အန်-နီဆာ · 89/176
ဘာသာပြန် အသံနိုင်ငံ — စူရာ အန်-နီဆာ
وَدُّوا لَوْ تَكْفُرُونَ كَمَا كَفَرُوا فَتَكُونُونَ سَوَاءً ۖ فَلَا تَتَّخِذُوا مِنْهُمْ أَوْلِيَاءَ حَتَّىٰ يُهَاجِرُوا فِي سَبِيلِ اللَّهِ ۚ فَإِن تَوَلَّوْا فَخُذُوهُمْ وَاقْتُلُوهُمْ حَيْثُ وَجَدتُّمُوهُمْ ۖ وَلَا تَتَّخِذُوا مِنْهُمْ وَلِيًّا وَلَا نَصِيرًا ۝٨٩
Wadoo law takfuroona kamaa kafaroo fatakoonoona sawaaa`an falaa tattakhizoo minhum awliyaaa`a hattaa yuhaajiroo fee sabeelil laah; fa in tawallaw fa khuzoohum waqtuloohum haisu wajat tumoohum wa laa tattakhizoo minhum waliyyanw wa laa naseeraa
📖 မြန်မာဘာသာ
၎င်း (မုနာဖစ်က် မွတ်စ်လင်မ်အယောင်ဆောင်) တို့သည် မိမိတို့ (ကိုယ်တိုင်) ‘ကာဖိရ်’ သွေဖည်ငြင်းပယ်သောသူများ ဖြစ်ကြသကဲ့သို့ပင် အသင်တို့လည်း ‘ကာဖိရ်’ သွေဖည်ငြင်းပယ်သောသူများ ဖြစ်ကြရန် တောင့်တကြခဲ့သည်။ သို့မှသာလျှင် အသင်တို့သည်လည်း (၎င်းတို့နှင့်) တန်းတူဖြစ်ကြကုန်အံ့။ သို့ဖြစ်သောကြောင့် ၎င်း (မုနာဖစ်က်) တို့သည် အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ (မိမိတို့၏ အိုးအိမ်တို့ကို စွန့်လွှတ်ကာ) ရွှေ့ပြောင်းထွက်ခွာသွားခြင်း မပြုသမျှကာလပတ်လုံး အသင်တို့သည် ထိုသူတို့အနက် မည်သူတစ်ဦးတစ်ယောက်ကိုမျှ အဆွေခင်ပွန်းမပြုကြကုန်လင့်။ တစ်ဖန် အကယ်၍ ယင်းသူတို့သည် (မိမိတို့၏အိုးအိမ်များကို စွန့်လွှတ် ရွှေ့ပြောင်းထွက်ခွာသွားရန် အမိန့်တော်ကို) သွေဖည်လွှဲရှောင်သွားခဲ့ကြပါမူ၊ အသင်တို့သည် ၎င်းတို့အား တွေ့ရှိရာအရပ်၌ ဖမ်းဆီးကြကုန်။ သတ်ဖြတ်ကြကုန်၊ ၎င်းပြင် အသင်တို့သည် ထိုသူတို့အနက် မည်သူတစ်ဦးတယောက်ကိုမျှ အဆွေခင်ပွန်းဟူ၍လည်းကောင်း၊ မိမိတို့အား ကူညီစောင်မမည့်သူဟူ၍လည်းကောင်း (မှတ်ယူခြင်း) မပြုကြကုန်လင့်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ ကမ္မသဒ္ဒါအနက်ဖွင့်ဆိုချက်

  • وَدُّوا (ဝဒ္ဒူ) — သူတို့သည် လိုလားတောင့်တကြ၏။
  • تَكْفُرُونَ (တက်က္ဖုရူန) — သင်တို့သည် ကုဖ်ရ် (မယုံကြည်မှု) ပြုကြ၏။
  • سَوَاءً (စဝါအာ) — တူညီသော၊ ညီမျှသော။
  • أَوْلِيَاءَ (အောင်လိယာ) — မိတ်ဆွေများ၊ အုပ်ထိန်းသူများ၊ ယုံကြည်စိတ်ချရသူများ။
  • يُهَاجِرُوا (ယုဟာဂျိရူ) — သူတို့သည် ဟိဂျ်ရတ် (ရွှေ့ပြောင်းနေထိုင်မှု) ပြုကြ၏။
  • تَوَلَّوْا (တဝလ္လဝ်) — သူတို့သည် လှည့်ထွက်သွားကြ၏၊ မျက်နှာလွှဲကြ၏။
  • نَصِيرًا (နဆီရာ) — ကူညီသူ၊ ထောက်ပံ့သူ။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

