📖 0/604 ဖတ်ပြီးသောစာမျက်နှာများ
📄 371
وَٱجۡعَل لِّي لِسَانَ صِدۡقٍ فِي ٱلۡأٓخِرِينَ ٨٤ وَٱجۡعَلۡنِي مِن وَرَثَةِ جَنَّةِ ٱلنَّعِيمِ ٨٥ وَٱغۡفِرۡ لِأَبِيٓ إِنَّهُۥ كَانَ مِنَ ٱلضَّآلِّينَ ٨٦ وَلَا تُخۡزِنِي يَوۡمَ يُبۡعَثُونَ ٨٧ يَوۡمَ لَا يَنفَعُ مَالٌ وَلَا بَنُونَ ٨٨ إِلَّا مَنۡ أَتَى ٱللَّهَ بِقَلۡبٍ سَلِيمٍ ٨٩ وَأُزۡلِفَتِ ٱلۡجَنَّةُ لِلۡمُتَّقِينَ ٩٠ وَبُرِّزَتِ ٱلۡجَحِيمُ لِلۡغَاوِينَ ٩١ وَقِيلَ لَهُمۡ أَيۡنَ مَا كُنتُمۡ تَعۡبُدُونَ ٩٢ مِن دُونِ ٱللَّهِ هَلۡ يَنصُرُونَكُمۡ أَوۡ يَنتَصِرُونَ ٩٣ فَكُبۡكِبُواْ فِيهَا هُمۡ وَٱلۡغَاوُۥنَ ٩٤ وَجُنُودُ إِبۡلِيسَ أَجۡمَعُونَ ٩٥ قَالُواْ وَهُمۡ فِيهَا يَخۡتَصِمُونَ ٩٦ تَٱللَّهِ إِن كُنَّا لَفِي ضَلَٰلٍ مُّبِينٍ ٩٧ إِذۡ نُسَوِّيكُم بِرَبِّ ٱلۡعَٰلَمِينَ ٩٨ وَمَآ أَضَلَّنَآ إِلَّا ٱلۡمُجۡرِمُونَ ٩٩ فَمَا لَنَا مِن شَٰفِعِينَ ١٠٠ وَلَا صَدِيقٍ حَمِيمٍ ١٠١ فَلَوۡ أَنَّ لَنَا كَرَّةً فَنَكُونَ مِنَ ٱلۡمُؤۡمِنِينَ ١٠٢ إِنَّ فِي ذَٰلِكَ لَأٓيَةًۖ وَمَا كَانَ أَكۡثَرُهُم مُّؤۡمِنِينَ ١٠٣ وَإِنَّ رَبَّكَ لَهُوَ ٱلۡعَزِيزُ ٱلرَّحِيمُ ١٠٤ كَذَّبَتۡ قَوۡمُ نُوحٍ ٱلۡمُرۡسَلِينَ ١٠٥ إِذۡ قَالَ لَهُمۡ أَخُوهُمۡ نُوحٌ أَلَا تَتَّقُونَ ١٠٦ إِنِّي لَكُمۡ رَسُولٌ أَمِينٌ ١٠٧ فَٱتَّقُواْ ٱللَّهَ وَأَطِيعُونِ ١٠٨ وَمَآ أَسۡـَٔلُكُمۡ عَلَيۡهِ مِنۡ أَجۡرٍۖ إِنۡ أَجۡرِيَ إِلَّا عَلَىٰ رَبِّ ٱلۡعَٰلَمِينَ ١٠٩ فَٱتَّقُواْ ٱللَّهَ وَأَطِيعُونِ ١١٠ ۞ قَالُوٓاْ أَنُؤۡمِنُ لَكَ وَٱتَّبَعَكَ ٱلۡأَرۡذَلُونَ ١١١
26:84
وَٱجۡعَل لِّي لِسَانَ صِدۡقٍ فِي ٱلۡأٓخِرِينَ ٨٤
၎င်းပြင် အရှင်မြတ်သည် ကျွန်တော်မျိုးအဖို့ နောင်လာနောက်သားများတွင် နာမည်ကောင်းခြင်းကို ပြုလုပ်၍ ပေးတော်မူပါ။ (တစ်နည်း) အရှင်မြတ်သည် ကျွန်တော်မျိုးအဖို့ နောင်လာနောက်သားများတွင် ကောင်းစွာ ကျော်ကြားမှုကို (ကောင်းစွာသတိရခြင်းကို) ပြုလုပ်၍ ပေးတော်မူပါ။
26:85
وَٱجۡعَلۡنِي مِن وَرَثَةِ جَنَّةِ ٱلنَّعِيمِ ٨٥
