အလ်-အန်ဘီယာ · 87/112
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အန်ဘီယာ
وَذَا النُّونِ إِذ ذَّهَبَ مُغَاضِبًا فَظَنَّ أَن لَّن نَّقْدِرَ عَلَيْهِ فَنَادَىٰ فِي الظُّلُمَاتِ أَن لَّا إِلَٰهَ إِلَّا أَنتَ سُبْحَانَكَ إِنِّي كُنتُ مِنَ الظَّالِمِينَ ۝٨٧
Wa Zan Nooni iz zahaba mughaadiban fazaanna al lan naqdira `alaihi fanaanna al lan naqdira `alaihi fanaadaa fiz zulumaati al laaa ilaaha illaaa Anta Subhaanaka innee kuntu minaz zaalimeen
📖 မြန်မာဘာသာ
ထို့ပြင်(အို-နဗီတမန်တော်၊ အသင်သည်) "ဇွန်နူန်" ငါးရှင်(နဗီတမန်တော်ယူနွတ်စ်၏အတ္ထုပ္ပတ္တိအကြောင်း)ကိုလည်း (ပြောကြားပါလေ)။ တစ်ရံရောအခါဝယ် ထိုငါးရှင်(နဗီတမန်တော်ယူနွတ်စ်)သည် (မိမိ၏အမျိုးသားတို့အပေါ်ဝယ်) ဒေါသအမျက်ထွက်ကာ (မိမိမြို့ရွာဒေသမှထွက်ခွာ၍)သွားခဲ့လေသည်။ တစ်ဖန် ထိုငါးရှင်က ငါအရှင်မြတ်သည်၎င်း၏အပေါ်၌ အလျင်းကျပ်တည်းစေတော်မူသည် မဟုတ်ဟူ၍ ထင်မြင်ခဲ့လေသည်။ ထို့နောက် ၎င်းသည် အမှောင်များအတွင်းဝယ် (အို-အလ္လာဟ်အရှင်မြတ်၊) အရှင်မြတ်မှတစ်ပါး ခဝပ်ကိုးကွယ်ရာအရှင် ဟူ၍ အလျင်း မရှိပါ။ အရှင်မြတ်သည်စင်ကြယ် သန့်ရှင်း တော်မူပါ၏။ ဧကန်မလွဲ ကျွန်တော်မျိုးသည်သာလျှင် အပြစ်ကျူးလွန်သူဖြစ်ပါ၏တကား ဟု ဟစ်ခေါ်တသ အသနားခံ ပန်ကြားခဲ့လေသည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ

  • ဇာ န်နူန် (ذَا النُّونِ) — ငါးကြီး၏ အဖော်သူ၊ ဆိုလိုသည်မှာ တမန်တော် ယူနွတ်စ် (အလိုင်ဟိစ်စလာမ်) ဖြစ်သည်။ "နူန်" သည် ငါးကြီးကို ဆိုလိုသည်။
  • မုဂါဒိဗန် (مُغَاضِبًا) — အမျက်ထွက်လျက်၊ ဒေါသဖြစ်လျက်။
  • လန် နပ်ဒိရာ (لَن نَّقْدِرَ) — ငါအရှင်မြတ်သည် ကျဉ်းမြောင်းစေတော်မူမည် မဟုတ်၊ ဆိုလိုသည်မှာ တင်းကျပ်စွာ စစ်ဆေးတော်မူမည် မဟုတ်ဟု ထင်မှတ်ခြင်း ဖြစ်သည်။
  • ဇ်ဇုလုမာသ် (الظُّلُمَاتِ) — အမှောင်ထုများ၊ ဤနေရာတွင် ညအမှောင်၊ ပင်လယ်အမှောင်၊ ငါးကြီးဝမ်းထဲ အမှောင် သုံးမျိုးကို ဆိုလိုသည်။

၂။ အာယသ်တော်၏ အဓိပ္ပာယ် ရှင်းလင်းချက်

ဤအာယသ်တော်သည် တမန်တော် ယူနွတ်စ် (အလိုင်ဟိစ်စလာမ်) ၏ ဖြစ်ရပ်ကို ပြန်လည် သတိရစေသည်။ သူသည် မိမိ၏ လူမျိုးများ အီမာန် မယူဘဲ ဆက်လက် ဖီဆန်နေကြသောအခါ အလွန်ပင် စိတ်ပျက်မိပြီး အမျက်ထွက်လျက် သူတို့ထံမှ ထွက်ခွာသွားခဲ့သည်။ ထိုသို့ ထွက်ခွာခြင်းသည် အလ္လာဟ်အရှင်မြတ်၏ ခွင့်ပြုချက် မရှိဘဲ ဖြစ်ခဲ့သည်။ သူသည် အလ္လာဟ်အရှင်မြတ်သည် မိမိအား ဤကိစ္စအတွက် တင်းကျပ်စွာ စစ်ဆေးတော်မူမည် မဟုတ်ဟု ထင်မှတ်ခဲ့သည်။ သို့သော် အလ္လာဟ်အရှင်မြတ်သည် သူ့အား ကြီးမားသော စမ်းသပ်မှုဖြင့် စမ်းသပ်တော်မူခဲ့သည်။ သူသည် ပင်လယ်ထဲသို့ ရောက်ရှိပြီး ငါးကြီးတစ်ကောင်၏ ဝမ်းထဲသို့ ရောက်သွားခဲ့ရသည်။ ထိုအခါ သူသည် ညအမှောင်၊ ပင်လယ်အမှောင်၊ ငါးကြီးဝမ်းထဲ အမှောင် — ဤအမှောင်ထု သုံးမျိုးအတွင်းမှ မိမိ၏ အမှားကို ဝန်ခံလျက် အလ္လာဟ်အရှင်မြတ်ထံ ပြန်လည် ဝန်ချတောင်းပန်ကာ ဤသို့ ဆုတောင်းခဲ့သည် — "အရှင်မြတ်မှတစ်ပါး အခြားကိုးကွယ်ရာ အစစ်အမှန် မရှိပါ။ အရှင်မြတ်သည် ချို့တဲ့မှု ကင်းရှင်းတော်မူပါသည်။ ကျွန်ုပ်သည် မိမိကိုယ်ကို နှိမ့်ချဖျက်ဆီးသူများထဲမှ အမှန်ပင် ဖြစ်ခဲ့ပါသည်။"

၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ

  • အလ္လာဟ်အရှင်မြတ်သည် မိမိ၏ ချစ်မြတ်နိုးအပ်သော ကျွန်များကို စမ်းသပ်မှုများဖြင့် စမ်းသပ်တော်မူသည်။ သို့သော် ထိုစမ်းသပ်မှုများသည် သူတို့အား ပြုပြင်ရန်နှင့် မြင့်မားစေရန်အတွက်သာ


📜 အာယာသ် 85-89 — စူရာ အလ်-အန်ဘီယာ

85وَإِسْمَاعِيلَ وَإِدْرِيسَ وَذَا الْكِفْلِ ۖ كُلٌّ مِّنَ الصَّابِرِينَ
၎င်းပြင် (အို-နဗီတမန်တော်) အသင်သည် နဗီတမန်တော်)အီစ်မာအီလ်၊ (နဗီတမန်တော်) အီဒ္ဒရီစ်(နဗီတမန်တော်) ဇူလ်ကီဖ်လ်တို့(၏အထ္ထုပ္ပတ္တိအကြောင်းများ)ကိုလည်းထုတ်ဖော်ပြောကြားပါလေ။ ထိုနဗီတမန်တော် အသီးသီးတို့သည် ခန္ဒီသူတို့တွင် ပါဝင်ခဲ့ကြကုန်၏။
86وَأَدْخَلْنَاهُمْ فِي رَحْمَتِنَا ۖ إِنَّهُم مِّنَ الصَّالِحِينَ
ထိုမှတစ်ပါး ငါအရှင်မြတ်သည် ၎င်း(နဗီတမန်တော်)တို့အား မိမိကရုဏာတော်အတွင်း ပါဝင်စေတော် မူခဲ့၏။ဧကန်စင်စစ် ထိုနဗီတမန်တော်တို့ကား သူတော်စင်တို့တွင်ပါဝင်ခဲ့ကြကုန်သတည်း။
87وَذَا النُّونِ إِذ ذَّهَبَ مُغَاضِبًا فَظَنَّ أَن لَّن نَّقْدِرَ عَلَيْهِ فَنَادَىٰ فِي الظُّلُمَاتِ أَن لَّا إِلَٰهَ إِلَّا أَنتَ سُبْحَانَكَ إِنِّي كُنتُ مِنَ الظَّالِمِينَ
ထို့ပြင်(အို-နဗီတမန်တော်၊ အသင်သည်) "ဇွန်နူန်" ငါးရှင်(နဗီတမန်တော်ယူနွတ်စ်၏အတ္ထုပ္ပတ္တိအကြောင်း)ကိုလည်း (ပြောကြားပါလေ)။ တစ်ရံရောအခါဝယ် ထိုငါးရှင်(နဗီတမန်တော်ယူနွတ်စ်)သည် (မိမိ၏အမျိုးသားတို့အပေါ်ဝယ်) ဒေါသအမျက်ထွက်ကာ (မိမိမြို့ရွာဒေသမှထွက်ခွာ၍)သွားခဲ့လေသည်။ တစ်ဖန် ထိုငါးရှင်က ငါအရှင်မြတ်သည်၎င်း၏အပေါ်၌ အလျင်းကျပ်တည်းစေတော်မူသည် မဟုတ်ဟူ၍ ထင်မြင်ခဲ့လေသည်။ ထို့နောက် ၎င်းသည် အမှောင်များအတွင်းဝယ် (အို-အလ္လာဟ်အရှင်မြတ်၊) အရှင်မြတ်မှတစ်ပါး ခဝပ်ကိုးကွယ်ရာအရှင် ဟူ၍ အလျင်း မရှိပါ။ အရှင်မြတ်သည်စင်ကြယ် သန့်ရှင်း တော်မူပါ၏။ ဧကန်မလွဲ ကျွန်တော်မျိုးသည်သာလျှင် အပြစ်ကျူးလွန်သူဖြစ်ပါ၏တကား ဟု ဟစ်ခေါ်တသ အသနားခံ ပန်ကြားခဲ့လေသည်။
88فَاسْتَجَبْنَا لَهُ وَنَجَّيْنَاهُ مِنَ الْغَمِّ ۚ وَكَذَٰلِكَ نُنجِي الْمُؤْمِنِينَ
ထိုအခါဝယ် ငါအရှင်မြတ်သည် ၎င်း၏ (အသနားခံပန်ကြားချက်)ကို သဘောတူလက်ခံတော်မူ၍ ၎င်းအား(ပူပင်သောကဖြစ်ခြင်းမှ)ကယ်တင်တော်မူခဲ့၏။ စင်စစ်သော်ကား ငါအရှင်မြတ်သည် မုအ်မင်န် သက်ဝင်ယုံကြည်သူတို့အားဤနည်းနှင်နှင် ကယ်တင်လေ့ရှိတော်မူပေသတည်း။
89وَزَكَرِيَّا إِذْ نَادَىٰ رَبَّهُ رَبِّ لَا تَذَرْنِي فَرْدًا وَأَنتَ خَيْرُ الْوَارِثِينَ
ထို့ပြင် (အို-နဗီတမန်တော်၊ အသင်သည် နဗီတမန်တော်)ဇကရီယာ(၏အကြောင်း)ကိုလည်း (ပြောကြားပါလေ)။ အခါတစ်ပါး၌ ထို(နဗီတမန်တော်) ဇကရီယာသည်မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ကို "အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ ကျွန်တော်မျိုးအား (အမွေစားအမွေဆက်ခံသူ မရှိသောသူအဖြစ်)တစ်ဦးတည်း စွန့်ထားတော်မမူပါနှင့်။ စင်စစ်သော်ကား အရှင်မြတ်သည် အကောင်းဆုံးသော အမွေစားအမွေခံ ဖြစ်တော်မူပါသည်"ဟု ဟစ်ခေါ်တသ ပန်ကြားခဲ့လေ၏။
အလ်-အန်ဘီယာကုရ်အာန် ညွှန်းကိန်း
112အာယာသ်
MeccanRevelation
87အာယာသ်

ဘာသာပြန် — အလ်-အန်ဘီယာ 87

စူရာ အလ်-အန်ဘီယာ အာယာသ် 87 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထို့ပြင်(အို-နဗီတမန်တော်၊ အသင်သည်) "ဇွန်နူန်" ငါးရှင်(နဗီတမန်တော်ယူနွတ်စ်၏အတ္ထုပ္ပတ္တိအကြောင်း)ကိုလည်း (ပြောကြားပါလေ)။ တစ်ရံရောအခါဝယ် ထိုငါးရှင်(နဗီတမန်တော်ယူနွတ်စ်)သည် (မိမိ၏အမျိုးသားတို့အပေါ်ဝယ်) ဒေါသအမျက်ထွက်ကာ (မိမိမြို့ရွာဒေသမှထွက်ခွာ၍)သွားခဲ့လေသည်။…

စူရာ အာယာသ် 87/112 — စူရာ အလ်-အန်ဘီယာ الأنبياء (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အန်ဘီယာ နားထောင်, စူရာ အလ်-အန်ဘီယာ ဘာသာပြန်, စူရာ အလ်-အန်ဘီယာ mp3, စူရာ အလ်-အန်ဘီယာ pdf. အာယာသ် 85–89. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Friday, October 2, 2026

Don't forget us in your sincere prayers