ဤအာယသ်တော်သည် မုနာဖိကူန်များ (အယောင်ဆောင်မွတ်စ်လင်မ်များ) နှင့် ပတ်သက်၍ ဖော်ပြထားခြင်းဖြစ်သည်။ သူတို့သည် မွတ်စ်လင်မ်များအား “သင်တို့သည် ငါတို့ကဲ့သို့ပင် အစ္စလာမ်ကို စွန့်လွှတ်ကာ ကုဖ်ရ်ပြုလိုက်ပါက ငါတို့နှင့် သင်တို့သည် တူညီသွားမည်” ဟု လိုလားတောင့်တနေကြသည်။ သူတို့သည် မွတ်စ်လင်မ်များကို မိမိတို့နှင့်အတူ ကုဖ်ရ်လမ်းစဉ်ထဲ ဆွဲသွင်းလိုကြသည်။

ထို့ကြောင့် အလ္လာဟ်အရှင်မြတ်သည် မုအ်မင်န်များအား ထိုမုနာဖိကူန်များကို မိတ်ဆွေများအဖြစ် မယူဆကြရန် သတိပေးတော်မူသည်။ အကယ်၍ သူတို့သည် အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ ဟိဂျ်ရတ်ပြုခြင်း (ကုဖ်ရ်နယ်မြေမှ အစ္စလာမ်နယ်မြေသို့ ရွှေ့ပြောင်းခြင်း) ဖြင့် မိမိတို့၏ ဣမာန်ကို သက်သေပြသည်အထိ သူတို့အား မိတ်ဆွေအဖြစ် မယူဆကြရန် မိန့်တော်မူသည်။

အကယ်၍ သူတို့သည် ဣမာန်နှင့် ဟိဂျ်ရတ်ကို မျက်နှာလွှဲထွက်သွားကြပါက မုအ်မင်န်များအနေဖြင့် သူတို့ကို မည်သည့်နေရာ၌ တွေ့တွေ့ ဖမ်းဆီးကြရမည်၊ သတ်ဖြတ်ကြရမည်ဟု မိန့်တော်မူသည်။ ထို့ပြင် သူတို့ထဲမှ မည်သူ့ကိုမျှ မိတ်ဆွေ သို့မဟုတ် ကူညီသူအဖြစ် မယူဆကြရန် သတိပေးတော်မူသည်။

ဤသည်မှာ မုအ်မင်န်များ၏ လုံခြုံရေးနှင့် စည်းလုံးညီညွတ်ရေးကို ကာကွယ်ရန်အတွက် ချမှတ်ထားသော ဥပဒေသတော်ဖြစ်သည်။ မုနာဖိကူန်များသည် အပြင်ပန်းအားဖြင့် မွတ်စ်လင်မ်များအဖြစ် ဟန်ဆောင်နေသော်လည်း အတွင်းစိတ်ထဲတွင် ကုဖ်ရ



