အလ်-ကဟ်ဖ် · 49/110
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ကဟ်ဖ်
وَوُضِعَ الْكِتَابُ فَتَرَى الْمُجْرِمِينَ مُشْفِقِينَ مِمَّا فِيهِ وَيَقُولُونَ يَا وَيْلَتَنَا مَالِ هَٰذَا الْكِتَابِ لَا يُغَادِرُ صَغِيرَةً وَلَا كَبِيرَةً إِلَّا أَحْصَاهَا ۚ وَوَجَدُوا مَا عَمِلُوا حَاضِرًا ۗ وَلَا يَظْلِمُ رَبُّكَ أَحَدًا ۝٤٩
Wa wudi`al kitaabu fataral mujrimeena mushfiqeena mimmaa feehi wa yaqooloona yaa wailatanaa maa lihaazal kitaabi laa yughaadiru saghee ratanw wa laa kabeeratan illaaa ahsaahaa; wa wajadoo maa `amiloo haadiraa; wa laa yazlimu Rabbuka ahadaa
📖 မြန်မာဘာသာ
၎င်းပြင် (မှတ်တမ်း)စာအုပ်များသည် (ထိုသူတို့ရှေ့တွင်) ချထားလျက်ရှိပေမည်။ ထိုအခါ အသင်သည် အပြစ်ရှိသူတို့အား ယင်း(မှတ်တမ်း)စာအုပ်များ၌ (ရေးသား၍ထားသော) အကြောင်းအရာများကြောင့် ထိတ်လန့်လျက် ရှိနေကြသည်ကို တွေ့မြင်ပေမည်။ ထို့ပြင် ၎င်းတို့က ဪ-ကျွန်ုပ်တို့အကျိုးနည်းရလေခြင်း၊ ဤ(မှတ်တမ်း)စာအုပ်သည် မည်သို့သော စာအုပ်ပါနည်း။ ဤစာအုပ်သည် မည်သည့် သေးငယ်သော(ပြစ်မှု) တစ်စုံတစ်ရာကိုမျှလည်းကောင်း၊ မည်သည့်ကြီးလေးသော (ပြစ်မှု)တစ်စုံတစ်ရာကိုမျှလည်းကောင်း၊ ခြွင်းချန်ထားခြင်းမပြုပဲ ရေတွက် (မှတ်သား ထား)ခဲ့လေသည်။ ဟုပြောဆိုမြည်တမ်း ညည်းညူကြပေမည်။ ထိုမှတစ်ပါး ၎င်းတို့သည် မိမိတို့ကျင့်မူခဲ့သမျှတို့ကိုလည်း (မိမိတို့)ရှေ့ဝယ် အသင့်ရောက်ရှိ နေသည်ကို တွေ့ရှိကြရပေမည်။ သို့ရာတွင် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်မှာမူကား မည်သူတစ်ဦးတစ်ယောက်ကိုမျှ မတရားပြုလုပ်တော် မူမည်မဟုတ်ပေ။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်

  • وَوُضِعَ الْكِتَابُ — စာအုပ်ကို ချထားပေးအပ်ခြင်းခံရမည်။ ဤနေရာတွင် “စာအုပ်” ဆိုသည်မှာ လူတစ်ဦးစီ၏ ကောင်းမှုနှင့် မကောင်းမှုများကို မှတ်တမ်းတင်ထားသော လုပ်ရပ်စာရင်းကို ဆိုလိုသည်။
  • الْمُجْرِمِينَ — ပြစ်မှုကျူးလွန်သူများ၊ အပြစ်ရှိသူများ။
  • مُشْفِقِينَ — ကြောက်ရွံ့တုန်လှုပ်နေသူများ။
  • يَا وَيْلَتَنَا — အို ငါတို့၏ ပျက်စီးဆုံးရှုံးမှုကြီး။ ဤသည်မှာ ပြင်းထန်သော ကြောက်ရွံ့မှုနှင့် နောင်တဖြင့် အော်ဟစ်ပြောဆိုသည့် စကားဖြစ်သည်။
  • لَا يُغَادِرُ — မကျန်ရစ်စေဘဲ ချန်လှပ်ထားခြင်းမရှိ။
  • صَغِيرَةً وَلَا كَبِيرَةً — သေးငယ်သော အပြစ်ဖြစ်စေ၊ ကြီးမားသော အပြစ်ဖြစ်စေ။
  • أَحْصَاهَا — အားလုံးကို ရေတွက်မှတ်တမ်းတင်ထားသည်။
  • حَاضِرًا — ရှေ့မှောက်တွင် အသင့်ရှိနေသည်။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

တမလွန်တရားစီရင်ရာနေ့တွင် လူတစ်ဦးစီ၏ လုပ်ရပ်များကို မှတ်တမ်းတင်ထားသော စာရင်းစာအုပ်ကို ချထားပေးအပ်မည်ဖြစ်သည်။ ထိုအခါ အပြစ်ကျူးလွန်သူများသည် မိမိတို့၏ စာအုပ်ထဲတွင် ရေးမှတ်ထားသည်များကို မြင်တွေ့ရသောအခါ အလွန်ကြောက်ရွံ့တုန်လှုပ်လျက် “အို ငါတို့၏ ပျက်စီးဆုံးရှုံးမှုကြီး။ ဤစာအုပ်သည် သေးငယ်သော လုပ်ရပ်ကိုဖြစ်စေ၊ ကြီးမားသော လုပ်ရပ်ကိုဖြစ်စေ မကျန်ရစ်စေဘဲ အားလုံးကို ရေတွက်မှတ်တမ်းတင်ထားသည်တကား” ဟု ပြောဆိုကြမည်။ သူတို့သည် လောကီဘဝတွင် ပြုလုပ်ခဲ့သမျှသော ကောင်းမှုများနှင့် မကောင်းမှုများကို ရှေ့မှောက်တွင် အသင့်ရှိနေသည်ကို တွေ့ရှိကြမည်။ အလ္လာဟ်အရှင်မြတ်သည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ မတရားပြုတော်မူမည် မဟုတ်ပေ။ အပြစ်မရှိဘဲ အပြစ်ပေးခြင်းမရှိသလို၊ ကောင်းမှုပြုသူ၏ အကျိုးကိုလည်း လျှော့ချတော်မူမည် မဟုတ်ပေ။

၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် အစ္စလာမ်ဘာသာနှင့် ကုရ်အာန်ကို ချစ်မြတ်နိုးလာစေမည့် သင်ခန်းစာများ

  • အလ္လာဟ်အရှင်မြတ်သည် တရားမျှတမှုအရှိဆုံးဖြစ်တော်မူသည်။ မည်သူ့ကိုမျှ မတရားပြုတော်မူမည် မဟုတ်ပါ။ ဤအချက်သည် ဖန်ဆင်းခံလူသားများအတွက် စိတ်ချမ်းသာမှုနှင့် မျှော်လင့်ချက်ကို ပေးသည်။
  • လူသားတစ်ဦး၏ လ


