အာလ်-အိမရာန် · 200/200
ဘာသာပြန် အသံနိုင်ငံ — စူရာ အာလ်-အိမရာန်
يَا أَيُّهَا الَّذِينَ آمَنُوا اصْبِرُوا وَصَابِرُوا وَرَابِطُوا وَاتَّقُوا اللَّهَ لَعَلَّكُمْ تُفْلِحُونَ ۝٢٠٠
Yaaa aiyuhal lazeena aamanus biroo wa saabiroo wa raabitoo wattaqul laaha la`allakum tuflihoon
📖 မြန်မာဘာသာ
အို-သက်ဝင်ယုံကြည်သူ အပေါင်းတို့၊ အသင်တို့သည် (ဒုက္ခတွေ့ကြုံလျှင်) သည်းခံကြလေကုန်။ ၎င်းပြင်(ရန်သူတို့နှင့်) ပြိုင်ဆိုင် တိုက်ခိုက်ရာတွင်လည်း တည်တံ့ ခိုင်မြဲစွာ ရှိကြလေကုန်။ ၎င်းပြင် အသင်တို့သည် (ရန်သူတို့အား ခုခံကာကွယ်ရန်) အဆင်သင့် ရှိကြလေကုန်။ ထို့ပြင်တဝအသင်တို့သည် (အခါခပ်သိမ်း) အလ္လာဟ်အရှင်မြတ်အားကြောက်ရွံ့ ခန့်ညား ကြလေကုန်။ သို့မှသာလျှင် အသင်တို့သည် အောင်မြင်ကြပေမည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ စကားလုံးများ၏ အဓိပ္ပာယ်ရှင်းလင်းချက်

  • اصْبِرُوا (ဆွဗ်ရူ)။ ။ သည်းခံကြပါ။ ခန္တီတရားထားကြပါ။
  • صَابِرُوا (ဆွာဗီရူ)။ ။ အပြန်အလှန်သည်းခံနိုင်ရန် ယှဉ်ပြိုင်ကြပါ။ ရန်သူများထက် ပို၍သည်းခံကြပါ။
  • رَابِطُوا (ရာဗိသွ)။ ။ နယ်စပ်တွင် အစဉ်စောင့်ကြပ်နေကြပါ။ ရပ်တည်ကြပါ။ ဇွဲရှိကြပါ။
  • تُفْلِحُونَ (တွဖ်လိဟူန)။ ။ အောင်မြင်ကြမည်။ ကယ်တင်ခြင်းရကြမည်။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

အို အီမာန်ယုံကြည်သူအပေါင်းတို့။ အလ္လာဟ်အရှင်မြတ်နှင့် အရှင့်ရစူလ်တမန်တော်ကို ယုံကြည်ပြီး အရှင့်သာသနာတော်အတိုင်း ကျင့်သုံးသူများအနေဖြင့် သင်တို့သည် မိမိတို့၏ အရှင်သခင်အား နာခံကိုးကွယ်ရာတွင်လည်းကောင်း၊ မိမိတို့ထံ ရောက်ရှိလာသော ဒုက္ခဆင်းရဲမှုများနှင့် ဘေးအန္တရာယ်များတွင်လည်းကောင်း သည်းခံကြပါ။ ထို့နောက် ရန်သူများထက် ပို၍သည်းခံနိုင်ရန် ယှဉ်ပြိုင်ကြပါ။ ရန်သူများသည် သင်တို့ထက် ပို၍သည်းခံနိုင်သူများ မဖြစ်စေရန် ကြိုးစားကြပါ။ ထို့နောက် အလ္လာဟ်အရှင်မြတ်၏ ရန်သူနှင့် သင်တို့၏ရန်သူကို တိုက်ခိုက်ရာတွင် အစဉ်ရပ်တည်ကြပါ။ နယ်စပ်များတွင် စောင့်ကြပ်နေကြပါ။ သင်တို့၏ အခြေအနေအားလုံးတွင် အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ပြီး အရှင့်အမိန့်တော်များကို လိုက်နာ၍ တားမြစ်ချက်များကို ရှောင်ကြဉ်ကြပါ။ သို့မှသာ သင်တို့သည် လောကီဘဝနှင့် နောင်ဘဝတွင် အောင်မြင်မှုရရှိကြမည်ဖြစ်သည်။ ငရဲမှ လွတ်မြောက်ပြီး ဂျန္နသ်သုခဘုံသို့ ဝင်ရောက်နိုင်ကြမည်ဖြစ်သည်။

၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ

  • အီမာန်ယုံကြည်သူများသည် သာသနာ့တာဝန်များကို ထမ်းဆောင်ရာတွင် သည်းခံခြင်းသည် မရှိမဖြစ်လိုအပ်သော ဂုဏ်ရည်တစ်ခုဖြစ်သည်။
  • ခက်ခဲသောအခြေအနေများတွင်သာမက လွယ်ကူသောအခြေအနေများတွင်လည်း သာသနာကို မစွန့်လွှတ်ရမည်။
  • ရန်သူများထက် ပို၍သည်းခံနိုင်ခြင်းသည် အောင်မြင်မှု၏ သော့ချက်ဖြစ်သည်။
  • သာသနာ့နယ်မြေများကို ကာကွယ်စောင့်ရှောက်ခြင်းသည် အီမာန်ယုံကြည်သူများ၏ တာဝန်ဖြစ်သည်။
  • အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ခြင်းသည် အောင်မြင်မှုရရှိရန် အခြေခံအကြောင်းရင်းဖြစ်သည်။
  • သည်းခံ


📜 အာယာသ် 198-200 — စူရာ အာလ်-အိမရာန်

198لَٰكِنِ الَّذِينَ اتَّقَوْا رَبَّهُمْ لَهُمْ جَنَّاتٌ تَجْرِي مِن تَحْتِهَا الْأَنْهَارُ خَالِدِينَ فِيهَا نُزُلًا مِّنْ عِندِ اللَّهِ ۗ وَمَا عِندَ اللَّهِ خَيْرٌ لِّلْأَبْرَارِ
သို့ရာတွင်မူကား အကြင်သူတို့သည် မိမိတို့၏အရှင်မြတ်ကို ကြောက်ရွံ့ (ရိုသေခြင်းအားဖြင့် ပြစ်မှုဒုစရိုက်တို့မှ ကြဉ်ရှောင်)ကြပါမူ ထိုသူတို့အဖို့ အကြင်ဥယျာဉ် များရှိအံ့။ထိုဥယျာဉ်များ၏အောက်မှ စမ်းရေချောင်းများစီး တွေလျက်ရှိကြ၏။ ထိုသူတို့သည် ၎င်းဥယျာဉ် များ၌ထာဝစဉ် နေထိုင်စံမြန်းလျက် ရှိကြပေမည်။ ဤသည် အလ္လာဟ်အရှင်မြတ်အထံတော်မှ ဧည့်ခံတော်မူခြင်းပင် ဖြစ်ချေသည်။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ် အထံတော်၌ ရှိသောအရာသည်သူမွန်သူမြတ်တို့အဖို့ အကောင်းဆုံးပင် ဖြစ်ပေသည်။
199وَإِنَّ مِنْ أَهْلِ الْكِتَابِ لَمَن يُؤْمِنُ بِاللَّهِ وَمَا أُنزِلَ إِلَيْكُمْ وَمَا أُنزِلَ إِلَيْهِمْ خَاشِعِينَ لِلَّهِ لَا يَشْتَرُونَ بِآيَاتِ اللَّهِ ثَمَنًا قَلِيلًا ۗ أُولَٰئِكَ لَهُمْ أَجْرُهُمْ عِندَ رَبِّهِمْ ۗ إِنَّ اللَّهَ سَرِيعُ الْحِسَابِ
၎င်းပြင် မုချဧကန် ကျမ်းဂန်ရရှိသော သူတို့အနက် အကြင်သူတို့သည်လည်း ဧကန်စင်စစ် ရှိကြကုန်၏။ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်ကို၎င်း၊ အသင်တို့ထံ ထုတ်ပြန်ပို့ချပြီးဖြစ်သော အရာ[(ဝါ) ကုရ်အာန်ကျမ်းတော်မြတ်]ကိုလည်းကောင်း၊ မိမိတို့ထံထုတ်ပြန် ပို့ချပြီးဖြစ်သောအရာ (ဝါ)တောင်ရာတ် နှင့် အိန်ဂျီလ် ကျမ်းများကိုလည်းကောင်း၊သက်ဝင်ယုံကြည်ကြကုန်သည်။ ယင်းသူတို့သည် အလ္လာဟ်အရှင်မြတ် ရှေ့တော်မှောက်ဝယ် မိမိတို့ ကိုယ်ကိုနှိမ့်ချ ကျိုးနွံလျက်ရှိကြကုန်သည်။ ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်၏မုက္ခပါဋ္ဌ် တော်များနှင့် အနည်းငယ်မျှသော အဖိုးအခကိုလဲလှယ် ဝယ်ယူကြသည်လည်း မဟုတ်ပေ။ ဤကဲ့သို့သောသူတို့၏ အကျိုးဆုလာဘ်သည် ထိုသူတို့၏အရှင်မြတ် အထံတော်၌ ရှိချေပြီ။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည(လူခပင်းတို့၏ သုစရိုက်၊ ဒုစရိုက်တို့ကို) ဆောလျင်စွာ စောကြော စစ်ဆေးတော်မူမည့်အရှင် ဖြစ်တော်မူပေသတည်း။
200يَا أَيُّهَا الَّذِينَ آمَنُوا اصْبِرُوا وَصَابِرُوا وَرَابِطُوا وَاتَّقُوا اللَّهَ لَعَلَّكُمْ تُفْلِحُونَ
အို-သက်ဝင်ယုံကြည်သူ အပေါင်းတို့၊ အသင်တို့သည် (ဒုက္ခတွေ့ကြုံလျှင်) သည်းခံကြလေကုန်။ ၎င်းပြင်(ရန်သူတို့နှင့်) ပြိုင်ဆိုင် တိုက်ခိုက်ရာတွင်လည်း တည်တံ့ ခိုင်မြဲစွာ ရှိကြလေကုန်။ ၎င်းပြင် အသင်တို့သည် (ရန်သူတို့အား ခုခံကာကွယ်ရန်) အဆင်သင့် ရှိကြလေကုန်။ ထို့ပြင်တဝအသင်တို့သည် (အခါခပ်သိမ်း) အလ္လာဟ်အရှင်မြတ်အားကြောက်ရွံ့ ခန့်ညား ကြလေကုန်။ သို့မှသာလျှင် အသင်တို့သည် အောင်မြင်ကြပေမည်။
အာလ်-အိမရာန်ကုရ်အာန် ညွှန်းကိန်း
200အာယာသ်
MedinanRevelation
200အာယာသ်

ဘာသာပြန် — အာလ်-အိမရာန် 200

စူရာ အာလ်-အိမရာန် အာယာသ် 200 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အို-သက်ဝင်ယုံကြည်သူ အပေါင်းတို့၊ အသင်တို့သည် (ဒုက္ခတွေ့ကြုံလျှင်) သည်းခံကြလေကုန်။ ၎င်းပြင်(ရန်သူတို့နှင့်) ပြိုင်ဆိုင် တိုက်ခိုက်ရာတွင်လည်း တည်တံ့ ခိုင်မြဲစွာ…

စူရာ အာယာသ် 200/200 — စူရာ အာလ်-အိမရာန် آل عمران (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အာလ်-အိမရာန် နားထောင်, စူရာ အာလ်-အိမရာန် ဘာသာပြန်, စူရာ အာလ်-အိမရာန် mp3, စူရာ အာလ်-အိမရာန် pdf. အာယာသ် 198–200. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Monday, October 19, 2026

Don't forget us in your sincere prayers