ယူစူဖ် · 99/111
ဘာသာပြန် အသံနိုင်ငံ — ယူစူဖ်
فَلَمَّا دَخَلُوا عَلَىٰ يُوسُفَ آوَىٰ إِلَيْهِ أَبَوَيْهِ وَقَالَ ادْخُلُوا مِصْرَ إِن شَاءَ اللَّهُ آمِنِينَ ٩٩
Transliteration
Falammaa dakhaloo `alaa Yoosufa aawaaa ilaihi abayaihi wa qaalad khuloo Misra inshaaa`al laahu aamineen
ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
ထို့နောက် တစ်ဖန်၊ ၎င်းတို့ (သားအမိ သားအဖအားလုံးတို့) (အစ္စရာအီလီတစ်မျိုးသားလုံးတို့)သည် ယူဆွဖ်ထံသို့ ဝင်ရောက်ခဲ့ကြလေသောအခါ ထိုယူဆွဖ်သည် မိမိခမည်းတော်မယ်တော်နှစ်ပါးကို မိမိထံတွင် နေရာချ၍ပေးခဲ့လေသည်။ ၎င်းပြင် ယင်းယူဆွဖ်က (ဤသို့)ပြောဆို လျှောက်ထားခဲ့လေသည်။ (အို-ခမည်းတော် မယ်တော်တို့၊ ခမည်းတော်မယ်တော် နှင့်နောင်တော်တို့အားလုံး) အီဂျစ်မြို့ထဲသို့ ကြွမြန်းတော်မူကြပါ။ အလ္လာဟ်အရှင်မြတ်သည် အလိုရှိတော်မူပါလျှင် ဘေးရန်ကင်းငြိမ်းစွာ (နေထိုင်ကြရပါမည်ဖြစ်ပါသည်)။
Additional reference in ภาษาไทย
🎧 နားထောင်
📜 အာယာသ် 97-101 — ယူစူဖ်
97قَالُوا يَا أَبَانَا اسْتَغْفِرْ لَنَا ذُنُوبَنَا إِنَّا كُنَّا خَاطِئِينَ
(ထိုအခါ ယင်းသားတော်များက) အို-ကျွန် တော်မျိုး၏ဖခမည်းတော်၊ ဖခမည်းတော်သည် ကျွန်တော်မျိုးတို့အဖို့ကျွန်တော်မျိုးတို့၏ ပြစ်မှုတို့မှ လွတ်ငြိမ်းချမ်းသာခွင့်ရရှိစေအံ့သောငှာ အသနားခံ၍ ပေးတော်မူပါ။ ဧကန်မလွဲ ကျွန်တော်မျိုးတို့သည် ပင်လျှင် အပြစ်မကင်းသူများ ဖြစ်ကြပါသည်ဟုပြောဆို လျှောက်ထားခဲ့ကြကုန်သတည်း။
98قَالَ سَوْفَ أَسْتَغْفِرُ لَكُمْ رَبِّي ۖ إِنَّهُ هُوَ الْغَفُورُ الرَّحِيمُ
ထိုဖခမည်းတော်က (ဤသို့)ပြောဆိုဖြေကြားခဲ့လေသည်။ ငါသည် မကြာမြင့်မီ အသင်တို့အဖို့ မိမိအရှင်မြတ်အထံတော်မှ လွတ်ငြိမ်းချမ်းသာခွင့်ကို အသနားခံ၍ပေးအံ့။ဧကန်စင်စစ် ထိုအရှင်မြတ်သည် အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့်ပေးသနား တော်မူသောအရှင်၊ အလွန်တရာ သနားကြင်နာတော်မူသောအရှင်မြတ် ဖြစ်တော်မူပေသတည်း။
99فَلَمَّا دَخَلُوا عَلَىٰ يُوسُفَ آوَىٰ إِلَيْهِ أَبَوَيْهِ وَقَالَ ادْخُلُوا مِصْرَ إِن شَاءَ اللَّهُ آمِنِينَ
ထို့နောက် တစ်ဖန်၊ ၎င်းတို့ (သားအမိ သားအဖအားလုံးတို့) (အစ္စရာအီလီတစ်မျိုးသားလုံးတို့)သည် ယူဆွဖ်ထံသို့ ဝင်ရောက်ခဲ့ကြလေသောအခါ ထိုယူဆွဖ်သည် မိမိခမည်းတော်မယ်တော်နှစ်ပါးကို မိမိထံတွင် နေရာချ၍ပေးခဲ့လေသည်။ ၎င်းပြင် ယင်းယူဆွဖ်က (ဤသို့)ပြောဆို လျှောက်ထားခဲ့လေသည်။ (အို-ခမည်းတော် မယ်တော်တို့၊ ခမည်းတော်မယ်တော် နှင့်နောင်တော်တို့အားလုံး) အီဂျစ်မြို့ထဲသို့ ကြွမြန်းတော်မူကြပါ။ အလ္လာဟ်အရှင်မြတ်သည် အလိုရှိတော်မူပါလျှင် ဘေးရန်ကင်းငြိမ်းစွာ (နေထိုင်ကြရပါမည်ဖြစ်ပါသည်)။
100وَرَفَعَ أَبَوَيْهِ عَلَى الْعَرْشِ وَخَرُّوا لَهُ سُجَّدًا ۖ وَقَالَ يَا أَبَتِ هَٰذَا تَأْوِيلُ رُؤْيَايَ مِن قَبْلُ قَدْ جَعَلَهَا رَبِّي حَقًّا ۖ وَقَدْ أَحْسَنَ بِي إِذْ أَخْرَجَنِي مِنَ السِّجْنِ وَجَاءَ بِكُم مِّنَ الْبَدْوِ مِن بَعْدِ أَن نَّزَغَ الشَّيْطَانُ بَيْنِي وَبَيْنَ إِخْوَتِي ۚ إِنَّ رَبِّي لَطِيفٌ لِّمَا يَشَاءُ ۚ إِنَّهُ هُوَ الْعَلِيمُ الْحَكِيمُ
ထို့ပြင် ယင်းယူဆွဖ်သည် မိမိခမည်းတော် နှင့်မယ်တော်နှစ်ပါးတို့အား ရာဇပလ’င်ထက်ဝယ် စမ္ပယ်စေခဲ့လေသည်။ ထို့နောက် ယင်း(ခမည်းတော်နှင့်နောင်တော်) အားလုံးတို့သည် ထိုယူဆွဖ်၏ရှေ့ဝယ် ညွှတ်ခဲ့ကြလေသည်။ ဦးချခဲ့ကြလေသည်။ ထိုအခါ ယင်းယူဆွဖ်က အို-ကျွန်ုပ်၏ ဖခမည်းတော်၊ ဤသည်ပင် ကျွန်ုပ် ရှေးဦးမဆွက မြင်မက်ခဲ့သောအိပ်မက်၏ဒိဗ်ဓုမ်ဖြစ်ပါသည်။ မလွဲဧကန် ကျွန်ုပ်၏အရှင်မြတ်သည် ထိုအိမ်မက်ကို အမှန်ဖြစ်အောင် ပြုပေးတော်မူခဲ့လေသည်။ ၎င်းပြင် ဧကန်မလွဲ ထိုအရှင်မြတ်သည် ကျွန်ုပ်၏အပေါ်၌ ကျွန်ုပ်အား အကျဉ်းထောင်မှအပြင်သို့ ထုတ်တော်မူခဲ့သည့်အချိန်တွင် ကျေးဇူးပြုတော်မူခဲ့လေသည်။ ထိုမှတစ်ပါးရှိင်တွာန်မိစ္ဆာကောင်သည် ကျွန်ုပ်နှင့် ကျွန်ုပ်၏နောင်တော်တို့၏စပ်ကြားဝယ် နှောင့်ယှက်ဖျက်ဆီးခဲ့သည့်နောက်တွင် ထိုအရှင်မြတ်သည် အသင်(ခမည်းတော်၊ မယ်တော်နှင့် နောင်တော်)တို့ အားလုံးကို တောကျေးမှ(ထုတ်၍ ယဉ်ကျေးတိုးတက်လျက်ရှိသောဤမြို့တော်သို့)ယူဆောင်တော်မူခဲ့လေသည်အကယ်စင်စစ် ကျွန်ုပ်၏ အရှင်မြတ်သည် မိမိအလိုရှိတော်မူသည်ကိုသိမ်မွေ့စွာ စီမံ၍ပေးတော် မူသောအရှင် ဖြစ်တော်မူပေသည်။ ဧကန်အမှန် ထို အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိတော်မူသောအရှင်၊ ဉာဏ် အမြော်အမြင်နှင့်ပြည့်စုံ တော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။
101۞ رَبِّ قَدْ آتَيْتَنِي مِنَ الْمُلْكِ وَعَلَّمْتَنِي مِن تَأْوِيلِ الْأَحَادِيثِ ۚ فَاطِرَ السَّمَاوَاتِ وَالْأَرْضِ أَنتَ وَلِيِّي فِي الدُّنْيَا وَالْآخِرَةِ ۖ تَوَفَّنِي مُسْلِمًا وَأَلْحِقْنِي بِالصَّالِحِينَ
အို-ကျွန်တော်မျိုးအား ဖန်ဆင်းတော်မူသောအရှင်၊ ဧကန်မလွဲ အရှင်မြတ်သည် ကျွန်တော်မျိုးအား စိုးမိုးအုပ်ချုပ်မှုကို ချီးမြှင့်ပေးသနားတော်မူခဲ့ပါသည်။ ထိုမှတစ်ပါးအရှင်မြတ်သည် ကျွန်တော်မျိုးအား အိပ်မက်များ၏ ဒိဗ်ဓုမ်ကိုလည်း သင်ကြားပေးတော်မူခဲ့ပါသည်။ အို-မိုးကောင်းကင်များနှင့်ပထဝီမြေကို ဖန်ဆင်းတော်မူသောအရှင်၊ အရှင်မြတ်သည် (ဤ)ပစ္စုပ္ပန်လောကီဘဝ၌လည်းကောင်း၊ နောင် တမလွန်ဘဝ၌လည်းကောင်း၊ ကျွန်တော်မျိုး၏ကိစ္စအဝဝကိုစီမံပေးတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပါသည်။ အရှင်မြတ်သည် ကျွန်တော်မျိုးအား (မုစ်လင်မ်) အမိန့်တော်ကို လိုက်နာသူအဖြစ်နှင့် ကျွန်တော်မျိုး၏အသက်ဇီဝိန်ကို နှုတ်သိမ်းတော်မူပါ။ထိုမှတစ်ပါး အရှင်မြတ်သည် ကျွန်တော်မျိုးအား သူတော်စင်တို့နှင့်အတူ တွဲဖက်၍ ပေးတော်မူပါ။
ယူစူဖ်ကုရ်အာန် ညွှန်းကိန်း
111အာယာသ်
MeccanRevelation
99အာယာသ်
ဘာသာပြန် — ယူစူဖ် 99
စူရာ ယူစူဖ် အာယာသ် 99 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထို့နောက် တစ်ဖန်၊ ၎င်းတို့ (သားအမိ သားအဖအားလုံးတို့) (အစ္စရာအီလီတစ်မျိုးသားလုံးတို့)သည် ယူဆွဖ်ထံသို့ ဝင်ရောက်ခဲ့ကြလေသောအခါ ထိုယူဆွဖ်သည် မိမိခမည်းတော်မယ်တော်နှစ်ပါးကို…စူရာ အာယာသ် 99/111 — ယူစူဖ် يوسف (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: ယူစူဖ် နားထောင်, ယူစူဖ် ဘာသာပြန်, ယူစူဖ် mp3, ယူစူဖ် pdf. အာယာသ် 97–101. မြန်မာဘာသာ: ภาษาไทย.
العربية
English
Bahasa Indonesia
Türkçe
Русский
فارسی
Français
اردو
বাংলা
Deutsch
Español
中文
हिन्दी
Português
Italiano
ภาษาไทย
Polski
Nederlands
Shqip
Kiswahili
O'zbek
தமிழ்
Melayu
Bosanski
Soomaali
Azərbaycan
کوردی
한국어
日本語
Svenska
Dansk
Norsk
پښتو
മലയാളം
සිංහල
Tamazight
Hausa
አማርኛ
Български
Тоҷикӣ
Қазақша
Filipino
سنڌي
Yorùbá
Fulfulde
Татарча
ئۇيغۇرچە
Кыргызча
ਪੰਜਾਬੀ
Jawa
తెలుగు
မြန်မာ
ગુજરાતી
Oromo
मराठी
Tiếng Việt
Malagasy
Нохчийн
Wolof
ދިވެހި
ಕನ್ನಡ
Українська
Ελληνικά
ქართული
ខ្មែរ
دری
Qafar af
Maranao
नेपाली
ကုရ်အာန်ကျမ်း
Tuesday, August 18, 2026
Don't forget us in your sincere prayers








