အလ်-ကဟ်ဖ် · 50/110
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ကဟ်ဖ်
وَإِذْ قُلْنَا لِلْمَلَائِكَةِ اسْجُدُوا لِآدَمَ فَسَجَدُوا إِلَّا إِبْلِيسَ كَانَ مِنَ الْجِنِّ فَفَسَقَ عَنْ أَمْرِ رَبِّهِ ۗ أَفَتَتَّخِذُونَهُ وَذُرِّيَّتَهُ أَوْلِيَاءَ مِن دُونِي وَهُمْ لَكُمْ عَدُوٌّ ۚ بِئْسَ لِلظَّالِمِينَ بَدَلًا ۝٥٠
Wa iz qulnaa lilma laaa`ikatis judoo li Aadama fasajadooo illaaa Ibleesa kaana minal jinni fafasaqa `an amri Rabbih; afatattakhizoonahoo wa zurriyatahooo awliyaaa`a min doonee wa hum lakum `aduww; bi`sa lizzaalimeena badalaa
📖 မြန်မာဘာသာ
၎င်းပြင် (ပြန်လည်၍သတိရကြလေကုန်၊) တစ်ရံရောအခါဝယ် ငါအရှင်မြတ်သည် ကောင်းကင် တမန်တို့အားအသင်တို့သည် အာဒမ်၏အရှေ့ဝယ် ဦးချကြလေကုန် ဟုမိန့်ကြားတော်မူခဲ့ပေရာ အစ်ဗ်လိစ်မှတစ်ပါး ကောင်းကင် တမန်အပေါင်းတို့သည် ဦးချခဲ့ကြကုန်၏။ ယင်းအစ်ဗ်လီစ်မှာမူကားဂျင်(န်)သတ္တဝါတို့အနက်မှဖြစ်ခဲ့ရာ ၎င်းသည် မိမိအားဖန်ဆင်းမွေးမြူ တော်မူသော အရှင်မြတ်၏ အမိန့်တော်ကိုသွေဖည်ခဲ့လေ၏။ သို့ပါလျက် အသင်တို့သည် ငါအရှင်မြတ်အား စွန့်၍ ယင်းအစ်ဗ်လီစ်ကိုလည်းကောင်း၊ ယင်းအစ်ဗ်လီစ်၏သားမြေးတို့ကိုလည်းကောင်း၊ အဆွေခင်ပွန်းများပြုလုပ် ကြလေသလော။ အမှန်စင်စစ် ၎င်းတို့မှာမူကား အသင်တို့၏ရန်သူများပင်ဖြစ်ကြကုန်၏။ မတရား ကျူးလွန်သူ တို့၏အကျိုးသည်အလွန်ဆိုးရွားလှပေသည်တကား။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္မဋ္ဌာန်းစကားလုံးများ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်
  • وَإِذْ (ဝါအိဇ်) — သတိရပါ၊ တစ်ချိန်က ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်ကို ပြန်လည်အမှတ်ရစေခြင်း။
  • اسْجُدُوا (ဣစ်ဂျူဒူ) — ဦးချကြပါ၊ ရိုကျိုးကြပါ။ ဤနေရာတွင် ဂုဏ်ပြုခြင်း၏ ဦးချခြင်းဖြစ်ပြီး၊ ကိုးကွယ်ခြင်း၏ ဦးချခြင်းမဟုတ်ပါ။
  • إِبْلِيسَ (အိဗ်လီးစ်) — ရှိုင်တွန်မိစ္ဆာ၏ အမည်။
  • الْجِنِّ (ဂျင်န်) — ဂျင်မျိုးနွယ်၊ မီးမှ ဖန်ဆင်းခံရသော သတ္တဝါ။
  • فَفَسَقَ (ဖဖဆကာ) — ဖောက်ဖျက်ခဲ့သည်၊ နာခံမှုမှ ထွက်ခွာခဲ့သည်။
  • ذُرِّيَّتَهُ (ဇုရ်ရိယျတဟု) — သူ၏ သားစဉ်မြေးဆက်၊ သူ၏ အမျိုးအနွယ်။