ထို့ပြင် အရှင်မြတ်သည် ကျွန်တော်မျိုးအား ကျေးဇူးတော်နှင့်ပြည့်စုံသော ‘ဂျန္နတ်’ သုခဘုံ၏ အမွေစားအမွေခံ ပြုလုပ်တော်မူပါ။
26:86
وَٱغۡفِرۡ لِأَبِيٓ إِنَّهُۥ كَانَ مِنَ ٱلضَّآلِّينَ ٨٦
ထိုမှတစ်ပါး အရှင်မြတ်သည် ကျွန်တော်မျိုး၏ဖခင်အား လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူပါ။ ဧကန်စင်စစ် ၎င်းမှာ လမ်းလွဲသူတို့တွင် အပါအဝင် ဖြစ်ပါသည်။
26:87
وَلَا تُخۡزِنِي يَوۡمَ يُبۡعَثُونَ ٨٧
၎င်းပြင် အရှင်မြတ်သည် (လူသတ္တဝါအပေါင်းတို့) ရှင်ပြန်ထကြရမည့်နေ့တွင် ကျွန်တော်မျိုးအား အရှက်တကွဲ ဖြစ်စေတော်မမူပါနှင့်။
26:88
يَوۡمَ لَا يَنفَعُ مَالٌ وَلَا بَنُونَ ٨٨
အကြင်နေ့တွင် ပစ္စည်းဥစ္စာသည် လည်းကောင်း၊သား(သမီး)များသည် လည်းကောင်း၊ အသုံးဝင်မည် မဟုတ်ပါ။
26:89
إِلَّا مَنۡ أَتَى ٱللَّهَ بِقَلۡبٍ سَلِيمٍ ٨٩
သို့ရာတွင် အကြင်သူသည် အလ္လာဟ်အရှင်မြတ်အထံတော်သို့ စင်ကြယ်သန့်ရှင်းသော စိတ်နှလုံးနှင့် တကွရောက်ရှိခဲ့ပါလျှင်(ထိုသူသည် လွတ်ငြိမ်းချမ်းသာခွင့်ရရှိပေမည်)။
26:90
وَأُزۡلِفَتِ ٱلۡجَنَّةُ لِلۡمُتَّقِينَ ٩٠
၎င်းပြင် (ထိုနေ့တွင်) ‘ဂျန္နတ်’ သုခဘုံသည် ပြစ်မှုဒု�ရိုက်တို့မှ ကြဉ်ရှောင်ကြကုန်သော သူတော်စင်တို့နှင့် နီးကပ်စွာထားရှိပြီး ဖြစ်ပေမည်။
26:91
وَبُرِّزَتِ ٱلۡجَحِيمُ لِلۡغَاوِينَ ٩١
ထို့ပြင် ‘ဂျဟန္နမ်’ ငရဲသည် လမ်းလွဲသူတို့၏ရှေ့ဝယ် ထင်ရှားစေခြင်းကို ခံရပေမည်။
26:92
وَقِيلَ لَهُمۡ أَيۡنَ مَا كُنتُمۡ تَعۡبُدُونَ ٩٢
ထိုမှတစ်ပါး ၎င်းတို့သည် ‘အသင်တို့ ဆည်းကပ် ကိုးကွယ်လျက်ရှိခဲ့ကြသော ကိုးကွယ်ရာများသည် (ယခု) မည်သည့်နေရာ၌ ရှိကြသနည်း’ ဟု ပြောဆိုမေးမြန်းခြင်းကို ခံကြရပေမည်။
26:93
مِن دُونِ ٱللَّهِ هَلۡ يَنصُرُونَكُمۡ أَوۡ يَنتَصِرُونَ ٩٣
အလ္လာဟ်အရှင်မြတ်အား စွန့်၍ (အသင်တို့ ကိုးကွယ်လျက်ရှိခဲ့ကြသော) ကိုးကွယ်ရာများသည်(ယခု)အသင်တို့အား ကူညီနိုင်ကြလေသလော။ သို့တည်းမဟုတ် ၎င်းတို့သည် မိမိတို့ကိုယ်ကို ကယ်တင်နိုင်ကြလေသလော။
26:94
فَكُبۡكِبُواْ فِيهَا هُمۡ وَٱلۡغَاوُۥنَ ٩٤
ထို့နောက် ထိုသူတို့သည်လည်းကောင်း၊ လမ်းလွဲသူတို့သည်လည်းကောင်း၊ ‘ဂျဟန္နမ်’ငရဲ၌ စောက်ထိုးပစ်ချခြင်းကို ခံကြရပေမည်။
26:95
وَجُنُودُ إِبۡلِيسَ أَجۡمَعُونَ ٩٥
ထိုမှတစ်ပါး အစ်ဗ်လီစ်၏ ဗိုလ်ခြေအပေါင်းတို့သည်လည်းကောင်း၊
26:96
قَالُواْ وَهُمۡ فِيهَا يَخۡتَصِمُونَ ٩٦
၎င်းတို့သည် ယင်း(‘ဂျဟန္နမ်’ငရဲ)၌ ငြင်းခုံလျက်ရှိကြစဉ် ပြောဆိုကြပေမည်။
26:97
تَٱللَّهِ إِن كُنَّا لَفِي ضَلَٰلٍ مُّبِينٍ ٩٧
အလ္လာဟ်အရှင်မြတ်၏ ‘ကစမ်’။ ဧကန်အမှန် ကျွန်ုပ်တို့သည် အလွန်ထင်ရှားလှစွာသော လမ်းလွဲမှု၌ပင် ရှိခဲ့ကြကုန်၏။
26:98
إِذۡ نُسَوِّيكُم بِرَبِّ ٱلۡعَٰلَمِينَ ٩٨
အကြင်အခါဝယ် ကျွန်ုပ်တို့သည် အသင်တို့အား စကြာဝဠာခပ်သိမ်းတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်နှင့်အတူ ဂုဏ်ရည်တူများ ပြုလုပ်လျက် ရှိခဲ့ကြကုန်၏။
26:99
وَمَآ أَضَلَّنَآ إِلَّا ٱلۡمُجۡرِمُونَ ٩٩
စင်စစ်သော်ကား ကျွန်ုပ်တို့အား (ဤအကြီးအကျယ်) ပြစ်မှုကျူးလွန်သူတို့သည်သာလျှင် လမ်းလွဲစေခဲ့ကြကုန်၏။
26:100
فَمَا لَنَا مِن شَٰفِعِينَ ١٠٠
ယခုသော်ကား ကျွန်ုပ်တို့အဖို့ ကြားဝင် အသနားခံပေးမည့်သူဟူ၍ တစ်ဦးတစ်ယောက်မျှပင် မရှိပြီ။
26:101
وَلَا صَدِيقٍ حَمِيمٍ ١٠١
ထိုနည်းတူစွာ ချစ်ကျွမ်းဝင် ရင်းနှီးသော အဆွေခင်ပွန်းဟူ၍လည်း တစ်ဦးတစ်ယောက်မျှပင် မရှိပြီ။
26:102
فَلَوۡ أَنَّ لَنَا كَرَّةً فَنَكُونَ مِنَ ٱلۡمُؤۡمِنِينَ ١٠٢
သို့ဖြစ်ပေရာ အကယ်၍သာ ကျွန်ုပ်တို့သည်(လူလောကသို့)တစ်ဖန် ပြန်လည်သွားခွင့်ရရှိကြပါလျှင် ကောင်းလေစွ။ သို့ ပြန်သွားခွင့်ရရှိကြပါလျှင် ကျွန်ုပ်တို့သည် သက်ဝင်ယုံကြည်ကြရမည်။
26:103
إِنَّ فِي ذَٰلِكَ لَأٓيَةًۖ وَمَا كَانَ أَكۡثَرُهُم مُّؤۡمِنِينَ ١٠٣
ဧကန်မလွဲ ဤ(သည့်ဖြစ်ရပ်)၌ အမှန်ပင် (ကြီးကျယ်လှသော) သင်ခန်းစာသည် ရှိပေသည်။ စင်စစ်သော်ကား ၎င်းတို့အနက် (မက္ကာမြို့သား ကာဖိရ်များအနက်)အများစုမှာ သက်ဝင်ယုံကြည်မည့်သူများ မဟုတ်ကြပေ။
26:104
وَإِنَّ رَبَّكَ لَهُوَ ٱلۡعَزِيزُ ٱلرَّحِيمُ ١٠٤
စင်စစ် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်မှာမူကား အလွန်တရာ လွှမ်းမိုးတော် မူသောအရှင်၊ အလွန်တရာ သနားကြင်နာတော် မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။
26:105
كَذَّبَتۡ قَوۡمُ نُوحٍ ٱلۡمُرۡسَلِينَ ١٠٥
‘နူဟ်’၏ အမျိုးသားတို့သည် ရစူလ်တမန်တော်များအား မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ကြကုန်၏။
26:106
إِذۡ قَالَ لَهُمۡ أَخُوهُمۡ نُوحٌ أَلَا تَتَّقُونَ ١٠٦
အကြင်အခါဝယ် ၎င်းတို့အား ၎င်းတို့၏ နောင်တော်နူဟ်က(ဤသို့)ပြောကြားခဲ့၏။(အချင်းတို့)အသင်တို့ သည်(အလ္လာဟ်အရှင်မြတ်အား) မကြောက်ရွံ့ကြလေ သလော။
26:107
إِنِّي لَكُمۡ رَسُولٌ أَمِينٌ ١٠٧
ဧကန်မလွဲ ငါသည် အသင်တို့အဖို့ ယုံကြည်စိတ်ချအပ်သော ရစူလ်တမန်တော်တစ်ပါးပင်ဖြစ်၏။
26:108
فَٱتَّقُواْ ٱللَّهَ وَأَطِيعُونِ ١٠٨
သို့ဖြစ်ပေရာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်။ ၎င်းပြင် အသင်တို့သည်ငါ၏အမိန့်ကို လိုက်နာကြလေကုန်။
26:109
وَمَآ أَسۡـَٔلُكُمۡ عَلَيۡهِ مِنۡ أَجۡرٍۖ إِنۡ أَجۡرِيَ إِلَّا عَلَىٰ رَبِّ ٱلۡعَٰلَمِينَ ١٠٩
စင်စစ် ငါသည် ဤအမိန့်တော်ကို ပို့ဆောင်ခြင်းနှင့်စပ်လျဉ်း၍ အသင်တို့ထံ မည်သည့်အကျိုး တစ်စုံတစ်ရာကိုမျှ တောင်းဆိုသည်မဟုတ်ပေ။ ငါ့အား အကျိုးပေးရန်တာဝန်မှာ စကြာဝဠာခပ်သိမ်းတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အပေါ်၌သာရှိ၏။
26:110
فَٱتَّقُواْ ٱللَّهَ وَأَطِيعُونِ ١١٠
သို့ဖြစ်ပေရာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည် ငါ၏အမိန့်ကို လိုက်နာကြလေကုန်။
26:111
۞ قَالُوٓاْ أَنُؤۡمِنُ لَكَ وَٱتَّبَعَكَ ٱلۡأَرۡذَلُونَ ١١١
ထိုအမျိုးသားတို့က ကျွန်ုပ်တို့သည် အသင့်အား ယုံကြည်ကြရမည်လော။ အမှန်စင်စစ် �ုဏ်အသရေ သေးသိမ်သူတို့သာလျှင် အသင်၏နောက်လိုက်များ ဖြစ်ကြသည်ဟု ပြောဆိုခဲ့ကြကုန်၏။
العربيةEnglishBahasa IndonesiaTürkçeРусскийفارسیFrançaisاردوবাংলাDeutschEspañol中文हिन्दीPortuguêsItalianoภาษาไทยPolskiNederlandsShqipKiswahiliO'zbekதமிழ்MelayuBosanskiSoomaaliAzərbaycanکوردی한국어日本語SvenskaDanskNorskپښتوമലയാളംසිංහලTamazightHausaአማርኛБългарскиТоҷикӣҚазақшаFilipinoسنڌيYorùbáFulfuldeТатарчаئۇيغۇرچەКыргызчаਪੰਜਾਬੀJawaతెలుగుမြန်မာગુજરાતીOromoमराठीTiếng ViệtMalagasyНохчийнWolofދިވެހިಕನ್ನಡУкраїнськаΕλληνικάქართულიខ្មែរدریQafar afMaranaoनेपाली
ကုရ်အာန်ကျမ်း
Wednesday, August 26, 2026
Don't forget us in your sincere prayers