📜 အာယာသ် 47-51 — စူရာ အလ်-ကဟ်ဖ်

47وَيَوْمَ نُسَيِّرُ الْجِبَالَ وَتَرَى الْأَرْضَ بَارِزَةً وَحَشَرْنَاهُمْ فَلَمْ نُغَادِرْ مِنْهُمْ أَحَدًا
၎င်းပြင် အကြင်နေ့ကို(လည်းသတိရသင့်၏၊)ငါအရှင်မြတ်သည် (ထိုနေ့တွင်)တောင်များကို ရွေ့ရှား စေတော်မူမည်။ ထို့ပြင် အသင်သည် ကမ္ဘာမြေကို လွင်ပြင်ထီးထီးအဖြစ်တွေ့မြင်ပေမည်။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် ထို(လူသားအားလုံး)တို့ကို ၎င်းတို့အနက် တစ်ဦးတစ်ယောက်ကိုမျှ ချန်ထားခြင်းမရှိပဲ စုရုံးစေတော်မူပေမည်။
48وَعُرِضُوا عَلَىٰ رَبِّكَ صَفًّا لَّقَدْ جِئْتُمُونَا كَمَا خَلَقْنَاكُمْ أَوَّلَ مَرَّةٍ ۚ بَلْ زَعَمْتُمْ أَلَّن نَّجْعَلَ لَكُم مَّوْعِدًا
ထိုမှတစ်ပါး ၎င်းတို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ရှေ့တော်မှောက်တွင် စီတန်းလျက်ရှိနေလေတော့၏။ ထိုအခါ ၎င်းမှာ ဪ-ငါသည် မိမိအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်နှင့် မည်သူတစ်ဦးတစ်ယောက်ကိုမျှ တွဲဖက်နှိုင်းယှဉ်ကိုး ကွယ်ခြင်းမပြုခဲ့ပါလေသော် တော်လေစွ ဟု (ဝမ်းနည်းပက်လက်)ပြောဆို ညည်းညူမြည်တမ်းလျက်ရှိ ချိမ့်မည်။
49وَوُضِعَ الْكِتَابُ فَتَرَى الْمُجْرِمِينَ مُشْفِقِينَ مِمَّا فِيهِ وَيَقُولُونَ يَا وَيْلَتَنَا مَالِ هَٰذَا الْكِتَابِ لَا يُغَادِرُ صَغِيرَةً وَلَا كَبِيرَةً إِلَّا أَحْصَاهَا ۚ وَوَجَدُوا مَا عَمِلُوا حَاضِرًا ۗ وَلَا يَظْلِمُ رَبُّكَ أَحَدًا
၎င်းပြင် (မှတ်တမ်း)စာအုပ်များသည် (ထိုသူတို့ရှေ့တွင်) ချထားလျက်ရှိပေမည်။ ထိုအခါ အသင်သည် အပြစ်ရှိသူတို့အား ယင်း(မှတ်တမ်း)စာအုပ်များ၌ (ရေးသား၍ထားသော) အကြောင်းအရာများကြောင့် ထိတ်လန့်လျက် ရှိနေကြသည်ကို တွေ့မြင်ပေမည်။ ထို့ပြင် ၎င်းတို့က ဪ-ကျွန်ုပ်တို့အကျိုးနည်းရလေခြင်း၊ ဤ(မှတ်တမ်း)စာအုပ်သည် မည်သို့သော စာအုပ်ပါနည်း။ ဤစာအုပ်သည် မည်သည့် သေးငယ်သော(ပြစ်မှု) တစ်စုံတစ်ရာကိုမျှလည်းကောင်း၊ မည်သည့်ကြီးလေးသော (ပြစ်မှု)တစ်စုံတစ်ရာကိုမျှလည်းကောင်း၊ ခြွင်းချန်ထားခြင်းမပြုပဲ ရေတွက် (မှတ်သား ထား)ခဲ့လေသည်။ ဟုပြောဆိုမြည်တမ်း ညည်းညူကြပေမည်။ ထိုမှတစ်ပါး ၎င်းတို့သည် မိမိတို့ကျင့်မူခဲ့သမျှတို့ကိုလည်း (မိမိတို့)ရှေ့ဝယ် အသင့်ရောက်ရှိ နေသည်ကို တွေ့ရှိကြရပေမည်။ သို့ရာတွင် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်မှာမူကား မည်သူတစ်ဦးတစ်ယောက်ကိုမျှ မတရားပြုလုပ်တော် မူမည်မဟုတ်ပေ။
