အလ်-ဂျာစီယာ · 8/37
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ဂျာစီယာ
يَسْمَعُ آيَاتِ اللَّهِ تُتْلَىٰ عَلَيْهِ ثُمَّ يُصِرُّ مُسْتَكْبِرًا كَأَن لَّمْ يَسْمَعْهَا ۖ فَبَشِّرْهُ بِعَذَابٍ أَلِيمٍ ۝٨
Yasma`u Aayaatil laahi tutlaa `alaihi summa yusirru mustakbiran ka-al lam yasma`haa fabashshirhu bi`azaabin aleem
📖 မြန်မာဘာသာ
ထိုသူသည် မိမိရှေ့ဝယ် ဖတ်ကြားပြသော အလ္လာဟ်အရှင်မြတ်၏ အာယတ်တော်များကို နားထောင်လေ၏။ သို့ပါလျက် ၎င်းမှာ ယင်းအာယတ်တော်များကို မကြားခဲ့ဘိသကဲ့သို့ပင် (မိမိ၏ဝါဒလမ်းစဉ်ပေါ်၌သာလျှင်) မာန်မာန ထောင်လွှားကာ ဆက်လက်တင်းမာ၍သာ နေလေ၏။ သို့ဖြစ်ပေရာ(အို-နဗီ တမန်တော်) အသင်သည် ၎င်းအား အလွန်တရာနာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်နှင့် စပ်လျဉ်း၍ သတင်းကောင်း ပြောကြားပါလေ။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္ဘာ့ကျမ်းတော်မြတ်ကုရ်အာန်၏ အာယသ်တော်များကို ဖတ်ရွတ်ခြင်းခံရစဉ် ကြားနာရသော်လည်း မာန်မာနထောင်လွှားစွာဖြင့် ဆက်လက်ရှိနေသူအတွက် ပြင်းထန်သော ပြစ်ဒဏ်ရှိကြောင်း သတိပေးချက်။
  2. ဤအာယသ်တော်တွင် အလ္လာဟ်အရှင်မြတ်သည် ကုရ်အာန်၏ အာယသ်တော်များကို ဖတ်ရွတ်ခြင်းခံရသောအခါ ကြားနာရသော်လည်း မယုံကြည်မှုနှင့် မာန်မာနကို ဆက်လက်ထားရှိသူများ၏ အခြေအနေကို ဖော်ပြထားပါသည်။ ထိုသူသည် အာယသ်တော်များကို ကြားနာရသော်လည်း နားမထောင်သူတစ်ဦးကဲ့သို့ပင် မာန်မာနထောင်လွှားလျက် မယုံကြည်မှုကို ဆက်လက်ကျင့်သုံးနေပါသည်။ ထို့ကြောင့် တမန်တော်မုဟမ္မဒ်(ဆွ)အား ထိုသူအား နာကျင်ဖွယ်ရာ ပြင်းထန်သော ပြစ်ဒဏ်အကြောင်း သတင်းပေးအပ်ရန် အမိန့်ပေးထားပါသည်။ ဤသည်မှာ သူသည် ကုရ်အာန်၏ သတိပေးချက်များကို လျစ်လျူရှုပြီး မာန်မာနဖြင့် ဆက်လက်ရှိနေခြင်း၏ အကျိုးဆက်ဖြစ်ပါသည်။ သူသည် နောင်တရရန် အခွင့်အလမ်းရှိသော်လည်း မာန်မာနက သူ့ကို အမှန်တရားလက်ခံရန် တားဆီးထားပါသည်။
  3. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ ကုရ်အာန်၏ အာယသ်တော်များကို ကြားနာရသောအခါ နှလုံးသားဖြင့် လက်ခံရန် ကြိုးစားသင့်ပါသည်။ မာန်မာနသည် အမှန်တရားကို လက်ခံရန် အဟန့်အတားဖြစ်စေပါသည်။ အလ္လာဟ်အရှင်မြတ်သည် မိမိ၏ အာယသ်တော်များကို လျစ်လျူရှုသူများအတွက် ပြင်းထန်သော ပြစ်ဒဏ်ကို အသင့်ရှိစေတော်မူပါသည်။ သို့သော် အလ္လာဟ်အရှင်မြတ်သည် အလွန်ကြီးမားသော ကရုဏာတော်ရှင်ဖြစ်ပြီး နောင်တရသူများကို ခွင့်လွှတ်တော်မူပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ကုရ်အာန်၏ သတိပေးချက်များကို နှလုံးသွင်းပြီး မာန်မာနကို စွန့်လွှတ်ကာ အမှန်တရားကို လက်ခံသင့်ပါသည်။ ဤအာယသ်တော်သည် ကျွန်ုပ်တို့အား ကုရ်အာန်၏ တန်ဖိုးကို နားလည်စေပြီး နှလုံးသားဖြင့် လက်ခံရန် အားပေးနှိုးဆော်ထားပါသည်။


📜 အာယာသ် 6-10 — စူရာ အလ်-ဂျာစီယာ

6تِلْكَ آيَاتُ اللَّهِ نَتْلُوهَا عَلَيْكَ بِالْحَقِّ ۖ فَبِأَيِّ حَدِيثٍ بَعْدَ اللَّهِ وَآيَاتِهِ يُؤْمِنُونَ
ဤသည်တို့ကား အလ္လာဟ်အရှင်မြတ်၏ သက်သေလက္ခဏာတော်များပင် ငါအရှင်သည် ယင်း သက်သေလက္ခဏာတော်များကို အသင်၏ရှေ့ဝယ် တိကျမှန်ကန်စွာ ဖတ်ကြားပြတော်မူ၏။ သို့ဖြစ်ပေရာ ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်(မှတစ်ပါး ထိုအရှင်မြတ်)၏ သက်သေလက္ခဏာတော်များ မှတစ်ပါး မည်သည့်စကားကို ယုံကြည်ကြအံ့နည်း။
7وَيْلٌ لِّكُلِّ أَفَّاكٍ أَثِيمٍ
အကြင် လွန်စွာမုသားပြောဆိုသူ၊ လွန်စွာပြစ်မှုကျူးလွန်သူတိုင်း၌ အကြီးအကျယ် ပျက်စီးခြင်းသည် ရှိပေမည်။
8يَسْمَعُ آيَاتِ اللَّهِ تُتْلَىٰ عَلَيْهِ ثُمَّ يُصِرُّ مُسْتَكْبِرًا كَأَن لَّمْ يَسْمَعْهَا ۖ فَبَشِّرْهُ بِعَذَابٍ أَلِيمٍ
ထိုသူသည် မိမိရှေ့ဝယ် ဖတ်ကြားပြသော အလ္လာဟ်အရှင်မြတ်၏ အာယတ်တော်များကို နားထောင်လေ၏။ သို့ပါလျက် ၎င်းမှာ ယင်းအာယတ်တော်များကို မကြားခဲ့ဘိသကဲ့သို့ပင် (မိမိ၏ဝါဒလမ်းစဉ်ပေါ်၌သာလျှင်) မာန်မာန ထောင်လွှားကာ ဆက်လက်တင်းမာ၍သာ နေလေ၏။ သို့ဖြစ်ပေရာ(အို-နဗီ တမန်တော်) အသင်သည် ၎င်းအား အလွန်တရာနာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်နှင့် စပ်လျဉ်း၍ သတင်းကောင်း ပြောကြားပါလေ။
9وَإِذَا عَلِمَ مِنْ آيَاتِنَا شَيْئًا اتَّخَذَهَا هُزُوًا ۚ أُولَٰئِكَ لَهُمْ عَذَابٌ مُّهِينٌ
၎င်းပြင် ထိုသူသည် ငါအရှင်မြတ်၏ အာယတ်တော်များအနက် အာယတ်တော် တစ်စုံတစ်ရာကို သိရှိခဲ့သောအခါ ၎င်းသည် ယင်းအာယတ်တော်ကိုပင် ပြက်ရယ်ပြောင်လှောင်ဖွယ်ရာ ပြုလုပ်လေ့ရှိ၏။ ထိုကဲ့သို့သောသူတို့၌ ကျိုးယုတ်ရှက်ရဖြစ်စေသော ပြစ်ဒဏ်သည် ရှိချေမည်။
10مِّن وَرَائِهِمْ جَهَنَّمُ ۖ وَلَا يُغْنِي عَنْهُم مَّا كَسَبُوا شَيْئًا وَلَا مَا اتَّخَذُوا مِن دُونِ اللَّهِ أَوْلِيَاءَ ۖ وَلَهُمْ عَذَابٌ عَظِيمٌ
၎င်း၏ရှေ့မှောက်ဝယ် "ဂျဟန္နမ်"ငရဲဘုံသည် ရှိနေလေ၏။ ထို့ပြင် ထိုသူတို့ ရှာဖွေဆည်းပူးခဲ့သမျှ တို့သည်လည်းကောင်း၊ ထိုသူတို့က အလ္လာဟ်အရှင်မြတ်အပြင် ကိစ္စအဝဝကို ပြီးစီးအောင် ဆောင်ရွက်ပေးသူများဟူ၍ ပြုလုပ်သတ်မှတ်ထားသူတို့သည် လည်းကောင်း၊ ထိုသူအဖို့ အနည်းငယ် စိုးစဉ်းမျှပင် အသုံးဝင်ကြမည် မဟုတ်ပေ။ ထိုမှတစ်ပါး ၎င်းတို့၌ ကြီးလေးလှစွာသော ပြစ်ဒဏ်သည် ရှိပေမည်။
အလ်-ဂျာစီယာကုရ်အာန် ညွှန်းကိန်း
37အာယာသ်
MeccanRevelation
8အာယာသ်

ဘာသာပြန် — အလ်-ဂျာစီယာ 8

စူရာ အလ်-ဂျာစီယာ အာယာသ် 8 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုသူသည် မိမိရှေ့ဝယ် ဖတ်ကြားပြသော အလ္လာဟ်အရှင်မြတ်၏ အာယတ်တော်များကို နားထောင်လေ၏။ သို့ပါလျက် ၎င်းမှာ ယင်းအာယတ်တော်များကို မကြားခဲ့ဘိသကဲ့သို့ပင်…

စူရာ အာယာသ် 8/37 — စူရာ အလ်-ဂျာစီယာ الجاثية (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဂျာစီယာ နားထောင်, စူရာ အလ်-ဂျာစီယာ ဘာသာပြန်, စူရာ အလ်-ဂျာစီယာ mp3, စူရာ အလ်-ဂျာစီယာ pdf. အာယာသ် 6–10. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Wednesday, October 21, 2026

Don't forget us in your sincere prayers