အလ်-မူတဖ်ဖီဖီး စူရာ အာရဗ်ဘာသာ နှင့် မြန်မာ

အလ်-မူတဖ်ဖီဖီး စူရာကို မြန်မာဘာသာပြန် ပြည့်စုံစွာ နှင့် အသံ တိလာဝတ် နှင့် ဖတ်ပါ။ (36 အာယာသ် — مكية). အလ်-မူတဖ်ဖီဖီး နားထောင်, အလ်-မူတဖ်ဖီဖီး ဘာသာပြန်, အလ်-မူတဖ်ဖီဖီး mp3, အလ်-မူတဖ်ဖီဖီး pdf.

အလ်-မူတဖ်ဖီဖီး စူရာ ဖတ်ရှူ နှင့် နားထောင်

🎧 အာယာသ်
M Mishary Rashid Alafasy
M Mahmoud Khalil Al-Husary
A Abdurrahman As-Sudais
M Mohamed Siddiq Al-Minshawi
A Abdul Basit Abdul Samad
A Ali Al-Hudhaify
A Ahmed ibn Ali al-Ajamy
A Abu Bakr Ash-Shaatree
M Muhammad Ayyoub
A Abdullah Basfar
A Abdullah Al-Juhani
M Maher Al Muaiqly
x1
وَيْلٌ لِّلْمُطَفِّفِينَ ۝١
📖 ဘာသာပြန် အာယာသ် 1
အလေး၊ တင်းတောင်း၊ ခွက်၊ စသည်ကို စဉ်းလဲသူတို့သည် ပျက်စီးကြရပေမည်။
الَّذِينَ إِذَا اكْتَالُوا عَلَى النَّاسِ يَسْتَوْفُونَ ۝٢
📖 ဘာသာပြန် အာယာသ် 2
အကြင်သူတို့သည် သူတစ်ပါးထံမှ ခြင်တွယ်၍ ယူကြရသောအခါ အပြည့်(ခြင်၍)ရယူကြလေသည်။
وَإِذَا كَالُوهُمْ أَو وَّزَنُوهُمْ يُخْسِرُونَ ۝٣
📖 ဘာသာပြန် အာယာသ် 3
သို့ရာတွင် ၎င်းတို့သည် သူတစ်ပါးတို့အား ခြင်တွယ်၍သော်လည်းကောင်း၊ သူတစ်ပါးတို့အား ချိန်တွယ်၍သော်လည်းကောင်း၊ ပေးကြသောအခါ လျှော့၍ပေးကြလေသည်။
أَلَا يَظُنُّ أُولَٰئِكَ أَنَّهُم مَّبْعُوثُونَ ۝٤
📖 ဘာသာပြန် အာယာသ် 4
၎င်းတို့သည် မိမိတို့မှာ ဧကန်အမှန် ရှင်ပြန်ထကြရမည့်သူများ ဖြစ်ကြသည်ကို မယုံကြည်ကြ လေသလော။
لِيَوْمٍ عَظِيمٍ ۝٥
📖 ဘာသာပြန် အာယာသ် 5
ကြီးကျယ်လှစွာသောနေ့တွင်။
يَوْمَ يَقُومُ النَّاسُ لِرَبِّ الْعَالَمِينَ ۝٦
📖 ဘာသာပြန် အာယာသ် 6
အကြင်နေ့တွင် လူခပ်သိမ်းတို့သည် စကြဝဠာခပ်သိမ်းကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ ရှေ့တော်မှောက်တွင် ရပ်ကြကုန်အံ့သတည်း။
كَلَّا إِنَّ كِتَابَ الْفُجَّارِ لَفِي سِجِّينٍ ۝٧
📖 ဘာသာပြန် အာယာသ် 7
အလျှင်းမဟုတ်၊ ဧကန်စင်စစ် ဒုစရိုက် ကျူးလွန်သောသူတို့၏ မှတ်တမ်းသည် "စစ်ဂျ်ဂျီန်" ၌ရှိ၏။
وَمَا أَدْرَاكَ مَا سِجِّينٌ ۝٨
📖 ဘာသာပြန် အာယာသ် 8
စစ်ဂျ်ဂျီန်"သည် မည်သည့်အရာဖြစ်ကြောင်း အသင် သိပါသလော။
كِتَابٌ مَّرْقُومٌ ۝٩
📖 ဘာသာပြန် အာယာသ် 9
(ယင်း"စစ်ဂျ်ဂျီန်"မှာ) ရေးသားပြီးဖြစ်သော မှတ်တမ်းစာအုပ် တစ်အုပ်ပင် ဖြစ်ချေသည်။
وَيْلٌ يَوْمَئِذٍ لِّلْمُكَذِّبِينَ ۝١٠
📖 ဘာသာပြန် အာယာသ် 10
ထိုနေ့တွင် မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကြသောသူတို့သည် ပျက်စီးကြရပေမည်။
الَّذِينَ يُكَذِّبُونَ بِيَوْمِ الدِّينِ ۝١١
📖 ဘာသာပြန် အာယာသ် 11
အကြင် သူတို့သည် အစားပေးမည့်နေ့ကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကြကုန်၏။
وَمَا يُكَذِّبُ بِهِ إِلَّا كُلُّ مُعْتَدٍ أَثِيمٍ ۝١٢
📖 ဘာသာပြန် အာယာသ် 12
စင်စစ် ယင်းအစားပေးမည့်နေ့ကို ကျူးကျော်သူ၊ အလွန် ပြစ်မှုထင်ရှားသော သူသည်သာလျှင် မဟုတ်မမှန်ဟူ၍ ငြင်းပယ်လေ့ရှိ၏။
إِذَا تُتْلَىٰ عَلَيْهِ آيَاتُنَا قَالَ أَسَاطِيرُ الْأَوَّلِينَ ۝١٣
📖 ဘာသာပြန် အာယာသ် 13
၎င်း၏ရှေ့ဝယ် ငါအရှင်မြတ်၏ အာယတ်တော်များ ဖတ်ကြားသောအခါ "ဤသည် ရှေးလူဟောင်းတို့၏ပုံပြင်များသာ ဖြစ်ကြသည်"ဟု ၎င်းက ပြောဆိုလေ့ရှိ၏။
كَلَّا ۖ بَلْ ۜ رَانَ عَلَىٰ قُلُوبِهِم مَّا كَانُوا يَكْسِبُونَ ۝١٤
📖 ဘာသာပြန် အာယာသ် 14
အလျှင်းမဟုတ်၊ စင်စစ်မှာကား ၎င်းတို့သည် ဆည်းပူးလျက် ရှိခဲ့ကြသည့် (ပြစ်မှု)များသည် ၎င်းတို့၏ စိတ်နှလုံးများပေါ်၌ ဖုံးလွှမ်းခဲ့ပြီးဖြစ်၏။
كَلَّا إِنَّهُمْ عَن رَّبِّهِمْ يَوْمَئِذٍ لَّمَحْجُوبُونَ ۝١٥
📖 ဘာသာပြန် အာယာသ် 15
အလျှင်းမဟုတ်၊ ဧကန်မလွဲ ၎င်းတို့သည် ထိုနေ့တွင် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်(အား ဖူးမျှော်ခြင်း)မှ ကာကွယ်ခြင်းကို ခံကြရမည့်သူများပင် ဖြစ်ကြပေသည်။
ثُمَّ إِنَّهُمْ لَصَالُو الْجَحِيمِ ۝١٦
📖 ဘာသာပြန် အာယာသ် 16
ထို့နောက် ဧကန်မလွဲ ၎င်းတို့သည် ‘ဂျဟန္နမ်’ငရဲထဲသို့ ဝင်ရောက်ကြရပေမည်။
ثُمَّ يُقَالُ هَٰذَا الَّذِي كُنتُم بِهِ تُكَذِّبُونَ ۝١٧
📖 ဘာသာပြန် အာယာသ် 17
ထို့နောက် (၎င်းတို့အား) "ဤသည် အသင်တို့က မဟုတ်မမှန်ဟူ၍ ငြင်းပယ်လေ့ရှိခဲ့သောအရာပင် ဖြစ်သည်"ဟု ပြောဆိုခြင်း ခံရအံ့သတည်း။
كَلَّا إِنَّ كِتَابَ الْأَبْرَارِ لَفِي عِلِّيِّينَ ۝١٨
📖 ဘာသာပြန် အာယာသ် 18
အလျှင်းမဟုတ်၊ ဧကန်အမှန် သူတော်ကောင်းတို့၏မှတ်တမ်းမှာ "အစ်လ်လီယီန်" ၌ ရှိ၏။
وَمَا أَدْرَاكَ مَا عِلِّيُّونَ ۝١٩
📖 ဘာသာပြန် အာယာသ် 19
သို့ရာတွင်၊"အစ်လ်လီယီန်"သည် အဘယ်အရာဖြစ်သည်ကို အသင်သည် အသို့လျှင် သိနိုင်အံ့နည်း။
كِتَابٌ مَّرْقُومٌ ۝٢٠
📖 ဘာသာပြန် အာယာသ် 20
(ယင်း "အစ်လ်လီယီန်" ကား) ရေးသားပြီးဖြစ်သော မှတ်တမ်းစာအုပ်ပင်။
يَشْهَدُهُ الْمُقَرَّبُونَ ۝٢١
📖 ဘာသာပြန် အာယာသ် 21
ယင်း မှတ်တမ်းစာအုပ်ကို အပါးတော်၌ရှိကုန်သော ကောင်းကင်တမန်တို့သည် ကြည့်ရှုကြပေမည်။
إِنَّ الْأَبْرَارَ لَفِي نَعِيمٍ ۝٢٢
📖 ဘာသာပြန် အာယာသ် 22
ဧကန်မလွဲ သူတော်ကောင်းတို့မှာ ထာဝရသုခ၌ ရှိကြပေမည်။
عَلَى الْأَرَائِكِ يَنظُرُونَ ۝٢٣
📖 ဘာသာပြန် အာယာသ် 23
၎င်းတို့သည် သလွန်များထက်ဝယ် စံမြန်းကာ ရှုစားကြလျက် ရှိကြပေမည်။
تَعْرِفُ فِي وُجُوهِهِمْ نَضْرَةَ النَّعِيمِ ۝٢٤
📖 ဘာသာပြန် အာယာသ် 24
အသင်သည် ၎င်းတို့၏ မျက်နှာများတွင် ငြိမ်းချမ်းမှု၏စိုပြည်ခြင်းကို (မြင်သောအခါ) ခွဲခြား၍ သိနိုင်ပေမည်။
يُسْقَوْنَ مِن رَّحِيقٍ مَّخْتُومٍ ۝٢٥
📖 ဘာသာပြန် အာယာသ် 25
၎င်းတို့သည် တံဆိပ်ခတ်ထားသော (ကြည်လင်သန့်ရှင်းသော) အရက်အစစ် တိုက်ကျွေးခြင်းကို ခံကြရပေမည်။
خِتَامُهُ مِسْكٌ ۚ وَفِي ذَٰلِكَ فَلْيَتَنَافَسِ الْمُتَنَافِسُونَ ۝٢٦
📖 ဘာသာပြန် အာယာသ် 26
ထိုအရက်၏တံဆိပ်မှာ ကတိုးဖြစ်၏။ စင်စစ်သော်ကား ပြိင်ဆိုင်သူတို့သည် (လိုလားသူတို့) ဤသည်ကိုပင် အပြိင်အဆိုင် ရယူထိုက်ကြပေသည်။(လိုလားအပ်ကြပေသည်)။
وَمِزَاجُهُ مِن تَسْنِيمٍ ۝٢٧
📖 ဘာသာပြန် အာယာသ် 27
ယင်းအရက်၏ ရောစပ်ရာမှာ "တတ်စ်နီမ်"မှဖြစ်၏။
عَيْنًا يَشْرَبُ بِهَا الْمُقَرَّبُونَ ۝٢٨
📖 ဘာသာပြန် အာယာသ် 28
(ယင်း"တတ်စ်နီမ်"မှာ) စမ်းတစ်ခုပင် ဖြစ်သည်။အလ္လာဟ်အရှင်မြတ်နှင့် နီးစပ်သော သူမွန် သူမြတ်တို့ကား ယင်း"တတ်စ်နီမ်"မှပင် သောက်သုံး ကြကုန်သတည်း။
إِنَّ الَّذِينَ أَجْرَمُوا كَانُوا مِنَ الَّذِينَ آمَنُوا يَضْحَكُونَ ۝٢٩
📖 ဘာသာပြန် အာယာသ် 29
ဧကန်စင်စစ် ပြစ်မှုကျူးလွန်ခဲ့ကြသောသူတို့သည် "မုအ်မင်န်" သက်ဝင်ယုံကြည်သူတို့အပေါ်၌ ရယ်မောလေ့ရှိခဲ့ကြကုန်၏။
وَإِذَا مَرُّوا بِهِمْ يَتَغَامَزُونَ ۝٣٠
📖 ဘာသာပြန် အာယာသ် 30
၎င်းပြင် ထိုသက်ဝင်ယုံကြည်သူတို့သည် ၎င်းတို့အနီးမှဖြတ်၍ လျှောက်သွားကြသောအခါ ၎င်းတို့သည် မျက်ရိပ်ပြ(ကာ ကျီစယ်)လေ့ရှိခဲ့ကြကုန်၏။
وَإِذَا انقَلَبُوا إِلَىٰ أَهْلِهِمُ انقَلَبُوا فَكِهِينَ ۝٣١
📖 ဘာသာပြန် အာယာသ် 31
ထို့ပြင် ၎င်းတို့သည် မိမိတို့ အိမ်သူအိမ်သားထံ ပြန်ခဲ့ကြသောအခါ (ထိုသက်ဝင်ယုံကြည်သူတို့၏ အကြောင်းများကို စားမြုံ့ပြန်၍) ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြကုန်၏။(ရယ်မောမြူးတူး ကျီစယ်ကြကုန်၏)။
وَإِذَا رَأَوْهُمْ قَالُوا إِنَّ هَٰؤُلَاءِ لَضَالُّونَ ۝٣٢
📖 ဘာသာပြန် အာယာသ် 32
ထိုမှတစ်ပါး ၎င်းတို့သည် ထိုသက်ဝင်ယုံကြည်သူတို့အား တွေ့မြင်ကြသောအခါ "ဧကန်မလွဲ ဤသူ တို့သည်အမှန်ပင် လမ်းလွဲသူများ ဖြစ်ကြသည်"ဟု ပြောဆိုကြကုန်၏။
وَمَا أُرْسِلُوا عَلَيْهِمْ حَافِظِينَ ۝٣٣
📖 ဘာသာပြန် အာယာသ် 33
စင်စစ်သော်ကား ၎င်းတို့သည် ထိုသက်ဝင် ယုံကြည်သူတို့အပေါ်၌ ကြီးကြပ် အုပ်ထိန်းသူများအဖြစ် စေလွှတ်ခြင်း ခံခဲ့ကြရသည် မဟုတ်ပေ။
فَالْيَوْمَ الَّذِينَ آمَنُوا مِنَ الْكُفَّارِ يَضْحَكُونَ ۝٣٤
📖 ဘာသာပြန် အာယာသ် 34
သို့ဖြစ်ပေရာ ယနေ့သော်ကား "မုအ်မင်န်"သက်ဝင်ယုံကြည်သူတို့သည် "ကာဖိရ်" သွေဖည် ငြင်းပယ်သောသူတို့အပေါ်ဝယ် ရယ်ကြပေမည်။
عَلَى الْأَرَائِكِ يَنظُرُونَ ۝٣٥
📖 ဘာသာပြန် အာယာသ် 35
ထိုသက်ဝင်ယုံကြည်သူတို့မှာ သလွန်များ ထက်ဝယ် စံမြန်းလျက်ကြည့်ရှုကြပေမည်။
هَلْ ثُوِّبَ الْكُفَّارُ مَا كَانُوا يَفْعَلُونَ ۝٣٦
📖 ဘာသာပြန် အာယာသ် 36
ကာဖိရ်" သွေဖည်ငြင်းပယ်သောသူတို့သည် မိမိတို့ပြုလုပ်လေ့ရှိခဲ့ကြသော အပြုအမူတို့၏အကျိုး ပေးဆပ်ခြင်းကို ခံကြရပြီမဟုတ်လော။
← 82 အလ်-မူတဖ်ဖီဖီး (83/114) 84 →
ဖတ်ရန် အလ်-မူတဖ်ဖီဖီး စူရာ မြန်မာဘာသာ – ဘာသာပြန် နှင့် အသံ

83المطففين Al-Mutaffifin 📚 36 အာယာသ် مكية

အာယာသ် တစ်ခုချင်း – အလ်-မူတဖ်ဖီဖီး စူရာ — 36 အာယာသ်




ကုရ်အာန်ကျမ်း


Tuesday, August 18, 2026

Don't forget us in your sincere prayers