အလ်-မာအိဒ · 97/120
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-မာအိဒ
۞ جَعَلَ اللَّهُ الْكَعْبَةَ الْبَيْتَ الْحَرَامَ قِيَامًا لِّلنَّاسِ وَالشَّهْرَ الْحَرَامَ وَالْهَدْيَ وَالْقَلَائِدَ ۚ ذَٰلِكَ لِتَعْلَمُوا أَنَّ اللَّهَ يَعْلَمُ مَا فِي السَّمَاوَاتِ وَمَا فِي الْأَرْضِ وَأَنَّ اللَّهَ بِكُلِّ شَيْءٍ عَلِيمٌ ۝٩٧
Ja`alal laahul Ka`batal Baital Haraama qiyaamal linnaasi wash Shahral Haraama walhadya walqalaaa`id; zaalika lita`lamooo annal laaha ya`lamu maa fis samaawaati wa maa fil ardi wa annal laaha bikulli shai`in `Aleem
📖 မြန်မာဘာသာ
အလ္လာဟ်အရှင်မြတ်သည် မြင့်မြတ်သော ကအ်ဗဟ်အိမ်တော်ကိုလည်းကောင်း၊ ထူးမြတ်သောလများကိုလည်းကောင်း၊ (ကုရ်ဗာန်ပြုမည်ဖြစ်သော) ကုရ်ဗာနီသားကောင်များကိုလည်းကောင်း၊ (ကုရ်ဗာန်ပြုလုပ်ရန်) လည်ပတ်ကြိုး အစရှိသည်ကို တပ်ဆင်ထားသော သားကောင်များကိုလည်းကောင်း၊ လူတို့အဖို့ (သာသနာရေးနှင့် လောကီရေးများ) တည်မြဲစေရန်အကြောင်း ပြုလုပ်ထားတော်မူ၏။ ဤကဲ့သို့ပြုလုပ်တော်မူခြင်းကား အလ္လာဟ်အရှင်မြတ်သည် မိုးများ၌ရှိသမျှတို့ကိုလည်းကောင်း၊ ပထဝီ၌ရှိသမျှတို့ကိုလည်းကောင်း၊ သိရှိတော်မူသည်ကို အသင်တို့ယုံကြည်ကြရန်ဖြစ်သည်။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိရှိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။ (တစ်နည်း) အလ္လာဟ်အရှင်မြတ်သည် မြင့်မြတ်သော ကအ်ဗဟ်အိမ်တော်ကို လူသားတို့၏ အကျိုးတည်ရှိနေစေရန် အကြောင်းပြုထားတော်မူသည်။ ထိုနည်းအတူ မြင့်မြတ်သောလများကိုလည်းကောင်း၊ (ဟရမ်အတွင်း) ကုရ်ဗာနီပြုမည့် သားကောင်များကိုလည်းကောင်း၊ (ဟရမ်အတွင်း၌ အလ္လာဟ်အရှင်မြတ်အားရည်စူး၍ ဇဗဟ်ပြုလုပ်ရန်ဖြစ်သော) လည်ပတ်ကြိုးပါရှိသော သားကောင်များကိုလည်းကောင်း၊ (လူသားတို့အကျိုးတည်ရှိနေစေရန်အကြောင်း ပြုလုပ်ထားတော်မူသည်၊) ယင်းသို့ပြုလုပ်ထားတော်မူခြင်းမှာ မိုးများ၌ရှိရှိသမျှတို့ကိုလည်းကောင်း၊ မြေ၌ရှိရှိသမျှတို့ကိုလည်းကောင်း၊ ဧကန်မုချ အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့သိရှိတော်မူသည်ကို အသင်တို့ ယုံကြည်ကြရန်ပင်ဖြစ်၏။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိရှိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္ဘာ့ဗလီဝတ်ကျောင်းတော် (ကအ်ဗဟ်)၊ ဟရမ်လမြတ်သော လများ၊ ဟဒ်ယ် (ကအ်ဗဟ်သို့ ယူဆောင်လာသော တိရစ္ဆာန်) နှင့် ကလာအိဒ် (ဟဒ်ယ်ဖြစ်ကြောင်း အမှတ်အသားပြုထားသော တိရစ္ဆာန်) ဟူသော ဝေါဟာရများသည် ဤအာယသ်တွင် အဓိကအခန်းကဏ္ဍမှ ပါဝင်သည်။ ကအ်ဗဟ် ဆိုသည်မှာ မက္ကာမြို့ရှိ လေးထောင့်ပုံသဏ္ဌာန်ရှိ ဗလီဝတ်ကျောင်းတော်ဖြစ်ပြီး၊ ဟရမ် ဆိုသည်မှာ လေးစားမှုနှင့် လုံခြုံမှုရှိသော နေရာကို ဆိုလိုသည်။ ဟရမ်လများ ဆိုသည်မှာ ဇုလ်ကအ်ဒဟ်၊ ဇုလ်ဟိဂျဟ်၊ မုဟရမ်နှင့် ရဂျဗ် လများဖြစ်သည်။ ဟဒ်ယ် ဆိုသည်မှာ ဟဂျ်ျ သို့မဟုတ် အွမ်ရဟ် ပြုလုပ်ရန် ကအ်ဗဟ်သို့ ယူဆောင်လာသော တိရစ္ဆာန်ဖြစ်ပြီး၊ ကလာအိဒ် ဆိုသည်မှာ ထိုတိရစ္ဆာန်များကို ဟဒ်ယ်ဖြစ်ကြောင်း အမှတ်အသားပြုရန် လည်ပင်းတွင် ချိတ်ဆွဲထားသော အရာဖြစ်သည်။ ကိယာမာ ဆိုသည်မှာ လူတို့၏ ဘာသာရေးနှင့် လောကီရေးရာများ တည်တံ့ခိုင်မြဲစေသော အကြောင်းအရာကို ဆိုလိုသည်။
  2. အလ္လာဟ်အရှင်မြတ်သည် ကအ်ဗဟ်ဟုခေါ်သော လေးစားမှုရှိသော ဗလီဝတ်ကျောင်းတော်ကို လူသားတို့အတွက် ဘာသာရေးနှင့် လောကီရေးရာများ တည်တံ့ခိုင်မြဲစေသော အကြောင်းအရာအဖြစ် သတ်မှတ်ထားတော်မူသည်။ ထို့ကြောင့် လူတို့သည် ထိုနေရာတွင် ဆွလာသ်ဝတ်ပြုခြင်း၊ ဟဂျ်ျနှင့် အွမ်ရဟ်ပြုလုပ်ခြင်းစသော ကိုးကွယ်မှုများကို လုံခြုံစွာ ဆောင်ရွက်နိုင်ကြသည်။ ထို့အပြင် ထိုနေရာ၏ လုံခြုံမှုကြောင့် စီးပွားရေးအရလည်း အကျိုးအမြတ်များ ရရှိကြသည်။ အလ္လာဟ်အရှင်မြတ်သည် ဇုလ်ကအ်ဒဟ်၊ ဇုလ်ဟိဂျဟ်၊ မုဟရမ်နှင့် ရဂျဗ် ဟူသော လေးစားအပ်သော လများကိုလည်း လူတို့အတွက် လုံခြုံမှုရရှိစေသော အကြောင်းအရာအဖြစ် သတ်မှတ်ထားတော်မူသည်။ ထိုလများတွင် တိုက်ခိုက်ခြင်းကို ဟရမ်ပြုထားတော်မူသည်။ ထို့အပြင် ကအ်ဗဟ်သို့ ယူဆောင်လာသော ဟဒ်ယ်တိရစ္ဆာန်များနှင့် ၎င်းတို့ကို အမှတ်အသားပြုထားသော ကလာအိဒ်များကိုလည်း လုံခြုံမှုရရှိစေသော အကြောင်းအရာအဖြစ် သတ်မှတ်ထားတော်မူသည်။ ထိုတိရစ္ဆာန်များကို မည်သူမျှ မထိခိုက်စေရပါ။ ဤအရာများကို အလ္လာဟ်အရှင်မြတ် သတ်မှတ်ထားတော်မူခြင်းသည် မိုးကောင်းကင်များနှင့် မြေကမ္ဘာတ


📜 အာယာသ် 95-99 — စူရာ အလ်-မာအိဒ

95يَا أَيُّهَا الَّذِينَ آمَنُوا لَا تَقْتُلُوا الصَّيْدَ وَأَنتُمْ حُرُمٌ ۚ وَمَن قَتَلَهُ مِنكُم مُّتَعَمِّدًا فَجَزَاءٌ مِّثْلُ مَا قَتَلَ مِنَ النَّعَمِ يَحْكُمُ بِهِ ذَوَا عَدْلٍ مِّنكُمْ هَدْيًا بَالِغَ الْكَعْبَةِ أَوْ كَفَّارَةٌ طَعَامُ مَسَاكِينَ أَوْ عَدْلُ ذَٰلِكَ صِيَامًا لِّيَذُوقَ وَبَالَ أَمْرِهِ ۗ عَفَا اللَّهُ عَمَّا سَلَفَ ۚ وَمَنْ عَادَ فَيَنتَقِمُ اللَّهُ مِنْهُ ۗ وَاللَّهُ عَزِيزٌ ذُو انتِقَامٍ
အို- ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်းတို့ အသင်တို့သည် ‘အစ်ဟ်ရာမ်’ ဝတ်ရုံကို ဝတ်ဆင်လျက်ရှိကြစဉ်အခါဝယ် အမဲတိရစ္ဆာန်တို့ကို (ပစ်ခတ်ဖမ်းဆီး) သတ်ဖြတ်ခြင်းမပြုကြကုန်လင့်။ အမှန်စင်စစ်သော်ကား မည်သူမဆို အသင်တို့အနက်မှ ထိုအမဲတိရစ္ဆာန်များကို တမင်ကြံရွယ်ပြီးသတ်ဖြတ်ခဲ့ပါမူ ထိုသတ်ခဲ့သောတိရစ္ဆာန်နှင့် တူမျှသော အခြေလေးချောင်း တိရစ္ဆာန်တစ်ကောင်ကို ကုရ်ဗာနီသားကောင်အဖြစ် ကအ်ဗဟ်ကျောင်းတော်သို့ ပို့ဆောင်ခြင်းအားဖြင့် ဒဏ်ဆောင်ရမည်။ ၎င်း (ဒဏ်ဆောင်ရမည့်တိရစ္ဆာန်) ကို အသင်တို့အနက်မှ တရားမျှတမှုရှိသော ပုဂ္ဂိုလ်နှစ်ဦးသည် ဆုံးဖြတ်၍ပေးရမည်။ သို့မဟုတ် သူဆင်းရဲတို့အား ဘောဇဉ်ခဲဘွယ်တို့ကို ကျွေးမွေးခြင်းအားဖြင့်သော်လည်းကောင်း၊ ယင်း (ကျွေးမွေးရမည့် သူဆင်းရဲတို့၏ ဦးရေ) နှင့်အမျှ ဥပုသ်သီတင်း သီလဆောက် တည်ခြင်းအားဖြင့်သော်လည်းကောင်း အပြစ်ဒဏ်အာပတ်ဖြေရပေမည်။ (ယင်းကဲ့သို့ ဒဏ်ဆောင်စေခြင်းနှင့် အပြစ်အာပတ်ဖြေစေခြင်းမှာ) ထိုသူသည် မိမိပြုမူချက်၏အရသာကို မြည်းစမ်းခြင်းငှာဖြစ်ချေသည်။ အလ္လာဟ်အရှင်မြတ်သည် လွန်လေပြီးသောအပြစ်တို့ကို ခွင့်လွှတ်တော်မူခဲ့ပြီးဖြစ်၏။ သို့ရာတွင်မည်သူမဆို ထပ်မံ၍ပြုကျင့်ပါမူ အလ္လာဟ်အရှင်မြတ်သည် ထိုသူအား လက်စားချေတော်မူအံ့။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် တန်ခိုးအာနုဘော်ဖြင့် လွှမ်းမိုးတော်မူသောအရှင် လက်စားချေတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။
96أُحِلَّ لَكُمْ صَيْدُ الْبَحْرِ وَطَعَامُهُ مَتَاعًا لَّكُمْ وَلِلسَّيَّارَةِ ۖ وَحُرِّمَ عَلَيْكُمْ صَيْدُ الْبَرِّ مَا دُمْتُمْ حُرُمًا ۗ وَاتَّقُوا اللَّهَ الَّذِي إِلَيْهِ تُحْشَرُونَ
