۞ إِنَّمَا الصَّدَقَاتُ لِلْفُقَرَاءِ وَالْمَسَاكِينِ وَالْعَامِلِينَ عَلَيْهَا وَالْمُؤَلَّفَةِ قُلُوبُهُمْ وَفِي الرِّقَابِ وَالْغَارِمِينَ وَفِي سَبِيلِ اللَّهِ وَابْنِ السَّبِيلِ ۖ فَرِيضَةً مِّنَ اللَّهِ ۗ وَاللَّهُ عَلِيمٌ حَكِيمٌ ٦٠
🔤 Transliteration
Innamas sadaqaatu lilfuqaraaa`i walmasaakeeni wal `aamileena `alaihaa wal mu`al lafati quloobuhum wa fir riqaabi walghaarimeena wa fee sabeelil laahi wabnis sabeeli fareedatam minal laah; wal laahu `Aleemun Hakeem
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
မုချဧကန် ဇကာတ်သည် ဆင်းရဲနွမ်းပါးသူတို့အဖို့လည်းကောင်း၊ ပစ္စည်းမဲ့များအဖို့လည်းကောင်း၊ ဇကာတ်နှင့်စပ်လျဉ်းသော ကိစ္စအဝဝကိုဆောင်ရွက်သည့် အမှုထမ်းများအဖို့လည်းကောင်း၊ အစ္စလာမ် သာသနာတော်၏တရားများကိုနှစ်�က်၍ သာသနာဘောင်တွင် ဝင်လိုသူများ၏စိတ်ကို နှစ်သိမ့်စေရန်အလို့ငှာလည်းကောင်း၊ ကျေးကျွန်များကို ကျွန်ဘဝမှလွတ်မြောက်စေရန် လည်းကောင်း၊ မြီစားများအဖို့ လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ လည်းကောင်း၊(ဒုက္ခရောက်နေသော)ခရီးသည်များအဖို့လည်းကောင်းဖြစ်သည်။ဤသည်ကား အလ္လာဟ်အရှင်မြတ်အထံတော်မှ ပြဋ္ဌာန်းထားတော်မူသော ပညတ်တော်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည်အကြွင်းမဲ့ သိတော်မူသောအရှင်၊ ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူသတည်း။
🌐 Additional reference in ภาษาไทย
အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ: ဆွဒကသ် (الصَّدَقَاتُ ): ဇကာသ်ခေါ် မဖြစ်မနေ ပေးဆောင်ရသော လှူဒါန်းငွေများ။ ဖုကရာ (الْفُقَرَاءِ ): ဆင်းရဲသားများ၊ လုပ်ငန်းခွင်ရှိသော်လည်း ဝင်ငွေမလုံလောက်သူများ။ မာစာကီန် (الْمَسَاكِينِ ): မစ်စကီန်များ၊ လုံးဝနီးပါး ပိုင်ဆိုင်မှုမရှိသူများ။ အာမိလီန (الْعَامِلِينَ عَلَيْهَا ): ဇကာသ်ကောက်ခံဖြန့်ဖြူးရေး တာဝန်ရှိသူများ။ မုအာလ္လဖသုလ်ကုလူဗ် (الْمُؤَلَّفَةِ قُلُوبُهُمْ ): စိတ်နှလုံးကို ညှိနှိုင်းပေးရသူများ၊ အစ္စလာမ်သို့ ဆွဲဆောင်ရန်လိုအပ်သူများ။ ဖိရရိက္ကဗ် (فِي الرِّقَابِ ): ကျွန်များလွတ်မြောက်ရေး၊ မုကါသဗ်ကျွန်များ။ ဂါရိမီန (الْغَارِمِينَ ): အကြွေးများပိနေသူများ။ ဖီဆဗီလိလ္လာဟ် (فِي سَبِيلِ اللَّهِ ): အလ္လာဟ်၏လမ်းတော်၌ တိုက်ခိုက်သူများ။ ဣဗ်နုဆဗီလ် (وَابْنِ السَّبِيلِ ): ခရီးသွားရင်း ငွေကုန်ခန်းသွားသူများ။ ဖရီဒသန် (فَرِيضَةً ): မဖြစ်မနေ လုပ်ဆောင်ရမည့် တာဝန်။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်: အလ္လာဟ်အရှင်မြတ်သည် ဇကာသ်ခေါ် မဖြစ်မနေ ပေးဆောင်ရသော လှူဒါန်းငွေများကို မည်သူများအတွက် ပေးအပ်ရမည်ကို ရှင်းလင်းစွာ သတ်မှတ်ပြဋ္ဌာန်းထားတော်မူသည်။ ထိုသူများမှာ အောက်ပါရှစ်မျိုးဖြစ်သည်။
