ယူစူဖ် · 100/111
ဘာသာပြန် အသံနိုင်ငံ — စူရာ ယူစူဖ်
وَرَفَعَ أَبَوَيْهِ عَلَى الْعَرْشِ وَخَرُّوا لَهُ سُجَّدًا ۖ وَقَالَ يَا أَبَتِ هَٰذَا تَأْوِيلُ رُؤْيَايَ مِن قَبْلُ قَدْ جَعَلَهَا رَبِّي حَقًّا ۖ وَقَدْ أَحْسَنَ بِي إِذْ أَخْرَجَنِي مِنَ السِّجْنِ وَجَاءَ بِكُم مِّنَ الْبَدْوِ مِن بَعْدِ أَن نَّزَغَ الشَّيْطَانُ بَيْنِي وَبَيْنَ إِخْوَتِي ۚ إِنَّ رَبِّي لَطِيفٌ لِّمَا يَشَاءُ ۚ إِنَّهُ هُوَ الْعَلِيمُ الْحَكِيمُ ۝١٠٠
Wa raf`a abawaihi `alal `arshi wa kharroo lahoo sujjadaa; wa qaala yaaa abati haaza taaweelu ru`yaaya min qablu qad ja`alahaa Rabbee haqqaa; wa qad ahsana beee iz akhrajanee minas sijni wa jaaa`a bikum minal badwi mim ba`di an nazaghash Shaitaanu bainee wa baina ikhwatee; inna Rabbee lateeful limaa yashaaa`; innahoo Huwal `Aleemul Hakeem
📖 မြန်မာဘာသာ
ထို့ပြင် ယင်းယူဆွဖ်သည် မိမိခမည်းတော် နှင့်မယ်တော်နှစ်ပါးတို့အား ရာဇပလ’င်ထက်ဝယ် စမ္ပယ်စေခဲ့လေသည်။ ထို့နောက် ယင်း(ခမည်းတော်နှင့်နောင်တော်) အားလုံးတို့သည် ထိုယူဆွဖ်၏ရှေ့ဝယ် ညွှတ်ခဲ့ကြလေသည်။ ဦးချခဲ့ကြလေသည်။ ထိုအခါ ယင်းယူဆွဖ်က အို-ကျွန်ုပ်၏ ဖခမည်းတော်၊ ဤသည်ပင် ကျွန်ုပ် ရှေးဦးမဆွက မြင်မက်ခဲ့သောအိပ်မက်၏ဒိဗ်ဓုမ်ဖြစ်ပါသည်။ မလွဲဧကန် ကျွန်ုပ်၏အရှင်မြတ်သည် ထိုအိမ်မက်ကို အမှန်ဖြစ်အောင် ပြုပေးတော်မူခဲ့လေသည်။ ၎င်းပြင် ဧကန်မလွဲ ထိုအရှင်မြတ်သည် ကျွန်ုပ်၏အပေါ်၌ ကျွန်ုပ်အား အကျဉ်းထောင်မှအပြင်သို့ ထုတ်တော်မူခဲ့သည့်အချိန်တွင် ကျေးဇူးပြုတော်မူခဲ့လေသည်။ ထိုမှတစ်ပါးရှိင်တွာန်မိစ္ဆာကောင်သည် ကျွန်ုပ်နှင့် ကျွန်ုပ်၏နောင်တော်တို့၏စပ်ကြားဝယ် နှောင့်ယှက်ဖျက်ဆီးခဲ့သည့်နောက်တွင် ထိုအရှင်မြတ်သည် အသင်(ခမည်းတော်၊ မယ်တော်နှင့် နောင်တော်)တို့ အားလုံးကို တောကျေးမှ(ထုတ်၍ ယဉ်ကျေးတိုးတက်လျက်ရှိသောဤမြို့တော်သို့)ယူဆောင်တော်မူခဲ့လေသည်အကယ်စင်စစ် ကျွန်ုပ်၏ အရှင်မြတ်သည် မိမိအလိုရှိတော်မူသည်ကိုသိမ်မွေ့စွာ စီမံ၍ပေးတော် မူသောအရှင် ဖြစ်တော်မူပေသည်။ ဧကန်အမှန် ထို အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိတော်မူသောအရှင်၊ ဉာဏ် အမြော်အမြင်နှင့်ပြည့်စုံ တော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော စကားလုံးများ၏ အဓိပ္ပာယ်

  • الْعَرْش (အလ်-အရ်ရှ်) — ဤနေရာတွင် ဘုရင်ထိုင်သော ပလ္လင်၊ နန်းတော်ခုံကို ဆိုလိုသည်။
  • خَرُّوا (ခရ်ရူး) — သူတို့သည် ပြပ်ဝပ်ကျဆင်းသွားကြသည်၊ ဦးချကြသည် ဟု အဓိပ္ပာယ်ရသည်။
  • سُجَّدًا (ဆူဂျ္ဂဒန်) — ဦးချသူများအဖြစ်၊ ဤနေရာတွင် ဂုဏ်ပြုကြိုဆိုသော ဦးချခြင်းကို ဆိုလိုသည်၊ ကိုးကွယ်ခြင်းမဟုတ်ပါ။
  • تَأْوِيلُ (တအ်ဝီးလ်) — အိပ်မက်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ အိပ်မက်အတိုင်း ဖြစ်လာခြင်း။
  • الْبَدْو (အလ်-ဗဒ်ဝ်) — သဲကန္တာရဒေသ၊ ရွာတောဒေသ၊ မြို့ပြင်ဘက် နေရာ။
  • نَزَغَ (နဇဂါ) — ဖျက်ဆီးခဲ့သည်၊ ရန်တိုက်ခိုက်စေခဲ့သည်၊ စိတ်ဝမ်းကွဲပြားစေခဲ့သည်။
  • لَطِيفٌ (လသွီဖွန်) — နူးညံ့သိမ်မွေ့စွာ စီမံခန့်ခွဲသူ၊ ကရုဏာတော်ဖြင့် အကောင်းဆုံးဖြစ်စေသူ။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

တမန်တော် ယူစုဖ် (အလိုင်ဟိစ်စလာမ်) သည် မိမိ၏ မိဘနှစ်ပါးကို မိမိ၏ နန်းပလ္လင်ပေါ်တွင် မြှင့်တင်ထားလိုက်သည်။ ထိုအခါ သူ၏ မိဘနှစ်ပါးနှင့် ညီအကိုတစ်ဆယ့်တစ်ယောက်တို့သည် သူ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဦးချကြသည်။ ဤဦးချခြင်းသည် ကိုးကွယ်ခြင်းမဟုတ်ဘဲ ဂုဏ်ပြုခြင်းသာဖြစ်သည်။ ထိုအခါ ယူစုဖ်က မိမိဖခင်အား “အို ဖခင်ကြီး၊ ဤသည်ကား ကျွန်ုပ် ငယ်စဉ်က ပြောပြခဲ့သော အိပ်မက်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ပင် ဖြစ်ပါသည်။ ကျွန်ုပ်၏ အရှင်မြတ်သည် ထိုအိပ်မက်ကို အမှန်တကယ် ဖြစ်လာစေတော်မူခဲ့ပါပြီ။ ကျွန်ုပ်အား အရှင်မြတ်သည် ထောင်ထဲမှ ထုတ်ဆောင်တော်မူခဲ့သောအခါ၌လည်းကောင်း၊ ရှိုင်သွာန်သည် ကျွန်ုပ်နှင့် ကျွန်ုပ်၏ညီအကိုများအကြား စိတ်ဝမ်းကွဲပြားစေခဲ့ပြီးနောက် အရှင်မြတ်သည် သင်တို့အား သဲကန္တာရဒေသမှ ကျွန်ုပ်ထံသို့ ခေါ်ဆောင်လာတော်မူခဲ့သောအခါ၌လည်းကောင်း ကျွန်ုပ်အား များစွာ ကျေးဇူးပြုတော်မူခဲ့ပါသည်။ ဧကန်စင်စစ် ကျွန်ုပ်၏အရှင်မြတ်သည် မိမိအလိုတော်ရှိသည့်အရာကို နူးညံ့သိမ်မွေ့စွာ စီမံခန့်ခွဲတော်မူသောအရှင် ဖြစ်တော်မူပါသည်။ ဧကန်စင်စစ် အရှင်မြတ်သည် အရာခပ်သိမ်းကို အကြွင်းမဲ့



📜 အာယာသ် 98-102 — စူရာ ယူစူဖ်

98قَالَ سَوْفَ أَسْتَغْفِرُ لَكُمْ رَبِّي ۖ إِنَّهُ هُوَ الْغَفُورُ الرَّحِيمُ
ထိုဖခမည်းတော်က (ဤသို့)ပြောဆိုဖြေကြားခဲ့လေသည်။ ငါသည် မကြာမြင့်မီ အသင်တို့အဖို့ မိမိအရှင်မြတ်အထံတော်မှ လွတ်ငြိမ်းချမ်းသာခွင့်ကို အသနားခံ၍ပေးအံ့။ဧကန်စင်စစ် ထိုအရှင်မြတ်သည် အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့်ပေးသနား တော်မူသောအရှင်၊ အလွန်တရာ သနားကြင်နာတော်မူသောအရှင်မြတ် ဖြစ်တော်မူပေသတည်း။
99فَلَمَّا دَخَلُوا عَلَىٰ يُوسُفَ آوَىٰ إِلَيْهِ أَبَوَيْهِ وَقَالَ ادْخُلُوا مِصْرَ إِن شَاءَ اللَّهُ آمِنِينَ
ထို့နောက် တစ်ဖန်၊ ၎င်းတို့ (သားအမိ သားအဖအားလုံးတို့) (အစ္စရာအီလီတစ်မျိုးသားလုံးတို့)သည် ယူဆွဖ်ထံသို့ ဝင်ရောက်ခဲ့ကြလေသောအခါ ထိုယူဆွဖ်သည် မိမိခမည်းတော်မယ်တော်နှစ်ပါးကို မိမိထံတွင် နေရာချ၍ပေးခဲ့လေသည်။ ၎င်းပြင် ယင်းယူဆွဖ်က (ဤသို့)ပြောဆို လျှောက်ထားခဲ့လေသည်။ (အို-ခမည်းတော် မယ်တော်တို့၊ ခမည်းတော်မယ်တော် နှင့်နောင်တော်တို့အားလုံး) အီဂျစ်မြို့ထဲသို့ ကြွမြန်းတော်မူကြပါ။ အလ္လာဟ်အရှင်မြတ်သည် အလိုရှိတော်မူပါလျှင် ဘေးရန်ကင်းငြိမ်းစွာ (နေထိုင်ကြရပါမည်ဖြစ်ပါသည်)။
100وَرَفَعَ أَبَوَيْهِ عَلَى الْعَرْشِ وَخَرُّوا لَهُ سُجَّدًا ۖ وَقَالَ يَا أَبَتِ هَٰذَا تَأْوِيلُ رُؤْيَايَ مِن قَبْلُ قَدْ جَعَلَهَا رَبِّي حَقًّا ۖ وَقَدْ أَحْسَنَ بِي إِذْ أَخْرَجَنِي مِنَ السِّجْنِ وَجَاءَ بِكُم مِّنَ الْبَدْوِ مِن بَعْدِ أَن نَّزَغَ الشَّيْطَانُ بَيْنِي وَبَيْنَ إِخْوَتِي ۚ إِنَّ رَبِّي لَطِيفٌ لِّمَا يَشَاءُ ۚ إِنَّهُ هُوَ الْعَلِيمُ الْحَكِيمُ
ထို့ပြင် ယင်းယူဆွဖ်သည် မိမိခမည်းတော် နှင့်မယ်တော်နှစ်ပါးတို့အား ရာဇပလ’င်ထက်ဝယ် စမ္ပယ်စေခဲ့လေသည်။ ထို့နောက် ယင်း(ခမည်းတော်နှင့်နောင်တော်) အားလုံးတို့သည် ထိုယူဆွဖ်၏ရှေ့ဝယ် ညွှတ်ခဲ့ကြလေသည်။ ဦးချခဲ့ကြလေသည်။ ထိုအခါ ယင်းယူဆွဖ်က အို-ကျွန်ုပ်၏ ဖခမည်းတော်၊ ဤသည်ပင် ကျွန်ုပ် ရှေးဦးမဆွက မြင်မက်ခဲ့သောအိပ်မက်၏ဒိဗ်ဓုမ်ဖြစ်ပါသည်။ မလွဲဧကန် ကျွန်ုပ်၏အရှင်မြတ်သည် ထိုအိမ်မက်ကို အမှန်ဖြစ်အောင် ပြုပေးတော်မူခဲ့လေသည်။ ၎င်းပြင် ဧကန်မလွဲ ထိုအရှင်မြတ်သည် ကျွန်ုပ်၏အပေါ်၌ ကျွန်ုပ်အား အကျဉ်းထောင်မှအပြင်သို့ ထုတ်တော်မူခဲ့သည့်အချိန်တွင် ကျေးဇူးပြုတော်မူခဲ့လေသည်။ ထိုမှတစ်ပါးရှိင်တွာန်မိစ္ဆာကောင်သည် ကျွန်ုပ်နှင့် ကျွန်ုပ်၏နောင်တော်တို့၏စပ်ကြားဝယ် နှောင့်ယှက်ဖျက်ဆီးခဲ့သည့်နောက်တွင် ထိုအရှင်မြတ်သည် အသင်(ခမည်းတော်၊ မယ်တော်နှင့် နောင်တော်)တို့ အားလုံးကို တောကျေးမှ(ထုတ်၍ ယဉ်ကျေးတိုးတက်လျက်ရှိသောဤမြို့တော်သို့)ယူဆောင်တော်မူခဲ့လေသည်အကယ်စင်စစ် ကျွန်ုပ်၏ အရှင်မြတ်သည် မိမိအလိုရှိတော်မူသည်ကိုသိမ်မွေ့စွာ စီမံ၍ပေးတော် မူသောအရှင် ဖြစ်တော်မူပေသည်။ ဧကန်အမှန် ထို အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိတော်မူသောအရှင်၊ ဉာဏ် အမြော်အမြင်နှင့်ပြည့်စုံ တော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။
101۞ رَبِّ قَدْ آتَيْتَنِي مِنَ الْمُلْكِ وَعَلَّمْتَنِي مِن تَأْوِيلِ الْأَحَادِيثِ ۚ فَاطِرَ السَّمَاوَاتِ وَالْأَرْضِ أَنتَ وَلِيِّي فِي الدُّنْيَا وَالْآخِرَةِ ۖ تَوَفَّنِي مُسْلِمًا وَأَلْحِقْنِي بِالصَّالِحِينَ
အို-ကျွန်တော်မျိုးအား ဖန်ဆင်းတော်မူသောအရှင်၊ ဧကန်မလွဲ အရှင်မြတ်သည် ကျွန်တော်မျိုးအား စိုးမိုးအုပ်ချုပ်မှုကို ချီးမြှင့်ပေးသနားတော်မူခဲ့ပါသည်။ ထိုမှတစ်ပါးအရှင်မြတ်သည် ကျွန်တော်မျိုးအား အိပ်မက်များ၏ ဒိဗ်ဓုမ်ကိုလည်း သင်ကြားပေးတော်မူခဲ့ပါသည်။ အို-မိုးကောင်းကင်များနှင့်ပထဝီမြေကို ဖန်ဆင်းတော်မူသောအရှင်၊ အရှင်မြတ်သည် (ဤ)ပစ္စုပ္ပန်လောကီဘဝ၌လည်းကောင်း၊ နောင် တမလွန်ဘဝ၌လည်းကောင်း၊ ကျွန်တော်မျိုး၏ကိစ္စအဝဝကိုစီမံပေးတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပါသည်။ အရှင်မြတ်သည် ကျွန်တော်မျိုးအား (မုစ်လင်မ်) အမိန့်တော်ကို လိုက်နာသူအဖြစ်နှင့် ကျွန်တော်မျိုး၏အသက်ဇီဝိန်ကို နှုတ်သိမ်းတော်မူပါ။ထိုမှတစ်ပါး အရှင်မြတ်သည် ကျွန်တော်မျိုးအား သူတော်စင်တို့နှင့်အတူ တွဲဖက်၍ ပေးတော်မူပါ။
102ذَٰلِكَ مِنْ أَنبَاءِ الْغَيْبِ نُوحِيهِ إِلَيْكَ ۖ وَمَا كُنتَ لَدَيْهِمْ إِذْ أَجْمَعُوا أَمْرَهُمْ وَهُمْ يَمْكُرُونَ
ဤအကြောင်း အတ္ထုပ္ပတိ္တသည်ကား အကွယ်၌ရှိသော သတင်းများအနက်မှပင် ဖြစ်ပေသည်။ ငါအရှင်မြတ်သည် ယင်းအကြောင်း အတ္ထုပ္ပတိ္တကို အသင်(မုဟမ္မဒ်)ထံသို့ဝဟီဖြင့် ပေးပို့တော်မူလေသည်။ စင်စစ်တစ်မူကား ထိုသူတို့သည် မိမိတို့ အရေးကိစ္စကို တစ်စည်းတစ်လုံးတည်း ဆုံးဖြတ်စဉ်အခါ၌လည်းကောင်း၊ ထိုသူတို့သည် ကြံစည်လျက် ရှိနေကြစဉ်ခါ၌လည်းကောင်း၊ အသင်(မုဟမ္မဒ်)သည် ထိုသူတို့ထံ၌ ရှိခဲ့သည်မဟုတ်ပေ။
ယူစူဖ်ကုရ်အာန် ညွှန်းကိန်း
111အာယာသ်
MeccanRevelation
100အာယာသ်

ဘာသာပြန် — ယူစူဖ် 100

စူရာ ယူစူဖ် အာယာသ် 100 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထို့ပြင် ယင်းယူဆွဖ်သည် မိမိခမည်းတော် နှင့်မယ်တော်နှစ်ပါးတို့အား ရာဇပလ’င်ထက်ဝယ် စမ္ပယ်စေခဲ့လေသည်။ ထို့နောက် ယင်း(ခမည်းတော်နှင့်နောင်တော်) အားလုံးတို့သည် ထိုယူဆွဖ်၏ရှေ့ဝယ်…

စူရာ အာယာသ် 100/111 — စူရာ ယူစူဖ် يوسف (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ယူစူဖ် နားထောင်, စူရာ ယူစူဖ် ဘာသာပြန်, စူရာ ယူစူဖ် mp3, စူရာ ယူစူဖ် pdf. အာယာသ် 98–102. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Saturday, October 3, 2026

Don't forget us in your sincere prayers