အတ်-တလာ့ · 2/12
ဘာသာပြန် အသံနိုင်ငံ — စူရာ အတ်-တလာ့
فَإِذَا بَلَغْنَ أَجَلَهُنَّ فَأَمْسِكُوهُنَّ بِمَعْرُوفٍ أَوْ فَارِقُوهُنَّ بِمَعْرُوفٍ وَأَشْهِدُوا ذَوَيْ عَدْلٍ مِّنكُمْ وَأَقِيمُوا الشَّهَادَةَ لِلَّهِ ۚ ذَٰلِكُمْ يُوعَظُ بِهِ مَن كَانَ يُؤْمِنُ بِاللَّهِ وَالْيَوْمِ الْآخِرِ ۚ وَمَن يَتَّقِ اللَّهَ يَجْعَل لَّهُ مَخْرَجًا ۝٢
Fa izaa balaghna ajalahunna fa amsikoohunna bima`roofin aw faariqoohunna bima`roofinw wa ashhidoo zawai `adlim minkum wa aqeemush shahaadata lillaah; zaalikum yoo`azu bihee man kaana yu`minu billaahi wal yawmil aakhir; wa many yattaqil laaha yaj`al lahoo makhrajaa
📖 မြန်မာဘာသာ
တစ်ဖန် ထို(ကွာရှင်းခဲ့သော) ဇနီးမိန်းမများသည် ၎င်းတို့နှင့်ပတ်သက်၍ သတ်မှတ်ထားသော ‘အစ်ဒ္ဒတ်’ရက်ပိုင်း၏ နောက်ဆုံးအချိန်ကာလသို့ ရောက်ခါနီးတွင် အသင်တို့သည် ၎င်းတို့အား(တရားတော်၏)စည်းကမ်းနှင့်အညီ ပြန်လည်သိမ်းပိုက်ကြလေကုန်။ သို့တည်းမဟုတ် အသင်တို့သည်(တရားတော်၏)စည်းကမ်းနှင့်အညီ ၎င်းတို့နှင့် ခွဲခွာကြလေကုန်။ ၎င်းအပြင် အသင်တို့သည် မိမိတို့အနက်မှ သမာဓိရှိသောသူ နှစ်ယောက်ကို သက်သေထားကြလေကုန်။ထိုမှတစ်ပါး အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ရည်သန်၍ ဖြောင့်မှန်စွာ သက်သေထွက်ဆိုကြလေကုန်။ ထိုသည်ကား အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ နောက်ဆုံးနေ့ကိုလည်းကောင်း၊ သက်ဝင်ယုံကြည်သောသူအား ဆုံးမဩဝါဒပေးခြင်းပင် ဖြစ်၏။ စင်စစ်သော်ကား မည်သူမဆို အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့သည်ရှိသော် ထိုအရှင်မြတ်သည် ထိုသူတို့၏အဖို့ ထွက်မြောက်ရာနည်းလမ်းကို ပြုလုပ်၍ ပေးသနားတော်မူပေမည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ:
  • بَلَغْنَ أَجَلَهُنَّ (ဗလဂ်နာ အဂျလဟွန်န) — သူတို့၏ အိဒ်ဒသ် (ကွာရှင်းပြီးနောက် စောင့်ဆိုင်းရကာလ) ကုန်ဆုံးချိန် နီးကပ်လာခြင်း။
  • فَأَمْسِكُوهُنَّ بِمَعْرُوفٍ (ဖအမ်စိကုဟွန်န ဗိမာအ်ရူဖ်) — ကောင်းမွန်သော နည်းလမ်းဖြင့် သူမတို့ကို ပြန်လည်ထားရှိခြင်း (အိမ်ထောင်ရေးကို ဆက်လက်ထိန်းသိမ်းခြင်း)။
  • أَوْ فَارِقُوهُنَّ بِمَعْرُوفٍ (အူ ဖာရိကုဟွန်န ဗိမာအ်ရူဖ်) — သို့မဟုတ် ကောင်းမွန်သော နည်းလမ်းဖြင့် သူမတို့နှင့် ခွဲခွာခြင်း (အခွင့်အရေးများ ပြည့်ဝစွာပေး၍ ကွာရှင်းခြင်း)။
  • ذَوَيْ عَدْلٍ (ဇဝိုင်းအဒ်လ်) — တရားမျှတသော သက်သေနှစ်ဦး။
  • مَخْرَجًا (မချ်ရဂျာ) — ထွက်ပေါက်တစ်ခု၊ ကျဉ်းမြောင်းမှုမှ လွတ်မြောက်ရာ လမ်းတစ်ခု။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်:

