အလ်-အန်ဖာလ် · 42/75
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အန်ဖာလ်
إِذْ أَنتُم بِالْعُدْوَةِ الدُّنْيَا وَهُم بِالْعُدْوَةِ الْقُصْوَىٰ وَالرَّكْبُ أَسْفَلَ مِنكُمْ ۚ وَلَوْ تَوَاعَدتُّمْ لَاخْتَلَفْتُمْ فِي الْمِيعَادِ ۙ وَلَٰكِن لِّيَقْضِيَ اللَّهُ أَمْرًا كَانَ مَفْعُولًا لِّيَهْلِكَ مَنْ هَلَكَ عَن بَيِّنَةٍ وَيَحْيَىٰ مَنْ حَيَّ عَن بَيِّنَةٍ ۗ وَإِنَّ اللَّهَ لَسَمِيعٌ عَلِيمٌ ۝٤٢
Iz antum bil`udwatid dunyaa wa hum bil`udwatil quswaa warrakbu asfala minkum; wa law tawaa`attum lakhtalaftum fil mee`aadi wa laakil liyaqdiyal laahu amran kaana maf`oolal liyahlika man halaka `am baiyinatinw wa yahyaa man haiya `am baiyinah; wa innal laaha la Samee`un `Aleem
📖 မြန်မာဘာသာ
ထို(အုပ်စုတစ်စုနှင့်တစ်စု ရင်ဆိုင်တွေ့ကြုံကြသော)အချိန်အခါတွင် အသင်တို့သည် (စစ်မြေပြင်၏) အနီး၌ရှိခဲ့ကြကုန်၏။ သို့ရာတွင် ၎င်းတို့မှာ အဝေး၌ရှိခဲ့ကြကုန်၏။ထို့ပြင် ကုန်သည်စုမှာကား အသင်တို့၏အောက်တွင် ရှိခဲ့ကြလေသည်။ အကယ်၍သာ အသင့်တို့(နှင့်ထိုသူတို့)သည် အချင်းချင်း (တစ်ဘက်နှင့်တစ်ဘက်) ချိန်းချက်ခဲ့ကြပါ လျှင်၊ မုချဧကန်အသင်တို့သည် ထိုချိန်းချက်မှုနှင့် စပ်လျဉ်း၍ ကွဲလွဲခဲ့ကြပေမည်။ သို့ရာတွင်မူကား အလ္လာဟ်အရှင်မြတ်သည် (မလွှဲမရှောင်သာ) ဖြစ်ရ မည့် ကိစ္စတရပ်ကို ပြီးမြောက်စေတော်မူအံ့သောငှာ(ဝါ)သေကြေပျက်စီးမည့်သူသည် သက်သေလက္ခဏာ အထင်အရှား(တွေ့မြင်ပြီးနောက်)သေကြေပျက်စီးအံ့ သောငှာလည်းကောင်း၊ အသက်ထင်ရှား ရှိနေမည့် သူသည်လည်း သက်သေလက္ခဏာ အထင်အရှား (တွေ့မြင်ပြီးနောက်) အသက်ထင်ရှားရှိအံ့သော်ငှာ လည်းကောင်း၊ (ထိုအုပ်စုနှစ်စုကို ရင်ဆိုင်စေတော်မူခြင်းပင်)ဖြစ်ချေသည်။ ဧကန်မုချ အလ္လာဟ်အရှင်မြတ်သည်အကြွင်းမဲ့ကြားတော်မူသောအရှင်၊ အကြွင်းမဲ့သိတော်မူသောအရှင်မြတ်ပင်၊ ဖြစ်တော်မူပေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ

  • အလ်-အုဒ်ဝသုဒ်-ဒုန်ယာ (الْعُدْوَةِ الدُّنْيَا) — ချိုင့်ဝှမ်း၏ မဒီနာမြို့နှင့် နီးသော ဘက်ကမ်း။
  • အလ်-အုဒ်ဝသုဒ်-ကုဆ်ွာ (الْعُدْوَةِ الْقُصْوَىٰ) — ချိုင့်ဝှမ်း၏ မက္ကာမြို့နှင့် နီးသော အဝေးဘက်ကမ်း။
  • အာရ်ရက္ကဗ် (الرَّكْبُ) — ကုန်သွယ်ရေး ခရီးသည်အဖွဲ့ (အဗူဆုဖ်ယာန်၏ ကုန်တင်ကာရာဗန်အဖွဲ့)။
  • အစ်ဖလ (أَسْفَلَ) — အောက်ဘက်၊ ပင်လယ်ကမ်းရိုးတန်းဘက်ရှိ နေရာ။
  • တဝါအိဒ်တွမ် (تَوَاعَدْتُمْ) — သင်တို့သည် ရက်ချိန်းတစ်ခု သတ်မှတ်ခဲ့ကြလျှင်။
  • အလ်-မီအာဒ် (الْمِيعَادِ) — ချိန်းဆိုထားသော ရက်ချိန်း။
  • အမ်ရန် ကာနာ မဖ်အూజန် (أَمْرًا كَانَ مَفْعُولًا) — ဧကန်အမှန် ဖြစ်ပေါ်လာမည့် ကိစ္စတစ်ရပ်။
  • ဟလက္ကာ (هَلَكَ) — ပျက်စီးခြင်း၊ ကွယ်လွန်ခြင်း (ဤနေရာတွင် ကုဖ်ရ်/မယုံကြည်မှုကို ရည်ညွှန်းသည်)။
  • ဟယျာ (حَيَّ) — အသက်ရှင်ခြင်း (ဤနေရာတွင် အီမာန်/ယုံကြည်မှုကို ရည်ညွှန်းသည်)။
  • ဗိုင်းယိနဟ် (بَيِّنَةٍ) — ထင်ရှားသော သက်သေအထောက်အထား၊ ရှင်းလင်းသော ဟုဂျ္ဂျဟ်။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

(အို မုအ်မင်န်တို့) သတိရကြလော့။ ထိုအချိန်တွင် သင်တို့သည် ချိုင့်ဝှမ်း၏ မဒီနာမြို့နှင့် နီးသော ဘက်ကမ်း၌ ရှိကြ၏။ မုရှ်ရိက်တို့မှာမူ ချိုင့်ဝှမ်း၏ မက္ကာမြို့နှင့် နီးသော အဝေးဘက်ကမ်း၌ ရှိကြ၏။ ကုန်တင်ကာရာဗန်အဖွဲ့မှာမူ သင်တို့ထက် အောက်ဘက် (ပင်လယ်ကမ်းရိုးတန်းဘက်) ၌ ရှိနေ၏။ အကယ်၍ သင်တို့သည် (မုရှ်ရိက်တို့နှင့်) ရက်ချိန်းသတ်မှတ်၍ တွေ့ဆုံရန် စီစဉ်ခဲ့ကြလျှင် ထိုရက်ချိန်းကိစ္စတွင် သင်တို့ အချင်းချင်း ကွဲလွဲကြမည်သာ ဖြစ်၏။ သို့သော် အလ္လာဟ်အရှင်မြတ်သည် ဖြစ်ပေါ်လာမည့် ကိစ္စတစ်ရပ်ကို ပြီးမြောက်စေရန် (ရက်ချိန်းမရှိဘဲ) သင်တို့ကို စုစည်းပေးတော်မူခဲ့၏။ ထိုကိစ္စမှာ အရှင်မြတ်၏ မိတ်ဆွေများကို အောင်မြင်စေတော်မူခြင်း၊ ရန်သူများကို ရှုံးနိမ့်စေတော်မူခြင်းပင်ဖြစ်၏။ ထိုသို့ ပြုတော်မူခြင်းမှာ ထင်ရှားသော သက်သေအထောက်အထား ရရှိပြီးမှသာ



📜 အာယာသ် 40-44 — စူရာ အလ်-အန်ဖာလ်

40وَإِن تَوَلَّوْا فَاعْلَمُوا أَنَّ اللَّهَ مَوْلَاكُمْ ۚ نِعْمَ الْمَوْلَىٰ وَنِعْمَ النَّصِيرُ
တဖန် အကယ်၍ ၎င်းတို့သည် လွှဲဖယ်၍ သွားခဲ့ကြလျှင် ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား (ရိုင်းပင်းကူညီတော်မူမည့်) မိတ်သဟာယ၊ အကောင်းဆုံးသောကူညီတော်မူမည့် အရှင်မြတ်ပင် ဖြစ်တော်မူကြောင်းအသင်တို့သည် (ကောင်းစွာ) သတိထားနှင့်ကြကုန်။
41۞ وَاعْلَمُوا أَنَّمَا غَنِمْتُم مِّن شَيْءٍ فَأَنَّ لِلَّهِ خُمُسَهُ وَلِلرَّسُولِ وَلِذِي الْقُرْبَىٰ وَالْيَتَامَىٰ وَالْمَسَاكِينِ وَابْنِ السَّبِيلِ إِن كُنتُمْ آمَنتُم بِاللَّهِ وَمَا أَنزَلْنَا عَلَىٰ عَبْدِنَا يَوْمَ الْفُرْقَانِ يَوْمَ الْتَقَى الْجَمْعَانِ ۗ وَاللَّهُ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ
၎င်းပြင် (အို-သက်ဝင်ယုံကြည်သူအပေါင်းတို့)အကယ်၍ အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကို လည်းကောင်း၊ ငါအရှင်မြတ်သည် မိမိ၏ကျွန်တော် (မုဟမ္မဒ်)၏အပေါ်သို့ (သက်ဝင်ယုံကြည်သူတို့နှင့် မယုံကြည် သွေဖည်ငြင်းပယ်သောသူတို့အား) ခွဲခြားသိသာစေသောနေ့တွင်(ဝါ)အုပ်စုတစ်စုနှင့်တစ်စု ရင်ဆိုင်တွေ့ကြုံခဲ့ကြသောနေ့တွင် ချပေးသနားတော်မူခဲ့သည့် (သက်သေသာဓကများ) ကိုလည်းကောင်း၊ ယုံကြည် ကြပါလျှင် အသင်တို့သည် (စစ်မက် ပြိုင်ဆိုင် တိုက်ခိုက်ရာတွင်) တစ်စုံတစ်ရာ လက်ရပစ္စည်းများကို ရရှိခဲ့ကြပါမူ၊ထိုပစ္စည်းများအနက်ငါးပုံတစ်ပုံကို ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည်လည်းကောင်း၊ ရစူလ်တမန်တော်မြတ်သည်လည်းကောင်း၊ (ရစူလ်တမန်တော်မြတ်၏) ဆွေရင်းသားရင်းတို့သည်လည်းကောင်း၊ ဖမဲ့ ကလေးသူငယ်တို့သည်လည်းကောင်း၊သူဆင်းရဲတို့သည်လည်းကောင်း၊ ခရီးသည်တို့သည် လည်းကောင်း၊ ပိုင်ဆိုင်ကြသည်ကို (ကောင်းစွာ)သိရှိထားကြလေကုန်။အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလုံးစုံတို့ကို စွမ်းဆောင်နိုင်တော်မူသော အရှင်မြတ်ပင်ဖြစ်တော်မူပေသတည်း။
42إِذْ أَنتُم بِالْعُدْوَةِ الدُّنْيَا وَهُم بِالْعُدْوَةِ الْقُصْوَىٰ وَالرَّكْبُ أَسْفَلَ مِنكُمْ ۚ وَلَوْ تَوَاعَدتُّمْ لَاخْتَلَفْتُمْ فِي الْمِيعَادِ ۙ وَلَٰكِن لِّيَقْضِيَ اللَّهُ أَمْرًا كَانَ مَفْعُولًا لِّيَهْلِكَ مَنْ هَلَكَ عَن بَيِّنَةٍ وَيَحْيَىٰ مَنْ حَيَّ عَن بَيِّنَةٍ ۗ وَإِنَّ اللَّهَ لَسَمِيعٌ عَلِيمٌ
ထို(အုပ်စုတစ်စုနှင့်တစ်စု ရင်ဆိုင်တွေ့ကြုံကြသော)အချိန်အခါတွင် အသင်တို့သည် (စစ်မြေပြင်၏) အနီး၌ရှိခဲ့ကြကုန်၏။ သို့ရာတွင် ၎င်းတို့မှာ အဝေး၌ရှိခဲ့ကြကုန်၏။ထို့ပြင် ကုန်သည်စုမှာကား အသင်တို့၏အောက်တွင် ရှိခဲ့ကြလေသည်။ အကယ်၍သာ အသင့်တို့(နှင့်ထိုသူတို့)သည် အချင်းချင်း (တစ်ဘက်နှင့်တစ်ဘက်) ချိန်းချက်ခဲ့ကြပါ လျှင်၊ မုချဧကန်အသင်တို့သည် ထိုချိန်းချက်မှုနှင့် စပ်လျဉ်း၍ ကွဲလွဲခဲ့ကြပေမည်။ သို့ရာတွင်မူကား အလ္လာဟ်အရှင်မြတ်သည် (မလွှဲမရှောင်သာ) ဖြစ်ရ မည့် ကိစ္စတရပ်ကို ပြီးမြောက်စေတော်မူအံ့သောငှာ(ဝါ)သေကြေပျက်စီးမည့်သူသည် သက်သေလက္ခဏာ အထင်အရှား(တွေ့မြင်ပြီးနောက်)သေကြေပျက်စီးအံ့ သောငှာလည်းကောင်း၊ အသက်ထင်ရှား ရှိနေမည့် သူသည်လည်း သက်သေလက္ခဏာ အထင်အရှား (တွေ့မြင်ပြီးနောက်) အသက်ထင်ရှားရှိအံ့သော်ငှာ လည်းကောင်း၊ (ထိုအုပ်စုနှစ်စုကို ရင်ဆိုင်စေတော်မူခြင်းပင်)ဖြစ်ချေသည်။ ဧကန်မုချ အလ္လာဟ်အရှင်မြတ်သည်အကြွင်းမဲ့ကြားတော်မူသောအရှင်၊ အကြွင်းမဲ့သိတော်မူသောအရှင်မြတ်ပင်၊ ဖြစ်တော်မူပေသတည်း။
43إِذْ يُرِيكَهُمُ اللَّهُ فِي مَنَامِكَ قَلِيلًا ۖ وَلَوْ أَرَاكَهُمْ كَثِيرًا لَّفَشِلْتُمْ وَلَتَنَازَعْتُمْ فِي الْأَمْرِ وَلَٰكِنَّ اللَّهَ سَلَّمَ ۗ إِنَّهُ عَلِيمٌ بِذَاتِ الصُّدُورِ
၎င်းပြင် (အို-နဗီတမန်တော် ပြန်လည်၍အောက်မေ့ပါလေ)၊ အကြင်အခါဝယ် အလ္လာဟ် အရှင်မြတ်သည် အသင့်အား အိပ်မက်တွင် ၎င်းတို့(၏ဦးရေ)ကို အနည်းငယ်မျှသာ ပြသတော်မူခဲ့လေသည်။ အကယ်၍သာ ထိုအရှင်မြတ်သည် အသင့်အား ၎င်းတို့(၏ဦးရေ)ကို များပြားစွာပြသတော်မူခဲ့ပါလျှင် အသင်တို့သည် ဧကန်မုချ စိတ်ဓါတ်ကျဆုံးခဲ့ကြသည့်အပြင်၊ထိုကိစ္စနှင့်စပ်လျဉ်း၍ အချင်းချင်း အငြင်းပွားကာ အချင်းများခဲ့ကြမည်မှာလည်း မလွဲဧကန်တည်း။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် (အသင်တို့အား စိတ်ဓါတ်ကျဆုံးခြင်းနှင့် အချင်းချင်း အငြင်းပွားခြင်းမှ) ကယ်ဆယ်တော်မူခဲ့လေသည်။ ဧကန်စင်စစ် ထိုအရှင်မြတ်သည် စိတ်နှလုံးများတွင် ရှိသည်တို့ကို အကြွင်းမဲ့သိရှိတော်မူသော အရှင်မြတ်ပင်ဖြစ်တော်မူပေတည်း။
44وَإِذْ يُرِيكُمُوهُمْ إِذِ الْتَقَيْتُمْ فِي أَعْيُنِكُمْ قَلِيلًا وَيُقَلِّلُكُمْ فِي أَعْيُنِهِمْ لِيَقْضِيَ اللَّهُ أَمْرًا كَانَ مَفْعُولًا ۗ وَإِلَى اللَّهِ تُرْجَعُ الْأُمُورُ
ထိုမှတစ်ပါး (ပြန်လည်၍သတိရရှိကြလေကုန်)။အကြင်အခါ၌ ထိုအရှင်မြတ်သည် အသင်တို့ (ထိုသူတို့နှင့်ရင်ဆိုင်)တွေ့ဆုံကြစဉ်၊ ၎င်းတို့(၏ဦးရေ)ကို အသင်တို့အမြင်တွင်လျှော့၍ပြသတော်မူခဲ့၏။ ထိုနည်းတူစွာ အသင်တို့ကိုလည်း၎င်းတို့၏အမြင်၌ လျှော့၍ပင် ပြသတော်မူခဲ့လေ၏။ (သို့ပြုတော်မူခြင်း မှာ) အလ္လာဟ်အရှင်မြတ်သည် ပြုလိုတော်မူသည့်ကိစ္စတရပ်ကို ပြီးမြောက်စေတော်မူအံ့သောငှာ ဖြစ်ချေသည်။အမှန်စင်စစ်သော်ကား ကိစ္စအရပ်ရပ်တို့သည် အလ္လာဟ်အရှင်မြတ်အထံတော်သို့ပင် ပြန်လည်၍ ရောက်ရှိမည်သာ ဖြစ်ချေသတည်း။(ရကူ)
အလ်-အန်ဖာလ်ကုရ်အာန် ညွှန်းကိန်း
75အာယာသ်
MedinanRevelation
42အာယာသ်

ဘာသာပြန် — အလ်-အန်ဖာလ် 42

စူရာ အလ်-အန်ဖာလ် အာယာသ် 42 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထို(အုပ်စုတစ်စုနှင့်တစ်စု ရင်ဆိုင်တွေ့ကြုံကြသော)အချိန်အခါတွင် အသင်တို့သည် (စစ်မြေပြင်၏) အနီး၌ရှိခဲ့ကြကုန်၏။ သို့ရာတွင် ၎င်းတို့မှာ အဝေး၌ရှိခဲ့ကြကုန်၏။ထို့ပြင် ကုန်သည်စုမှာကား အသင်တို့၏အောက်တွင်…

စူရာ အာယာသ် 42/75 — စူရာ အလ်-အန်ဖာလ် الأنفال (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အန်ဖာလ် နားထောင်, စူရာ အလ်-အန်ဖာလ် ဘာသာပြန်, စူရာ အလ်-အန်ဖာလ် mp3, စူရာ အလ်-အန်ဖာလ် pdf. အာယာသ် 40–44. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Saturday, October 3, 2026

Don't forget us in your sincere prayers