  • أَوْلِيَاءَ (အောင်လိယာအာ) — မိတ်ဆွေများ၊ အုပ်ထိန်းသူများ၊ ယုံကြည်အားထားရာများ။
  • بِئْسَ (ဗိအ်စာ) — အလွန်ဆိုးရွားသည်၊ အလွန်ယုတ်ညံ့သည်။
  • بَدَلًا (ဗဒလန်) — အစားထိုးခြင်း၊ အစားထိုးအရာ။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

အို တမန်တော်မုဟမ္မဒ်၊ သတိရပါ။ တစ်ချိန်က ငါအရှင်မြတ်သည် ကောင်းကင်တမန်များအား “အာဒမ်ကို ဦးချကြပါ” ဟု မိန့်တော်မူခဲ့သည်။ ထိုအခါ ကောင်းကင်တမန်များအားလုံး ဦးချကြသည်။ သို့သော် အိဗ်လီးစ်သည် ဦးမချခဲ့ပါ။ သူသည် ဂျင်မျိုးနွယ်မှ ဖြစ်ခဲ့သည်။ သူသည် မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ အမိန့်တော်ကို ဖောက်ဖျက်ခဲ့သည်။ ထို့နောက် ငါအရှင်မြတ်သည် လူသားတို့အား မေးမြန်းတော်မူသည်။ “သင်တို့သည် ငါအရှင်မြတ်ကို စွန့်လွှတ်၍ အိဗ်လီးစ်နှင့် သူ၏ အမျိုးအနွယ်တို့ကို မိတ်ဆွေများ၊ အုပ်ထိန်းသူများအဖြစ် ယုံကြည်အားထားကြသလော။ စင်စစ် သူတို့သည် သင်တို့၏ ရန်သူများဖြစ်ကြသည်။” မတရားသော သူတို့အတွက် အရှင်မြတ်ကို စွန့်၍ ရှိုင်တွန်ကို အစားထိုးယုံကြည်အားထားခြင်းသည် အလွန်ဆိုးရွားလှပေစွ။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ
  • အလ္လာဟ်အရှင်မြတ်သည် လူသားအာဒမ်ကို ဂုဏ်ပြုမှုအနေဖြင့် ကောင်းကင်တမန်များအား ဦးချစေခဲ့သည်။ ဤသည်မှာ လူသား၏ ဂုဏ်သတင်းကို မြင့်မားစေသော အထောက်အထားဖြစ်သည်။
  • အိဗ်လီးစ်သည် မာန်မာနနှင့် မနာလိုမှုကြောင့် အရှင်မြတ်၏ အမိန့်ကို ဖောက်ဖျက်ခဲ့သည်။ မာန်မာနသည်


📜 အာယာသ် 48-52 — စူရာ အလ်-ကဟ်ဖ်

48وَعُرِضُوا عَلَىٰ رَبِّكَ صَفًّا لَّقَدْ جِئْتُمُونَا كَمَا خَلَقْنَاكُمْ أَوَّلَ مَرَّةٍ ۚ بَلْ زَعَمْتُمْ أَلَّن نَّجْعَلَ لَكُم مَّوْعِدًا
ထိုမှတစ်ပါး ၎င်းတို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ရှေ့တော်မှောက်တွင် စီတန်းလျက်ရှိနေလေတော့၏။ ထိုအခါ ၎င်းမှာ ဪ-ငါသည် မိမိအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်နှင့် မည်သူတစ်ဦးတစ်ယောက်ကိုမျှ တွဲဖက်နှိုင်းယှဉ်ကိုး ကွယ်ခြင်းမပြုခဲ့ပါလေသော် တော်လေစွ ဟု (ဝမ်းနည်းပက်လက်)ပြောဆို ညည်းညူမြည်တမ်းလျက်ရှိ ချိမ့်မည်။
49وَوُضِعَ الْكِتَابُ فَتَرَى الْمُجْرِمِينَ مُشْفِقِينَ مِمَّا فِيهِ وَيَقُولُونَ يَا وَيْلَتَنَا مَالِ هَٰذَا الْكِتَابِ لَا يُغَادِرُ صَغِيرَةً وَلَا كَبِيرَةً إِلَّا أَحْصَاهَا ۚ وَوَجَدُوا مَا عَمِلُوا حَاضِرًا ۗ وَلَا يَظْلِمُ رَبُّكَ أَحَدًا
၎င်းပြင် (မှတ်တမ်း)စာအုပ်များသည် (ထိုသူတို့ရှေ့တွင်) ချထားလျက်ရှိပေမည်။ ထိုအခါ အသင်သည် အပြစ်ရှိသူတို့အား ယင်း(မှတ်တမ်း)စာအုပ်များ၌ (ရေးသား၍ထားသော) အကြောင်းအရာများကြောင့် ထိတ်လန့်လျက် ရှိနေကြသည်ကို တွေ့မြင်ပေမည်။ ထို့ပြင် ၎င်းတို့က ဪ-ကျွန်ုပ်တို့အကျိုးနည်းရလေခြင်း၊ ဤ(မှတ်တမ်း)စာအုပ်သည် မည်သို့သော စာအုပ်ပါနည်း။ ဤစာအုပ်သည် မည်သည့် သေးငယ်သော(ပြစ်မှု) တစ်စုံတစ်ရာကိုမျှလည်းကောင်း၊ မည်သည့်ကြီးလေးသော (ပြစ်မှု)တစ်စုံတစ်ရာကိုမျှလည်းကောင်း၊ ခြွင်းချန်ထားခြင်းမပြုပဲ ရေတွက် (မှတ်သား ထား)ခဲ့လေသည်။ ဟုပြောဆိုမြည်တမ်း ညည်းညူကြပေမည်။ ထိုမှတစ်ပါး ၎င်းတို့သည် မိမိတို့ကျင့်မူခဲ့သမျှတို့ကိုလည်း (မိမိတို့)ရှေ့ဝယ် အသင့်ရောက်ရှိ နေသည်ကို တွေ့ရှိကြရပေမည်။ သို့ရာတွင် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်မှာမူကား မည်သူတစ်ဦးတစ်ယောက်ကိုမျှ မတရားပြုလုပ်တော် မူမည်မဟုတ်ပေ။
50وَإِذْ قُلْنَا لِلْمَلَائِكَةِ اسْجُدُوا لِآدَمَ فَسَجَدُوا إِلَّا إِبْلِيسَ كَانَ مِنَ الْجِنِّ فَفَسَقَ عَنْ أَمْرِ رَبِّهِ ۗ أَفَتَتَّخِذُونَهُ وَذُرِّيَّتَهُ أَوْلِيَاءَ مِن دُونِي وَهُمْ لَكُمْ عَدُوٌّ ۚ بِئْسَ لِلظَّالِمِينَ بَدَلًا
၎င်းပြင် (ပြန်လည်၍သတိရကြလေကုန်၊) တစ်ရံရောအခါဝယ် ငါအရှင်မြတ်သည် ကောင်းကင် တမန်တို့အားအသင်တို့သည် အာဒမ်၏အရှေ့ဝယ် ဦးချကြလေကုန် ဟုမိန့်ကြားတော်မူခဲ့ပေရာ အစ်ဗ်လိစ်မှတစ်ပါး ကောင်းကင် တမန်အပေါင်းတို့သည် ဦးချခဲ့ကြကုန်၏။ ယင်းအစ်ဗ်လီစ်မှာမူကားဂျင်(န်)သတ္တဝါတို့အနက်မှဖြစ်ခဲ့ရာ ၎င်းသည် မိမိအားဖန်ဆင်းမွေးမြူ တော်မူသော အရှင်မြတ်၏ အမိန့်တော်ကိုသွေဖည်ခဲ့လေ၏။ သို့ပါလျက် အသင်တို့သည် ငါအရှင်မြတ်အား စွန့်၍ ယင်းအစ်ဗ်လီစ်ကိုလည်းကောင်း၊ ယင်းအစ်ဗ်လီစ်၏သားမြေးတို့ကိုလည်းကောင်း၊ အဆွေခင်ပွန်းများပြုလုပ် ကြလေသလော။ အမှန်စင်စစ် ၎င်းတို့မှာမူကား အသင်တို့၏ရန်သူများပင်ဖြစ်ကြကုန်၏။ မတရား ကျူးလွန်သူ တို့၏အကျိုးသည်အလွန်ဆိုးရွားလှပေသည်တကား။
