PDF —
36 အာယာသ် Meccan PDF
Built right in your browser — download starts automatically

စူရာ အလ်-မူတဖ်ဖီဖီး pdf — ဒေါင်းလုဒ် (မြန်မာ)

စူရာ အလ်-မူတဖ်ဖီဖီး pdf မြန်မာ — ဒေါင်းလုဒ် စူရာ အလ်-မူတဖ်ဖီဖီး ဘာသာပြန်. စူရာ အလ်-မူတဖ်ဖီဖီး (Meccan) 36 အာယာသ်.

← အလ်-အင်ဖီတာရ်စူရာ အလ်-မူတဖ်ဖီဖီး အလ်-အင်ရှီကာ့ →


36 အာယာသ် · Meccan · မြန်မာ
bismillah
ﯖﯗﯘ
83:1 အလေး၊ တင်းတောင်း၊ ခွက်၊ စသည်ကို စဉ်းလဲသူတို့သည် ပျက်စီးကြရပေမည်။
ﯙﯚﯛﯜﯝﯞﯟ
83:2 အကြင်သူတို့သည် သူတစ်ပါးထံမှ ခြင်တွယ်၍ ယူကြရသောအခါ အပြည့်(ခြင်၍)ရယူကြလေသည်။
ﯠﯡﯢﯣﯤﯥ
83:3 သို့ရာတွင် ၎င်းတို့သည် သူတစ်ပါးတို့အား ခြင်တွယ်၍သော်လည်းကောင်း၊ သူတစ်ပါးတို့အား ချိန်တွယ်၍သော်လည်းကောင်း၊ ပေးကြသောအခါ လျှော့၍ပေးကြလေသည်။
ﯦﯧﯨﯩﯪﯫ
83:4 ၎င်းတို့သည် မိမိတို့မှာ ဧကန်အမှန် ရှင်ပြန်ထကြရမည့်သူများ ဖြစ်ကြသည်ကို မယုံကြည်ကြ လေသလော။
ﭑﭒﭓ
83:5 ကြီးကျယ်လှစွာသောနေ့တွင်။
ﭔﭕﭖﭗﭘﭙ
83:6 အကြင်နေ့တွင် လူခပ်သိမ်းတို့သည် စကြဝဠာခပ်သိမ်းကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ ရှေ့တော်မှောက်တွင် ရပ်ကြကုန်အံ့သတည်း။
ﭚﭛﭜﭝﭞﭟﭠ
83:7 အလျှင်းမဟုတ်၊ ဧကန်စင်စစ် ဒုစရိုက် ကျူးလွန်သောသူတို့၏ မှတ်တမ်းသည် "စစ်ဂျ်ဂျီန်" ၌ရှိ၏။
ﭡﭢﭣﭤﭥ
83:8 စစ်ဂျ်ဂျီန်"သည် မည်သည့်အရာဖြစ်ကြောင်း အသင် သိပါသလော။
ﭦﭧﭨ
83:9 (ယင်း"စစ်ဂျ်ဂျီန်"မှာ) ရေးသားပြီးဖြစ်သော မှတ်တမ်းစာအုပ် တစ်အုပ်ပင် ဖြစ်ချေသည်။
ﭩﭪﭫﭬ
83:10 ထိုနေ့တွင် မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကြသောသူတို့သည် ပျက်စီးကြရပေမည်။
ﭭﭮﭯﭰﭱ
83:11 အကြင် သူတို့သည် အစားပေးမည့်နေ့ကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကြကုန်၏။
ﭲﭳﭴﭵﭶﭷﭸﭹ
83:12 စင်စစ် ယင်းအစားပေးမည့်နေ့ကို ကျူးကျော်သူ၊ အလွန် ပြစ်မှုထင်ရှားသော သူသည်သာလျှင် မဟုတ်မမှန်ဟူ၍ ငြင်းပယ်လေ့ရှိ၏။
ﭺﭻﭼﭽﭾﭿﮀﮁ
83:13 ၎င်း၏ရှေ့ဝယ် ငါအရှင်မြတ်၏ အာယတ်တော်များ ဖတ်ကြားသောအခါ "ဤသည် ရှေးလူဟောင်းတို့၏ပုံပြင်များသာ ဖြစ်ကြသည်"ဟု ၎င်းက ပြောဆိုလေ့ရှိ၏။
ﮂﮃﮄﮅﮆﮇﮈﮉﮊﮋﮌ
83:14 အလျှင်းမဟုတ်၊ စင်စစ်မှာကား ၎င်းတို့သည် ဆည်းပူးလျက် ရှိခဲ့ကြသည့် (ပြစ်မှု)များသည် ၎င်းတို့၏ စိတ်နှလုံးများပေါ်၌ ဖုံးလွှမ်းခဲ့ပြီးဖြစ်၏။
ﮍﮎﮏﮐﮑﮒﮓ
83:15 အလျှင်းမဟုတ်၊ ဧကန်မလွဲ ၎င်းတို့သည် ထိုနေ့တွင် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်(အား ဖူးမျှော်ခြင်း)မှ ကာကွယ်ခြင်းကို ခံကြရမည့်သူများပင် ဖြစ်ကြပေသည်။
ﮔﮕﮖﮗﮘ
83:16 ထို့နောက် ဧကန်မလွဲ ၎င်းတို့သည် ‘ဂျဟန္နမ်’ငရဲထဲသို့ ဝင်ရောက်ကြရပေမည်။
ﮙﮚﮛﮜﮝﮞﮟﮠ
83:17 ထို့နောက် (၎င်းတို့အား) "ဤသည် အသင်တို့က မဟုတ်မမှန်ဟူ၍ ငြင်းပယ်လေ့ရှိခဲ့သောအရာပင် ဖြစ်သည်"ဟု ပြောဆိုခြင်း ခံရအံ့သတည်း။
ﮡﮢﮣﮤﮥﮦﮧ
83:18 အလျှင်းမဟုတ်၊ ဧကန်အမှန် သူတော်ကောင်းတို့၏မှတ်တမ်းမှာ "အစ်လ်လီယီန်" ၌ ရှိ၏။
ﮨﮩﮪﮫﮬ
83:19 သို့ရာတွင်၊"အစ်လ်လီယီန်"သည် အဘယ်အရာဖြစ်သည်ကို အသင်သည် အသို့လျှင် သိနိုင်အံ့နည်း။
ﮭﮮﮯ
83:20 (ယင်း "အစ်လ်လီယီန်" ကား) ရေးသားပြီးဖြစ်သော မှတ်တမ်းစာအုပ်ပင်။
ﮰﮱﯓ
83:21 ယင်း မှတ်တမ်းစာအုပ်ကို အပါးတော်၌ရှိကုန်သော ကောင်းကင်တမန်တို့သည် ကြည့်ရှုကြပေမည်။
ﯔﯕﯖﯗﯘ
83:22 ဧကန်မလွဲ သူတော်ကောင်းတို့မှာ ထာဝရသုခ၌ ရှိကြပေမည်။
ﯙﯚﯛﯜ
83:23 ၎င်းတို့သည် သလွန်များထက်ဝယ် စံမြန်းကာ ရှုစားကြလျက် ရှိကြပေမည်။
ﯝﯞﯟﯠﯡﯢ
83:24 အသင်သည် ၎င်းတို့၏ မျက်နှာများတွင် ငြိမ်းချမ်းမှု၏စိုပြည်ခြင်းကို (မြင်သောအခါ) ခွဲခြား၍ သိနိုင်ပေမည်။
ﯣﯤﯥﯦﯧ
83:25 ၎င်းတို့သည် တံဆိပ်ခတ်ထားသော (ကြည်လင်သန့်ရှင်းသော) အရက်အစစ် တိုက်ကျွေးခြင်းကို ခံကြရပေမည်။
ﯨﯩﯪﯫﯬﯭﯮﯯ
83:26 ထိုအရက်၏တံဆိပ်မှာ ကတိုးဖြစ်၏။ စင်စစ်သော်ကား ပြိင်ဆိုင်သူတို့သည် (လိုလားသူတို့) ဤသည်ကိုပင် အပြိင်အဆိုင် ရယူထိုက်ကြပေသည်။(လိုလားအပ်ကြပေသည်)။
ﯰﯱﯲﯳ
83:27 ယင်းအရက်၏ ရောစပ်ရာမှာ "တတ်စ်နီမ်"မှဖြစ်၏။
ﯴﯵﯶﯷﯸ
83:28 (ယင်း"တတ်စ်နီမ်"မှာ) စမ်းတစ်ခုပင် ဖြစ်သည်။အလ္လာဟ်အရှင်မြတ်နှင့် နီးစပ်သော သူမွန် သူမြတ်တို့ကား ယင်း"တတ်စ်နီမ်"မှပင် သောက်သုံး ကြကုန်သတည်း။
ﯹﯺﯻﯼﯽﯾﯿﰀﰁ
83:29 ဧကန်စင်စစ် ပြစ်မှုကျူးလွန်ခဲ့ကြသောသူတို့သည် "မုအ်မင်န်" သက်ဝင်ယုံကြည်သူတို့အပေါ်၌ ရယ်မောလေ့ရှိခဲ့ကြကုန်၏။
ﰂﰃﰄﰅﰆ
83:30 ၎င်းပြင် ထိုသက်ဝင်ယုံကြည်သူတို့သည် ၎င်းတို့အနီးမှဖြတ်၍ လျှောက်သွားကြသောအခါ ၎င်းတို့သည် မျက်ရိပ်ပြ(ကာ ကျီစယ်)လေ့ရှိခဲ့ကြကုန်၏။
ﰇﰈﰉﰊﰋﰌﰍ
83:31 ထို့ပြင် ၎င်းတို့သည် မိမိတို့ အိမ်သူအိမ်သားထံ ပြန်ခဲ့ကြသောအခါ (ထိုသက်ဝင်ယုံကြည်သူတို့၏ အကြောင်းများကို စားမြုံ့ပြန်၍) ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြကုန်၏။(ရယ်မောမြူးတူး ကျီစယ်ကြကုန်၏)။
ﰎﰏﰐﰑﰒﰓﰔ
83:32 ထိုမှတစ်ပါး ၎င်းတို့သည် ထိုသက်ဝင်ယုံကြည်သူတို့အား တွေ့မြင်ကြသောအခါ "ဧကန်မလွဲ ဤသူ တို့သည်အမှန်ပင် လမ်းလွဲသူများ ဖြစ်ကြသည်"ဟု ပြောဆိုကြကုန်၏။
ﰕﰖﰗﰘﰙ
83:33 စင်စစ်သော်ကား ၎င်းတို့သည် ထိုသက်ဝင် ယုံကြည်သူတို့အပေါ်၌ ကြီးကြပ် အုပ်ထိန်းသူများအဖြစ် စေလွှတ်ခြင်း ခံခဲ့ကြရသည် မဟုတ်ပေ။
ﭑﭒﭓﭔﭕﭖﭗ
83:34 သို့ဖြစ်ပေရာ ယနေ့သော်ကား "မုအ်မင်န်"သက်ဝင်ယုံကြည်သူတို့သည် "ကာဖိရ်" သွေဖည် ငြင်းပယ်သောသူတို့အပေါ်ဝယ် ရယ်ကြပေမည်။
ﭘﭙﭚﭛ
83:35 ထိုသက်ဝင်ယုံကြည်သူတို့မှာ သလွန်များ ထက်ဝယ် စံမြန်းလျက်ကြည့်ရှုကြပေမည်။
ﭜﭝﭞﭟﭠﭡﭢ
83:36 ကာဖိရ်" သွေဖည်ငြင်းပယ်သောသူတို့သည် မိမိတို့ပြုလုပ်လေ့ရှိခဲ့ကြသော အပြုအမူတို့၏အကျိုး ပေးဆပ်ခြင်းကို ခံကြရပြီမဟုတ်လော။

ကုရ်အာန်ကျမ်း


Wednesday, September 9, 2026

Don't forget us in your sincere prayers