စူရာ အလ်-အင်ဖီတာရ် pdf — ဒေါင်းလုဒ် (မြန်မာ)
စူရာ အလ်-အင်ဖီတာရ် pdf မြန်မာ — ဒေါင်းလုဒ် စူရာ အလ်-အင်ဖီတာရ် ဘာသာပြန်. စူရာ အလ်-အင်ဖီတာရ် (Meccan) 19 အာယာသ်.
Related
- စူရာ အလ်-အင်ဖီတာရ် ဘာသာပြန်မြန်မာ
- စူရာ အလ်-အင်ဖီတာရ် mp3နားထောင်
- Quran Index မြန်မာ114
More စူရာ PDF
စူရာ အလ်-အင်ဖီတာရ်

ﭑﭒﭓﭔ
82:1
မိုးကောင်းကင်သည် အက်ကွဲသောအခါ။
ﭕﭖﭗﭘ
82:2
၎င်းပြင် ကြယ်တာရာများသည် ကြွေကျကြသောအခါ။
ﭙﭚﭛﭜ
82:3
ထို့ပြင် ပင်လယ်သမုဒ္ဒရာများသည် ဆူပွက်စီးထွက်(စေခြင်းကို ခံကြရ)သောအခါ။
ﭝﭞﭟﭠ
82:4
ထိုမှတစ်ပါး သင်္ချိုင်းများသည် အထက်အောက်မှောက်လှန် ဖရိုဖရဲဖြစ်စေခြင်းကို ခံကြရသောအခါ။
ﭡﭢﭣﭤﭥﭦ
82:5
ဇီဝိန် အသီးသီးတို့သည် မိမိတို့ ကြိုတင်ပို့နှင့်ခဲ့ကြသည် များကိုလည်းကောင်း၊ မိမိတို့သည် နောက်တွင် ချန်ခဲ့ကြသည်များကိုလည်းကောင်း၊ သိသွားခဲ့ ကြပေမည်။
ﭧﭨﭩﭪﭫﭬﭭ
82:6
အို-လူသား၊ မိမိအား ဖန်ဆင်းမွေးမြူတော်မူသော ကျေးဇူးတော်ရှင်နှင့် ပတ်သက်၍ မည်သည့်အရာသည် အသင့်အား လှည့်ဖြားခဲ့သနည်း။
ﭮﭯﭰﭱﭲ
82:7
အကြင်အရှင်မြတ်သည် အသင်(လူသား)အား ဖန်ဆင်းတော်မူခဲ့၏။ တစ်ဖန် အသင်၏(ဤအဆစ်အပိုင်းများ)ကို နေထားတကျဖြစ်အောင်လည်း ပြုပြင်တော်မူခဲ့၏။တဖန် အသင့်အား အချိုးအစား ကျအောင်လည်း စီမံတော်မူခဲ့၏။
ﭳﭴﭵﭶﭷﭸﭹ
82:8
မိမိအလိုရှိတော်မူသော ပုံသဏ္ဍာန်၌ အသင့်အား စီစဉ်ပြုလုပ် (ဖန်ဆင်း)တော်မူခဲ့၏။
ﭺﭻﭼﭽﭾ
82:9
(မည်သည့်အကြောင်းမျှ) အလျှင်းမဟုတ်၊ စင်စစ်မှာမူကား အသင်တို့သည် အစားပေးခြင်းကိုပင် မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကြကုန်၏။
ﭿﮀﮁﮂ
82:10
စင်စစ်သော်ကား အသင်တို့အပေါ်၌ ကိုယ်စောင့်များသည် ဧကန်မလွဲ ရှိကြကုန်၏။
ﮃﮄﮅ
82:11
(ငါအရှင်မြတ်အထံတော်၌) မြင့်မြတ်သူများ၊(အသင်တို့၏ ပြောဆိုပြုမူချက်တို့ကို) ရေးမှတ်သူများ။
ﮆﮇﮈﮉ
82:12
၎င်းတို့သည် အသင်တို့ ပြုလုပ်သမျှတို့ကို သိရှိကြကုန်သတည်း။
ﮊﮋﮌﮍﮎ
82:13
ဧကန်မလွဲ သူတော်ကောင်းတို့သည် ထာဝရသုခ၌ ရှိကြပေမည်။
ﮏﮐﮑﮒﮓ
82:14
သို့ရာတွင် ဆိုးသွမ်းသူတို့မူကား ဧကန်မလွဲ `ဂျဟန္နမ်` ငရဲ၌ပင် ရှိကြပေမည်။
ﮔﮕﮖﮗ
82:15
၎င်းတို့သည် ထို `ဂျဟန္နမ်` ငရဲသို့ အစားပေးမည့်နေ့တွင် ဝင်ကြရပေမည်။
ﮘﮙﮚﮛﮜ
82:16
ထို့ပြင် ၎င်းတို့သည် ယင်းငရဲမှ ခွဲခွာမည့်သူများ၊(ထွက်ရမည့်သူများ) မဟုတ်ကြချေ။
ﮝﮞﮟﮠﮡﮢ
82:17
စင်စစ် အစားပေးမည့်နေ့သည် အဘယ်ကဲ့သို့သော နေ့ပါနည်းဟု အသင်သိပါသလော။
ﮣﮤﮥﮦﮧﮨﮩ
82:18
တစ်ဖန် အစားပေးမည့်နေ့သည် အဘယ်ကဲ့သို့သော နေ့ဖြစ်သည်ကို အသင်သိပါသလော။
ﮪﮫﮬﮭﮮﮯﮰﮱﯓﯔﯕ
82:19
(ထိုနေ့သည်ကား) မည်သူမျှပင် မည်သူတစ်ဦးတစ်ယောက်ကိုမျှ လုံးဝ အကျိုးပြုပိုင်ခွင့် မရှိသောနေ့ပင်။ထိုနေ့တွင်ကား အမိန့်အာဏာ အလုံးစုံတို့သည် အလ္လာဟ်အရှင်မြတ်၌သာ ရှိကုန်အံ့သတည်း။
ကုရ်အာန်ကျမ်း
Wednesday, September 9, 2026
Don't forget us in your sincere prayers







