အတ်-တလာ့ · 3/12
ဘာသာပြန် အသံနိုင်ငံ — စူရာ အတ်-တလာ့
وَيَرْزُقْهُ مِنْ حَيْثُ لَا يَحْتَسِبُ ۚ وَمَن يَتَوَكَّلْ عَلَى اللَّهِ فَهُوَ حَسْبُهُ ۚ إِنَّ اللَّهَ بَالِغُ أَمْرِهِ ۚ قَدْ جَعَلَ اللَّهُ لِكُلِّ شَيْءٍ قَدْرًا ۝٣
Wa yarzuqhu min haisu laa yahtasib; wa many yatawakkal `alal laahi fahuwa husbuh; innal laaha baalighu amrih; qad ja`alal laahu likulli shai`in qadraa
📖 မြန်မာဘာသာ
ထိုမှတစ်ပါး ထိုအရှင်မြတ်သည် ထိုသူအား ထိုသူ မထင်သောနေရာမှ စားနပ်ရိက္ခာကို ချီးမြှင့် ပေးသနားတော်မူပေမည်။ ထိုမှတစ်ပါး မည်သူမဆို အလ္လာဟ်အရှင်မြတ်အပေါ်၌ ယုံကြည်အားထားပါမူ ထိုအရှင်မြတ်သည် ထိုသူ၏အဖို့ လုံလောက်တော်မူ၏။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် မိမိအရေးကိစ္စကို ပြီးမြောက်အောင် ပြုလုပ်ပေးတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။ စင်စစ်ဧကန် အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့နှင့်စပ်လျဉ်း၍ အတိုင်းအတာ အချိန်အဆတစ်ခုကို ပြုလုပ်၍ ထားရှိတော်မူပေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 1-5 — စူရာ အတ်-တလာ့

1يَا أَيُّهَا النَّبِيُّ إِذَا طَلَّقْتُمُ النِّسَاءَ فَطَلِّقُوهُنَّ لِعِدَّتِهِنَّ وَأَحْصُوا الْعِدَّةَ ۖ وَاتَّقُوا اللَّهَ رَبَّكُمْ ۖ لَا تُخْرِجُوهُنَّ مِن بُيُوتِهِنَّ وَلَا يَخْرُجْنَ إِلَّا أَن يَأْتِينَ بِفَاحِشَةٍ مُّبَيِّنَةٍ ۚ وَتِلْكَ حُدُودُ اللَّهِ ۚ وَمَن يَتَعَدَّ حُدُودَ اللَّهِ فَقَدْ ظَلَمَ نَفْسَهُ ۚ لَا تَدْرِي لَعَلَّ اللَّهَ يُحْدِثُ بَعْدَ ذَٰلِكَ أَمْرًا
အို-နဗီတမန်တော်၊(အသင်သည် လူသားတို့အား ပြောကြားလိုက်ပါလေ)။ အသင်တို့သည် ဇနီးမိန်းမများအား တွလာက်ပေးကွာရှင်း(ရန်ရည်ရွယ်) သောအခါ ၎င်းတို့၏`အစ်ဒ္ဒသ်`ရက်များ (စ၍ရေတွက်နိုင်သော)အချိန်ကာလ၌ ‘တွလာက်’ပေးကွာရှင်း ကြလေကုန်။ ၎င်းပြင် အသင်တို့သည် `အစ်ဒ္ဒသ်` ရက်များကို ရေတွက်ကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်။ ထင်ရှားစွာသော စက်ဆုပ်ရွံ့ရှာမှု တစ်စုံတစ်ရာကို ယင်းဇနီးမိန်းမများ ကျူးလွန်ကြသည်မှတစ်ပါး အသင်တို့သည် ၎င်းတို့အား ၎င်းတို့၏နေအိမ်များမှ ထွက်စေခြင်းကို မပြုကြကုန်လင့်။ ၎င်းတို့ ကိုယ်တိုင်လည်း (နေအိမ်များမှ)မထွက်ကြရပေ။ စင်စစ်သော်ကား ထိုသည် အလ္လာဟ်အရှင်မြတ် (သတ်မှတ် ပြဋ္ဌာန်းတော်မူသော) စည်းကမ်းချက်များပင်၊ မည်သူမဆို အလ္လာဟ်အရှင်မြတ်၏ စည်းကမ်းချက်များကို ကျူးလွန်ဖောက်ဖျက်မူ ဧကန်မလွဲ ထိုသူသည် မိမိကိုယ်ကို နှိပ်စက်ခဲ့ချေပြီ။ ထို့နောက် အလ္လာဟ်အရှင်မြတ်သည် အကြောင်းကိစ္စ တစ်စုံတစ်ရာကို အသစ်ဖန်တီး၍ ပေးတော်မူမည် ဖြစ်တန်ရာသည်ကို အသင် မသိပြီတကား။
2فَإِذَا بَلَغْنَ أَجَلَهُنَّ فَأَمْسِكُوهُنَّ بِمَعْرُوفٍ أَوْ فَارِقُوهُنَّ بِمَعْرُوفٍ وَأَشْهِدُوا ذَوَيْ عَدْلٍ مِّنكُمْ وَأَقِيمُوا الشَّهَادَةَ لِلَّهِ ۚ ذَٰلِكُمْ يُوعَظُ بِهِ مَن كَانَ يُؤْمِنُ بِاللَّهِ وَالْيَوْمِ الْآخِرِ ۚ وَمَن يَتَّقِ اللَّهَ يَجْعَل لَّهُ مَخْرَجًا
တစ်ဖန် ထို(ကွာရှင်းခဲ့သော) ဇနီးမိန်းမများသည် ၎င်းတို့နှင့်ပတ်သက်၍ သတ်မှတ်ထားသော ‘အစ်ဒ္ဒတ်’ရက်ပိုင်း၏ နောက်ဆုံးအချိန်ကာလသို့ ရောက်ခါနီးတွင် အသင်တို့သည် ၎င်းတို့အား(တရားတော်၏)စည်းကမ်းနှင့်အညီ ပြန်လည်သိမ်းပိုက်ကြလေကုန်။ သို့တည်းမဟုတ် အသင်တို့သည်(တရားတော်၏)စည်းကမ်းနှင့်အညီ ၎င်းတို့နှင့် ခွဲခွာကြလေကုန်။ ၎င်းအပြင် အသင်တို့သည် မိမိတို့အနက်မှ သမာဓိရှိသောသူ နှစ်ယောက်ကို သက်သေထားကြလေကုန်။ထိုမှတစ်ပါး အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ရည်သန်၍ ဖြောင့်မှန်စွာ သက်သေထွက်ဆိုကြလေကုန်။ ထိုသည်ကား အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ နောက်ဆုံးနေ့ကိုလည်းကောင်း၊ သက်ဝင်ယုံကြည်သောသူအား ဆုံးမဩဝါဒပေးခြင်းပင် ဖြစ်၏။ စင်စစ်သော်ကား မည်သူမဆို အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့သည်ရှိသော် ထိုအရှင်မြတ်သည် ထိုသူတို့၏အဖို့ ထွက်မြောက်ရာနည်းလမ်းကို ပြုလုပ်၍ ပေးသနားတော်မူပေမည်။
3وَيَرْزُقْهُ مِنْ حَيْثُ لَا يَحْتَسِبُ ۚ وَمَن يَتَوَكَّلْ عَلَى اللَّهِ فَهُوَ حَسْبُهُ ۚ إِنَّ اللَّهَ بَالِغُ أَمْرِهِ ۚ قَدْ جَعَلَ اللَّهُ لِكُلِّ شَيْءٍ قَدْرًا
ထိုမှတစ်ပါး ထိုအရှင်မြတ်သည် ထိုသူအား ထိုသူ မထင်သောနေရာမှ စားနပ်ရိက္ခာကို ချီးမြှင့် ပေးသနားတော်မူပေမည်။ ထိုမှတစ်ပါး မည်သူမဆို အလ္လာဟ်အရှင်မြတ်အပေါ်၌ ယုံကြည်အားထားပါမူ ထိုအရှင်မြတ်သည် ထိုသူ၏အဖို့ လုံလောက်တော်မူ၏။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် မိမိအရေးကိစ္စကို ပြီးမြောက်အောင် ပြုလုပ်ပေးတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။ စင်စစ်ဧကန် အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့နှင့်စပ်လျဉ်း၍ အတိုင်းအတာ အချိန်အဆတစ်ခုကို ပြုလုပ်၍ ထားရှိတော်မူပေသတည်း။
4وَاللَّائِي يَئِسْنَ مِنَ الْمَحِيضِ مِن نِّسَائِكُمْ إِنِ ارْتَبْتُمْ فَعِدَّتُهُنَّ ثَلَاثَةُ أَشْهُرٍ وَاللَّائِي لَمْ يَحِضْنَ ۚ وَأُولَاتُ الْأَحْمَالِ أَجَلُهُنَّ أَن يَضَعْنَ حَمْلَهُنَّ ۚ وَمَن يَتَّقِ اللَّهَ يَجْعَل لَّهُ مِنْ أَمْرِهِ يُسْرًا
၎င်းပြင် အသင်တို့၏(ကွာရှင်းပြီးဖြစ်သော) ဇနီးမိန်းမတို့အနက် ရာသီပန်းပွင့်ခြင်းမှ မျှော်လင့်ချက် ကင်းခဲ့ကြသောမိန်းမများသည် အကယ်၍(၎င်းတို့၏ ‘အစ်ဒ္ဒတ်’နှင့်စပ်လျဉ်း၍) အသင်တို့သည် ဒွိဟသံသယ ဖြစ်ခဲ့ကြလျှင် ၎င်းတို့၏`အစ်ဒ္ဒတ်`မှာ သုံးလ (တိတိ)ဖြစ်၏။ ထိုနည်းတူစွာ ရာသီပန်းပွင့်ဖူးခဲ့သည် မရှိသေးသောမိန်းမများ(၏ ‘အစ်ဒ္ဒတ်’မှာ)လည်း(သုံးလတိတိပင်)။ ထိုမှတစ်ပါး ကိုယ်ဝန်ရှိသော မိန်းမများသည် ၎င်းတို့၏(‘အစ်ဒ္ဒတ်’ရက်) အပိုင်းအခြားမှာ ၎င်းတို့သည် မိမိတို့၏ကိုယ်ဝန်ကို ဖွားမြင်ခြင်းပင်ဖြစ်၏။ စင်စစ် မည်သူမဆို အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့သည်ရှိသော် ထိုအရှင်မြတ်သည် ၎င်းတို့အဖို့ ၎င်း၏အရေးကိစ္စကို လွယ်ကူအောင် ပြုလုပ်၍ ပေးတော်မူမည်ဖြစ်၏။
5ذَٰلِكَ أَمْرُ اللَّهِ أَنزَلَهُ إِلَيْكُمْ ۚ وَمَن يَتَّقِ اللَّهَ يُكَفِّرْ عَنْهُ سَيِّئَاتِهِ وَيُعْظِمْ لَهُ أَجْرًا
ထိုသည်ကား အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ပင်၊ ထိုအရှင်မြတ်သည် ယင်းအမိန့်တော်ကို အသင်တို့ထံ ချပေးတော်မူခဲ့၏။ စင်စစ်သော်ကား မည်သူမဆို အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ပါမူ ထိုအရှင်မြတ်သည် ထိုသူ၏ပြစ်မှုဒုစရိုက်များကို ထိုသူမှ ပပျောက်စေတော်မူမည်။ ထိုမှတစ်ပါး ထိုသူ၏ အကျိုးကျေးဇူးကို ကြီးကျယ်စေတော်မူအံ့သတည်း။
အတ်-တလာ့ကုရ်အာန် ညွှန်းကိန်း
12အာယာသ်
MedinanRevelation
3အာယာသ်

ဘာသာပြန် — အတ်-တလာ့ 3

စူရာ အတ်-တလာ့ အာယာသ် 3 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုမှတစ်ပါး ထိုအရှင်မြတ်သည် ထိုသူအား ထိုသူ မထင်သောနေရာမှ စားနပ်ရိက္ခာကို ချီးမြှင့် ပေးသနားတော်မူပေမည်။ ထိုမှတစ်ပါး မည်သူမဆို…

စူရာ အာယာသ် 3/12 — စူရာ အတ်-တလာ့ الطلاق (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အတ်-တလာ့ နားထောင်, စူရာ အတ်-တလာ့ ဘာသာပြန်, စူရာ အတ်-တလာ့ mp3, စူရာ အတ်-တလာ့ pdf. အာယာသ် 1–5. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Monday, September 28, 2026

Don't forget us in your sincere prayers