အန်-နီဆာ · 90/176
ဘာသာပြန် အသံနိုင်ငံ — စူရာ အန်-နီဆာ
إِلَّا الَّذِينَ يَصِلُونَ إِلَىٰ قَوْمٍ بَيْنَكُمْ وَبَيْنَهُم مِّيثَاقٌ أَوْ جَاءُوكُمْ حَصِرَتْ صُدُورُهُمْ أَن يُقَاتِلُوكُمْ أَوْ يُقَاتِلُوا قَوْمَهُمْ ۚ وَلَوْ شَاءَ اللَّهُ لَسَلَّطَهُمْ عَلَيْكُمْ فَلَقَاتَلُوكُمْ ۚ فَإِنِ اعْتَزَلُوكُمْ فَلَمْ يُقَاتِلُوكُمْ وَأَلْقَوْا إِلَيْكُمُ السَّلَمَ فَمَا جَعَلَ اللَّهُ لَكُمْ عَلَيْهِمْ سَبِيلًا ۝٩٠
Illal lazeena yasiloona ilaa qawmim binakum wa bainahum meesaaqun aw jaaa`ookum hasirat sudooruhum ai yuqaatilookum aw yuqaatiloo qawmahum, wa law shaaa`al laahu lasallatahum `alaikum falaqaatalookum; fa ini` tazalookum falam yuqaatilookum wa alqaw ilaikumus salama famaa ja`alal laahu lakum `alaihim sabeelaa
📖 မြန်မာဘာသာ
သို့ရာတွင် အကြင် (မုနာဖစ်က် မွတ်စ်လင်မ်အယောင်ဆောင်) တို့သည် အကြင်အမျိုးသားတို့ထံ (သွားရောက်) ပူးပေါင်းကြကုန်၏။ အသင်တို့နှင့် ထိုအမျိုးသားတို့၏အကြားတွင် (တစ်ဖက်နှင့်တစ်ဖက် စစ်မဖြစ်ကြရန်) ပဋိညာဉ်ထားရှိပြီးဖြစ်၏။ သို့တည်းမဟုတ် ယင်း (မုနာဖစ်က် မွတ်စ်လင်မ်အယောင်ဆောင်) တို့သည် အသင်တို့ထံသို့လာကြ၏။ ၎င်းတို့သည် အသင်တို့နှင့် တိုက်ခိုက်ရန်သော် လည်းကောင်း၊ မိမိတို့၏ အမျိုးသား (များဖြစ်သော ကာဖိရ်) တို့နှင့် တိုက်ခိုက်ရန်သော်လည်းကောင်း ရင်လေးလျက်ရှိကြကုန်၏။ သို့ရာတွင် အကယ်၍သာ အလ္လာဟ်အင်မြတ်သည် အလိုရှိတော်မူခဲ့ပါလျှင် ဧကန်စင်စစ် ၎င်းတို့အား အသင်တို့အပေါ်ဝယ် အခွင့်အာဏာရှိစေတော်မူခဲ့အံ့။ (တစ်နည်း) နိုင်နင်းစေတော်မူခဲ့အံ့။ သို့ဖြစ်ခဲ့လျှင် မုချဧကန် ထိုသူတို့သည် အသင်တို့အား တိုက်ခိုက်ခဲ့ကြကုန်အံ့။ သို့ဖြစ်ပေရာ အကယ်၍ ၎င်းတို့သည် အသင်တို့ထံမှဆုတ်ခွာ၍ အသင်တို့နှင့်တိုက်ခိုက်ခြင်း မပြုဘဲနေခဲ့ကြပါသော်၊ ထို့ပြင် ၎င်းတို့သည် အသင်တို့ထံ စစ်မက်အရေးကျေအေးရန် ကမ်းလှမ်းခဲ့ကြပါသော် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား ၎င်းတို့နှင့်ဆန့်ကျင်ဘက်ပြုကြရန် (ဝါ) စစ်တိုက်ကြရန် မည်သည့်နည်းလမ်းကိုမျှ ခွင့်ပြုတော်မူသည်မဟုတ်ချေ။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 88-92 — စူရာ အန်-နီဆာ

88۞ فَمَا لَكُمْ فِي الْمُنَافِقِينَ فِئَتَيْنِ وَاللَّهُ أَرْكَسَهُم بِمَا كَسَبُوا ۚ أَتُرِيدُونَ أَن تَهْدُوا مَنْ أَضَلَّ اللَّهُ ۖ وَمَن يُضْلِلِ اللَّهُ فَلَن تَجِدَ لَهُ سَبِيلًا
သို့ပါလျက် အသင်တို့သည် မည်သည့်အတွက်ကြောင့် ‘မုနာဖစ်က်’မွတ်စ်လင်မ်အယောင်ဆောင်တို့နှင့်ပတ်သက်၍ နှစ်စုကွဲနေကြပါသနည်း။ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် ထို ‘မုနာဖစ်က်’အယောင်ဆောင်မွတ်စ်လင်မ်တို့အား ၎င်းတို့၏ ပြုမူဆည်းပူးချက်တို့ကြောင့် ပြောင်းပြန်လှည့်ထားတော်မူခဲ့လေသည်။ အသင်တို့သည် အလ္လာဟ်အရှင်မြတ်က လမ်းမှားသို့ ချထားတော်မူသောသူတို့အား တရားလမ်းမှန်သို့ ရောက်စေလိုကြသလော။ စင်စစ် (အို- နဗီတမန်တော်) အလ္လာဟ်အရှင်မြတ်က လမ်းမှားသို့ ချထားတော်မူသောသူ၏အဖို့ မည်သည့်လမ်းကိုမျှ အသင် အလျင်း တွေ့ရှိလိမ့်မည်မဟုတ်ချေ။
89وَدُّوا لَوْ تَكْفُرُونَ كَمَا كَفَرُوا فَتَكُونُونَ سَوَاءً ۖ فَلَا تَتَّخِذُوا مِنْهُمْ أَوْلِيَاءَ حَتَّىٰ يُهَاجِرُوا فِي سَبِيلِ اللَّهِ ۚ فَإِن تَوَلَّوْا فَخُذُوهُمْ وَاقْتُلُوهُمْ حَيْثُ وَجَدتُّمُوهُمْ ۖ وَلَا تَتَّخِذُوا مِنْهُمْ وَلِيًّا وَلَا نَصِيرًا
၎င်း (မုနာဖစ်က် မွတ်စ်လင်မ်အယောင်ဆောင်) တို့သည် မိမိတို့ (ကိုယ်တိုင်) ‘ကာဖိရ်’ သွေဖည်ငြင်းပယ်သောသူများ ဖြစ်ကြသကဲ့သို့ပင် အသင်တို့လည်း ‘ကာဖိရ်’ သွေဖည်ငြင်းပယ်သောသူများ ဖြစ်ကြရန် တောင့်တကြခဲ့သည်။ သို့မှသာလျှင် အသင်တို့သည်လည်း (၎င်းတို့နှင့်) တန်းတူဖြစ်ကြကုန်အံ့။ သို့ဖြစ်သောကြောင့် ၎င်း (မုနာဖစ်က်) တို့သည် အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ (မိမိတို့၏ အိုးအိမ်တို့ကို စွန့်လွှတ်ကာ) ရွှေ့ပြောင်းထွက်ခွာသွားခြင်း မပြုသမျှကာလပတ်လုံး အသင်တို့သည် ထိုသူတို့အနက် မည်သူတစ်ဦးတစ်ယောက်ကိုမျှ အဆွေခင်ပွန်းမပြုကြကုန်လင့်။ တစ်ဖန် အကယ်၍ ယင်းသူတို့သည် (မိမိတို့၏အိုးအိမ်များကို စွန့်လွှတ် ရွှေ့ပြောင်းထွက်ခွာသွားရန် အမိန့်တော်ကို) သွေဖည်လွှဲရှောင်သွားခဲ့ကြပါမူ၊ အသင်တို့သည် ၎င်းတို့အား တွေ့ရှိရာအရပ်၌ ဖမ်းဆီးကြကုန်။ သတ်ဖြတ်ကြကုန်၊ ၎င်းပြင် အသင်တို့သည် ထိုသူတို့အနက် မည်သူတစ်ဦးတယောက်ကိုမျှ အဆွေခင်ပွန်းဟူ၍လည်းကောင်း၊ မိမိတို့အား ကူညီစောင်မမည့်သူဟူ၍လည်းကောင်း (မှတ်ယူခြင်း) မပြုကြကုန်လင့်။
90إِلَّا الَّذِينَ يَصِلُونَ إِلَىٰ قَوْمٍ بَيْنَكُمْ وَبَيْنَهُم مِّيثَاقٌ أَوْ جَاءُوكُمْ حَصِرَتْ صُدُورُهُمْ أَن يُقَاتِلُوكُمْ أَوْ يُقَاتِلُوا قَوْمَهُمْ ۚ وَلَوْ شَاءَ اللَّهُ لَسَلَّطَهُمْ عَلَيْكُمْ فَلَقَاتَلُوكُمْ ۚ فَإِنِ اعْتَزَلُوكُمْ فَلَمْ يُقَاتِلُوكُمْ وَأَلْقَوْا إِلَيْكُمُ السَّلَمَ فَمَا جَعَلَ اللَّهُ لَكُمْ عَلَيْهِمْ سَبِيلًا
သို့ရာတွင် အကြင် (မုနာဖစ်က် မွတ်စ်လင်မ်အယောင်ဆောင်) တို့သည် အကြင်အမျိုးသားတို့ထံ (သွားရောက်) ပူးပေါင်းကြကုန်၏။ အသင်တို့နှင့် ထိုအမျိုးသားတို့၏အကြားတွင် (တစ်ဖက်နှင့်တစ်ဖက် စစ်မဖြစ်ကြရန်) ပဋိညာဉ်ထားရှိပြီးဖြစ်၏။ သို့တည်းမဟုတ် ယင်း (မုနာဖစ်က် မွတ်စ်လင်မ်အယောင်ဆောင်) တို့သည် အသင်တို့ထံသို့လာကြ၏။ ၎င်းတို့သည် အသင်တို့နှင့် တိုက်ခိုက်ရန်သော် လည်းကောင်း၊ မိမိတို့၏ အမျိုးသား (များဖြစ်သော ကာဖိရ်) တို့နှင့် တိုက်ခိုက်ရန်သော်လည်းကောင်း ရင်လေးလျက်ရှိကြကုန်၏။ သို့ရာတွင် အကယ်၍သာ အလ္လာဟ်အင်မြတ်သည် အလိုရှိတော်မူခဲ့ပါလျှင် ဧကန်စင်စစ် ၎င်းတို့အား အသင်တို့အပေါ်ဝယ် အခွင့်အာဏာရှိစေတော်မူခဲ့အံ့။ (တစ်နည်း) နိုင်နင်းစေတော်မူခဲ့အံ့။ သို့ဖြစ်ခဲ့လျှင် မုချဧကန် ထိုသူတို့သည် အသင်တို့အား တိုက်ခိုက်ခဲ့ကြကုန်အံ့။ သို့ဖြစ်ပေရာ အကယ်၍ ၎င်းတို့သည် အသင်တို့ထံမှဆုတ်ခွာ၍ အသင်တို့နှင့်တိုက်ခိုက်ခြင်း မပြုဘဲနေခဲ့ကြပါသော်၊ ထို့ပြင် ၎င်းတို့သည် အသင်တို့ထံ စစ်မက်အရေးကျေအေးရန် ကမ်းလှမ်းခဲ့ကြပါသော် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား ၎င်းတို့နှင့်ဆန့်ကျင်ဘက်ပြုကြရန် (ဝါ) စစ်တိုက်ကြရန် မည်သည့်နည်းလမ်းကိုမျှ ခွင့်ပြုတော်မူသည်မဟုတ်ချေ။
91سَتَجِدُونَ آخَرِينَ يُرِيدُونَ أَن يَأْمَنُوكُمْ وَيَأْمَنُوا قَوْمَهُمْ كُلَّ مَا رُدُّوا إِلَى الْفِتْنَةِ أُرْكِسُوا فِيهَا ۚ فَإِن لَّمْ يَعْتَزِلُوكُمْ وَيُلْقُوا إِلَيْكُمُ السَّلَمَ وَيَكُفُّوا أَيْدِيَهُمْ فَخُذُوهُمْ وَاقْتُلُوهُمْ حَيْثُ ثَقِفْتُمُوهُمْ ۚ وَأُولَٰئِكُمْ جَعَلْنَا لَكُمْ عَلَيْهِمْ سُلْطَانًا مُّبِينًا
အသင်တို့သည် အခြားသူတို့ကိုလည်း မကြာမြင့်မီ တွေ့ရှိကြလတ္တံ့။ ထိုသူတို့သည် အသင်တို့၏ဘေးရန်များမှလည်းကောင်း၊ မိမိတို့လူမျိုးဖြစ်သော ကာဖိရ်တို့၏ ဘေးရန်များမှလည်းကောင်း၊ လွတ်ကင်းချမ်းသာစွာနေလိုကြ၏။ (သို့ရာတွင်) ထိုသူတို့သည် မည်သည့်အခါမျိုးမဆို စစ်တိုက်ခိုက်မှုတွင် ကာဖိရ်တို့၏ ပြန်လည်သိမ်းသွင်းခြင်းကို ခံကြရသော်၊ ထိုစစ်တိုက်ခိုက်မှုဘက်သို့ပင် ပြန်လှည့်တတ်ကြကုန်၏။ သို့ဖြစ်ပေရာ အကယ်၍သာ ၎င်းတို့သည် အသင်တို့ (နှင့် ပြိုင်ဆိုင်တိုက်ခိုက်ခြင်း) မှ ဆုတ်ခွာ၍မနေခဲ့သည်ရှိသော်၊ ၎င်းပြင် အသင်တို့ထံ စစ်မက်အရေး ကျေအေးပြေငြိမ်းရန် ကမ်းလှမ်းခြင်းမပြုခဲ့သည်ရှိသော်၊ ၎င်းပြင် မိမိတို့လက်များကို (အသင်တို့နှင့် ပြိုင်ဆိုင်တိုက်ခိုက်ခြင်းမှ) ချုပ်တည်း၍ထားခြင်း မပြုခဲ့ကြသည်ရှိသော် အသင်တို့သည် ၎င်းတို့အား တွေ့ရှိရာအရပ်ဒေသ၌ ဖမ်းဆီးကြလေကုန်။ သတ်ဖြတ်ကြလေကုန်။ ဤသူတို့အပေါ်၌ပင်လျှင် ငါအရှင်မြတ်သည် အသင်တို့အား ထင်ရှားသောအခွင့်အာဏာ၊ တန်ခိုးသတ္တိ၊ နိုင်နင်းမှုကို ပေးသနားတော်မူခဲ့လေသည်။ (ရကူ)
92وَمَا كَانَ لِمُؤْمِنٍ أَن يَقْتُلَ مُؤْمِنًا إِلَّا خَطَأً ۚ وَمَن قَتَلَ مُؤْمِنًا خَطَأً فَتَحْرِيرُ رَقَبَةٍ مُّؤْمِنَةٍ وَدِيَةٌ مُّسَلَّمَةٌ إِلَىٰ أَهْلِهِ إِلَّا أَن يَصَّدَّقُوا ۚ فَإِن كَانَ مِن قَوْمٍ عَدُوٍّ لَّكُمْ وَهُوَ مُؤْمِنٌ فَتَحْرِيرُ رَقَبَةٍ مُّؤْمِنَةٍ ۖ وَإِن كَانَ مِن قَوْمٍ بَيْنَكُمْ وَبَيْنَهُم مِّيثَاقٌ فَدِيَةٌ مُّسَلَّمَةٌ إِلَىٰ أَهْلِهِ وَتَحْرِيرُ رَقَبَةٍ مُّؤْمِنَةٍ ۖ فَمَن لَّمْ يَجِدْ فَصِيَامُ شَهْرَيْنِ مُتَتَابِعَيْنِ تَوْبَةً مِّنَ اللَّهِ ۗ وَكَانَ اللَّهُ عَلِيمًا حَكِيمًا
၎င်းပြင် မှား�ွင်းချွတ်ချော်၍သတ်မိခြင်းမှအပ အကြင်မွတ်စ်လင်မ်တစ်ဦးတစ်ယောက်ကို သတ်ဖြတ်ခြင်းသည် မည်သည့် မွတ်စ်လင်မ်တစ်ဦးတစ်ယောက်၏ ဂုဏ်အင်္ဂါနှင့်မျှ မညီညွတ်ချေ။ (တစ်နည်း) မည်သည့် မွတ်စ်လင်မ်တစ်ဦးတစ်ယောက်အဖို့မျှ မထိုက်ပေ။ (သို့ရာတွင် အကြင်သူတစ်ယောက်သည် မွတ်စလင်မ်တစ်ဦးတစ်ယောက်ကို မှားယွင်းချွတ်ချော်၍ သတ်ဖြတ်မိခဲ့ပါမူ (ထိုသူ၌) မွတ်စ်လင်မ် ကျွန်တစ်ယောက်ကို လွတ်မြောက်စေရမည့်ပြင် ထို (အသတ်ခံရသော) သူ၏ဆွေမျိုး အမွေစားအမွေခံတို့အား လျော်ကြေးပေးရန်လည်းတာဝန်ရှိပေသည်။ သို့ရာတွင် ထိုအမွေစားအမွေခံတို့က ခွင့်လွှတ်ကြသည်ရှိသော် (လျော်ကြေးပေးရန်မလိုပေ) ။ တစ်ဖန် အကယ်၍ ထို (မှားယွင်း၍ အသတ်ခံရသော) သူသည် အသင်တို့၏ရန်သူများအသင်းမှ ဖြစ်အံ့၊ ၎င်းပြင် ထိုသူသည်မွတ်စ်လင်မ်လည်းဖြစ်အံ့၊ သို့ဖြစ်လျှင် (သတ်မိသောသူ၌) မွတ်စ်လင်မ်ကျွန်တစ်ယောက်ကို လွတ်မြောက်စေရန် (သာ) တာဝန်ရှိ၏။ ၎င်းပြင်အကယ်၍ ထို (မှားယွင်း၍ အသတ်ခံရသော) သူသည် အသင်တို့၏ မဟာမိတ်တို့ အသင်းမှ ဖြစ်ခဲ့လျှင် ၎င်း၏အမွေစားအမွေခံတို့အား လျော်ကြေးပေးရမည့်အပြင်၊ မွတ်စ်လင်မ်ကျွန်တစ်ယောက်ကိုလည်း လွတ်မြောက်စေရန် တာဝန်ရှိပေသေး၏။ တစ်ဖန် အကြင်သူသည် (ကျွန်ကို လွတ်မြောက်စေရန် စရိတ်စက) မတတ်နိုင်ခဲ့လျှင် ထိုသူသည် နှစ်လတိတိ အဆက်မပြတ် တဆက်တည်း ဥပုသ်သီလဆောက်တည်ရပေမည်။ (ဤသည်) အလ္လာဟ်အရှင်မြတ်အထံတော်မှ သတ်မှတ်ပြဋ္ဌာန်းတော်မူသော ဝန်ချတောင်းပန်ရန် နည်းပင်ဖြစ်ပေသည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့ သိတော်မူသောအရှင်၊ ကျိုးကြောင်းဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအရှင်ဖြစ် တော်မူသည်။
အန်-နီဆာကုရ်အာန် ညွှန်းကိန်း
176အာယာသ်
MedinanRevelation
90အာယာသ်

ဘာသာပြန် — အန်-နီဆာ 90

စူရာ အန်-နီဆာ အာယာသ် 90 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : သို့ရာတွင် အကြင် (မုနာဖစ်က် မွတ်စ်လင်မ်အယောင်ဆောင်) တို့သည် အကြင်အမျိုးသားတို့ထံ (သွားရောက်) ပူးပေါင်းကြကုန်၏။ အသင်တို့နှင့် ထိုအမျိုးသားတို့၏အကြားတွင်…

စူရာ အာယာသ် 90/176 — စူရာ အန်-နီဆာ النساء (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အန်-နီဆာ နားထောင်, စူရာ အန်-နီဆာ ဘာသာပြန်, စူရာ အန်-နီဆာ mp3, စူရာ အန်-နီဆာ pdf. အာယာသ် 88–92. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Wednesday, September 30, 2026

Don't forget us in your sincere prayers