وَلَا تَزِرُ وَازِرَةٌ وِزْرَ أُخْرَىٰ ۚ وَإِن تَدْعُ مُثْقَلَةٌ إِلَىٰ حِمْلِهَا لَا يُحْمَلْ مِنْهُ شَيْءٌ وَلَوْ كَانَ ذَا قُرْبَىٰ ۗ إِنَّمَا تُنذِرُ الَّذِينَ يَخْشَوْنَ رَبَّهُم بِالْغَيْبِ وَأَقَامُوا الصَّلَاةَ ۚ وَمَن تَزَكَّىٰ فَإِنَّمَا يَتَزَكَّىٰ لِنَفْسِهِ ۚ وَإِلَى اللَّهِ الْمَصِيرُ ١٨
🔤 Transliteration
Wa laa taziru waaziratun wizra ukhraa; wa in tad`u musqalatun ilaa himlihaa laa yuhmal minhu shai`unw wa law kaana zaa qurbaa; innamaa tunzirul lazeena yakhshawna Rabbahum bilghaibi wa aqaamus Sallah; wa man tazakkaa fa innamaa yatazakkaa linafsih; wa ilal laahil maseer
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
အမှန်စင်စစ်သော်ကား မည်သည့် ဝန်ထုပ်ထမ်းသောသူ (အပြစ်ရှိနေသူ) တစ်စုံတစ်ယောက်မျှပင် သူတစ်ပါး၏ ဝန်ထုပ်ကိုသယ်ပိုး ထမ်းဆောင်မည် မဟုတ်ပေ။၎င်းပြင် အကယ်၍ ဝန်ထုပ်ကို ထမ်းဆောင်သယ်ပိုးလျက်ရှိသူတစ်ဦးတစ်ယောက်သည် တစ်စုံတစ်ယောက်အား မိမိဝန်ထုပ်ကို သယ်ပိုး ထမ်းဆောင် ခြင်းငှာ ဟစ်ခေါ်ငြားသော်လည်းထိုဟစ်ခေါ်ခြင်း ခံရသောသူသည် ၎င်း၏ဆွေရင်းသားရင်းဖြစ်ခဲ့သည့်တိုင်အောင် ထိုဝန်ထုပ်မှ အနည်းငယ်စိုးစဉ်းကိုမျှပင်သယ်ပိုးထမ်းဆောင်မည် မဟုတ်ပေ။ (အို-နဗီတမန်တော်၊)အသင်သည် မိမိတို့၏ အရှင်မြတ်အား မမြင်ဘဲလျက် ကြောက်ရွံ့ကြကုန်သော၊ ဆွာလာတ် ဝတ်ပြုမှုကို ဆောက်တည်ကြကုန်သောသူတို့အားသာလျှင် သတိပေး နှိုးဆော်နိုင် ပေသည်။အမှန်သော်ကား မည်သူမဆို စင်ကြယ်သန့်ရှင်းခဲ့ပါမူ ထိုသူသည် မိမိအကျိုးငှာ စင်ကြယ်သန့်ရှင်းခဲ့သည်သာဖြစ်၏။ထိုမှတစ်ပါး အလ္လာဟ်အရှင်မြတ်အထံတော်သို့သာလျှင်နောက်ဆုံး ပြန်ကြရကုန်အံ့သတည်း။
🌐 Additional reference in ภาษาไทย
၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ وَلَا تَزِرُ (ဝလာ တဇိရု) — အဓိပ္ပာယ်: မထမ်းဆောင်ရ။ “ဝိဇ်ရ်” ဟူသည် ဝန်ထုပ်ကို ဆိုလိုသည်။ ဤနေရာတွင် အပြစ်ဝန်ထုပ်ကို ဆိုလိုသည်။وَازِرَةٌ (ဝါဇိရသွန်) — အဓိပ္ပာယ်: အပြစ်ကို ထမ်းဆောင်သော နဖ်စ် (ဝိညာဉ်)။وِزْرَ أُخْرَى (ဝိဇ်ရာ အုခရာ) — အဓိပ္ပာယ်: အခြားတစ်ဦး၏ အပြစ်ဝန်ထုပ်။مُثْقَلَةٌ (မုစ်ကလသွန်) — အဓိပ္ပာယ်: အပြစ်များဖြင့် လေးလံသော နဖ်စ်။حِمْلِهَا (ဟိမ်လိဟာ) — အဓိပ္ပာယ်: သူမ၏ ဝန်ထုပ် (အပြစ်များ)။ذَا قُرْبَى (ဇာ ကုရ်ဘာ) — အဓိပ္ပာယ်: ဆွေမျိုးတော်စပ်သူ။تَزَكَّى (တဇက္ကာ) — အဓိပ္ပာယ်: စင်ကြယ်စေခြင်း၊ အပြစ်များမှ ကင်းစင်စေခြင်း။الْمَصِيرُ (အလ်မဆီရ်) — အဓိပ္ပာယ်: ပြန်လည်ရောက်ရှိရာနေရာ။၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက် အလ္လာဟ်အရှင်မြတ်သည် ဤအာယသ်တော်တွင် အပြစ်၏ တာဝန်ကို မည်သူမျှ အခြားတစ်ဦးထံ လွှဲပြောင်းပေးနိုင်မည် မဟုတ်ကြောင်း ရှင်းလင်းစွာ မိန့်ကြားထားသည်။ မည်သည့်နဖ်စ်တစ်ခုမျှ အခြားတစ်ခု၏ အပြစ်ကို ထမ်းဆောင်မည် မဟုတ်ပေ။ အကယ်၍ အပြစ်များဖြင့် လေးလံနေသော နဖ်စ်တစ်ခုသည် မိမိ၏ အပြစ်ဝန်ထုပ်ကို ကူညီထမ်းဆောင်ပေးမည့်သူကို တောင်းဆိုခေါ်ဝေါ်ခဲ့သော် — ထိုသူသည် ဆွေမျိုးတော်စပ်သူပင် ဖြစ်စေကာမူ — မည်သူမျှ ထိုအပြစ်မှ တစ်စုံတစ်ရာကိုမျှ ထမ်းဆောင်ပေးမည် မဟုတ်ပေ။ ဤသည်မှာ တမလွန်ဘဝတွင် လူတိုင်း မိမိ၏ လုပ်ရပ်အတွက် ကိုယ်တိုင် တာဝန်ခံရမည်ဖြစ်ကြောင်း သွန်သင်နေခြင်း ဖြစ်သည်။
ထို့နောက် အလ္လာဟ်အရှင်မြတ်သည် တမန်တော်မြတ်ထံ မိန့်ကြားတော်မူသည်မှာ — အသင်သည် မျက်မြင်မတွေ့ရသေးသော်လည်း မိမိတို့၏ အရှင်သခင်ကို ကြောက်ရွံ့ရိုသေသော သူများ၊ ဆွလာသ်ကို မှန်ကန်စွာ ဆောက်တည်သော သူများကိုသာ သတိပေးနှိုးဆော်နိုင်သည်။ ဤသူများသာလျှင် သတိပေးချက်၏ အကျိုးကို ခံစားရမည့်သူများ ဖြစ်ကြသည်။
ထို့ပြင် မည်သူမျှ မိမိကိုယ်ကို အပြစ်များမှ စင်ကြယ်စေခဲ့သော် ထိုစင်ကြယ်မှု၏ အကျိုးသည် သူ့ကိုယ်တိုင်အတွက်သာ ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် မည်သူ၏ လုပ်ရပ်ကိုမျှ လိုအပ်နေသည် မဟုတ်ပေ။ နောက်ဆုံ
وَلَا تَزِرُ وَازِرَةٌ وِزۡرَ أُخۡرَىٰۚ وَإِن تَدۡعُ مُثۡقَلَةٌ إِلَىٰ حِمۡلِهَا لَا يُحۡمَلۡ مِنۡهُ شَيۡءٌ وَلَوۡ كَانَ ذَا قُرۡبَىٰٓۗ إِنَّمَا تُنذِرُ ٱلَّذِينَ يَخۡشَوۡنَ رَبَّهُم بِٱلۡغَيۡبِ وَأَقَامُواْ ٱلصَّلَوٰةَۚ وَمَن تَزَكَّىٰ فَإِنَّمَا يَتَزَكَّىٰ لِنَفۡسِهِۦۚ وَإِلَى ٱللَّهِ ٱلۡمَصِيرُ ١٨
အမှန်စင်စစ်သော်ကား မည်သည့် ဝန်ထုပ်ထမ်းသောသူ (အပြစ်ရှိနေသူ) တစ်စုံတစ်ယောက်မျှပင် သူတစ်ပါး၏ ဝန်ထုပ်ကိုသယ်ပိုး ထမ်းဆောင်မည် မဟုတ်ပေ။၎င်းပြင် အကယ်၍ ဝန်ထုပ်ကို ထမ်းဆောင်သယ်ပိုးလျက်ရှိသူတစ်ဦးတစ်ယောက်သည် တစ်စုံတစ်ယောက်အား မိမိဝန်ထုပ်ကို သယ်ပိုး ထမ်းဆောင် ခြင်းငှာ ဟစ်ခေါ်ငြားသော်လည်းထိုဟစ်ခေါ်ခြင်း ခံရသောသူသည် ၎င်း၏ဆွေရင်းသားရင်းဖြစ်ခဲ့သည့်တိုင်အောင် ထိုဝန်ထုပ်မှ အနည်းငယ်စိုးစဉ်းကိုမျှပင်သယ်ပိုးထမ်းဆောင်မည် မဟုတ်ပေ။ (အို-နဗီတမန်တော်၊)အသင်သည် မိမိတို့၏ အရှင်မြတ်အား မမြင်ဘဲလျက် ကြောက်ရွံ့ကြကုန်သော၊ ဆွာလာတ် ဝတ်ပြုမှုကို ဆောက်တည်ကြကုန်သောသူတို့အားသာလျှင် သတိပေး နှိုးဆော်နိုင် ပေသည်။အမှန်သော်ကား မည်သူမဆို စင်ကြယ်သန့်ရှင်းခဲ့ပါမူ ထိုသူသည် မိမိအကျိုးငှာ စင်ကြယ်သန့်ရှင်းခဲ့သည်သာဖြစ်၏။ထိုမှတစ်ပါး အလ္လာဟ်အရှင်မြတ်အထံတော်သို့သာလျှင်နောက်ဆုံး ပြန်ကြရကုန်အံ့သတည်း။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 16-20 — စူရာ ဖာတီရ်
16 إِن يَشَأْ يُذْهِبْكُمْ وَيَأْتِ بِخَلْقٍ جَدِيدٍ
အကယ်၍ ထိုအရှင်မြတ်သည် အလိုရှိတော်မူပါလျှင် အသင်တို့အား ပယ်ရှားတော်မူ၍ အဖန်ဆင်းခံအသစ်ကို ယူလာတော်မူနိုင်၏။
17 وَمَا ذَٰلِكَ عَلَى اللَّهِ بِعَزِيزٍ
စင်စစ်သော်ကား ဤသည် အလ္လာဟ်အရှင်မြတ်၌ (လုံးဝ) ခဲယဉ်းသည် မဟုတ်ပြီ။
18 وَلَا تَزِرُ وَازِرَةٌ وِزْرَ أُخْرَىٰ ۚ وَإِن تَدْعُ مُثْقَلَةٌ إِلَىٰ حِمْلِهَا لَا يُحْمَلْ مِنْهُ شَيْءٌ وَلَوْ كَانَ ذَا قُرْبَىٰ ۗ إِنَّمَا تُنذِرُ الَّذِينَ يَخْشَوْنَ رَبَّهُم بِالْغَيْبِ وَأَقَامُوا الصَّلَاةَ ۚ وَمَن تَزَكَّىٰ فَإِنَّمَا يَتَزَكَّىٰ لِنَفْسِهِ ۚ وَإِلَى اللَّهِ الْمَصِيرُ
အမှန်စင်စစ်သော်ကား မည်သည့် ဝန်ထုပ်ထမ်းသောသူ (အပြစ်ရှိနေသူ) တစ်စုံတစ်ယောက်မျှပင် သူတစ်ပါး၏ ဝန်ထုပ်ကိုသယ်ပိုး ထမ်းဆောင်မည် မဟုတ်ပေ။၎င်းပြင် အကယ်၍ ဝန်ထုပ်ကို ထမ်းဆောင်သယ်ပိုးလျက်ရှိသူတစ်ဦးတစ်ယောက်သည် တစ်စုံတစ်ယောက်အား မိမိဝန်ထုပ်ကို သယ်ပိုး ထမ်းဆောင် ခြင်းငှာ ဟစ်ခေါ်ငြားသော်လည်းထိုဟစ်ခေါ်ခြင်း ခံရသောသူသည် ၎င်း၏ဆွေရင်းသားရင်းဖြစ်ခဲ့သည့်တိုင်အောင် ထိုဝန်ထုပ်မှ အနည်းငယ်စိုးစဉ်းကိုမျှပင်သယ်ပိုးထမ်းဆောင်မည် မဟုတ်ပေ။ (အို-နဗီတမန်တော်၊)အသင်သည် မိမိတို့၏ အရှင်မြတ်အား မမြင်ဘဲလျက် ကြောက်ရွံ့ကြကုန်သော၊ ဆွာလာတ် ဝတ်ပြုမှုကို ဆောက်တည်ကြကုန်သောသူတို့အားသာလျှင် သတိပေး နှိုးဆော်နိုင် ပေသည်။အမှန်သော်ကား မည်သူမဆို စင်ကြယ်သန့်ရှင်းခဲ့ပါမူ ထိုသူသည် မိမိအကျိုးငှာ စင်ကြယ်သန့်ရှင်းခဲ့သည်သာဖြစ်၏။ထိုမှတစ်ပါး အလ္လာဟ်အရှင်မြတ်အထံတော်သို့သာလျှင်နောက်ဆုံး ပြန်ကြရကုန်အံ့သတည်း။
19 وَمَا يَسْتَوِي الْأَعْمَىٰ وَالْبَصِيرُ
၎င်းပြင် မျက်စိကန်းသူနှင့် မျက်စိမြင်သောသူသည်လည်း မတူပေ။
20 وَلَا الظُّلُمَاتُ وَلَا النُّورُ
ထိုနည်းတူစွာ အမှောင်ထုနှင့် အလင်းရောင်သည်လည်း မတူပေ။
ဘာသာပြန် — ဖာတီရ် 18 စူရာ ဖာတီရ် အာယာသ် 18 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အမှန်စင်စစ်သော်ကား မည်သည့် ဝန်ထုပ်ထမ်းသောသူ (အပြစ်ရှိနေသူ) တစ်စုံတစ်ယောက်မျှပင် သူတစ်ပါး၏ ဝန်ထုပ်ကိုသယ်ပိုး ထမ်းဆောင်မည် မဟုတ်ပေ။၎င်းပြင် အကယ်၍…
စူရာ အာယာသ် 18/45 — စူရာ ဖာတီရ် فاطر (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ဖာတီရ် နားထောင်, စူရာ ဖာတီရ် ဘာသာပြန်, စူရာ ဖာတီရ် mp3, စူရာ ဖာတီရ် pdf. အာယာသ် 16–20. မြန်မာဘာသာ: ภาษาไทย.