အန်-နူရ် · 32/64
ဘာသာပြန် အသံနိုင်ငံ — စူရာ အန်-နူရ်
وَأَنكِحُوا الْأَيَامَىٰ مِنكُمْ وَالصَّالِحِينَ مِنْ عِبَادِكُمْ وَإِمَائِكُمْ ۚ إِن يَكُونُوا فُقَرَاءَ يُغْنِهِمُ اللَّهُ مِن فَضْلِهِ ۗ وَاللَّهُ وَاسِعٌ عَلِيمٌ ۝٣٢
Wa ankihul ayaamaa minkum was saaliheena min `ibaadikum wa imaa`kum; iny-yakoonoo fuqaraaa`a yughni himul laahu min fadlih; wal laahu Waasi`un `Aleem
📖 မြန်မာဘာသာ
ထို့ပြင် အသင်တို့သည် မိမိတို့အနက် ကြင်ဖော်ကြင်ဖက်မရှိသော ယောက်ျားမိန်းမတို့အားလည်းကောင်း၊ မိမိတို့၏ ကျွန်-ကျွန်မများအနက်(ထိမ်း မြားရန်)အရည်အချင်းနှင့် ပြည့်စုံကြသော ကျွန်-ကျွန်မ များအားလည်းကောင်း၊ ထိမ်းမြား၍ ပေးကြလေကုန်။ အကယ်၍ ၎င်းတို့သည် သူဆင်းရဲများ ဖြစ်ကြလျှင် အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား မိမိကျေးဇူး တော်နှင့် ကြွယ်ဝချမ်းသာစေတော်မူမည်။ စင်စစ်မူကား အလ္လာဟ်အရှင်မြတ်သည် ကျယ်ဝန်းစွာ ချီးမြှင့်ပေးသနားတော်မူသောအရှင်၊ အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိတော်မူသောအရှင်၊ ဖြစ်တော်မူ၏။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ

  • ဝါအန်ကီဟူ (وَأَنكِحُوا) — ထိမ်းမြားပေးကြလော့၊ လက်ထပ်ပေးကြလော့။
  • အလ်အာယာမာ (الْأَيَامَىٰ) — အိမ်ထောင်ဖက် မရှိသော ယောက်ျား၊ မိန်းမများ။ အပျိုလည်း ဖြစ်နိုင်၊ မုဆိုးမ၊ ဖိုးမ၊ ကွာရှင်းပြီးသူလည်း ဖြစ်နိုင်သည်။
  • အဆ်ဆွာလိဟီန် (الصَّالِحِينَ) — သူတော်ကောင်းများ၊ ကောင်းမှုပြုသူများ။
  • အိဗာဒိကုမ် (عِبَادِكُمْ) — သင်တို့၏ ကျွန်ယောက်ျားများ။
  • အိမာအိကုမ် (إِمَائِكُمْ) — သင်တို့၏ ကျွန်မိန်းမများ။
  • ဖုကရာအာ (فُقَرَاءَ) — ဆင်းရဲသားများ။
  • ယုဂ်နိဟိမုလ္လာဟု (يُغْنِهِمُ اللَّهُ) — အလ္လာဟ်အရှင်မြတ်သည် သူတို့အား ချမ်းသာကြွယ်ဝစေတော်မူမည်။
  • ဝါစိအွန် (وَاسِعٌ) — ကျယ်ဝန်းတော်မူသော၊ ရက်ရောတော်မူသော။
  • အလီမုန် (عَلِيمٌ) — အရာခပ်သိမ်းကို သိတော်မူသော။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

အို မုအ်မင်န်သက်ဝင်ယုံကြည်သူအပေါင်းတို့၊ သင်တို့အထဲမှ အိမ်ထောင်ဖက်မရှိသော ယောက်ျား၊ မိန်းမများကို လည်းကောင်း၊ သင်တို့၏ ကျွန်ယောက်ျား၊ ကျွန်မိန်းမများထဲမှ သူတော်ကောင်းများကို လည်းကောင်း ထိမ်းမြားလက်ထပ်ပေးကြလော့။ အကယ်၍ သူတို့သည် ဆင်းရဲသားများ ဖြစ်နေကြလျှင် အလ္လာဟ်အရှင်မြတ်သည် မိမိ၏ ကျေးဇူးတော်မှ သူတို့အား ချမ်းသာကြွယ်ဝစေတော်မူမည်။ အလ္လာဟ်အရှင်မြတ်သည် ကျယ်ဝန်းတော်မူသောအရှင်၊ အရာခပ်သိမ်းကို သိတော်မူသောအရှင် ဖြစ်တော်မူသည်။

ရှင်းလင်းချက် — ဤအာယသ်တော်သည် မွတ်စ်လင်မ်အသိုင်းအဝိုင်းအတွင်း အိမ်ထောင်ရေးကို အားပေးတိုက်တွန်းထားသည်။ အိမ်ထောင်ဖက်မရှိသော ယောက်ျား၊ မိန်းမများကို ထိမ်းမြားပေးရန်၊ ကျွန်များထဲမှ သူတော်ကောင်းများကိုလည်း ထိမ်းမြားပေးရန် မိန့်တော်မူသည်။ ဆင်းရဲသောကြောင့် အိမ်ထောင်ရေးကို ရှောင်ကြဉ်ခြင်း မပြုရန်၊ အကြောင်းမှာ အလ္လာဟ်အရှင်မြတ်သည် မိမိ၏ ကျေးဇူးတော်မှ ချမ်းသာကြွယ်ဝစေတော်မူမည် ဖြစ်သောကြောင့် ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် ရက်ရောကျယ်ဝန်းတော်မူသောအရှင်၊ မိမိဖန်ဆင်းထားသူများ၏ အခြေအနေအလုံးစုံကို သိတော်မူသောအရှင် ဖြစ်တော်မူသည်။

၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် အစ္စလာမ်ဘာသာကို ချစ်မြတ်နိုးစေသော သင်ခန်းစ



📜 အာယာသ် 30-34 — စူရာ အန်-နူရ်

30قُل لِّلْمُؤْمِنِينَ يَغُضُّوا مِنْ أَبْصَارِهِمْ وَيَحْفَظُوا فُرُوجَهُمْ ۚ ذَٰلِكَ أَزْكَىٰ لَهُمْ ۗ إِنَّ اللَّهَ خَبِيرٌ بِمَا يَصْنَعُونَ
(အို-နဗီတမန်တော်) အသင်သည် "မုအ်မင်န်" သက်ဝင်ယုံကြည်သူတို့အား မိမိတို့၏မျက်စိများကို နှိမ့်ချထားရမည်ဟူ၍လည်းကောင်း၊ ထို့ပြင် မိမိတို့၏ အရှက်အင်္ဂါများကို ထိန်းသိမ်းကြရမည်ဟူ၍လည်းကောင်း၊ ပြောကြားပါလေ။ ဤသည် ၎င်းတို့အဖို့ အစင်ကြယ်ဆုံးပင် ဖြစ်ပေသည်။ ဧကန် မလွဲ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့ပြုလုပ်သမျှတို့ကို ကောင်းစွာသိရှိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
31وَقُل لِّلْمُؤْمِنَاتِ يَغْضُضْنَ مِنْ أَبْصَارِهِنَّ وَيَحْفَظْنَ فُرُوجَهُنَّ وَلَا يُبْدِينَ زِينَتَهُنَّ إِلَّا مَا ظَهَرَ مِنْهَا ۖ وَلْيَضْرِبْنَ بِخُمُرِهِنَّ عَلَىٰ جُيُوبِهِنَّ ۖ وَلَا يُبْدِينَ زِينَتَهُنَّ إِلَّا لِبُعُولَتِهِنَّ أَوْ آبَائِهِنَّ أَوْ آبَاءِ بُعُولَتِهِنَّ أَوْ أَبْنَائِهِنَّ أَوْ أَبْنَاءِ بُعُولَتِهِنَّ أَوْ إِخْوَانِهِنَّ أَوْ بَنِي إِخْوَانِهِنَّ أَوْ بَنِي أَخَوَاتِهِنَّ أَوْ نِسَائِهِنَّ أَوْ مَا مَلَكَتْ أَيْمَانُهُنَّ أَوِ التَّابِعِينَ غَيْرِ أُولِي الْإِرْبَةِ مِنَ الرِّجَالِ أَوِ الطِّفْلِ الَّذِينَ لَمْ يَظْهَرُوا عَلَىٰ عَوْرَاتِ النِّسَاءِ ۖ وَلَا يَضْرِبْنَ بِأَرْجُلِهِنَّ لِيُعْلَمَ مَا يُخْفِينَ مِن زِينَتِهِنَّ ۚ وَتُوبُوا إِلَى اللَّهِ جَمِيعًا أَيُّهَ الْمُؤْمِنُونَ لَعَلَّكُمْ تُفْلِحُونَ
(အို-နဗီတမန်တော်) အသင်သည် ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူ အမျိုးသမီးတို့အား (ဤသို့) ပြောကြားပါ လေ။ ၎င်းတို့သည် မိမိတို့မျက်စိများကို အောက်သို့နှိမ့်၍စိုက်၍ ထားရှိကြရမည်။ ထို့ပြင် ၎င်းတို့သည် မိမိတို့၏အရှက်အင်္ဂါများကို(ကာမေသုမိစ္ဆာစာရမှု ကျူးလွန်ခြင်းမှ) ထိန်းသိမ်းကြရမည်။ ထိုမှတစ်ပါး ၎င်းတို့သည် ပေါ်၍နေတတ်သောမိမိတို့၏အလှ မှတစ်ပါး ကျန်အလှအပတို့ကို မပေါ်ကြစေရ။ ထို့ပြင် ၎င်းတို့သည် မိမိတို့၏အပေါ်ရုံများ(ဦးခေါင်းခြုံလွှာများ)ကို မိမိတို့၏ ရင်ဘတ်များအပေါ်သို့ ချထားကြရမည်။ ထိုမှတစ်ပါး ၎င်းတို့သည် မိမိတို့၏အလှကို မိမိတို့၏ လင်ယောက်ျားများ၊ သို့မဟုတ်မိမိတို့၏ဖခင်များ၊ သို့မဟုတ်မိမိတို့၏လင်ယောက်ျားများ၏ဖခင်များ၊ သို့မဟုတ်မိမိတို့၏သားများ၊ သို့မဟုတ် မိမိတို့၏လင်ယောက်ျားများ၏သားများ၊ သို့မဟုတ်မိမိတို့၏အစ်ကိုများ၊ မောင်များ၏သားများ၊ သို့မဟုတ်မိမိတို့၏အစ်မများ၊ ညီမများ၏သားများ၊ သို့မဟုတ်မိမိတို့၏ (သာသနာဝင်)မိန်းမချင်းများ၊ သို့တည်းမဟုတ် မိမိတို့လက်ယာလက်များက ပိုင်ဆိုင်သောမိန်းမများ (ဝါ)ကျွန်မများ၊ သို့တည်းမဟုတ် ယောက်ျားများအနက်မှ (မိန်းမများကို)အလိုမရှိသော (မိမိတို့)လက်အောက်ခံများ သို့ မဟုတ် မိန်းမများ၏အတွင်းရေး လျှို့ဝှက်ချက်များကို မသိနား မလည်ကြသေးသော ကလေးသူငယ်များ၊ ရှေ့မှတစ်ပါး အခြား မည်သူ၏ ရှေ့၌မျှ မဖော်ကြရ။ ထိုမှတစ်ပါး ၎င်းတို့သည် မိမိတို့လျှို့ဝှက်ထား ကြသောတန်ဆာများကို(သူတစ်ပါးတို့)သိရှိရန် မိမိတို့၏ခြေများကို ဆောင့်၍မနင်းကြရ။ ထို့ပြင် အို- ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အောင်မြင်မှုရရှိကြ အံ့သောငှာ အသင်တို့အားလုံးတို့သည် အလ္လာဟ်အရှင်မြတ်၏ ရှေ့တော်မှောက်ဝယ် ဝန်ချတောင်းပန်ကြလေကုန်။
32وَأَنكِحُوا الْأَيَامَىٰ مِنكُمْ وَالصَّالِحِينَ مِنْ عِبَادِكُمْ وَإِمَائِكُمْ ۚ إِن يَكُونُوا فُقَرَاءَ يُغْنِهِمُ اللَّهُ مِن فَضْلِهِ ۗ وَاللَّهُ وَاسِعٌ عَلِيمٌ
ထို့ပြင် အသင်တို့သည် မိမိတို့အနက် ကြင်ဖော်ကြင်ဖက်မရှိသော ယောက်ျားမိန်းမတို့အားလည်းကောင်း၊ မိမိတို့၏ ကျွန်-ကျွန်မများအနက်(ထိမ်း မြားရန်)အရည်အချင်းနှင့် ပြည့်စုံကြသော ကျွန်-ကျွန်မ များအားလည်းကောင်း၊ ထိမ်းမြား၍ ပေးကြလေကုန်။ အကယ်၍ ၎င်းတို့သည် သူဆင်းရဲများ ဖြစ်ကြလျှင် အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား မိမိကျေးဇူး တော်နှင့် ကြွယ်ဝချမ်းသာစေတော်မူမည်။ စင်စစ်မူကား အလ္လာဟ်အရှင်မြတ်သည် ကျယ်ဝန်းစွာ ချီးမြှင့်ပေးသနားတော်မူသောအရှင်၊ အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိတော်မူသောအရှင်၊ ဖြစ်တော်မူ၏။
33وَلْيَسْتَعْفِفِ الَّذِينَ لَا يَجِدُونَ نِكَاحًا حَتَّىٰ يُغْنِيَهُمُ اللَّهُ مِن فَضْلِهِ ۗ وَالَّذِينَ يَبْتَغُونَ الْكِتَابَ مِمَّا مَلَكَتْ أَيْمَانُكُمْ فَكَاتِبُوهُمْ إِنْ عَلِمْتُمْ فِيهِمْ خَيْرًا ۖ وَآتُوهُم مِّن مَّالِ اللَّهِ الَّذِي آتَاكُمْ ۚ وَلَا تُكْرِهُوا فَتَيَاتِكُمْ عَلَى الْبِغَاءِ إِنْ أَرَدْنَ تَحَصُّنًا لِّتَبْتَغُوا عَرَضَ الْحَيَاةِ الدُّنْيَا ۚ وَمَن يُكْرِههُّنَّ فَإِنَّ اللَّهَ مِن بَعْدِ إِكْرَاهِهِنَّ غَفُورٌ رَّحِيمٌ