51۞ مَّا أَشْهَدتُّهُمْ خَلْقَ السَّمَاوَاتِ وَالْأَرْضِ وَلَا خَلْقَ أَنفُسِهِمْ وَمَا كُنتُ مُتَّخِذَ الْمُضِلِّينَ عَضُدًا
ငါအရှင်မြတ်သည် ယင်းရှိုင်တွာန်မိစ္ဆာကောင်တို့အား မိုးကောင်းကင်များကို ဖန်ဆင်းတော်မူရာ၌ လည်းကောင်း၊ ပထဝီမြေကို ဖန်ဆင်းတော်မူရာ၌လည်းကောင်း၊အဆင်သင့် ခေါ်ထားတော်မူခဲ့သည်မဟုတ်ပေ။ ထိုနည်းတူစွာ၎င်းတို့အား ဖန်ဆင်းတော်မူရာ၌လည်း(အဆင့်သင့်ခေါ်ထားခြင်းကိုပြုတော်)မမူခဲ့ချေ။ အမှန်စင်စစ်သော်ကား ငါအရှင်မြတ်သည် (သူတစ်ပါးကို)လမ်းလွဲစေသောသူတို့အား (မိမိ)လက်ရုံးအဖြစ် ပြုတော်မူမည့်အရှင် မဟုတ်ပေ။
52وَيَوْمَ يَقُولُ نَادُوا شُرَكَائِيَ الَّذِينَ زَعَمْتُمْ فَدَعَوْهُمْ فَلَمْ يَسْتَجِيبُوا لَهُمْ وَجَعَلْنَا بَيْنَهُم مَّوْبِقًا
ထိုနည်းတူစွာ အကြင်နေ့ကိုလည်း(သတိ ထားကြလေကုန်) ထိုအရှင်မြတ်သည် (ထိုနေ့တွင် မုရှ်ရစ်က်တို့အား)အသင်တို့သည် မိမိတို့ယုံကြည်(ကိုးကွယ်)ခဲ့ကြသော ငါအရှင်မြတ်၏တွဲဖက်များကို ဟစ်ခေါ်ကြလေကုန်ဟု မိန့်ကြားတော်မူလေသောအခါ ၎င်းတို့သည် ယင်းတွဲဖက်များကို ဟစ်ခေါ်ကြပေမည်။ သို့ရာတွင် ယင်းတွဲဖက်များမှာမူကား ၎င်းတို့အားပြန်၍ထူးကြမည် မဟုတ်ပေ။ ၎င်းပြင် ငါအရှင်မြတ်သည် ယင်း(မုရှ်ရစ်က်တို့နှင့် ၎င်းတို့၏ကိုးကွယ်ရာ) တို့၏စပ်ကြားတွင်အကွယ်အကာတစ်ခု ချထားတော် မူပေမည်။
အလ်-ကဟ်ဖ်ကုရ်အာန် ညွှန်းကိန်း
110အာယာသ်
MeccanRevelation
50အာယာသ်

ဘာသာပြန် — အလ်-ကဟ်ဖ် 50

စူရာ အလ်-ကဟ်ဖ် အာယာသ် 50 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ၎င်းပြင် (ပြန်လည်၍သတိရကြလေကုန်၊) တစ်ရံရောအခါဝယ် ငါအရှင်မြတ်သည် ကောင်းကင် တမန်တို့အားအသင်တို့သည် အာဒမ်၏အရှေ့ဝယ် ဦးချကြလေကုန် ဟုမိန့်ကြားတော်မူခဲ့ပေရာ အစ်ဗ်လိစ်မှတစ်ပါး…

စူရာ အာယာသ် 50/110 — စူရာ အလ်-ကဟ်ဖ် الكهف (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ကဟ်ဖ် နားထောင်, စူရာ အလ်-ကဟ်ဖ် ဘာသာပြန်, စူရာ အလ်-ကဟ်ဖ် mp3, စူရာ အလ်-ကဟ်ဖ် pdf. အာယာသ် 48–52. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers