အလ်-ဗကရ · 197/286
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ဗကရ
الْحَجُّ أَشْهُرٌ مَّعْلُومَاتٌ ۚ فَمَن فَرَضَ فِيهِنَّ الْحَجَّ فَلَا رَفَثَ وَلَا فُسُوقَ وَلَا جِدَالَ فِي الْحَجِّ ۗ وَمَا تَفْعَلُوا مِنْ خَيْرٍ يَعْلَمْهُ اللَّهُ ۗ وَتَزَوَّدُوا فَإِنَّ خَيْرَ الزَّادِ التَّقْوَىٰ ۚ وَاتَّقُونِ يَا أُولِي الْأَلْبَابِ ۝١٩٧
Al-Hajju ashhurum ma`-loomaat; faman farada feeinnal hajja falaa rafasa wa laa fusooqa wa laa jidaala fil Hajj; wa maa taf`aloo min khairiny ya`lamhul laah; wa tazawwadoo fa inna khairaz zaadit taqwaa; wattaqooni yaaa ulil albaab
📖 မြန်မာဘာသာ
ဟဂျ်ပြုလုပ်ရန်လများကား (အများ) သိရှိပြီး ဖြစ်သော လများပင်ဖြစ်ချေသည်။ သို့ဖြစ်လေရာ အကြင်သူ သည် ထိုလများ၌ ဟဂျ်ပြုလုပ်ရန်စိတ် ပြဋ္ဌာန်းခဲ့ပါလျှင် ထိုသူ သည် ဟဂျ်အတွင်းတွင် (အိဟ်ရာမ် ဝတ်ရုံထားသည် အခါ၌ မေထုန်သံဝါသ ပြုလုပ်ရန်ဝေးစွ) ကာမဂုဏ်နှင့် သက်ဆိုင် သည့် ညစ်ညမ်းသော စကားကိုပင် အလျင်းမသုံးရ၊ မည် သည့် ဆိုးသွမ်းမှုကိုလည်း အလျင်းမပြုရ။ မည်သည့် ငြင်းခုံ ခိုက်ရန် ပွါးမှုကိုလည်း အလျင်းမပြုရ။ အမှန်သော်ကား အလ္လာဟ် အရှင်မြတ်သည် အသင်တို့ ပြုလုပ်ကြကုန်သော မည်သည့် ကောင်းမှုကိုမဆို သိရှိတော်မူလေသည်။ ထိုမှတပါး အသင်တို့ သည်(ဟဂျ်ပြုလုပ်ရန်)ခရီးထွက်ရာ၌)စားနပ်ရိက္ခာ (ခရီးစရိတ်) စသည် များကို (လုံလောက်စွာ) ဆောင်ယူကြ ကုန်လော့။ အမှန်စင်စစ် အမွန်မြတ်ဆုံးသောစားနပ်ရိက္ခာ (ခရီးစရိတ်)မှာ (ဒုစရိုက်မှုတို့မှလည်းကောင်း၊ အကြောင်းမဲ့ လက်ဖြန့်တောင်း ရမ်းစားသုံးခြင်းမှလည်းကောင်း) ကြဉ်ရှောင် ခြင်းပင်တည်း။ သို့အတွက်ကြောင့် အို-ဆင်ခြင်တုံ တရားနှင့်ပြည့်စုံသော နိသမ္မဉာဏ်ရှင်အပေါင်းတို့ အသင်တို့သည် ငါအရှင်မြတ်ကို ကြောက်ရွံ့ရိုသေ ခန့်ညားကြကုန်လော့။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 195-199 — စူရာ အလ်-ဗကရ

195وَأَنفِقُوا فِي سَبِيلِ اللَّهِ وَلَا تُلْقُوا بِأَيْدِيكُمْ إِلَى التَّهْلُكَةِ ۛ وَأَحْسِنُوا ۛ إِنَّ اللَّهَ يُحِبُّ الْمُحْسِنِينَ
ထို့ပြင်တဝ အသင်တို့သည် (မိမိတို့၏ ဥစ္စာ ပစ္စည်းများကို) အလ္လာဟ်အရှင်မြတ်၏ လမ်းတော်၌ လှူဒါန်း ပေးကမ်း စွန့်ကြဲကြလေကုန်။ အသင်တို့သည် (မိမိတို့ကိုယ်ကို) မိမိတို့လက်များဖြင့် ပျက်စီးရာ ပျက်စီးကြောင်းကို မပြုလုပ်ကြကုန်လင့်။ ထိုမှတစ်ပါး အသင်တို့သည် ကုသိုလ်တရား ပွါးများရာ ပွါးများကြောင်းကိုသာ ပြုလုပ်ကြကုန်။ မုချဧကန် အလ္လာဟ် အရှင်မြတ်သည် ကုသိုလ်တရား ပွါးများသူတို့ကို နှစ်သက် တော်မူသည်။
196وَأَتِمُّوا الْحَجَّ وَالْعُمْرَةَ لِلَّهِ ۚ فَإِنْ أُحْصِرْتُمْ فَمَا اسْتَيْسَرَ مِنَ الْهَدْيِ ۖ وَلَا تَحْلِقُوا رُءُوسَكُمْ حَتَّىٰ يَبْلُغَ الْهَدْيُ مَحِلَّهُ ۚ فَمَن كَانَ مِنكُم مَّرِيضًا أَوْ بِهِ أَذًى مِّن رَّأْسِهِ فَفِدْيَةٌ مِّن صِيَامٍ أَوْ صَدَقَةٍ أَوْ نُسُكٍ ۚ فَإِذَا أَمِنتُمْ فَمَن تَمَتَّعَ بِالْعُمْرَةِ إِلَى الْحَجِّ فَمَا اسْتَيْسَرَ مِنَ الْهَدْيِ ۚ فَمَن لَّمْ يَجِدْ فَصِيَامُ ثَلَاثَةِ أَيَّامٍ فِي الْحَجِّ وَسَبْعَةٍ إِذَا رَجَعْتُمْ ۗ تِلْكَ عَشَرَةٌ كَامِلَةٌ ۗ ذَٰلِكَ لِمَن لَّمْ يَكُنْ أَهْلُهُ حَاضِرِي الْمَسْجِدِ الْحَرَامِ ۚ وَاتَّقُوا اللَّهَ وَاعْلَمُوا أَنَّ اللَّهَ شَدِيدُ الْعِقَابِ
ထိုမှတပါး အသင်တို့သည် ဟဂျ် နှင့် အုမ်ရဟ် ကို အလ္လာဟ်အရှင်ကိုသာလျှင် ရည်စူး၍ ပြည့်စုံပြီးစီးအောင် ပြုကြလေကုန်။ သို့ရာတွင် အကယ်၍သာ အသင်တို့သည် (အကြောင်းတစ်စုံတစ်ခုကြောင့် မက္ကာမြို့တော်သို့) မရောက် နိုင်ကြပါမူ ကုရ်ဗာနီသားကောင်များအနက်မှ လွယ်လင့်တကူ ရရှိသော သားကောင်ကိုပင် (အလ္လာဟ် အရှင်မြတ်၏နာမံ တော်နှင့် ကုရ်ဗာန် ပြုကြကုန်လော့)။ ထို့ပြင်တဝ ကုရ်ဗာနီ သားကောင်သည် မိမိ၏ရောက်သင့်ရာစခန်းဖြစ်သော (မိနာ) သို့ မရောက်မီ ကာလအတွင်း အသင်တို့သည် မိမိ��ို့ ဦးခေါင်းများကို မရိတ်ကြနှင့်။ သို့ရာတွင် အသင် တို့အနက်မှ တစ်ဦး တစ်ယောက်သည် နာမကျန်း ဖြစ်ခဲ့သော်၊ သို့တည်းမဟုတ် ထိုသူ၏ဦးခေါင်း၌ တစ်စုံတစ်ခုသော အနာရောဂါ စွဲကပ်ခဲ့ သော် ထိုသူသည် ဥပုသ်သီတင်း ဆောက်တည်ခြင်းအားဖြင့် သော်လည်းကောင်း၊ (သူဆင်းရဲတို့အားစားသောက် ဘွယ်ရာ များကို) ပေးလှူခြင်းအားဖြင့်သော်လည်းကောင်း၊ (သား ကောင်ကို အလ္လာဟ်အရှင်မြတ်၏ နာမံတော်ဖြင့်) လှီးဖြတ်ခြင်း အားဖြင့်သော် လည်းကောင်း အစားပေးကြရမည်။ တစ်ဖန် အသင်တို့သည် ဘေးရန်ခပ်သိမ်းကင်း ငြိမ်း၍ စိတ်အေးချမ်းသာ ရှိကြသောအခါ အုမ်ရဟ်ကို ဟဂျ်နှင့် တွဲ၍ အကျိုးခံစားသူသည်လည်း မိမိ တတ်စွမ်းနိုင်သော ကုရ်ဗာနီသားကောင်(ကိုအလ္လာဟ် အရှင်မြတ်၏နာမံတော်နှင့် လှီးဖြတ်ရပေမည်)။ သို့သော် ကုရ်ဗာနီသားကောင် မရရှိ သောသူသည် ဟဂျ်ရက်များအတွင်းတွင် သုံးရက်၊ (ဟဂျ်ပြုပြီး မိမိတို့မြို့ရွာများသို့) ပြန်လည်ရောက်ရှိသောအခါ ခုနစ်ရက် ဥပုသ်သီလ ဆောက်တည်ရမည်။ ဤသည် (သုံးရက်နှင့် ခုနစ် ရက်ပေါင်း) ဆယ်ရက်တိတိဖြစ်၏။ ထို(ကဲ့သို့ အုမ်ရဟ်နှင့် ဟဂျ် ကို ပေါင်းစပ်၍ပြုရန်) အမိန့်တော်သည် ရိုသေကိုင်းညွှတ် ထိုက်သော (ကအ်ဗဟ်) ဗလီကျောင်းတော်၏ အနီးအပါး [(ဝါ) မက္ကဟ်မြို့တော်] ၌ အိမ်ထောင်သားစုမရှိသော (အရပ်တစ်ပါးမှ လာကြကုန်သော) သူတို့အဖို့သာတည်း။ ထို့ပြင်တဝ အသင်တို့ သည် (ဤအမိန့်တော် ရပ်များကို လိုက်နာ ကျင့်မူကြရာ၌) အလ္လာဟ် အရှင်မြတ်ကို ကြောက်ရွံ့ရိုသေကာ ပြစ်မှုဒုစရိုက်များမှ ကြဉ်ရှောင်ကြကုန်လော့။ မုချဧကန် အလ္လာဟ် အရှင်မြတ်သည်(ပြစ်မှုကျူးလွန်သူတို့အား) ပြင်းပြစွာ အပြစ်ဒဏ်ပေးတော်မူမည့်အရှင် ဖြစ်တော် မူသည်ကို သင်တို့မှတ်ယူကြကုန်။
197الْحَجُّ أَشْهُرٌ مَّعْلُومَاتٌ ۚ فَمَن فَرَضَ فِيهِنَّ الْحَجَّ فَلَا رَفَثَ وَلَا فُسُوقَ وَلَا جِدَالَ فِي الْحَجِّ ۗ وَمَا تَفْعَلُوا مِنْ خَيْرٍ يَعْلَمْهُ اللَّهُ ۗ وَتَزَوَّدُوا فَإِنَّ خَيْرَ الزَّادِ التَّقْوَىٰ ۚ وَاتَّقُونِ يَا أُولِي الْأَلْبَابِ
ဟဂျ်ပြုလုပ်ရန်လများကား (အများ) သိရှိပြီး ဖြစ်သော လများပင်ဖြစ်ချေသည်။ သို့ဖြစ်လေရာ အကြင်သူ သည် ထိုလများ၌ ဟဂျ်ပြုလုပ်ရန်စိတ် ပြဋ္ဌာန်းခဲ့ပါလျှင် ထိုသူ သည် ဟဂျ်အတွင်းတွင် (အိဟ်ရာမ် ဝတ်ရုံထားသည် အခါ၌ မေထုန်သံဝါသ ပြုလုပ်ရန်ဝေးစွ) ကာမဂုဏ်နှင့် သက်ဆိုင် သည့် ညစ်ညမ်းသော စကားကိုပင် အလျင်းမသုံးရ၊ မည် သည့် ဆိုးသွမ်းမှုကိုလည်း အလျင်းမပြုရ။ မည်သည့် ငြင်းခုံ ခိုက်ရန် ပွါးမှုကိုလည်း အလျင်းမပြုရ။ အမှန်သော်ကား အလ္လာဟ် အရှင်မြတ်သည် အသင်တို့ ပြုလုပ်ကြကုန်သော မည်သည့် ကောင်းမှုကိုမဆို သိရှိတော်မူလေသည်။ ထိုမှတပါး အသင်တို့ သည်(ဟဂျ်ပြုလုပ်ရန်)ခရီးထွက်ရာ၌)စားနပ်ရိက္ခာ (ခရီးစရိတ်) စသည် များကို (လုံလောက်စွာ) ဆောင်ယူကြ ကုန်လော့။ အမှန်စင်စစ် အမွန်မြတ်ဆုံးသောစားနပ်ရိက္ခာ (ခရီးစရိတ်)မှာ (ဒုစရိုက်မှုတို့မှလည်းကောင်း၊ အကြောင်းမဲ့ လက်ဖြန့်တောင်း ရမ်းစားသုံးခြင်းမှလည်းကောင်း) ကြဉ်ရှောင် ခြင်းပင်တည်း။ သို့အတွက်ကြောင့် အို-ဆင်ခြင်တုံ တရားနှင့်ပြည့်စုံသော နိသမ္မဉာဏ်ရှင်အပေါင်းတို့ အသင်တို့သည် ငါအရှင်မြတ်ကို ကြောက်ရွံ့ရိုသေ ခန့်ညားကြကုန်လော့။
198لَيْسَ عَلَيْكُمْ جُنَاحٌ أَن تَبْتَغُوا فَضْلًا مِّن رَّبِّكُمْ ۚ فَإِذَا أَفَضْتُم مِّنْ عَرَفَاتٍ فَاذْكُرُوا اللَّهَ عِندَ الْمَشْعَرِ الْحَرَامِ ۖ وَاذْكُرُوهُ كَمَا هَدَاكُمْ وَإِن كُنتُم مِّن قَبْلِهِ لَمِنَ الضَّالِّينَ
(ဟဂျ်အချိန်တွင်) အသင်တို့သည် မိမိတို့အား မွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ အင်တို့အဖို့ သတ် မှတ် (ပြဋ္ဌာန်းထားတော်မူသော) စီးပွားကို ရှာဖွေကြ သည့်အတွက် အသင်တို့အပေါ်၌ တစ်စုံတစ်ရာ အပြစ်မရှိချေ။ တဖန် အသင်တို့သည် အရဖာတ် မှ အစုလိုက် ပြန်လာကြ သောအခါ မရှ်အရိဟရာမ် အနီးအပါး တွင် အလ္လာဟ်အရှင် မြတ်ကို တသကြကုန်။ အသင်တို့သည် ထိုအရှင်က အသင်တို့ ကို ညွှန်ကြားပြသ တော်မူသည့်အတိုင်း ထိုအရှင်မြတ်အား တသကြကုန်။ အမှန်သော်ကား အသင်တို့သည် ယင်းကဲ့သို့ ထိုအရှင်မြတ်က ညွှန်ကြားပြသတော်မမူမီ မုချ မသိလမ်းလွဲသူများ ဖြစ်ခဲ့ကြပေသည်။
199ثُمَّ أَفِيضُوا مِنْ حَيْثُ أَفَاضَ النَّاسُ وَاسْتَغْفِرُوا اللَّهَ ۚ إِنَّ اللَّهَ غَفُورٌ رَّحِيمٌ
ထို့နောက် လူများအစုလိုက်ပြန်လာကြသော နေရာ (အရဖာတ်) မှ အသင်တို့သည်လည်း (သွားရောက်၍) ပြန်လာကြကုန်လော့။ ထိုမှတပါး အသင်တို့သည် (မိမိတို့ အပြစ်များမှ) လွတ်ငြိမ်း ချမ်းသာခွင့်ရရှိရန်အလို့ငှာ အလ္လာဟ် အရှင်မြတ်၏အထံတော်၌ လျှောက်ထားအသနားခံကြ ကုန် လော့။ မုချဧကန် အလ္လာဟ်အရှင်မြတ်သည် အဖန်တလဲလဲ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူထသော အရှင်၊ အစဉ် သနားကြင်နာ ညှာတာတော် မူထသောအရှင် ဖြစ်တော်မူ လေသတည်း။
အလ်-ဗကရကုရ်အာန် ညွှန်းကိန်း
286အာယာသ်
MedinanRevelation
197အာယာသ်

ဘာသာပြန် — အလ်-ဗကရ 197

စူရာ အလ်-ဗကရ အာယာသ် 197 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ဟဂျ်ပြုလုပ်ရန်လများကား (အများ) သိရှိပြီး ဖြစ်သော လများပင်ဖြစ်ချေသည်။ သို့ဖြစ်လေရာ အကြင်သူ သည် ထိုလများ၌ ဟဂျ်ပြုလုပ်ရန်စိတ်…

စူရာ အာယာသ် 197/286 — စူရာ အလ်-ဗကရ البقرة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဗကရ နားထောင်, စူရာ အလ်-ဗကရ ဘာသာပြန်, စူရာ အလ်-ဗကရ mp3, စူရာ အလ်-ဗကရ pdf. အာယာသ် 195–199. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Monday, September 28, 2026

Don't forget us in your sincere prayers