သို့ရာတွင် ထိမ်းမြားရန်အလို့ငှာ(စားရိတ်ငွေကြေး) မရှိကြသောသူတို့မူကား အလ္လာဟ်အရှင်မြတ်သည် မိမိ၏ကျေးဇူးတော်ဖြင့် ၎င်းတို့အား ကုံလုံကြွယ်ဝစေတော်မူသည်အထိ (မိမိတို့၏) ကာယိန္ဒြေကို စောင့်စည်း၍နေကြရမည်။ ထို့ပြင် အသင်တို့၏ ကျေးကျွန်များအနက် အကြင်သူတို့သည်(ကျွန်ဘဝမှလွတ်မြောက်ရန်)ကတိစာချုပ်ကိုချုပ်ဆိုလိုကြ၏။ အကယ်၍ အသင်တို့သည် ထိုသူတို့၌ ကောင်းကျိုးတစ်စုံတစ်ရာကို တွေ့ ရှိခဲ့ကြလျှင် ၎င်းတို့နှင့် ကတိစာချုပ်ကို ချုပ်ဆိုကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည် ၎င်းတို့အား အလ္လာဟ်အရှင်မြတ်၏ အကြင်ပစ္စည်းအနက်မှလည်း ပေးကမ်းကြလေကုန်။ ထိုအရှင်မြတ်သည် (ယင်းပစ္စည်းကို) အသင်တို့အား ချီးမြှင့်ထားတော်မူ၏။ ထို့ပြင် အသင်တို့သည် မိမိတို့၏ ကျွန်မများအား(အထူးသဖြင့်) ၎င်းတို့သည် ကာယိန္ဒြေစောင့်စည်းရန် လိုလားကြလျှင် အသင်တို့သည် မျက်မှောက်လောကီဘ၀၏ ပစ္စည်းဥစ္စာရရှိအံ့သောငှာ (ထိုကျွန်မများအား) ပြည့်တန်ဆာလုပ်ငန်း ပြုလုပ်ကြရန် အတင်းအကျပ် မပြုလုပ်ကြကုန်လင့်။ စင်စစ်သော်ကား မည်သူမဆို၎င်းတို့အား အတင်းအကျပ်ပြုလုပ်စေခဲ့သည်ရှိသော် ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် ထိုကျွန်မများ အတင်းအကျပ်ပြုစေခြင်းကို ခံကြရပြီးနောက် အလွန်တရာ လွတ်ငြိမ်း ချမ်းသာခွင့်ပေးတော်မူသောအရှင်၊ အလွန်တရာ သနားကြင်နာ ညှာတာတော်မူသောအရှင် ဖြစ်တော်မူ၏။
34وَلَقَدْ أَنزَلْنَا إِلَيْكُمْ آيَاتٍ مُّبَيِّنَاتٍ وَمَثَلًا مِّنَ الَّذِينَ خَلَوْا مِن قَبْلِكُمْ وَمَوْعِظَةً لِّلْمُتَّقِينَ
ထို့ပြင် စင်စစ်ဧကန် ငါအရှင်မြတ်သည် အသင်တို့ထံသို့ ထင်ရှားလှစွာသော အမိန့်ပညတ်တော်များကိုလည်းကောင်း၊ အသင်တို့အလျင် လွန်လေပြီးသော ရှေးသူဟောင်းတို့၏ အလားတူ အတ္ထုပ္ပတ္တိများကိုလည်းကောင်း၊ သူမွန်သူ မြတ်တို့အကျိုးငှာ ဆုံးမဩဝါဒကိုလည်းကောင်း၊ ချပေးသနား တော်မူခဲ့ပေသတည်း။
အန်-နူရ်ကုရ်အာန် ညွှန်းကိန်း
64အာယာသ်
MedinanRevelation
32အာယာသ်

ဘာသာပြန် — အန်-နူရ် 32

စူရာ အန်-နူရ် အာယာသ် 32 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထို့ပြင် အသင်တို့သည် မိမိတို့အနက် ကြင်ဖော်ကြင်ဖက်မရှိသော ယောက်ျားမိန်းမတို့အားလည်းကောင်း၊ မိမိတို့၏ ကျွန်-ကျွန်မများအနက်(ထိမ်း မြားရန်)အရည်အချင်းနှင့် ပြည့်စုံကြသော ကျွန်-ကျွန်မ…

စူရာ အာယာသ် 32/64 — စူရာ အန်-နူရ် النور (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အန်-နူရ် နားထောင်, စူရာ အန်-နူရ် ဘာသာပြန်, စူရာ အန်-နူရ် mp3, စူရာ အန်-နူရ် pdf. အာယာသ် 30–34. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers