အလ်-ဟုဂျူရာ့ · 12/18
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ဟုဂျူရာ့
يَا أَيُّهَا الَّذِينَ آمَنُوا اجْتَنِبُوا كَثِيرًا مِّنَ الظَّنِّ إِنَّ بَعْضَ الظَّنِّ إِثْمٌ ۖ وَلَا تَجَسَّسُوا وَلَا يَغْتَب بَّعْضُكُم بَعْضًا ۚ أَيُحِبُّ أَحَدُكُمْ أَن يَأْكُلَ لَحْمَ أَخِيهِ مَيْتًا فَكَرِهْتُمُوهُ ۚ وَاتَّقُوا اللَّهَ ۚ إِنَّ اللَّهَ تَوَّابٌ رَّحِيمٌ ۝١٢
Yaaa ayyuhal lazeena aamanuj taniboo kaseeram minaz zanni inna ba`daz zanniismunw wa laa tajassasoo wa la yaghtab ba`dukum ba`daa; a yuhibbu ahadukum any yaakula lahma akheehi maitan fakarih tumooh; wattaqul laa; innal laaha tawwaabur Raheem
📖 မြန်မာဘာသာ
အို-’မုအ်မင်န်’သက်ဝင်ယုံကြည်သူ အပေါင်းတို့၊အသင်တို့သည် များစွာသော ထင်မြင်ယူဆချက်များမှ ကြဉ်ရှောင်ကြလေကုန်။ စင်စစ်ဧကန် အချို့သော ထင်မြင်ယူဆချက်များမှာ အပြစ်ပင်ဖြစ်ပေသည်။ ၎င်းပြင် အသင်တို့သည် (သူတစ်ပါးတို့၏ ချွတ်ယွင်းမှုများကို) ထောက်လှမ်းစူးစမ်းခြင်း မပြုကြကုန်လင့်။ ထို့ပြင် အသင်တို့အနက် တစ်ဦးသည်တစ်ဦး၏ နောက်ကွယ်၌ အတင်းပြောဆိုခြင်းကိုမပြုရ။ အသင်တို့အနက် တစ်ဦးတစ်ယောက်သည် မိမိညီအစ်ကို၏ အသေသားကို စားသုံးရန် နှစ်သက်ပါမည်လော။ စင်စစ် အသင်တို့သည် ထို(အသေသားစားခြင်း)ကို စက်ဆုပ်ကြမည်သာ။ ထိုမှတစ်ပါး အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ရိုသေကြလေကုန်။ မလွဲဧကန် အ�္လာဟ်အရှင်မြတ်သည် ဝန်ချတောင်းပန်ခြင်းကို အလွန်တရာ လက်ခံတော်မူသောအရှင်၊ အလွန်တရာ သနားကြင်နာတော်မူသောအရှင်၊ဖြစ်တော်မူပေသတည်း၊

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္မဋ္ဌာန်းစကားလုံးများ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်
  • အလ်-သ္ဇန်န် (الظَّنّ): ခန့်မှန်းခြင်း၊ ထင်မြင်ခြင်း၊ သံသယဖြစ်ခြင်း။ ဤနေရာတွင် အခြားမွတ်စ်လင်မ်များအပေါ် မကောင်းသော ထင်မြင်ချက်ထားခြင်းကို ဆိုလိုသည်။
  • အစ်သ်မ် (إِثْم): အပြစ်၊ ဒုစရိုက်။
  • တဂျဆ်ဆုစ် (تَجَسُّسُوا): သူတစ်ပါး၏ လျှို့ဝှက်ချက်များ၊ အပြစ်အနာများကို ရှာဖွေစုံစမ်းခြင်း။
  • ဂျီဗာ (غِيبة): ဂျီဗာ ဆိုသည်မှာ သူတစ်ပါး၏ နောက်ကွယ်တွင် သူမနှစ်သက်သော အကြောင်းအရာတစ်ခုကို ပြောဆိုခြင်းဖြစ်သည်။
  • မိုင်တန် (مَيْتًا): သေဆုံးနေသော၊ အသက်မရှိသော။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

အို အီမာန်ယုံကြည်သူတို့၊ အလ္လာဟ်အရှင်မြတ်နှင့် ရစူလ်တမန်တော်ကို ယုံကြည်ပြီး သွန်သင်ချက်များကို လိုက်နာကျင့်သုံးသူတို့၊ သင်တို့သည် မွတ်စ်လင်မ်ညီအကိုများအပေါ် မကောင်းသော ထင်မြင်ချက်များကို အများအပြား ရှောင်ကြဉ်ကြလော့။ အကြောင်းမှာ အချို့သော ထင်မြင်ချက်များသည် အပြစ်ဖြစ်သည်။ ထို့ကြောင့် အခြေအမြစ်မရှိဘဲ သံသယထားခြင်းကို ရှောင်ကြဉ်ရမည်။ ထို့အပြင် သူတစ်ပါး၏ လျှို့ဝှက်ချက်များ၊ အပြစ်အနာများကို ရှာဖွေစုံစမ်းခြင်း မပြုကြလော့။ အလ္လာဟ်အရှင်မြတ် ဖုံးကွယ်ပေးထားသော အရာများကို ဖော်ထုတ်ရန် မကြိုးစားကြလော့။ ထို့အပြင် သင်တို့အနက် တစ်ဦးက တစ်ဦး၏ နောက်ကွယ်တွင် သူမနှစ်သက်သော အကြောင်းအရာများကို ပြောဆိုခြင်း (ဂျီဗာ ပြုလုပ်ခြင်း) မပြုကြလော့။ သင်တို့အနက် တစ်ဦးသည် မိမိညီအကိုသေဆုံးနေသော အသားကို စားလိုသည့် ဆန္ဒရှိပါသလား။ သင်တို့သည် ထိုသို့သော အရာကို စက်ဆုပ်ရွံရှာကြသည် မဟုတ်လား။ ထို့ကြောင့် ဂျီဗာ ပြုလုပ်ခြင်းကိုလည်း ထိုနည်းတူ စက်ဆုပ်ရွံရှာကြလော့။ အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ပြီး အမိန့်တော်များကို လိုက်နာ၍ တားမြစ်ချက်များကို ရှောင်ကြဉ်ကြလော့။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မိမိကျွန်များ နောင်တရလာသောအခါ နောင်တကို လက်ခံတော်မူသောအရှင်၊ အလွန်ကရုဏာထားတော်မူသောအရှင် ဖြစ်တော်မူသည်။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် အစ္စလာမ်ဘာသာကို ချစ်မြတ်နိုးစေသော သင်ခန်းစာများ
  • အစ္စလာမ်ဘာသာသည် မွတ်စ်လင်မ်များအချ


📜 အာယာသ် 10-14 — စူရာ အလ်-ဟုဂျူရာ့

10إِنَّمَا الْمُؤْمِنُونَ إِخْوَةٌ فَأَصْلِحُوا بَيْنَ أَخَوَيْكُمْ ۚ وَاتَّقُوا اللَّهَ لَعَلَّكُمْ تُرْحَمُونَ
မုအ်မင်န်"သက်ဝင်ယုံကြည်သူတို့မှာ (အချင်းချင်း) ညီအစ်ကိုများသာဖြစ်ကုန်၏။ သို့ဖြစ်ပေရာ အသင်တို့သည် မိမိတို့၏ ညီအစ်ကိုနှစ်ယောက်၏စပ်ကြားဝယ် ရန်ငြိမ်းအောင်(စေ့စပ်မှုကို) ပြုလုပ်ဆောင်ရွက်ကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်။ သို့မှသာလျှင် အသင်တို့သည် သနားကရုဏာပြုတော်မူခြင်းကို ခံကြရကုန်အံ့သတည်း။
11يَا أَيُّهَا الَّذِينَ آمَنُوا لَا يَسْخَرْ قَوْمٌ مِّن قَوْمٍ عَسَىٰ أَن يَكُونُوا خَيْرًا مِّنْهُمْ وَلَا نِسَاءٌ مِّن نِّسَاءٍ عَسَىٰ أَن يَكُنَّ خَيْرًا مِّنْهُنَّ ۖ وَلَا تَلْمِزُوا أَنفُسَكُمْ وَلَا تَنَابَزُوا بِالْأَلْقَابِ ۖ بِئْسَ الِاسْمُ الْفُسُوقُ بَعْدَ الْإِيمَانِ ۚ وَمَن لَّمْ يَتُبْ فَأُولَٰئِكَ هُمُ الظَّالِمُونَ
အို-’မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်းတို့၊ ယောက်ျားများသည် ယောက်ျားအား သရော်သမှုမပြုရ။(အကြောင်းသော်ကား) ထို(သရော်သမှု ပြုခြင်းခံကြရသော)ယောက်ျားများသည် ထို(သရော် သောယောက်ျား)တို့ထက်ပို၍ ကောင်းမြတ်သူများ ဖြစ်တန်ကြရာကုန်၏။ ထိုနည်းတူစွာ မိန်းမများသည်လည်း မိန်းမများအား သရော်သမှုမပြုကြရ။ထို (သရော်သမှုပြုခြင်းကိုခံကြရသော)မိန်းမများသည် ထို(သရော်ကြသောမိန်းမ)များထက်ပို၍ ကောင်းမြတ်သူများ ဖြစ်တန်ကြရာကုန်၏။ ၎င်းပြင် အသင်တို့သည် မိမိတို့အချင်းချင်း တစ်ဦးကိုတစ်ဦး ငြူစူစောင်းမြောင်း ကဲ့ရဲ့ပြစ်တင်ခြင်းလည်း မပြုကြကုန်လင့်။ ထိုမှတစ်ပါး အသင်တို့သည် မိမိတို့အချင်းချင်း တစ်ဦးကိုတစ်ဦး သရော်သမှုပြုကြသော အမည်နာမများဖြင့်လည်း မှည့်ခေါ်ခြင်း မပြုကုန်လင့်။ ‘အီမာန်’သက်ဝင်ယုံကြည်ပြီးနောက် ပြစ်မှုတည်းဟူသော အမည်နာမသည် လွန်စွာဆိုးရွားလှ၏။ သို့ပါလျက် မည်သူမဆို ဝန်ချတောင်းပန်ခြင်း မပြုခဲ့သော် ယင်းကဲ့သို့ သူတို့သည်သာလျှင် မတရားသောသူများ ဖြစ်ကြပေသတည်း။
12يَا أَيُّهَا الَّذِينَ آمَنُوا اجْتَنِبُوا كَثِيرًا مِّنَ الظَّنِّ إِنَّ بَعْضَ الظَّنِّ إِثْمٌ ۖ وَلَا تَجَسَّسُوا وَلَا يَغْتَب بَّعْضُكُم بَعْضًا ۚ أَيُحِبُّ أَحَدُكُمْ أَن يَأْكُلَ لَحْمَ أَخِيهِ مَيْتًا فَكَرِهْتُمُوهُ ۚ وَاتَّقُوا اللَّهَ ۚ إِنَّ اللَّهَ تَوَّابٌ رَّحِيمٌ
အို-’မုအ်မင်န်’သက်ဝင်ယုံကြည်သူ အပေါင်းတို့၊အသင်တို့သည် များစွာသော ထင်မြင်ယူဆချက်များမှ ကြဉ်ရှောင်ကြလေကုန်။ စင်စစ်ဧကန် အချို့သော ထင်မြင်ယူဆချက်များမှာ အပြစ်ပင်ဖြစ်ပေသည်။ ၎င်းပြင် အသင်တို့သည် (သူတစ်ပါးတို့၏ ချွတ်ယွင်းမှုများကို) ထောက်လှမ်းစူးစမ်းခြင်း မပြုကြကုန်လင့်။ ထို့ပြင် အသင်တို့အနက် တစ်ဦးသည်တစ်ဦး၏ နောက်ကွယ်၌ အတင်းပြောဆိုခြင်းကိုမပြုရ။ အသင်တို့အနက် တစ်ဦးတစ်ယောက်သည် မိမိညီအစ်ကို၏ အသေသားကို စားသုံးရန် နှစ်သက်ပါမည်လော။ စင်စစ် အသင်တို့သည် ထို(အသေသားစားခြင်း)ကို စက်ဆုပ်ကြမည်သာ။ ထိုမှတစ်ပါး အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ရိုသေကြလေကုန်။ မလွဲဧကန် အ�္လာဟ်အရှင်မြတ်သည် ဝန်ချတောင်းပန်ခြင်းကို အလွန်တရာ လက်ခံတော်မူသောအရှင်၊ အလွန်တရာ သနားကြင်နာတော်မူသောအရှင်၊ဖြစ်တော်မူပေသတည်း၊
13يَا أَيُّهَا النَّاسُ إِنَّا خَلَقْنَاكُم مِّن ذَكَرٍ وَأُنثَىٰ وَجَعَلْنَاكُمْ شُعُوبًا وَقَبَائِلَ لِتَعَارَفُوا ۚ إِنَّ أَكْرَمَكُمْ عِندَ اللَّهِ أَتْقَاكُمْ ۚ إِنَّ اللَّهَ عَلِيمٌ خَبِيرٌ
အို-လူခပ်သိမ်းတို့၊ ဧကန်မလွဲ ငါအရှင်မြတ်သည် အသင်တို့အား ယောက်ျားတစ်ယောက်၊ မိန်းမ တစ်ယောက်မှ (စတင်)ဖန်ဆင်းတော်မူခဲ့၏။ ထို့ပြင် ငါအရှင်မြတ်သည် အသင်တို့အချင်းချင်း တစ်ဦးကိုတစ်ဦး ခွဲခြားသိမြင်မှတ်မိကြအံ့သောငှာ၊ လူမျိုးစုအသီးသီး မျိုးနွယ်အသွယ်သွယ် ပြုလုပ်တော်မူခဲ့၏။ ဧကန်စင်စစ် အသင်တို့အနက် (အလ္လာဟ်အရှင်မြတ်အား) အကြောက်ရွံ့ဆုံး၊ အပြစ်များမှ အများဆုံး ကြဉ်ရှောင်သောသူသည်သာလျှင် အလ္လာဟ်အရှင်မြတ် အထံတော်၌အမြင့်မြတ်ဆုံးသောသူဖြစ်၏။ စင်စစ်တစ်မူကား အလ္လာဟ်အရှင်မြတ်သည် အသိတော်မူဆုံး၊ အကြားတော်မူဆုံးအရှင် ဖြစ်တော်မူပေသတည်း။
14۞ قَالَتِ الْأَعْرَابُ آمَنَّا ۖ قُل لَّمْ تُؤْمِنُوا وَلَٰكِن قُولُوا أَسْلَمْنَا وَلَمَّا يَدْخُلِ الْإِيمَانُ فِي قُلُوبِكُمْ ۖ وَإِن تُطِيعُوا اللَّهَ وَرَسُولَهُ لَا يَلِتْكُم مِّنْ أَعْمَالِكُمْ شَيْئًا ۚ إِنَّ اللَّهَ غَفُورٌ رَّحِيمٌ
ကျေးတောသားအရဗ်တို့က ‘ကျွန်ုပ်တို့သည်’အီမာန်’သက်ဝင်ယုံကြည်ခဲ့ကြပါပြီ’ ဟု ပြောဆိုကြကုန်၏။ (အိုနဗီတမန်တော်)အသင်သည် ပြောကြားပါလေ။ (အချင်းတို့)အသင်တို့သည် သက်ဝင်ယုံကြည်ကြသည် မရှိသေးပေ။ သို့ရာတွင် ‘ကျွန်ုပ်တို့သည် အမိန့်ကိုနာခံကြပါပြီ’ ဟူ၍သာ ပြောဆိုကြလေကုန်။ စင်စစ်တမူကား ‘အီမာန်’ ယုံကြည်မှုသည်အသင်တို့၏ စိတ်နှလုံးများတွင် မဝင်သေးပေ။ သို့ရာတွင် အကယ်၍ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်၏ အမိန့်တော်များကိုလည်းကောင်း၊ (အကယ်စင်စစ်) လိုက်နာကြလျှင် ထိုအရှင်မြတ်သည် အသင်တို့၏ ကျင့်မူဆောင်ရွက်ချက်တို့အနက်မှ မည်သည့် တစုံတရာကိုမျှပင် အသင်တို့၌ လျော့နည်းစေတော်မူမည် မဟုတ်ပေ။ စင်စစ်ဧကန် အလ္လာဟ်အရှင်မြတ်သည် လွန်စွာ ခွင့်လွှတ်တော်မူသောအရှင်၊ လွန်စွာ ကရုဏာပြုတော်မူသောအရှင် ဖြစ်တော်မူ၏။
အလ်-ဟုဂျူရာ့ကုရ်အာန် ညွှန်းကိန်း
18အာယာသ်
MedinanRevelation
12အာယာသ်

ဘာသာပြန် — အလ်-ဟုဂျူရာ့ 12

စူရာ အလ်-ဟုဂျူရာ့ အာယာသ် 12 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အို-’မုအ်မင်န်’သက်ဝင်ယုံကြည်သူ အပေါင်းတို့၊အသင်တို့သည် များစွာသော ထင်မြင်ယူဆချက်များမှ ကြဉ်ရှောင်ကြလေကုန်။ စင်စစ်ဧကန် အချို့သော ထင်မြင်ယူဆချက်များမှာ အပြစ်ပင်ဖြစ်ပေသည်။ ၎င်းပြင်…

စူရာ အာယာသ် 12/18 — စူရာ အလ်-ဟုဂျူရာ့ الحجرات (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဟုဂျူရာ့ နားထောင်, စူရာ အလ်-ဟုဂျူရာ့ ဘာသာပြန်, စူရာ အလ်-ဟုဂျူရာ့ mp3, စူရာ အလ်-ဟုဂျူရာ့ pdf. အာယာသ် 10–14. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers