် သင်တို့အတွက် ပို၍သန့်ရှင်းစင်ကြယ်သော၊ ပို၍ကောင်းမြတ်သော အရာဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် သင်တို့ပြုလုပ်သမျှသော အရာများကို အသိဆုံးဖြစ်တော်မူသည်။

ရှင်းလင်းချက်မှာ ဤသို့ဖြစ်သည်။ အခြားသူများ၏ အိမ်များထဲသို့ ဝင်ရောက်လိုပါက ဦးစွာ ခွင့်တောင်းရမည်။ ခွင့်တောင်းပြီးနောက် အိမ်ထဲတွင် ခွင့်ပြုပိုင်ခွင့်ရှိသူ တစ်ဦးတစ်ယောက်မျှ မရှိပါက ခွင့်ပြုချက်ရသည့်အချိန်အထိ မဝင်ရပါ။ တစ်ဖန် အိမ်ရှင်က ပြန်သွားရန် ပြောဆိုပါက ဇွတ်တုတ်မခံ၊ မဖိမနှိပ်၊ ချက်ချင်းပြန်သွားရမည်။ ဤသို့ပြန်သွားခြင်းသည် စိတ်နှလုံးကို သံသယနှင့် မသင့်လျော်သော ဝင်ရောက်ခြင်းမှ ကင်းစင်စေသောကြောင့် ပို၍သန့်ရှင်းစင်ကြယ်စေသည်။ အလ္လာဟ်အရှင်မြတ်သည် လူသားတို့၏ လျှို့ဝှက်သော အပြုအမူများအပါအဝင် အရာခပ်သိမ်းကို သိတော်မူပြီး ထိုအပြုအမူများအတွက် အစားပေးတော်မူမည်ဖြစ်သည်။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများ
  • အစ္စလာမ်သည် လူ့ဂုဏ်သိက္ခာနှင့် ကိုယ်ပိုင်လွတ်လပ်ခွင့်ကို အလွန်တန်ဖိုးထားသည်။ အခြားသူ၏ အိမ်ထဲသို့ ခွင့်မတောင်းဘဲ မဝင်ရခြင်းသည် လူတိုင်း၏ ကိုယ်ပိုင်လုံခြုံမှုကို ကာကွယ်ပေးသည်။
  • ခွင့်တောင်းခြင်း၊ ခွင့်ပြုချက်ကို လေးစားခြင်း၊ ငြင်းပယ်ခံရပါက စိတ်ရှည်စွာ ပြန်လည်ဆုတ်ခွာခြင်းသည် မွတ်စ်လင်မ်တို့၏ ကောင်းမွန်သော အကျင့်စာရိတ္တကို ဖော်ပြသည်။
  • ဤသို့ပြုလုပ်ခြင်းသည် စိတ်နှလုံးကို သန့်ရှင်းစေပြီး လူမှုဆက်ဆံရေးကို ချောမွေ့စေသည်။ သံသယနှင့် မလိုလားအပ်သော ပဋိပက္ခများကို ရှောင်ရှားနိုင်သည်။
  • အလ္