အကယ်၍ ကွာရှင်းထားသော အမျိုးသမီးများသည် သူတို့၏ အိဒ်ဒသ်ကာလ ကုန်ဆုံးချိန် နီးကပ်လာသောအခါ၊ သင်တို့သည် သူမတို့ကို ကောင်းမွန်စွာ ပြန်လည်ထားရှိကြရမည် — ဆိုလိုသည်မှာ သူမတို့အပေါ် ကောင်းမွန်စွာ ဆက်ဆံခြင်း၊ သူမတို့၏ အခွင့်အရေးများကို ပြည့်ဝစွာ ပေးအပ်ခြင်းဖြင့် အိမ်ထောင်ရေးကို ဆက်လက်ထိန်းသိမ်းခြင်း ဖြစ်သည်။ သို့မဟုတ် သူမတို့ကို ကောင်းမွန်သော နည်းလမ်းဖြင့် ခွဲခွာကြရမည် — ဆိုလိုသည်မှာ သူမတို့၏ အခွင့်အရေးများကို အပြည့်အဝ ပေးအပ်ပြီး မည်သည့် ထိခိုက်နစ်နာမှုမျှ မပြုလုပ်ဘဲ လွှတ်ပေးခြင်း ဖြစ်သည်။ ထို့ပြင် သင်တို့သည် ပြန်လည်ထားရှိခြင်း သို့မဟုတ် ခွဲခွာခြင်းအပေါ် သက်သေအဖြစ် သင်တို့အနက်မှ တရားမျှတသော ယောက်ျားနှစ်ဦးကို ခေါ်ယူသက်သေထားကြရမည်။ အို သက်သေများ၊ သင်တို့သည် သက်သေခံချက်ကို အလ္လာဟ်အရှင်မြတ်အတွက်သာ သီးသန့်ဖြစ်စေလျက် တိကျမှန်ကန်စွာ ခံယူကြရမည်။ ဤအမိန့်တော်များသည် အလ္လာဟ်အရှင်မြတ်နှင့် နောက်ဆုံးနေ့ကို ယုံကြည်သူများအတွက် ဆုံးမဩဝါဒဖြစ်သည်။ အကြောင်းမှာ ထိုသူသည် ဆုံးမဩဝါဒများမှ အကျိုးရရှိသူ ဖြစ်သည်။ မည်သူမဆို အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ပြီး အမိန့်တော်များကို လိုက်နာ၍ တားမြစ်ချက်များကို ရှောင်ကြဉ်ခြင်းဖ



📜 အာယာသ် 1-4 — စူရာ အတ်-တလာ့

1يَا أَيُّهَا النَّبِيُّ إِذَا طَلَّقْتُمُ النِّسَاءَ فَطَلِّقُوهُنَّ لِعِدَّتِهِنَّ وَأَحْصُوا الْعِدَّةَ ۖ وَاتَّقُوا اللَّهَ رَبَّكُمْ ۖ لَا تُخْرِجُوهُنَّ مِن بُيُوتِهِنَّ وَلَا يَخْرُجْنَ إِلَّا أَن يَأْتِينَ بِفَاحِشَةٍ مُّبَيِّنَةٍ ۚ وَتِلْكَ حُدُودُ اللَّهِ ۚ وَمَن يَتَعَدَّ حُدُودَ اللَّهِ فَقَدْ ظَلَمَ نَفْسَهُ ۚ لَا تَدْرِي لَعَلَّ اللَّهَ يُحْدِثُ بَعْدَ ذَٰلِكَ أَمْرًا
အို-နဗီတမန်တော်၊(အသင်သည် လူသားတို့အား ပြောကြားလိုက်ပါလေ)။ အသင်တို့သည် ဇနီးမိန်းမများအား တွလာက်ပေးကွာရှင်း(ရန်ရည်ရွယ်) သောအခါ ၎င်းတို့၏`အစ်ဒ္ဒသ်`ရက်များ (စ၍ရေတွက်နိုင်သော)အချိန်ကာလ၌ ‘တွလာက်’ပေးကွာရှင်း ကြလေကုန်။ ၎င်းပြင် အသင်တို့သည် `အစ်ဒ္ဒသ်` ရက်များကို ရေတွက်ကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်။ ထင်ရှားစွာသော စက်ဆုပ်ရွံ့ရှာမှု တစ်စုံတစ်ရာကို ယင်းဇနီးမိန်းမများ ကျူးလွန်ကြသည်မှတစ်ပါး အသင်တို့သည် ၎င်းတို့အား ၎င်းတို့၏နေအိမ်များမှ ထွက်စေခြင်းကို မပြုကြကုန်လင့်။ ၎င်းတို့ ကိုယ်တိုင်လည်း (နေအိမ်များမှ)မထွက်ကြရပေ။ စင်စစ်သော်ကား ထိုသည် အလ္လာဟ်အရှင်မြတ် (သတ်မှတ် ပြဋ္ဌာန်းတော်မူသော) စည်းကမ်းချက်များပင်၊ မည်သူမဆို အလ္လာဟ်အရှင်မြတ်၏ စည်းကမ်းချက်များကို ကျူးလွန်ဖောက်ဖျက်မူ ဧကန်မလွဲ ထိုသူသည် မိမိကိုယ်ကို နှိပ်စက်ခဲ့ချေပြီ။ ထို့နောက် အလ္လာဟ်အရှင်မြတ်သည် အကြောင်းကိစ္စ တစ်စုံတစ်ရာကို အသစ်ဖန်တီး၍ ပေးတော်မူမည် ဖြစ်တန်ရာသည်ကို အသင် မသိပြီတကား။
2فَإِذَا بَلَغْنَ أَجَلَهُنَّ فَأَمْسِكُوهُنَّ بِمَعْرُوفٍ أَوْ فَارِقُوهُنَّ بِمَعْرُوفٍ وَأَشْهِدُوا ذَوَيْ عَدْلٍ مِّنكُمْ وَأَقِيمُوا الشَّهَادَةَ لِلَّهِ ۚ ذَٰلِكُمْ يُوعَظُ بِهِ مَن كَانَ يُؤْمِنُ بِاللَّهِ وَالْيَوْمِ الْآخِرِ ۚ وَمَن يَتَّقِ اللَّهَ يَجْعَل لَّهُ مَخْرَجًا
တစ်ဖန် ထို(ကွာရှင်းခဲ့သော) ဇနီးမိန်းမများသည် ၎င်းတို့နှင့်ပတ်သက်၍ သတ်မှတ်ထားသော ‘အစ်ဒ္ဒတ်’ရက်ပိုင်း၏ နောက်ဆုံးအချိန်ကာလသို့ ရောက်ခါနီးတွင် အသင်တို့သည် ၎င်းတို့အား(တရားတော်၏)စည်းကမ်းနှင့်အညီ ပြန်လည်သိမ်းပိုက်ကြလေကုန်။ သို့တည်းမဟုတ် အသင်တို့သည်(တရားတော်၏)စည်းကမ်းနှင့်အညီ ၎င်းတို့နှင့် ခွဲခွာကြလေကုန်။ ၎င်းအပြင် အသင်တို့သည် မိမိတို့အနက်မှ သမာဓိရှိသောသူ နှစ်ယောက်ကို သက်သေထားကြလေကုန်။ထိုမှတစ်ပါး အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ရည်သန်၍ ဖြောင့်မှန်စွာ သက်သေထွက်ဆိုကြလေကုန်။ ထိုသည်ကား အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ နောက်ဆုံးနေ့ကိုလည်းကောင်း၊ သက်ဝင်ယုံကြည်သောသူအား ဆုံးမဩဝါဒပေးခြင်းပင် ဖြစ်၏။ စင်စစ်သော်ကား မည်သူမဆို အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့သည်ရှိသော် ထိုအရှင်မြတ်သည် ထိုသူတို့၏အဖို့ ထွက်မြောက်ရာနည်းလမ်းကို ပြုလုပ်၍ ပေးသနားတော်မူပေမည်။
