လုက်မာန် · 32/34
ဘာသာပြန် အသံနိုင်ငံ — စူရာ လုက်မာန်
وَإِذَا غَشِيَهُم مَّوْجٌ كَالظُّلَلِ دَعَوُا اللَّهَ مُخْلِصِينَ لَهُ الدِّينَ فَلَمَّا نَجَّاهُمْ إِلَى الْبَرِّ فَمِنْهُم مُّقْتَصِدٌ ۚ وَمَا يَجْحَدُ بِآيَاتِنَا إِلَّا كُلُّ خَتَّارٍ كَفُورٍ ۝٣٢
Wa izaa ghashiyahum mawjun kazzulali da`a-wul laaha mukhliseena lahud deena fa lammaa najjaahum ilal barri faminhum muqtasid; wa maa yajhadu bi Aayaatinaa illaa kullu khattaarin kafoor
📖 မြန်မာဘာသာ
စင်စစ် ၎င်းတို့အား လှိုင်းတံပိုးသည် အမိုးများပမာ ဖုံးလွှမ်းခဲ့သောအခါ၊ ၎င်းတို့သည် ကိုးကွယ်မှုကို အလ္လာဟ်အရှင်မြတ်အား ထိုအရှင်မြတ်အဖို့သာ စေတနာ သဒ္ဓါတရားဖြူစင်စွာထားကာ ဟစ်ခေါ်တသကြကုန်၏။ သို့ရာတွင်ထိုအရှင်မြတ်သည် ၎င်းတို့အားကယ်တင်၍ ကုန်းမြေသို့ ပို့ဆောင်တော်မူသောအခါ ၎င်းတို့အနက်အချို့သည် မဇိ္ဈမပဋိပဒါစနစ်ကိုလိုက်၏။ စင်စစ်သော်ကား ငါအရှင်မြတ်၏ သက်သေလက္ခဏာ များကိုကျေးဇူးကန်းသော ကတိသစ္စာ ဖောက်ဖျက်သူတိုင်းသာလျှင် ငြင်းပယ်လေ့ရှိကြပေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ဝေါဟာရအနက်ဖွင့်ဆိုချက်များ
  • ဂါရှိယဟုမ်း (غَشِيَهُم): သူတို့ကို ဖုံးလွှမ်းလာသည်၊ ဝန်းရံလာသည်။
  • မောက်ဂျွန် (مَوْجٌ): လှိုင်းလုံး။
  • ကဇ်ဇုလလ် (كَٱلظُّلَلِ): အရိပ်များ၊ တိမ်တိုက်များကဲ့သို့။ ဤနေရာတွင် လှိုင်းလုံးကြီးများ ထောင်လာပြီး တိမ်တိုက်များ၊ တောင်များကဲ့သို့ ဖြစ်နေသည်ကို ဆိုလိုသည်။
  • မုခ်လိဆွီးန (مُخْلِصِينَ): စိတ်ရင်းမှန်ဖြင့် သီးသန့်ဖြစ်စေသူများ၊ အခြားသူများကို မရောနှောဘဲ အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းကိုသာ ရည်စူးသူများ။
  • မုက္တဆိဒ် (مُقْتَصِدٌ): အလယ်အလတ်လမ်းစဉ်ကို လိုက်သူ၊ တာဝန်ကို အပြည့်အဝ မကျေပွန်သော်လည်း ကျေးဇူးတင်မှု အနည်းငယ် ရှိသူ။
  • ခတ္တာရ် (خَتَّارٍ): ကတိဖျက်သူ၊ သစ္စာဖောက်သူ။
  • ကဖူရ် (كَفُورٍ): ကျေးဇူးမသိတတ်သူ၊ ကျေးဇူးကို ငြင်းပယ်သူ။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

ဤအာယသ်တော်သည် အလ္လာဟ်အရှင်မြတ်ကို ငြင်းပယ်သော သူများသည် ပင်လယ်ပြင်တွင် သင်္ဘောဖြင့် သွားလာစဉ် ကြီးမားသော လှိုင်းလုံးများက သူတို့ကို တိမ်တိုက်များ၊ တောင်ကြီးများကဲ့သို့ ဝန်းရံဖုံးလွှမ်းလာသောအခါ နစ်မြုပ်သေဆုံးမည့်ဘေးကို ကြောက်ရွံ့ထိတ်လန့်ကာ အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းကိုသာ စိတ်ရင်းမှန်ဖြင့် ခေါ်ဆိုဆုတောင်းကြသည်။ ထိုအချိန်တွင် အခြားမည်သည့်အရာကိုမျှ မတွဲဖက်တော့ဘဲ အရှင်မြတ်တစ်ပါးတည်းကိုသာ ရည်စူးကြသည်။ သို့သော် အလ္လာဟ်အရှင်မြတ်က သူတို့၏ ဆုတောင်းကို လက်ခံတော်မူပြီး နစ်မြုပ်ခြင်းမှ ကယ်တင်ကာ ကုန်းမြေပေါ်သို့ ရောက်စေတော်မူသောအခါ သူတို့ထဲမှ အချို့သည် အလယ်အလတ်အနေအထားဖြင့် ကျေးဇူးတင်မှု အားနည်းကြပြီး၊ အချို့မှာမူ အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်ကို လုံးဝငြင်းပယ်ကာ မယုံကြည်မှုဘက်သို့ ပြန်လည်ရောက်ရှိကြသည်။ အမှန်စင်စစ် ငါအရှင်မြတ်၏ တန်ခိုးတော်နှင့် ကြီးမြတ်မှုကို ဖော်ပြသည့် သက်သေလက္ခဏာများကို ကတိဖျက်သူ၊ ကျေးဇူးမသိတတ်သူများမှလွဲ၍ မည်သူမျှ ငြင်းပယ်ကြမည် မဟုတ်ပေ။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ
  • အလ္လာဟ်အရှင်မြတ်သည် ဘေးဒုက္ခရောက်ချိန်တွင် လူသားတို့ စိတ်ရင်းမှန်ဖြင့် ခေါ်ဆိုဆုတောင်းသည့်အခါ


📜 အာယာသ် 30-34 — စူရာ လုက်မာန်

30ذَٰلِكَ بِأَنَّ اللَّهَ هُوَ الْحَقُّ وَأَنَّ مَا يَدْعُونَ مِن دُونِهِ الْبَاطِلُ وَأَنَّ اللَّهَ هُوَ الْعَلِيُّ الْكَبِيرُ
ဤသည်ကား အလ္လာဟ်အရှင်မြတ်သည်သာလျှင် အမှန်အကန်(ထာဝရတည်ရှိနေတော်မူမည်) ဖြစ်သောကြောင့်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်မှတစ်ပါး၊ထိုသူတို့ဟစ်ခေါ်တမ်းတကြကုန်သော အရာများသည် အမှားပင်(ဖြစ်၍ပျက်စီးသွားကြမည်)သာ ဖြစ်သောကြောင့်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်သည်သာလျှင် လွန်စွာမြင့်မြတ်တော်မူသော၊ လွန်စွာ ကြီးကဲတော်မူသောအရှင် ဖြစ်တော်မူသောကြောင့်ပင် ဖြစ်ချေသတည်း။
31أَلَمْ تَرَ أَنَّ الْفُلْكَ تَجْرِي فِي الْبَحْرِ بِنِعْمَتِ اللَّهِ لِيُرِيَكُم مِّنْ آيَاتِهِ ۚ إِنَّ فِي ذَٰلِكَ لَآيَاتٍ لِّكُلِّ صَبَّارٍ شَكُورٍ
ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်နှင့် သမုဒ္ဒရာပင်လယ်၌ ရွက်သင်္ဘောများ သွားလာလှုပ်ရှားလျက်ရှိကြခြင်းမှာ ထိုအရှင်မြတ်သည် အသင်တို့အား မိမိ၏အချို့သက်သေသာဓကများကို ပြသတော်မူရန်ဖြစ်ကြောင်းအသင်သည် မမြင်ခဲ့လေသလော။ ဧကန်မလွဲ ဤသည်တွင်ကျေးဇူးသိတတ်သော သည်းခံခြင်းတရား ထားရှိသူတိုင်း၏အဖို့အမှန်ပင် သက်သေသာဓကများ ရှိကြပေသည်။
32وَإِذَا غَشِيَهُم مَّوْجٌ كَالظُّلَلِ دَعَوُا اللَّهَ مُخْلِصِينَ لَهُ الدِّينَ فَلَمَّا نَجَّاهُمْ إِلَى الْبَرِّ فَمِنْهُم مُّقْتَصِدٌ ۚ وَمَا يَجْحَدُ بِآيَاتِنَا إِلَّا كُلُّ خَتَّارٍ كَفُورٍ
စင်စစ် ၎င်းတို့အား လှိုင်းတံပိုးသည် အမိုးများပမာ ဖုံးလွှမ်းခဲ့သောအခါ၊ ၎င်းတို့သည် ကိုးကွယ်မှုကို အလ္လာဟ်အရှင်မြတ်အား ထိုအရှင်မြတ်အဖို့သာ စေတနာ သဒ္ဓါတရားဖြူစင်စွာထားကာ ဟစ်ခေါ်တသကြကုန်၏။ သို့ရာတွင်ထိုအရှင်မြတ်သည် ၎င်းတို့အားကယ်တင်၍ ကုန်းမြေသို့ ပို့ဆောင်တော်မူသောအခါ ၎င်းတို့အနက်အချို့သည် မဇိ္ဈမပဋိပဒါစနစ်ကိုလိုက်၏။ စင်စစ်သော်ကား ငါအရှင်မြတ်၏ သက်သေလက္ခဏာ များကိုကျေးဇူးကန်းသော ကတိသစ္စာ ဖောက်ဖျက်သူတိုင်းသာလျှင် ငြင်းပယ်လေ့ရှိကြပေသတည်း။
33يَا أَيُّهَا النَّاسُ اتَّقُوا رَبَّكُمْ وَاخْشَوْا يَوْمًا لَّا يَجْزِي وَالِدٌ عَن وَلَدِهِ وَلَا مَوْلُودٌ هُوَ جَازٍ عَن وَالِدِهِ شَيْئًا ۚ إِنَّ وَعْدَ اللَّهِ حَقٌّ ۖ فَلَا تَغُرَّنَّكُمُ الْحَيَاةُ الدُّنْيَا وَلَا يَغُرَّنَّكُم بِاللَّهِ الْغَرُورُ
အို-လူသားအပေါင်းတို့ အသင်တို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်ကို ကြောက်ရွံ့ကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည် မည်သည့် ဖခင်တစ်ဦးတစ်ယောက်မျှပင် မိမိသားအဖို့ အသုံးမဝင်သည့်အပြင်၊မည်သည့် သားတစ်ဦးတစ်ယောက်မျှသည်လည်း မိမိဖခင်အဖို့လုံးဝအသုံးဝင်မည် မဟုတ်သောနေ့ကို စိုးရိမ်ကြလေကုန်။ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်၏ကတိသည် မှန်ကန်သောကတိပင်ဖြစ်၏။ သို့ဖြစ်ပေရာ လောကီဘဝ၌ အသက်ရှင်ခြင်းသည် အသင်တို့အား လှည့်ဖြားခြင်းမပြုစေရ။ ထိုနည်းတူစွာ၊ထိုလှည့်စားသူ (ရှိုင်တွာန်)သည်လည်း အသင်တို့အား အလ္လာဟ်အရှင်မြတ်နှင့် ပတ်သက်၍ လှည့်ဖြားခြင်း မပြုစေရပေတကား။
34إِنَّ اللَّهَ عِندَهُ عِلْمُ السَّاعَةِ وَيُنَزِّلُ الْغَيْثَ وَيَعْلَمُ مَا فِي الْأَرْحَامِ ۖ وَمَا تَدْرِي نَفْسٌ مَّاذَا تَكْسِبُ غَدًا ۖ وَمَا تَدْرِي نَفْسٌ بِأَيِّ أَرْضٍ تَمُوتُ ۚ إِنَّ اللَّهَ عَلِيمٌ خَبِيرٌ
ဧကန်မလွဲ ရှင်ပြန်ထမည့်အချိန်ကို သိမြင်ခြင်းသည် အလ္လာဟ်အရှင်မြတ်၌သာရှိပေသည်။ ၎င်းပြင် ထိုအရှင်မြတ်သည်သာလျှင် မိုးရေကို ချပေးတော်မူ၏။ ထိုမှတစ်ပါး(မိခင်များ၏) သားအိမ်များ၌ မည်သည့်အ ရာ ရှိသည်ကိုလည်းထိုအရှင်မြတ်သာလျှင် သိတော်မူ၏။ စင်စစ်သော်ကား မည်သူတစ်ဦးတယောက်မျှပင် ၎င်းမှာ နက်ဖြန်မည်သည့်အမှုကိစ္စပြုလုပ်မည်ကို မသိနိုင်ပေ။ ထိုနည်းတူစွာ မည်သူတစ်ဦးတစ်ယောက်မျှပင် ၎င်းမှာ မည်သည့်မြေ (အရပ်ဒေသ)၌ သေဆုံးမည်ကို မသိနိုင်ပေ။ မလွဲဧကန် အလ္လာဟ်အရှင်မြတ်သာလျှင်အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိတော်မူသောအရှင်၊ အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ကြားသိတော်မူသော အရှင်ဖြစ်တော်မူပေသတည်း။
လုက်မာန်ကုရ်အာန် ညွှန်းကိန်း
34အာယာသ်
MeccanRevelation
32အာယာသ်

ဘာသာပြန် — လုက်မာန် 32

စူရာ လုက်မာန် အာယာသ် 32 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : စင်စစ် ၎င်းတို့အား လှိုင်းတံပိုးသည် အမိုးများပမာ ဖုံးလွှမ်းခဲ့သောအခါ၊ ၎င်းတို့သည် ကိုးကွယ်မှုကို အလ္လာဟ်အရှင်မြတ်အား ထိုအရှင်မြတ်အဖို့သာ စေတနာ…

စူရာ အာယာသ် 32/34 — စူရာ လုက်မာန် لقمان (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ လုက်မာန် နားထောင်, စူရာ လုက်မာန် ဘာသာပြန်, စူရာ လုက်မာန် mp3, စူရာ လုက်မာန် pdf. အာယာသ် 30–34. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers