အလ်-အန်ဖာလ် · 43/75
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အန်ဖာလ်
إِذْ يُرِيكَهُمُ اللَّهُ فِي مَنَامِكَ قَلِيلًا ۖ وَلَوْ أَرَاكَهُمْ كَثِيرًا لَّفَشِلْتُمْ وَلَتَنَازَعْتُمْ فِي الْأَمْرِ وَلَٰكِنَّ اللَّهَ سَلَّمَ ۗ إِنَّهُ عَلِيمٌ بِذَاتِ الصُّدُورِ ۝٤٣
Iz yureekahumul laahu fee manaamika qaleela; wa law araakahum kaseeral lafashiltum wa latanaaza`tum fil amri wa laakinnal laaha sallam; innahoo `aleemum bizaatis sudoor
📖 မြန်မာဘာသာ
၎င်းပြင် (အို-နဗီတမန်တော် ပြန်လည်၍အောက်မေ့ပါလေ)၊ အကြင်အခါဝယ် အလ္လာဟ် အရှင်မြတ်သည် အသင့်အား အိပ်မက်တွင် ၎င်းတို့(၏ဦးရေ)ကို အနည်းငယ်မျှသာ ပြသတော်မူခဲ့လေသည်။ အကယ်၍သာ ထိုအရှင်မြတ်သည် အသင့်အား ၎င်းတို့(၏ဦးရေ)ကို များပြားစွာပြသတော်မူခဲ့ပါလျှင် အသင်တို့သည် ဧကန်မုချ စိတ်ဓါတ်ကျဆုံးခဲ့ကြသည့်အပြင်၊ထိုကိစ္စနှင့်စပ်လျဉ်း၍ အချင်းချင်း အငြင်းပွားကာ အချင်းများခဲ့ကြမည်မှာလည်း မလွဲဧကန်တည်း။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် (အသင်တို့အား စိတ်ဓါတ်ကျဆုံးခြင်းနှင့် အချင်းချင်း အငြင်းပွားခြင်းမှ) ကယ်ဆယ်တော်မူခဲ့လေသည်။ ဧကန်စင်စစ် ထိုအရှင်မြတ်သည် စိတ်နှလုံးများတွင် ရှိသည်တို့ကို အကြွင်းမဲ့သိရှိတော်မူသော အရှင်မြတ်ပင်ဖြစ်တော်မူပေတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ

  • إِذْ (အိဇ်) — အခါ၊ သတိရပါ။
  • مَنَامِكَ (မာနာမိက) — သင်၏အိပ်မက်။
  • قَلِيلًا (ကလီလန်) — အနည်းငယ်။
  • فَشِلْتُمْ (ဖရှိလ်တွမ်) — သင်တို့ စိတ်ဓာတ်ကျဆင်းကြလိမ့်မည်၊ ရှုံးနိမ့်ကြလိမ့်မည်။
  • تَنَازَعْتُمْ (တနာဇသွမ်) — သင်တို့ အချင်းချင်း ကွဲလွဲငြင်းခုံကြလိမ့်မည်။
  • سَلَّمَ (ဆလ္လမ) — ကယ်တင်တော်မူခဲ့သည်၊ ဘေးကင်းစေတော်မူခဲ့သည်။
  • ذَاتِ الصُّدُورِ (ဇာသိဆ်ဆွဒူရ်) — ရင်တွင်းရှိ လျှို့ဝှက်ချက်များ၊ စိတ်နှလုံးအတွင်း၌ ဝှက်ထားသောအရာများ။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

အို တမန်တော်မုဟမ္မဒ် (ဆွ)၊ အလ္လာဟ်အရှင်မြတ်သည် သင့်အား အိပ်မက်ထဲတွင် ရန်သူများကို အနည်းငယ်မျှသာသော အရေအတွက်ဖြင့် ပြသတော်မူခဲ့သည့် အချိန်ကာလကို သတိရပါ။ ထိုအိပ်မက်ကို သင်သည် မုအ်မင်န်များအား ပြောပြသောအခါ သူတို့၏ စိတ်နှလုံးများ ခိုင်မာလာပြီး ရန်သူနှင့် ရင်ဆိုင်တိုက်ခိုက်ရန် သတ္တိရှိလာကြသည်။ အကယ်၍ အလ္လာဟ်အရှင်မြတ်သည် ရန်သူများကို အများအပြားအဖြစ် သင့်အား ပြသတော်မူခဲ့လျှင် သင်၏ အဖော်အပေါင်းတို့သည် စိတ်ဓာတ်ကျဆင်းကြမည်၊ စစ်တိုက်ရန် ကြောက်ရွံ့ကြမည်၊ စစ်ရေးကိစ္စတွင် အချင်းချင်း ကွဲလွဲငြင်းခုံကြမည် ဖြစ်သည်။ သို့သော် အလ္လာဟ်အရှင်မြတ်သည် ထိုသို့သော ရှုံးနိမ့်မှုနှင့် ကွဲလွဲမှုမှ ကယ်တင်တော်မူခဲ့သည်။ ဧကန်စင်စစ် အရှင်မြတ်သည် စိတ်နှလုံးအတွင်း၌ ဝှက်ထားသော လျှို့ဝှက်ချက်များကို အသိဆုံးဖြစ်တော်မူသည်။

၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ

  • အလ္လာဟ်အရှင်မြတ်သည် မိမိ၏ တမန်တော်နှင့် မုအ်မင်န်များအပေါ် ကြီးမားသော ကရုဏာတော်ကို ပေးသနားတော်မူသည်။ ရန်သူများကို အနည်းငယ်အဖြစ် အိပ်မက်တွင် ပြသတော်မူခြင်းသည် မုအ်မင်န်များ၏ စိတ်ဓာတ်ကို မြှင့်တင်ပေးပြီး သတ္တိကို ဖြစ်ပေါ်စေသည်။
  • အလ္လာဟ်အရှင်မြတ်သည် လူသားတို့၏ စိတ်နှလုံးအတွင်း ဝှက်ထားသောအရာများကို အသိဆုံးဖြစ်တော်မူသည်။ ထို့ကြောင့် အရှင်မြတ်သည် မိမိ၏ ကျေးကျွန်များအတွက် အကောင်းဆုံးသော အစီအစဉ်ကို ချမှတ်တော်မူသည်။
  • စစ


📜 အာယာသ် 41-45 — စူရာ အလ်-အန်ဖာလ်

41۞ وَاعْلَمُوا أَنَّمَا غَنِمْتُم مِّن شَيْءٍ فَأَنَّ لِلَّهِ خُمُسَهُ وَلِلرَّسُولِ وَلِذِي الْقُرْبَىٰ وَالْيَتَامَىٰ وَالْمَسَاكِينِ وَابْنِ السَّبِيلِ إِن كُنتُمْ آمَنتُم بِاللَّهِ وَمَا أَنزَلْنَا عَلَىٰ عَبْدِنَا يَوْمَ الْفُرْقَانِ يَوْمَ الْتَقَى الْجَمْعَانِ ۗ وَاللَّهُ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ
၎င်းပြင် (အို-သက်ဝင်ယုံကြည်သူအပေါင်းတို့)အကယ်၍ အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကို လည်းကောင်း၊ ငါအရှင်မြတ်သည် မိမိ၏ကျွန်တော် (မုဟမ္မဒ်)၏အပေါ်သို့ (သက်ဝင်ယုံကြည်သူတို့နှင့် မယုံကြည် သွေဖည်ငြင်းပယ်သောသူတို့အား) ခွဲခြားသိသာစေသောနေ့တွင်(ဝါ)အုပ်စုတစ်စုနှင့်တစ်စု ရင်ဆိုင်တွေ့ကြုံခဲ့ကြသောနေ့တွင် ချပေးသနားတော်မူခဲ့သည့် (သက်သေသာဓကများ) ကိုလည်းကောင်း၊ ယုံကြည် ကြပါလျှင် အသင်တို့သည် (စစ်မက် ပြိုင်ဆိုင် တိုက်ခိုက်ရာတွင်) တစ်စုံတစ်ရာ လက်ရပစ္စည်းများကို ရရှိခဲ့ကြပါမူ၊ထိုပစ္စည်းများအနက်ငါးပုံတစ်ပုံကို ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည်လည်းကောင်း၊ ရစူလ်တမန်တော်မြတ်သည်လည်းကောင်း၊ (ရစူလ်တမန်တော်မြတ်၏) ဆွေရင်းသားရင်းတို့သည်လည်းကောင်း၊ ဖမဲ့ ကလေးသူငယ်တို့သည်လည်းကောင်း၊သူဆင်းရဲတို့သည်လည်းကောင်း၊ ခရီးသည်တို့သည် လည်းကောင်း၊ ပိုင်ဆိုင်ကြသည်ကို (ကောင်းစွာ)သိရှိထားကြလေကုန်။အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလုံးစုံတို့ကို စွမ်းဆောင်နိုင်တော်မူသော အရှင်မြတ်ပင်ဖြစ်တော်မူပေသတည်း။
42إِذْ أَنتُم بِالْعُدْوَةِ الدُّنْيَا وَهُم بِالْعُدْوَةِ الْقُصْوَىٰ وَالرَّكْبُ أَسْفَلَ مِنكُمْ ۚ وَلَوْ تَوَاعَدتُّمْ لَاخْتَلَفْتُمْ فِي الْمِيعَادِ ۙ وَلَٰكِن لِّيَقْضِيَ اللَّهُ أَمْرًا كَانَ مَفْعُولًا لِّيَهْلِكَ مَنْ هَلَكَ عَن بَيِّنَةٍ وَيَحْيَىٰ مَنْ حَيَّ عَن بَيِّنَةٍ ۗ وَإِنَّ اللَّهَ لَسَمِيعٌ عَلِيمٌ
ထို(အုပ်စုတစ်စုနှင့်တစ်စု ရင်ဆိုင်တွေ့ကြုံကြသော)အချိန်အခါတွင် အသင်တို့သည် (စစ်မြေပြင်၏) အနီး၌ရှိခဲ့ကြကုန်၏။ သို့ရာတွင် ၎င်းတို့မှာ အဝေး၌ရှိခဲ့ကြကုန်၏။ထို့ပြင် ကုန်သည်စုမှာကား အသင်တို့၏အောက်တွင် ရှိခဲ့ကြလေသည်။ အကယ်၍သာ အသင့်တို့(နှင့်ထိုသူတို့)သည် အချင်းချင်း (တစ်ဘက်နှင့်တစ်ဘက်) ချိန်းချက်ခဲ့ကြပါ လျှင်၊ မုချဧကန်အသင်တို့သည် ထိုချိန်းချက်မှုနှင့် စပ်လျဉ်း၍ ကွဲလွဲခဲ့ကြပေမည်။ သို့ရာတွင်မူကား အလ္လာဟ်အရှင်မြတ်သည် (မလွှဲမရှောင်သာ) ဖြစ်ရ မည့် ကိစ္စတရပ်ကို ပြီးမြောက်စေတော်မူအံ့သောငှာ(ဝါ)သေကြေပျက်စီးမည့်သူသည် သက်သေလက္ခဏာ အထင်အရှား(တွေ့မြင်ပြီးနောက်)သေကြေပျက်စီးအံ့ သောငှာလည်းကောင်း၊ အသက်ထင်ရှား ရှိနေမည့် သူသည်လည်း သက်သေလက္ခဏာ အထင်အရှား (တွေ့မြင်ပြီးနောက်) အသက်ထင်ရှားရှိအံ့သော်ငှာ လည်းကောင်း၊ (ထိုအုပ်စုနှစ်စုကို ရင်ဆိုင်စေတော်မူခြင်းပင်)ဖြစ်ချေသည်။ ဧကန်မုချ အလ္လာဟ်အရှင်မြတ်သည်အကြွင်းမဲ့ကြားတော်မူသောအရှင်၊ အကြွင်းမဲ့သိတော်မူသောအရှင်မြတ်ပင်၊ ဖြစ်တော်မူပေသတည်း။
43إِذْ يُرِيكَهُمُ اللَّهُ فِي مَنَامِكَ قَلِيلًا ۖ وَلَوْ أَرَاكَهُمْ كَثِيرًا لَّفَشِلْتُمْ وَلَتَنَازَعْتُمْ فِي الْأَمْرِ وَلَٰكِنَّ اللَّهَ سَلَّمَ ۗ إِنَّهُ عَلِيمٌ بِذَاتِ الصُّدُورِ
၎င်းပြင် (အို-နဗီတမန်တော် ပြန်လည်၍အောက်မေ့ပါလေ)၊ အကြင်အခါဝယ် အလ္လာဟ် အရှင်မြတ်သည် အသင့်အား အိပ်မက်တွင် ၎င်းတို့(၏ဦးရေ)ကို အနည်းငယ်မျှသာ ပြသတော်မူခဲ့လေသည်။ အကယ်၍သာ ထိုအရှင်မြတ်သည် အသင့်အား ၎င်းတို့(၏ဦးရေ)ကို များပြားစွာပြသတော်မူခဲ့ပါလျှင် အသင်တို့သည် ဧကန်မုချ စိတ်ဓါတ်ကျဆုံးခဲ့ကြသည့်အပြင်၊ထိုကိစ္စနှင့်စပ်လျဉ်း၍ အချင်းချင်း အငြင်းပွားကာ အချင်းများခဲ့ကြမည်မှာလည်း မလွဲဧကန်တည်း။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် (အသင်တို့အား စိတ်ဓါတ်ကျဆုံးခြင်းနှင့် အချင်းချင်း အငြင်းပွားခြင်းမှ) ကယ်ဆယ်တော်မူခဲ့လေသည်။ ဧကန်စင်စစ် ထိုအရှင်မြတ်သည် စိတ်နှလုံးများတွင် ရှိသည်တို့ကို အကြွင်းမဲ့သိရှိတော်မူသော အရှင်မြတ်ပင်ဖြစ်တော်မူပေတည်း။
44وَإِذْ يُرِيكُمُوهُمْ إِذِ الْتَقَيْتُمْ فِي أَعْيُنِكُمْ قَلِيلًا وَيُقَلِّلُكُمْ فِي أَعْيُنِهِمْ لِيَقْضِيَ اللَّهُ أَمْرًا كَانَ مَفْعُولًا ۗ وَإِلَى اللَّهِ تُرْجَعُ الْأُمُورُ
ထိုမှတစ်ပါး (ပြန်လည်၍သတိရရှိကြလေကုန်)။အကြင်အခါ၌ ထိုအရှင်မြတ်သည် အသင်တို့ (ထိုသူတို့နှင့်ရင်ဆိုင်)တွေ့ဆုံကြစဉ်၊ ၎င်းတို့(၏ဦးရေ)ကို အသင်တို့အမြင်တွင်လျှော့၍ပြသတော်မူခဲ့၏။ ထိုနည်းတူစွာ အသင်တို့ကိုလည်း၎င်းတို့၏အမြင်၌ လျှော့၍ပင် ပြသတော်မူခဲ့လေ၏။ (သို့ပြုတော်မူခြင်း မှာ) အလ္လာဟ်အရှင်မြတ်သည် ပြုလိုတော်မူသည့်ကိစ္စတရပ်ကို ပြီးမြောက်စေတော်မူအံ့သောငှာ ဖြစ်ချေသည်။အမှန်စင်စစ်သော်ကား ကိစ္စအရပ်ရပ်တို့သည် အလ္လာဟ်အရှင်မြတ်အထံတော်သို့ပင် ပြန်လည်၍ ရောက်ရှိမည်သာ ဖြစ်ချေသတည်း။(ရကူ)
45يَا أَيُّهَا الَّذِينَ آمَنُوا إِذَا لَقِيتُمْ فِئَةً فَاثْبُتُوا وَاذْكُرُوا اللَّهَ كَثِيرًا لَّعَلَّكُمْ تُفْلِحُونَ
အို-’မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်းတို့၊အသင်တို့သည် အုပ်စုတစ်စုစုနှင့် (ရင်ဆိုင်)တွေ့ဆုံ ကြရသောအခါ၊ မြဲမြံကြံ့ခိုင်စွာတည်ရှိကြလေကုန်။ ၎င်းပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား များစွာအောက်မေ့ တသကြလေကုန်။ သို့မှသာလျှင် အသင်တို့သည် အောင်မြင်ကြမည်ဖြစ်သည်။
အလ်-အန်ဖာလ်ကုရ်အာန် ညွှန်းကိန်း
75အာယာသ်
MedinanRevelation
43အာယာသ်

ဘာသာပြန် — အလ်-အန်ဖာလ် 43

စူရာ အလ်-အန်ဖာလ် အာယာသ် 43 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ၎င်းပြင် (အို-နဗီတမန်တော် ပြန်လည်၍အောက်မေ့ပါလေ)၊ အကြင်အခါဝယ် အလ္လာဟ် အရှင်မြတ်သည် အသင့်အား အိပ်မက်တွင် ၎င်းတို့(၏ဦးရေ)ကို အနည်းငယ်မျှသာ…

စူရာ အာယာသ် 43/75 — စူရာ အလ်-အန်ဖာလ် الأنفال (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အန်ဖာလ် နားထောင်, စူရာ အလ်-အန်ဖာလ် ဘာသာပြန်, စူရာ အလ်-အန်ဖာလ် mp3, စူရာ အလ်-အန်ဖာလ် pdf. အာယာသ် 41–45. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers