အလ်-ဂျာစီယာ · 8/37
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ဂျာစီယာ
يَسْمَعُ آيَاتِ اللَّهِ تُتْلَىٰ عَلَيْهِ ثُمَّ يُصِرُّ مُسْتَكْبِرًا كَأَن لَّمْ يَسْمَعْهَا ۖ فَبَشِّرْهُ بِعَذَابٍ أَلِيمٍ ۝٨
Yasma`u Aayaatil laahi tutlaa `alaihi summa yusirru mustakbiran ka-al lam yasma`haa fabashshirhu bi`azaabin aleem
📖 မြန်မာဘာသာ
ထိုသူသည် မိမိရှေ့ဝယ် ဖတ်ကြားပြသော အလ္လာဟ်အရှင်မြတ်၏ အာယတ်တော်များကို နားထောင်လေ၏။ သို့ပါလျက် ၎င်းမှာ ယင်းအာယတ်တော်များကို မကြားခဲ့ဘိသကဲ့သို့ပင် (မိမိ၏ဝါဒလမ်းစဉ်ပေါ်၌သာလျှင်) မာန်မာန ထောင်လွှားကာ ဆက်လက်တင်းမာ၍သာ နေလေ၏။ သို့ဖြစ်ပေရာ(အို-နဗီ တမန်တော်) အသင်သည် ၎င်းအား အလွန်တရာနာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်နှင့် စပ်လျဉ်း၍ သတင်းကောင်း ပြောကြားပါလေ။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 6-10 — စူရာ အလ်-ဂျာစီယာ

6تِلْكَ آيَاتُ اللَّهِ نَتْلُوهَا عَلَيْكَ بِالْحَقِّ ۖ فَبِأَيِّ حَدِيثٍ بَعْدَ اللَّهِ وَآيَاتِهِ يُؤْمِنُونَ
ဤသည်တို့ကား အလ္လာဟ်အရှင်မြတ်၏ သက်သေလက္ခဏာတော်များပင် ငါအရှင်သည် ယင်း သက်သေလက္ခဏာတော်များကို အသင်၏ရှေ့ဝယ် တိကျမှန်ကန်စွာ ဖတ်ကြားပြတော်မူ၏။ သို့ဖြစ်ပေရာ ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်(မှတစ်ပါး ထိုအရှင်မြတ်)၏ သက်သေလက္ခဏာတော်များ မှတစ်ပါး မည်သည့်စကားကို ယုံကြည်ကြအံ့နည်း။
7وَيْلٌ لِّكُلِّ أَفَّاكٍ أَثِيمٍ
အကြင် လွန်စွာမုသားပြောဆိုသူ၊ လွန်စွာပြစ်မှုကျူးလွန်သူတိုင်း၌ အကြီးအကျယ် ပျက်စီးခြင်းသည် ရှိပေမည်။
8يَسْمَعُ آيَاتِ اللَّهِ تُتْلَىٰ عَلَيْهِ ثُمَّ يُصِرُّ مُسْتَكْبِرًا كَأَن لَّمْ يَسْمَعْهَا ۖ فَبَشِّرْهُ بِعَذَابٍ أَلِيمٍ
ထိုသူသည် မိမိရှေ့ဝယ် ဖတ်ကြားပြသော အလ္လာဟ်အရှင်မြတ်၏ အာယတ်တော်များကို နားထောင်လေ၏။ သို့ပါလျက် ၎င်းမှာ ယင်းအာယတ်တော်များကို မကြားခဲ့ဘိသကဲ့သို့ပင် (မိမိ၏ဝါဒလမ်းစဉ်ပေါ်၌သာလျှင်) မာန်မာန ထောင်လွှားကာ ဆက်လက်တင်းမာ၍သာ နေလေ၏။ သို့ဖြစ်ပေရာ(အို-နဗီ တမန်တော်) အသင်သည် ၎င်းအား အလွန်တရာနာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်နှင့် စပ်လျဉ်း၍ သတင်းကောင်း ပြောကြားပါလေ။
9وَإِذَا عَلِمَ مِنْ آيَاتِنَا شَيْئًا اتَّخَذَهَا هُزُوًا ۚ أُولَٰئِكَ لَهُمْ عَذَابٌ مُّهِينٌ
၎င်းပြင် ထိုသူသည် ငါအရှင်မြတ်၏ အာယတ်တော်များအနက် အာယတ်တော် တစ်စုံတစ်ရာကို သိရှိခဲ့သောအခါ ၎င်းသည် ယင်းအာယတ်တော်ကိုပင် ပြက်ရယ်ပြောင်လှောင်ဖွယ်ရာ ပြုလုပ်လေ့ရှိ၏။ ထိုကဲ့သို့သောသူတို့၌ ကျိုးယုတ်ရှက်ရဖြစ်စေသော ပြစ်ဒဏ်သည် ရှိချေမည်။
10مِّن وَرَائِهِمْ جَهَنَّمُ ۖ وَلَا يُغْنِي عَنْهُم مَّا كَسَبُوا شَيْئًا وَلَا مَا اتَّخَذُوا مِن دُونِ اللَّهِ أَوْلِيَاءَ ۖ وَلَهُمْ عَذَابٌ عَظِيمٌ
၎င်း၏ရှေ့မှောက်ဝယ် "ဂျဟန္နမ်"ငရဲဘုံသည် ရှိနေလေ၏။ ထို့ပြင် ထိုသူတို့ ရှာဖွေဆည်းပူးခဲ့သမျှ တို့သည်လည်းကောင်း၊ ထိုသူတို့က အလ္လာဟ်အရှင်မြတ်အပြင် ကိစ္စအဝဝကို ပြီးစီးအောင် ဆောင်ရွက်ပေးသူများဟူ၍ ပြုလုပ်သတ်မှတ်ထားသူတို့သည် လည်းကောင်း၊ ထိုသူအဖို့ အနည်းငယ် စိုးစဉ်းမျှပင် အသုံးဝင်ကြမည် မဟုတ်ပေ။ ထိုမှတစ်ပါး ၎င်းတို့၌ ကြီးလေးလှစွာသော ပြစ်ဒဏ်သည် ရှိပေမည်။
အလ်-ဂျာစီယာကုရ်အာန် ညွှန်းကိန်း
37အာယာသ်
MeccanRevelation
8အာယာသ်

ဘာသာပြန် — အလ်-ဂျာစီယာ 8

စူရာ အလ်-ဂျာစီယာ အာယာသ် 8 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုသူသည် မိမိရှေ့ဝယ် ဖတ်ကြားပြသော အလ္လာဟ်အရှင်မြတ်၏ အာယတ်တော်များကို နားထောင်လေ၏။ သို့ပါလျက် ၎င်းမှာ ယင်းအာယတ်တော်များကို မကြားခဲ့ဘိသကဲ့သို့ပင်…

စူရာ အာယာသ် 8/37 — စူရာ အလ်-ဂျာစီယာ الجاثية (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဂျာစီယာ နားထောင်, စူရာ အလ်-ဂျာစီယာ ဘာသာပြန်, စူရာ အလ်-ဂျာစီယာ mp3, စူရာ အလ်-ဂျာစီယာ pdf. အာယာသ် 6–10. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Monday, September 28, 2026

Don't forget us in your sincere prayers