အသင်တို့အဖို့ (အစ်ဟ်ရာမ်ဝတ်ရုံကို ဝတ်ဆင်ထားသည့်အချိန်၌) ပင်လယ် (ဝါ) ရေသတ္တဝါများကိုဖမ်းခြင်းနှင့် ၎င်းတို့ကိုစားသုံးခြင်းသည် ဟလာလ်ဟူ၍ ခွင့်ပြုထားပြီးဖြစ်၏။ (သို့ ခွင့်ပြုခြင်းကား) အသင်တို့၏အကျိုးငှာလည်းကောင်း၊ ခရီးသည်များ၏အကျိုးငှာလည်းကောင်း ဖြစ်ပေသည်။ သို့ရာတွင် အသင်တို့ အစ်ဟ်ရာမ်ဝတ်ရုံကို ဝတ်ဆင်လျက်ရှိသမျှကာလပတ်လုံး ကုန်းသတ္တဝါများကိုမူ အမဲလိုက်ခြင်းသည် အသင်တို့အပေါ်၌ ဟရာမ်ဟူ၍ တားမြစ်ပြီးဖြစ်ချေသည်။ (သို့ဖြစ်ပေရာ) အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်။ ထို (အလ္လာဟ်) အရှင်မြတ်ထံတော်၌သာ အသင်တို့သည် (ပြန်လည်၍) စုရုံးကြရမည်ဖြစ်သည်။
97۞ جَعَلَ اللَّهُ الْكَعْبَةَ الْبَيْتَ الْحَرَامَ قِيَامًا لِّلنَّاسِ وَالشَّهْرَ الْحَرَامَ وَالْهَدْيَ وَالْقَلَائِدَ ۚ ذَٰلِكَ لِتَعْلَمُوا أَنَّ اللَّهَ يَعْلَمُ مَا فِي السَّمَاوَاتِ وَمَا فِي الْأَرْضِ وَأَنَّ اللَّهَ بِكُلِّ شَيْءٍ عَلِيمٌ
အလ္လာဟ်အရှင်မြတ်သည် မြင့်မြတ်သော ကအ်ဗဟ်အိမ်တော်ကိုလည်းကောင်း၊ ထူးမြတ်သောလများကိုလည်းကောင်း၊ (ကုရ်ဗာန်ပြုမည်ဖြစ်သော) ကုရ်ဗာနီသားကောင်များကိုလည်းကောင်း၊ (ကုရ်ဗာန်ပြုလုပ်ရန်) လည်ပတ်ကြိုး အစရှိသည်ကို တပ်ဆင်ထားသော သားကောင်များကိုလည်းကောင်း၊ လူတို့အဖို့ (သာသနာရေးနှင့် လောကီရေးများ) တည်မြဲစေရန်အကြောင်း ပြုလုပ်ထားတော်မူ၏။ ဤကဲ့သို့ပြုလုပ်တော်မူခြင်းကား အလ္လာဟ်အရှင်မြတ်သည် မိုးများ၌ရှိသမျှတို့ကိုလည်းကောင်း၊ ပထဝီ၌ရှိသမျှတို့ကိုလည်းကောင်း၊ သိရှိတော်မူသည်ကို အသင်တို့ယုံကြည်ကြရန်ဖြစ်သည်။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိရှိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။ (တစ်နည်း) အလ္လာဟ်အရှင်မြတ်သည် မြင့်မြတ်သော ကအ်ဗဟ်အိမ်တော်ကို လူသားတို့၏ အကျိုးတည်ရှိနေစေရန် အကြောင်းပြုထားတော်မူသည်။ ထိုနည်းအတူ မြင့်မြတ်သောလများကိုလည်းကောင်း၊ (ဟရမ်အတွင်း) ကုရ်ဗာနီပြုမည့် သားကောင်များကိုလည်းကောင်း၊ (ဟရမ်အတွင်း၌ အလ္လာဟ်အရှင်မြတ်အားရည်စူး၍ ဇဗဟ်ပြုလုပ်ရန်ဖြစ်သော) လည်ပတ်ကြိုးပါရှိသော သားကောင်များကိုလည်းကောင်း၊ (လူသားတို့အကျိုးတည်ရှိနေစေရန်အကြောင်း ပြုလုပ်ထားတော်မူသည်၊) ယင်းသို့ပြုလုပ်ထားတော်မူခြင်းမှာ မိုးများ၌ရှိရှိသမျှတို့ကိုလည်းကောင်း၊ မြေ၌ရှိရှိသမျှတို့ကိုလည်းကောင်း၊ ဧကန်မုချ အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့သိရှိတော်မူသည်ကို အသင်တို့ ယုံကြည်ကြရန်ပင်ဖြစ်၏။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိရှိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသည်။
98اعْلَمُوا أَنَّ اللَّهَ شَدِيدُ الْعِقَابِ وَأَنَّ اللَّهَ غَفُورٌ رَّحِيمٌ
ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် (တစ်စုံတစ်ရာကို ထိုအရှင်မြတ်နှင့် တွဲဖက်ကိုးကွယ် ခြင်း၊ အမိန့်တော်ကို သွေဖည်ငြင်းပယ်ခြင်း အစရှိသောပြစ်မှုများနှင့် မိမိတို့ကိုယ်ကို ဖုံးလွမ်းစေသောသူတို့အား) အလွန်ပြင်းထန်စွာ ပြစ်ဒဏ်ပေးတော်မူမည် ဖြစ်ကြောင်းနှင့် စင်စစ်ဧကန် အလ္လာဟ်အရှင်မြတ်သည် (ထိုတစ်ဆူတည်းသောအရှင်မြတ်အား ယုံကြည်ဆည်းကပ်၍ ကောင်းမြတ်သော သီလများကို ဆောက်တည်ကြကုန်သောသူတို့အား) အလွန်တရာမျှ လွတည်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင်၊ အလွန်တရာမျှ သနားညှာတာတော်မူသောအရှင်၊ ဖြစ်တော်မူကြောင်းကို အသင်တို့သည် ကောင်းစွာသိထားကြလေကုန်။
99مَّا عَلَى الرَّسُولِ إِلَّا الْبَلَاغُ ۗ وَاللَّهُ يَعْلَمُ مَا تُبْدُونَ وَمَا تَكْتُمُونَ
ရစူလ်တမန်တော် (မုဟမ္မဒ်) ၏အပေါ်၌ (အလ္လာဟ်အရှင်မြတ်၏ အမိန့်ဗျာဒိတ်တော်များကို လူတို့ထံသို့) ပို့ဆောင် (ဟောကြား) ရန် တာဝန်သာရှိ၏။ အသင်တို့ ထင်ရှားစွာပြုလုပ်သော အရာများကိုလည်းကောင်း၊ အသင်တို့ ထိမ်ချန်လျှို့ဝှက်စွာပြုသော အရာများကိုလည်းကောင်း စင်စစ် အလ္လာဟ်အရှင်မြတ်သည် ကာင်းစွာသိရှိတော်မူပေသတည်း။
အလ်-မာအိဒကုရ်အာန် ညွှန်းကိန်း
120အာယာသ်
MedinanRevelation
97အာယာသ်

ဘာသာပြန် — အလ်-မာအိဒ 97

စူရာ အလ်-မာအိဒ အာယာသ် 97 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အလ္လာဟ်အရှင်မြတ်သည် မြင့်မြတ်သော ကအ်ဗဟ်အိမ်တော်ကိုလည်းကောင်း၊ ထူးမြတ်သောလများကိုလည်းကောင်း၊ (ကုရ်ဗာန်ပြုမည်ဖြစ်သော) ကုရ်ဗာနီသားကောင်များကိုလည်းကောင်း၊ (ကုရ်ဗာန်ပြုလုပ်ရန်) လည်ပတ်ကြိုး အစရှိသည်ကို တပ်ဆင်ထားသော…

စူရာ အာယာသ် 97/120 — စူရာ အလ်-မာအိဒ المائدة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-မာအိဒ နားထောင်, စူရာ အလ်-မာအိဒ ဘာသာပြန်, စူရာ အလ်-မာအိဒ mp3, စူရာ အလ်-မာအိဒ pdf. အာယာသ် 95–99. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Wednesday, October 21, 2026

Don't forget us in your sincere prayers