အာလ်-အိမရာန် · 199/200
ဘာသာပြန် အသံနိုင်ငံ — စူရာ အာလ်-အိမရာန်
وَإِنَّ مِنْ أَهْلِ الْكِتَابِ لَمَن يُؤْمِنُ بِاللَّهِ وَمَا أُنزِلَ إِلَيْكُمْ وَمَا أُنزِلَ إِلَيْهِمْ خَاشِعِينَ لِلَّهِ لَا يَشْتَرُونَ بِآيَاتِ اللَّهِ ثَمَنًا قَلِيلًا ۗ أُولَٰئِكَ لَهُمْ أَجْرُهُمْ عِندَ رَبِّهِمْ ۗ إِنَّ اللَّهَ سَرِيعُ الْحِسَابِ ۝١٩٩
Wa inna min Ahlil Kitaabi lamai yu minu billaahi wa maaa unzila ilaikum wa maaa unzila ilaihim khaashi `eena lillaahi laa yashtaroona bi Aayaatil laahi samanan qaleelaa; ulaaa`ika lahum ajruhum `inda Rabbihim; innal laaha saree`ul hisaab
📖 မြန်မာဘာသာ
၎င်းပြင် မုချဧကန် ကျမ်းဂန်ရရှိသော သူတို့အနက် အကြင်သူတို့သည်လည်း ဧကန်စင်စစ် ရှိကြကုန်၏။ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်ကို၎င်း၊ အသင်တို့ထံ ထုတ်ပြန်ပို့ချပြီးဖြစ်သော အရာ[(ဝါ) ကုရ်အာန်ကျမ်းတော်မြတ်]ကိုလည်းကောင်း၊ မိမိတို့ထံထုတ်ပြန် ပို့ချပြီးဖြစ်သောအရာ (ဝါ)တောင်ရာတ် နှင့် အိန်ဂျီလ် ကျမ်းများကိုလည်းကောင်း၊သက်ဝင်ယုံကြည်ကြကုန်သည်။ ယင်းသူတို့သည် အလ္လာဟ်အရှင်မြတ် ရှေ့တော်မှောက်ဝယ် မိမိတို့ ကိုယ်ကိုနှိမ့်ချ ကျိုးနွံလျက်ရှိကြကုန်သည်။ ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်၏မုက္ခပါဋ္ဌ် တော်များနှင့် အနည်းငယ်မျှသော အဖိုးအခကိုလဲလှယ် ဝယ်ယူကြသည်လည်း မဟုတ်ပေ။ ဤကဲ့သို့သောသူတို့၏ အကျိုးဆုလာဘ်သည် ထိုသူတို့၏အရှင်မြတ် အထံတော်၌ ရှိချေပြီ။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည(လူခပင်းတို့၏ သုစရိုက်၊ ဒုစရိုက်တို့ကို) ဆောလျင်စွာ စောကြော စစ်ဆေးတော်မူမည့်အရှင် ဖြစ်တော်မူပေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00

📜 အာယာသ် 197-200 — စူရာ အာလ်-အိမရာန်

197مَتَاعٌ قَلِيلٌ ثُمَّ مَأْوَاهُمْ جَهَنَّمُ ۚ وَبِئْسَ الْمِهَادُ
(အမှန်စင်စစ်သော်ကား ယင်းသွားလာမှုနှင့်စည်းစိမ်ချမ်းသာများသည်) တဒင်္ဂ တခဏမျှသော အကျိုးခံစား မှုမျှသာဖြစ်�ည်။ နောက်ဆုံးတွင်မူကားထိုသူတို့၏ပြန်လည် ရာဌာနသည် ဂျဟန္နမ် ငရဲဘုံသည်သာလျှင်ဖြစ်လတ္တံ့။ စင်စစ် ယင်း ဂျဟန္နမ် ငရဲဘုံသည် အလွန်တရာဆိုးဝါးလှသော နေရာပင်ဖြစ်ပေသတည်း။
198لَٰكِنِ الَّذِينَ اتَّقَوْا رَبَّهُمْ لَهُمْ جَنَّاتٌ تَجْرِي مِن تَحْتِهَا الْأَنْهَارُ خَالِدِينَ فِيهَا نُزُلًا مِّنْ عِندِ اللَّهِ ۗ وَمَا عِندَ اللَّهِ خَيْرٌ لِّلْأَبْرَارِ
သို့ရာတွင်မူကား အကြင်သူတို့သည် မိမိတို့၏အရှင်မြတ်ကို ကြောက်ရွံ့ (ရိုသေခြင်းအားဖြင့် ပြစ်မှုဒုစရိုက်တို့မှ ကြဉ်ရှောင်)ကြပါမူ ထိုသူတို့အဖို့ အကြင်ဥယျာဉ် များရှိအံ့။ထိုဥယျာဉ်များ၏အောက်မှ စမ်းရေချောင်းများစီး တွေလျက်ရှိကြ၏။ ထိုသူတို့သည် ၎င်းဥယျာဉ် များ၌ထာဝစဉ် နေထိုင်စံမြန်းလျက် ရှိကြပေမည်။ ဤသည် အလ္လာဟ်အရှင်မြတ်အထံတော်မှ ဧည့်ခံတော်မူခြင်းပင် ဖြစ်ချေသည်။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ် အထံတော်၌ ရှိသောအရာသည်သူမွန်သူမြတ်တို့အဖို့ အကောင်းဆုံးပင် ဖြစ်ပေသည်။
199وَإِنَّ مِنْ أَهْلِ الْكِتَابِ لَمَن يُؤْمِنُ بِاللَّهِ وَمَا أُنزِلَ إِلَيْكُمْ وَمَا أُنزِلَ إِلَيْهِمْ خَاشِعِينَ لِلَّهِ لَا يَشْتَرُونَ بِآيَاتِ اللَّهِ ثَمَنًا قَلِيلًا ۗ أُولَٰئِكَ لَهُمْ أَجْرُهُمْ عِندَ رَبِّهِمْ ۗ إِنَّ اللَّهَ سَرِيعُ الْحِسَابِ
၎င်းပြင် မုချဧကန် ကျမ်းဂန်ရရှိသော သူတို့အနက် အကြင်သူတို့သည်လည်း ဧကန်စင်စစ် ရှိကြကုန်၏။ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်ကို၎င်း၊ အသင်တို့ထံ ထုတ်ပြန်ပို့ချပြီးဖြစ်သော အရာ[(ဝါ) ကုရ်အာန်ကျမ်းတော်မြတ်]ကိုလည်းကောင်း၊ မိမိတို့ထံထုတ်ပြန် ပို့ချပြီးဖြစ်သောအရာ (ဝါ)တောင်ရာတ် နှင့် အိန်ဂျီလ် ကျမ်းများကိုလည်းကောင်း၊သက်ဝင်ယုံကြည်ကြကုန်သည်။ ယင်းသူတို့သည် အလ္လာဟ်အရှင်မြတ် ရှေ့တော်မှောက်ဝယ် မိမိတို့ ကိုယ်ကိုနှိမ့်ချ ကျိုးနွံလျက်ရှိကြကုန်သည်။ ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်၏မုက္ခပါဋ္ဌ် တော်များနှင့် အနည်းငယ်မျှသော အဖိုးအခကိုလဲလှယ် ဝယ်ယူကြသည်လည်း မဟုတ်ပေ။ ဤကဲ့သို့သောသူတို့၏ အကျိုးဆုလာဘ်သည် ထိုသူတို့၏အရှင်မြတ် အထံတော်၌ ရှိချေပြီ။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည(လူခပင်းတို့၏ သုစရိုက်၊ ဒုစရိုက်တို့ကို) ဆောလျင်စွာ စောကြော စစ်ဆေးတော်မူမည့်အရှင် ဖြစ်တော်မူပေသတည်း။
200يَا أَيُّهَا الَّذِينَ آمَنُوا اصْبِرُوا وَصَابِرُوا وَرَابِطُوا وَاتَّقُوا اللَّهَ لَعَلَّكُمْ تُفْلِحُونَ
အို-သက်ဝင်ယုံကြည်သူ အပေါင်းတို့၊ အသင်တို့သည် (ဒုက္ခတွေ့ကြုံလျှင်) သည်းခံကြလေကုန်။ ၎င်းပြင်(ရန်သူတို့နှင့်) ပြိုင်ဆိုင် တိုက်ခိုက်ရာတွင်လည်း တည်တံ့ ခိုင်မြဲစွာ ရှိကြလေကုန်။ ၎င်းပြင် အသင်တို့သည် (ရန်သူတို့အား ခုခံကာကွယ်ရန်) အဆင်သင့် ရှိကြလေကုန်။ ထို့ပြင်တဝအသင်တို့သည် (အခါခပ်သိမ်း) အလ္လာဟ်အရှင်မြတ်အားကြောက်ရွံ့ ခန့်ညား ကြလေကုန်။ သို့မှသာလျှင် အသင်တို့သည် အောင်မြင်ကြပေမည်။
အာလ်-အိမရာန်ကုရ်အာန် ညွှန်းကိန်း
200အာယာသ်
MedinanRevelation
199အာယာသ်

ဘာသာပြန် — အာလ်-အိမရာန် 199

စူရာ အာလ်-အိမရာန် အာယာသ် 199 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ၎င်းပြင် မုချဧကန် ကျမ်းဂန်ရရှိသော သူတို့အနက် အကြင်သူတို့သည်လည်း ဧကန်စင်စစ် ရှိကြကုန်၏။ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်ကို၎င်း၊ အသင်တို့ထံ ထုတ်ပြန်ပို့ချပြီးဖြစ်သော…

စူရာ အာယာသ် 199/200 — စူရာ အာလ်-အိမရာန် آل عمران (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အာလ်-အိမရာန် နားထောင်, စူရာ အာလ်-အိမရာန် ဘာသာပြန်, စူရာ အာလ်-အိမရာန် mp3, စူရာ အာလ်-အိမရာန် pdf. အာယာသ် 197–200. မြန်မာဘာသာ: ภาษาไทย.

ကုရ်အာန်ကျမ်း

Wednesday, September 30, 2026

Don't forget us in your sincere prayers