📜 အာယာသ် 26-30 — စူရာ အန်-နူရ်

26الْخَبِيثَاتُ لِلْخَبِيثِينَ وَالْخَبِيثُونَ لِلْخَبِيثَاتِ ۖ وَالطَّيِّبَاتُ لِلطَّيِّبِينَ وَالطَّيِّبُونَ لِلطَّيِّبَاتِ ۚ أُولَٰئِكَ مُبَرَّءُونَ مِمَّا يَقُولُونَ ۖ لَهُم مَّغْفِرَةٌ وَرِزْقٌ كَرِيمٌ
ယုတ်မာသောမိန်းမများသည် ယုတ်မာသော ယောက်ျားများနှင့်သာ ထိုက်ကြပေသည်။ ထိုနည်းတူစွာ ယုတ်မာသောယောက်ျားများမှာလည်း ယုတ်မာသော မိန်းမများနှင့် ထိုက်တန်ကြကုန်၏။ ၎င်းပြင် မွန်မြတ်သောမိန်းမများသည် မွန်မြတ်သောယောက်ျားများနှင့်သာ ထိုက်တန်ကြပေသည်။ ထိုနည်းတူစွာ မွန်မြတ်သောယောက်ျားများသည်လည်း မွန်မြတ်သောမိန်းမများနှင့် ထိုက်တန်ကြကုန်၏။ ထို(မွန်မြတ် သောယောက်ျား-မိန်းမ)တို့မှာ မူကား ၎င်း(မုနာဖစ်က်)တို့၏ ပြောဆို(စွပ်စွဲ)ချက်များမှ (လုံးဝ) ကင်းရှင်းသူများပင် ဖြစ်ကြပေသည်။ ထိုသူတို့အဖို့ (အပြစ်မှ) လွတ်ငြိမ်းချမ်းသာခွင့်သည် လည်းကောင်း၊ မွန်မြတ်လှစွာသော စားနပ်ရိက္ခာသည် လည်းကောင်း၊ ရှိပေသတည်း။
27يَا أَيُّهَا الَّذِينَ آمَنُوا لَا تَدْخُلُوا بُيُوتًا غَيْرَ بُيُوتِكُمْ حَتَّىٰ تَسْتَأْنِسُوا وَتُسَلِّمُوا عَلَىٰ أَهْلِهَا ۚ ذَٰلِكُمْ خَيْرٌ لَّكُمْ لَعَلَّكُمْ تَذَكَّرُونَ
အို-’မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်းတို၊ အသင်တို့သည် မိမိတို့အိမ်များမှတစ်ပါး အခြားအိမ်များအတွင်းသို့(ထိုအိမ်သားများထံမှ) ခွင့်ရယူခြင်း၊ ထိုအိမ်သားများအပေါ် ၌’စလာမ်’ မေတ္တာပို့သခြင်း၊ မပြုသမျှကာလပတ်လုံး ဝင်ရောက်ခြင်းကို မပြုကြကုန်လင့်။ ဤ(ခွင့်ရယူခြင်းနှင့်’စလာမ်’ မေတ္တာ ပို့သခြင်းတို့သည်)ကား အသင်တို့အဖို့ အကောင်းဆုံးပင်ဖြစ်ပေသည်။ သို့မှသာလျှင် အသင်တို့သည် သတိဝီရိယ ပြုကြပေမည်။
28فَإِن لَّمْ تَجِدُوا فِيهَا أَحَدًا فَلَا تَدْخُلُوهَا حَتَّىٰ يُؤْذَنَ لَكُمْ ۖ وَإِن قِيلَ لَكُمُ ارْجِعُوا فَارْجِعُوا ۖ هُوَ أَزْكَىٰ لَكُمْ ۚ وَاللَّهُ بِمَا تَعْمَلُونَ عَلِيمٌ
တစ်ဖန် အကယ်၍ အသင်တို့သည် ထိုအိမ်များတွင် တစ်ဦးတစ်ယောက်ကိုမျှ မတွေ့ခဲ့ကြလျှင်၊ အသင်တို့သည် မိမိတို့�� အခွင့်မရရှိသမျှ ကာလပတ်လုံး ထိုအိမ်များအတွင်းသို့ မဝင်ကြကုန်လင့်။ ၎င်းပြင် အကယ်၍ အသင်တို့အား ပြန်ကြကုန်ဟု ပြောဆိုခဲ့လျှင် အသင်တို့သည် ပြန်ခဲ့ကြလေကုန်။ ထို(သို့ပြန်လာခြင်း)သည် အသင်တို့အဖို့ အစင်ကြယ်အမွန်မြတ် ဆုံးပင်ဖြစ်ချေသည်။ စင်စစ်မူကား အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ကျင့်မူသမျှတို့ကို အသိတော်မူဆုံးပင် ဖြစ်တော်မူ၏။
29لَّيْسَ عَلَيْكُمْ جُنَاحٌ أَن تَدْخُلُوا بُيُوتًا غَيْرَ مَسْكُونَةٍ فِيهَا مَتَاعٌ لَّكُمْ ۚ وَاللَّهُ يَعْلَمُ مَا تُبْدُونَ وَمَا تَكْتُمُونَ
အသင်တို့သည် လူမနေသောအိမ်များတွင် အသင်တို့၏ (ကိုယ်ရေးကိုယ်တာ) အကျိုးကျေးဇူး ဥစ္စာပစ္စည်း တစ်စုံတစ်ရာရှိ၍ ထိုအိမ်များအတွင်းသို့ ဝင်ရောက်ခဲ့ကြသော် အသင်တို့၌ မည်သို့မျှအပြစ်မရှိချေ။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ထင်ရှားစေကြသော ကိစ္စများကို လည်းကောင်း၊ အသင်တို့ လျှို့ဝှက်သောကိစ္စများကိုလည်းကောင်း၊ ကောင်းစွာ သိရှိတော်မူပေသတည်း။
30قُل لِّلْمُؤْمِنِينَ يَغُضُّوا مِنْ أَبْصَارِهِمْ وَيَحْفَظُوا فُرُوجَهُمْ ۚ ذَٰلِكَ أَزْكَىٰ لَهُمْ ۗ إِنَّ اللَّهَ خَبِيرٌ بِمَا يَصْنَعُونَ
(အို-နဗီတမန်တော်) အသင်သည် "မုအ်မင်န်" သက်ဝင်ယုံကြည်သူတို့အား မိမိတို့၏မျက်စိများကို နှိမ့်ချထားရမည်ဟူ၍လည်းကောင်း၊ ထို့ပြင် မိမိတို့၏ အရှက်အင်္ဂါများကို ထိန်းသိမ်းကြရမည်ဟူ၍လည်းကောင်း၊ ပြောကြားပါလေ။ ဤသည် ၎င်းတို့အဖို့ အစင်ကြယ်ဆုံးပင် ဖြစ်ပေသည်။ ဧကန် မလွဲ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့ပြုလုပ်သမျှတို့ကို ကောင်းစွာသိရှိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
အန်-နူရ်ကုရ်အာန် ညွှန်းကိန်း
64အာယာသ်
MedinanRevelation
28အာယာသ်

ဘာသာပြန် — အန်-နူရ် 28

စူရာ အန်-နူရ် အာယာသ် 28 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : တစ်ဖန် အကယ်၍ အသင်တို့သည် ထိုအိမ်များတွင် တစ်ဦးတစ်ယောက်ကိုမျှ မတွေ့ခဲ့ကြလျှင်၊ အသင်တို့သည် မိမိတို့�� အခွင့်မရရှိသမျှ ကာလပတ်လုံး…

စူရာ အာယာသ် 28/64 — စူရာ အန်-နူရ် النور (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အန်-နူရ် နားထောင်, စူရာ အန်-နူရ် ဘာသာပြန်, စူရာ အန်-နူရ် mp3, စူရာ အန်-နူရ် pdf. အာယာသ် 26–30. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Saturday, October 3, 2026

Don't forget us in your sincere prayers