3وَيَرْزُقْهُ مِنْ حَيْثُ لَا يَحْتَسِبُ ۚ وَمَن يَتَوَكَّلْ عَلَى اللَّهِ فَهُوَ حَسْبُهُ ۚ إِنَّ اللَّهَ بَالِغُ أَمْرِهِ ۚ قَدْ جَعَلَ اللَّهُ لِكُلِّ شَيْءٍ قَدْرًا
ထိုမှတစ်ပါး ထိုအရှင်မြတ်သည် ထိုသူအား ထိုသူ မထင်သောနေရာမှ စားနပ်ရိက္ခာကို ချီးမြှင့် ပေးသနားတော်မူပေမည်။ ထိုမှတစ်ပါး မည်သူမဆို အလ္လာဟ်အရှင်မြတ်အပေါ်၌ ယုံကြည်အားထားပါမူ ထိုအရှင်မြတ်သည် ထိုသူ၏အဖို့ လုံလောက်တော်မူ၏။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် မိမိအရေးကိစ္စကို ပြီးမြောက်အောင် ပြုလုပ်ပေးတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။ စင်စစ်ဧကန် အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့နှင့်စပ်လျဉ်း၍ အတိုင်းအတာ အချိန်အဆတစ်ခုကို ပြုလုပ်၍ ထားရှိတော်မူပေသတည်း။
4وَاللَّائِي يَئِسْنَ مِنَ الْمَحِيضِ مِن نِّسَائِكُمْ إِنِ ارْتَبْتُمْ فَعِدَّتُهُنَّ ثَلَاثَةُ أَشْهُرٍ وَاللَّائِي لَمْ يَحِضْنَ ۚ وَأُولَاتُ الْأَحْمَالِ أَجَلُهُنَّ أَن يَضَعْنَ حَمْلَهُنَّ ۚ وَمَن يَتَّقِ اللَّهَ يَجْعَل لَّهُ مِنْ أَمْرِهِ يُسْرًا
၎င်းပြင် အသင်တို့၏(ကွာရှင်းပြီးဖြစ်သော) ဇနီးမိန်းမတို့အနက် ရာသီပန်းပွင့်ခြင်းမှ မျှော်လင့်ချက် ကင်းခဲ့ကြသောမိန်းမများသည် အကယ်၍(၎င်းတို့၏ ‘အစ်ဒ္ဒတ်’နှင့်စပ်လျဉ်း၍) အသင်တို့သည် ဒွိဟသံသယ ဖြစ်ခဲ့ကြလျှင် ၎င်းတို့၏`အစ်ဒ္ဒတ်`မှာ သုံးလ (တိတိ)ဖြစ်၏။ ထိုနည်းတူစွာ ရာသီပန်းပွင့်ဖူးခဲ့သည် မရှိသေးသောမိန်းမများ(၏ ‘အစ်ဒ္ဒတ်’မှာ)လည်း(သုံးလတိတိပင်)။ ထိုမှတစ်ပါး ကိုယ်ဝန်ရှိသော မိန်းမများသည် ၎င်းတို့၏(‘အစ်ဒ္ဒတ်’ရက်) အပိုင်းအခြားမှာ ၎င်းတို့သည် မိမိတို့၏ကိုယ်ဝန်ကို ဖွားမြင်ခြင်းပင်ဖြစ်၏။ စင်စစ် မည်သူမဆို အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့သည်ရှိသော် ထိုအရှင်မြတ်သည် ၎င်းတို့အဖို့ ၎င်း၏အရေးကိစ္စကို လွယ်ကူအောင် ပြုလုပ်၍ ပေးတော်မူမည်ဖြစ်၏။
အတ်-တလာ့ကုရ်အာန် ညွှန်းကိန်း
12အာယာသ်
MedinanRevelation
2အာယာသ်

ဘာသာပြန် — အတ်-တလာ့ 2

စူရာ အတ်-တလာ့ အာယာသ် 2 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : တစ်ဖန် ထို(ကွာရှင်းခဲ့သော) ဇနီးမိန်းမများသည် ၎င်းတို့နှင့်ပတ်သက်၍ သတ်မှတ်ထားသော ‘အစ်ဒ္ဒတ်’ရက်ပိုင်း၏ နောက်ဆုံးအချိန်ကာလသို့ ရောက်ခါနီးတွင် အသင်တို့သည် ၎င်းတို့အား(တရားတော်၏)စည်းကမ်းနှင့်အညီ…

စူရာ အာယာသ် 2/12 — စူရာ အတ်-တလာ့ الطلاق (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အတ်-တလာ့ နားထောင်, စူရာ အတ်-တလာ့ ဘာသာပြန်, စူရာ အတ်-တလာ့ mp3, စူရာ အတ်-တလာ့ pdf. အာယာသ် 1–4. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Sunday, October 18, 2026

Don't forget us in your sincere prayers