ပထမနှစ်မျိုးမှာ ဆင်းရဲသားများနှင့် မစ်စကီန်များဖြစ်သည်။ ဆင်းရဲသားများဆိုသည်မှာ အလုပ်အကိုင်ရှိသော်လည်း ဝင်ငွေမလုံလောက်၍ လူအများမသိသော ချို့တဲ့သူများဖြစ်သည်။ မစ်စကီန်များမှာ လုံးဝနီးပါး ပိုင်ဆိုင်မှုမရှိဘဲ သူတို့၏အခြေအနေကို လူအများ သိမြင်နိုင်သူများဖြစ်သည်။
တတိယမျိုးမှာ ဇကာသ်ကောက်ခံဖြန့်ဖြူးရေး တာဝန်ရှိသူများဖြစ်သည်။ သူတို့သည် ချမ်းသာသော်လည်း လုပ်ဆောင်သည့်တာဝန်အတွက် လုပ်ခကို ရရှိကြသည်။
စတုတ္ထမျိုးမှာ စိတ်နှလုံးကို ညှိနှိုင်းပေးရသူများဖြစ်သည်။ သူတို့မှာ အစ္စလာမ်သို့ ဝင်ရောက်လာစေရန် သို့မဟုတ် ယုံကြည်မှုခိုင်မာလာစေရန် သို့မဟုတ် မွတ်စ်လင်မ်များအတွက် အကျိုးရှိစေရန် သို့မဟုတ် မကောင်းမှုကို ကာကွယ်ရန် ရည်ရွယ်၍ ပေးအပ်ခြင်းဖြစ်သည်။
ပဉ္စမမျိုးမှာ ကျွန်များလွတ်မြောက်ရေးအတွက်ဖြစ်သည်။ ကျွ
۞ إِنَّمَا ٱلصَّدَقَٰتُ لِلۡفُقَرَآءِ وَٱلۡمَسَٰكِينِ وَٱلۡعَٰمِلِينَ عَلَيۡهَا وَٱلۡمُؤَلَّفَةِ قُلُوبُهُمۡ وَفِي ٱلرِّقَابِ وَٱلۡغَٰرِمِينَ وَفِي سَبِيلِ ٱللَّهِ وَٱبۡنِ ٱلسَّبِيلِۖ فَرِيضَةً مِّنَ ٱللَّهِۗ وَٱللَّهُ عَلِيمٌ حَكِيمٌ ٦٠
မုချဧကန် ဇကာတ်သည် ဆင်းရဲနွမ်းပါးသူတို့အဖို့လည်းကောင်း၊ ပစ္စည်းမဲ့များအဖို့လည်းကောင်း၊ ဇကာတ်နှင့်စပ်လျဉ်းသော ကိစ္စအဝဝကိုဆောင်ရွက်သည့် အမှုထမ်းများအဖို့လည်းကောင်း၊ အစ္စလာမ် သာသနာတော်၏တရားများကိုနှစ်�က်၍ သာသနာဘောင်တွင် ဝင်လိုသူများ၏စိတ်ကို နှစ်သိမ့်စေရန်အလို့ငှာလည်းကောင်း၊ ကျေးကျွန်များကို ကျွန်ဘဝမှလွတ်မြောက်စေရန် လည်းကောင်း၊ မြီစားများအဖို့ လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ လည်းကောင်း၊(ဒုက္ခရောက်နေသော)ခရီးသည်များအဖို့လည်းကောင်းဖြစ်သည်။ဤသည်ကား အလ္လာဟ်အရှင်မြတ်အထံတော်မှ ပြဋ္ဌာန်းထားတော်မူသော ပညတ်တော်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည်အကြွင်းမဲ့ သိတော်မူသောအရှင်၊ ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူသတည်း။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 58-62 — စူရာ အတ်-တောင်ဘ
58 وَمِنْهُم مَّن يَلْمِزُكَ فِي الصَّدَقَاتِ فَإِنْ أُعْطُوا مِنْهَا رَضُوا وَإِن لَّمْ يُعْطَوْا مِنْهَا إِذَا هُمْ يَسْخَطُونَ
ထို့ပြင် ယင်း(မုနာဖစ်က်)တို့တွင် အသင့်အားအလှူပစ္စည်းများနှင့်စပ်လျဉ်း၍ ကဲ့ရဲ့ပြစ်တင်ရှုတ်ချ သူများလည်းရှိကြသေး၏။ သို့ရာတွင် အကယ်၍ ထိုသူတို့သည် ယင်းအလှူပစ္စည်းများအနက်မှ (မိမိတို့ စိတ်တိုင်းကျ) ရရှိခဲ့ကြလျှင်ထိုသူတို့သည် ကျေနပ်ကြလေသည်။ သို့ရာတွင် အကယ်၍၎င်းတို့သည် ထိုအလှူပစ္စည်းများအနက်မှ (မိမိတို့ စိတ်တိုင်းကျ)မရရှိခဲ့ကြပါလျှင် ရုတ်တရက်အမျက်ထွက်ကြလေသတည်း။
59 وَلَوْ أَنَّهُمْ رَضُوا مَا آتَاهُمُ اللَّهُ وَرَسُولُهُ وَقَالُوا حَسْبُنَا اللَّهُ سَيُؤْتِينَا اللَّهُ مِن فَضْلِهِ وَرَسُولُهُ إِنَّا إِلَى اللَّهِ رَاغِبُونَ
အမှန်သော်ကား အကယ်၍သာ ထိုသူတို့သည်မိမိတို့အား အလ္လာဟ်အရှင်မြတ်သည်လည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်သည်လည်းကောင်း၊ ချီးမြှင့်ပေးသနားတော်မူသည်များအပေါ်၌ ကျေနပ်ခဲ့ကြပြီး ကျွန်ုပ်တို့အဖို့ အလ္လာဟ်အရှင်မြတ်သည်ပင် လုံလောက်တော်မူပေသည်။အလ္လာဟ်အရှင်မြတ်သည် မကြာမြင့်မီ ကျွန်ုပ်တို့အား မိမိကျေးဇူးတော်ဖြင့် ချီးမြှင့်ပေးသနားတော်မူအံ့။ ၎င်းပြင် ထိုအရှင်မြတ်၏ရစူလ်တမန်တော်မြတ်သည်လည်း (ကျွန်ုပ်တို့အား ထပ်မံ၍ပေးတော်မူဦးအံ့၊) ဧကန်စင်စစ် ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ် ဘက်သို့သာလျှင် တိမ်းယိမ်းညွှတ်ပြောင်းသူများဖြစ်ကြပါသည် ဟုပြောဆိုခဲ့ကြပါလျှင် ကောင်းလေစွ တကား။(ရကူ)
60 ۞ إِنَّمَا الصَّدَقَاتُ لِلْفُقَرَاءِ وَالْمَسَاكِينِ وَالْعَامِلِينَ عَلَيْهَا وَالْمُؤَلَّفَةِ قُلُوبُهُمْ وَفِي الرِّقَابِ وَالْغَارِمِينَ وَفِي سَبِيلِ اللَّهِ وَابْنِ السَّبِيلِ ۖ فَرِيضَةً مِّنَ اللَّهِ ۗ وَاللَّهُ عَلِيمٌ حَكِيمٌ
မုချဧကန် ဇကာတ်သည် ဆင်းရဲနွမ်းပါးသူတို့အဖို့လည်းကောင်း၊ ပစ္စည်းမဲ့များအဖို့လည်းကောင်း၊ ဇကာတ်နှင့်စပ်လျဉ်းသော ကိစ္စအဝဝကိုဆောင်ရွက်သည့် အမှုထမ်းများအဖို့လည်းကောင်း၊ အစ္စလာမ် သာသနာတော်၏တရားများကိုနှစ်�က်၍ သာသနာဘောင်တွင် ဝင်လိုသူများ၏စိတ်ကို နှစ်သိမ့်စေရန်အလို့ငှာလည်းကောင်း၊ ကျေးကျွန်များကို ကျွန်ဘဝမှလွတ်မြောက်စေရန် လည်းကောင်း၊ မြီစားများအဖို့ လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ လည်းကောင်း၊(ဒုက္ခရောက်နေသော)ခရီးသည်များအဖို့လည်းကောင်းဖြစ်သည်။ဤသည်ကား အလ္လာဟ်အရှင်မြတ်အထံတော်မှ ပြဋ္ဌာန်းထားတော်မူသော ပညတ်တော်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည်အကြွင်းမဲ့ သိတော်မူသောအရှင်၊ ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူသတည်း။
61 وَمِنْهُمُ الَّذِينَ يُؤْذُونَ النَّبِيَّ وَيَقُولُونَ هُوَ أُذُنٌ ۚ قُلْ أُذُنُ خَيْرٍ لَّكُمْ يُؤْمِنُ بِاللَّهِ وَيُؤْمِنُ لِلْمُؤْمِنِينَ وَرَحْمَةٌ لِّلَّذِينَ آمَنُوا مِنكُمْ ۚ وَالَّذِينَ يُؤْذُونَ رَسُولَ اللَّهِ لَهُمْ عَذَابٌ أَلِيمٌ
ထိုမှတစ်ပါး ၎င်းတို့တွင် အချို့သူများသည် နဗီတမန်တော်မြတ်အား စိတ်ဒုက္ခပေးကြ၏။ ၎င်းပြင် ထိုနဗီတမန်တော်မြတ်သည် (မည်သည့်စကားမျိုးမဆို) နား ထောင်(၍ယုံစား)လေ့ရှိသည်ဟု ပြောဆိုကြ၏။(အို-နဗီတမန်တော်)အသင်သည် (4င်းတို့အားဤသို့)ပြောကြားပါ လေ။ (ဟယ်အချင်းတို့) အသင်တို့နှင့်ပတ်သက်၍ ကောင်းရာကောင်းကြောင်းများကိုသာ နားထောင်လေ့ရှိသည်။ ‘အလ္လာဟ်’အရှင်မြတ်အား ယုံကြည်သည်။ ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူများကိုလည်း (4င်းတို့ပြောကြားသော သတင်းစကားနှင့်စပ်လျဉ်း၍) ယုံကြည်ထောက်ခံလေသည်။ 4င်းအပြင် အသင်တို့အနက်မှ သက်ဝင်ယုံကြည်ကြကုန်သော သူတို့အဖို့ ကရုဏာတော်လည်းဖြစ်ချေသည်။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်မြတ်အား စိတ်ဒုက္ခပေးကြသူတို့်အဖို့ပြင်းပြနာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်သည် ရှိချေအံ့သတည်း။
62 يَحْلِفُونَ بِاللَّهِ لَكُمْ لِيُرْضُوكُمْ وَاللَّهُ وَرَسُولُهُ أَحَقُّ أَن يُرْضُوهُ إِن كَانُوا مُؤْمِنِينَ
ထိုသူတို့သည် အသင်တို့အား နှစ်သိမ့်ကျေနပ်စေအံ့သောငှာ အလ္လာဟ်အရှင်မြတ်အားတိုင်တည်၍ ကျိန်ဆိုကြလေသည်။ စင်စစ်သော်ကား အကယ်၍သာ ထိုသူတို့သည်’မုအ်မင်န်’ သက်ဝင်ယုံကြည်သူများ ဖြစ်ကြပါလျှင် အလ္လာဟ်အရှင်မြတ်သည်လည်းကောင်း၊ ထိုအရှင်မြတ်၏ရစူလ်တမန်တော်မြတ်သည်လည်းကောင်း၊ ထိုသူတို့၏ ကျေနပ်စေခြင်းကိုပိုမို၍ပင် ခံထိုက်တော်မူပါပေ၏။
ဘာသာပြန် — အတ်-တောင်ဘ 60 စူရာ အတ်-တောင်ဘ အာယာသ် 60 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : မုချဧကန် ဇကာတ်သည် ဆင်းရဲနွမ်းပါးသူတို့အဖို့လည်းကောင်း၊ ပစ္စည်းမဲ့များအဖို့လည်းကောင်း၊ ဇကာတ်နှင့်စပ်လျဉ်းသော ကိစ္စအဝဝကိုဆောင်ရွက်သည့် အမှုထမ်းများအဖို့လည်းကောင်း၊ အစ္စလာမ် သာသနာတော်၏တရားများကိုနှစ်�က်၍ သာသနာဘောင်တွင်…
စူရာ အာယာသ် 60/129 — စူရာ အတ်-တောင်ဘ التوبة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အတ်-တောင်ဘ နားထောင်, စူရာ အတ်-တောင်ဘ ဘာသာပြန်, စူရာ အတ်-တောင်ဘ mp3, စူရာ အတ်-တောင်ဘ pdf. အာယာသ် 58–62. မြန်မာဘာသာ: ภาษาไทย.