50وَإِذْ قُلْنَا لِلْمَلَائِكَةِ اسْجُدُوا لِآدَمَ فَسَجَدُوا إِلَّا إِبْلِيسَ كَانَ مِنَ الْجِنِّ فَفَسَقَ عَنْ أَمْرِ رَبِّهِ ۗ أَفَتَتَّخِذُونَهُ وَذُرِّيَّتَهُ أَوْلِيَاءَ مِن دُونِي وَهُمْ لَكُمْ عَدُوٌّ ۚ بِئْسَ لِلظَّالِمِينَ بَدَلًا
၎င်းပြင် (ပြန်လည်၍သတိရကြလေကုန်၊) တစ်ရံရောအခါဝယ် ငါအရှင်မြတ်သည် ကောင်းကင် တမန်တို့အားအသင်တို့သည် အာဒမ်၏အရှေ့ဝယ် ဦးချကြလေကုန် ဟုမိန့်ကြားတော်မူခဲ့ပေရာ အစ်ဗ်လိစ်မှတစ်ပါး ကောင်းကင် တမန်အပေါင်းတို့သည် ဦးချခဲ့ကြကုန်၏။ ယင်းအစ်ဗ်လီစ်မှာမူကားဂျင်(န်)သတ္တဝါတို့အနက်မှဖြစ်ခဲ့ရာ ၎င်းသည် မိမိအားဖန်ဆင်းမွေးမြူ တော်မူသော အရှင်မြတ်၏ အမိန့်တော်ကိုသွေဖည်ခဲ့လေ၏။ သို့ပါလျက် အသင်တို့သည် ငါအရှင်မြတ်အား စွန့်၍ ယင်းအစ်ဗ်လီစ်ကိုလည်းကောင်း၊ ယင်းအစ်ဗ်လီစ်၏သားမြေးတို့ကိုလည်းကောင်း၊ အဆွေခင်ပွန်းများပြုလုပ် ကြလေသလော။ အမှန်စင်စစ် ၎င်းတို့မှာမူကား အသင်တို့၏ရန်သူများပင်ဖြစ်ကြကုန်၏။ မတရား ကျူးလွန်သူ တို့၏အကျိုးသည်အလွန်ဆိုးရွားလှပေသည်တကား။
51۞ مَّا أَشْهَدتُّهُمْ خَلْقَ السَّمَاوَاتِ وَالْأَرْضِ وَلَا خَلْقَ أَنفُسِهِمْ وَمَا كُنتُ مُتَّخِذَ الْمُضِلِّينَ عَضُدًا
ငါအရှင်မြတ်သည် ယင်းရှိုင်တွာန်မိစ္ဆာကောင်တို့အား မိုးကောင်းကင်များကို ဖန်ဆင်းတော်မူရာ၌ လည်းကောင်း၊ ပထဝီမြေကို ဖန်ဆင်းတော်မူရာ၌လည်းကောင်း၊အဆင်သင့် ခေါ်ထားတော်မူခဲ့သည်မဟုတ်ပေ။ ထိုနည်းတူစွာ၎င်းတို့အား ဖန်ဆင်းတော်မူရာ၌လည်း(အဆင့်သင့်ခေါ်ထားခြင်းကိုပြုတော်)မမူခဲ့ချေ။ အမှန်စင်စစ်သော်ကား ငါအရှင်မြတ်သည် (သူတစ်ပါးကို)လမ်းလွဲစေသောသူတို့အား (မိမိ)လက်ရုံးအဖြစ် ပြုတော်မူမည့်အရှင် မဟုတ်ပေ။
အလ်-ကဟ်ဖ်ကုရ်အာန် ညွှန်းကိန်း
110အာယာသ်
MeccanRevelation
49အာယာသ်

ဘာသာပြန် — အလ်-ကဟ်ဖ် 49

စူရာ အလ်-ကဟ်ဖ် အာယာသ် 49 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ၎င်းပြင် (မှတ်တမ်း)စာအုပ်များသည် (ထိုသူတို့ရှေ့တွင်) ချထားလျက်ရှိပေမည်။ ထိုအခါ အသင်သည် အပြစ်ရှိသူတို့အား ယင်း(မှတ်တမ်း)စာအုပ်များ၌ (ရေးသား၍ထားသော) အကြောင်းအရာများကြောင့်…

စူရာ အာယာသ် 49/110 — စူရာ အလ်-ကဟ်ဖ် الكهف (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ကဟ်ဖ် နားထောင်, စူရာ အလ်-ကဟ်ဖ် ဘာသာပြန်, စူရာ အလ်-ကဟ်ဖ် mp3, စူရာ အလ်-ကဟ်ဖ် pdf. အာယာသ် 47–51. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Monday, October 19, 2026

Don't forget us in your sincere prayers