📜 အာယာသ် 87-91 — စူရာ အန်-နီဆာ

87اللَّهُ لَا إِلَٰهَ إِلَّا هُوَ ۚ لَيَجْمَعَنَّكُمْ إِلَىٰ يَوْمِ الْقِيَامَةِ لَا رَيْبَ فِيهِ ۗ وَمَنْ أَصْدَقُ مِنَ اللَّهِ حَدِيثًا
အလ္လာဟ်အရှင်မြတ်သည် အကြင်အရှင်မြတ်ပင်တည်း။ ထိုအရှင်မြတ်မှတစ်ပါး အခြားကိုးကွယ်ရာ အလျင်းမရှိပေ။ ထိုအရှင်မြတ်သည် မုချ အသင်တို့ကို‘ကိယာမတ်’ ခေါ် ရှင်ပြန်ထမည့်နေ့တွင် စုရုံးစေသော်မူအံ့။ ဤအရာ၌ ဒွိဟသံသယ အလျင်းမရှိရပေ။ စင်စစ်သော်ကား စကားအရာ၌ အလ္လာဟ်အရှင်မြတ်ထက် ပိုမိုမှန်ကန်စွာပြောဆိုသောသူ မည်သူရှိပါမည်နည်း။
88۞ فَمَا لَكُمْ فِي الْمُنَافِقِينَ فِئَتَيْنِ وَاللَّهُ أَرْكَسَهُم بِمَا كَسَبُوا ۚ أَتُرِيدُونَ أَن تَهْدُوا مَنْ أَضَلَّ اللَّهُ ۖ وَمَن يُضْلِلِ اللَّهُ فَلَن تَجِدَ لَهُ سَبِيلًا
သို့ပါလျက် အသင်တို့သည် မည်သည့်အတွက်ကြောင့် ‘မုနာဖစ်က်’မွတ်စ်လင်မ်အယောင်ဆောင်တို့နှင့်ပတ်သက်၍ နှစ်စုကွဲနေကြပါသနည်း။ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် ထို ‘မုနာဖစ်က်’အယောင်ဆောင်မွတ်စ်လင်မ်တို့အား ၎င်းတို့၏ ပြုမူဆည်းပူးချက်တို့ကြောင့် ပြောင်းပြန်လှည့်ထားတော်မူခဲ့လေသည်။ အသင်တို့သည် အလ္လာဟ်အရှင်မြတ်က လမ်းမှားသို့ ချထားတော်မူသောသူတို့အား တရားလမ်းမှန်သို့ ရောက်စေလိုကြသလော။ စင်စစ် (အို- နဗီတမန်တော်) အလ္လာဟ်အရှင်မြတ်က လမ်းမှားသို့ ချထားတော်မူသောသူ၏အဖို့ မည်သည့်လမ်းကိုမျှ အသင် အလျင်း တွေ့ရှိလိမ့်မည်မဟုတ်ချေ။
89وَدُّوا لَوْ تَكْفُرُونَ كَمَا كَفَرُوا فَتَكُونُونَ سَوَاءً ۖ فَلَا تَتَّخِذُوا مِنْهُمْ أَوْلِيَاءَ حَتَّىٰ يُهَاجِرُوا فِي سَبِيلِ اللَّهِ ۚ فَإِن تَوَلَّوْا فَخُذُوهُمْ وَاقْتُلُوهُمْ حَيْثُ وَجَدتُّمُوهُمْ ۖ وَلَا تَتَّخِذُوا مِنْهُمْ وَلِيًّا وَلَا نَصِيرًا
၎င်း (မုနာဖစ်က် မွတ်စ်လင်မ်အယောင်ဆောင်) တို့သည် မိမိတို့ (ကိုယ်တိုင်) ‘ကာဖိရ်’ သွေဖည်ငြင်းပယ်သောသူများ ဖြစ်ကြသကဲ့သို့ပင် အသင်တို့လည်း ‘ကာဖိရ်’ သွေဖည်ငြင်းပယ်သောသူများ ဖြစ်ကြရန် တောင့်တကြခဲ့သည်။ သို့မှသာလျှင် အသင်တို့သည်လည်း (၎င်းတို့နှင့်) တန်းတူဖြစ်ကြကုန်အံ့။ သို့ဖြစ်သောကြောင့် ၎င်း (မုနာဖစ်က်) တို့သည် အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ (မိမိတို့၏ အိုးအိမ်တို့ကို စွန့်လွှတ်ကာ) ရွှေ့ပြောင်းထွက်ခွာသွားခြင်း မပြုသမျှကာလပတ်လုံး အသင်တို့သည် ထိုသူတို့အနက် မည်သူတစ်ဦးတစ်ယောက်ကိုမျှ အဆွေခင်ပွန်းမပြုကြကုန်လင့်။ တစ်ဖန် အကယ်၍ ယင်းသူတို့သည် (မိမိတို့၏အိုးအိမ်များကို စွန့်လွှတ် ရွှေ့ပြောင်းထွက်ခွာသွားရန် အမိန့်တော်ကို) သွေဖည်လွှဲရှောင်သွားခဲ့ကြပါမူ၊ အသင်တို့သည် ၎င်းတို့အား တွေ့ရှိရာအရပ်၌ ဖမ်းဆီးကြကုန်။ သတ်ဖြတ်ကြကုန်၊ ၎င်းပြင် အသင်တို့သည် ထိုသူတို့အနက် မည်သူတစ်ဦးတယောက်ကိုမျှ အဆွေခင်ပွန်းဟူ၍လည်းကောင်း၊ မိမိတို့အား ကူညီစောင်မမည့်သူဟူ၍လည်းကောင်း (မှတ်ယူခြင်း) မပြုကြကုန်လင့်။
90إِلَّا الَّذِينَ يَصِلُونَ إِلَىٰ قَوْمٍ بَيْنَكُمْ وَبَيْنَهُم مِّيثَاقٌ أَوْ جَاءُوكُمْ حَصِرَتْ صُدُورُهُمْ أَن يُقَاتِلُوكُمْ أَوْ يُقَاتِلُوا قَوْمَهُمْ ۚ وَلَوْ شَاءَ اللَّهُ لَسَلَّطَهُمْ عَلَيْكُمْ فَلَقَاتَلُوكُمْ ۚ فَإِنِ اعْتَزَلُوكُمْ فَلَمْ يُقَاتِلُوكُمْ وَأَلْقَوْا إِلَيْكُمُ السَّلَمَ فَمَا جَعَلَ اللَّهُ لَكُمْ عَلَيْهِمْ سَبِيلًا
သို့ရာတွင် အကြင် (မုနာဖစ်က် မွတ်စ်လင်မ်အယောင်ဆောင်) တို့သည် အကြင်အမျိုးသားတို့ထံ (သွားရောက်) ပူးပေါင်းကြကုန်၏။ အသင်တို့နှင့် ထိုအမျိုးသားတို့၏အကြားတွင် (တစ်ဖက်နှင့်တစ်ဖက် စစ်မဖြစ်ကြရန်) ပဋိညာဉ်ထားရှိပြီးဖြစ်၏။ သို့တည်းမဟုတ် ယင်း (မုနာဖစ်က် မွတ်စ်လင်မ်အယောင်ဆောင်) တို့သည် အသင်တို့ထံသို့လာကြ၏။ ၎င်းတို့သည် အသင်တို့နှင့် တိုက်ခိုက်ရန်သော် လည်းကောင်း၊ မိမိတို့၏ အမျိုးသား (များဖြစ်သော ကာဖိရ်) တို့နှင့် တိုက်ခိုက်ရန်သော်လည်းကောင်း ရင်လေးလျက်ရှိကြကုန်၏။ သို့ရာတွင် အကယ်၍သာ အလ္လာဟ်အင်မြတ်သည် အလိုရှိတော်မူခဲ့ပါလျှင် ဧကန်စင်စစ် ၎င်းတို့အား အသင်တို့အပေါ်ဝယ် အခွင့်အာဏာရှိစေတော်မူခဲ့အံ့။ (တစ်နည်း) နိုင်နင်းစေတော်မူခဲ့အံ့။ သို့ဖြစ်ခဲ့လျှင် မုချဧကန် ထိုသူတို့သည် အသင်တို့အား တိုက်ခိုက်ခဲ့ကြကုန်အံ့။ သို့ဖြစ်ပေရာ အကယ်၍ ၎င်းတို့သည် အသင်တို့ထံမှဆုတ်ခွာ၍ အသင်တို့နှင့်တိုက်ခိုက်ခြင်း မပြုဘဲနေခဲ့ကြပါသော်၊ ထို့ပြင် ၎င်းတို့သည် အသင်တို့ထံ စစ်မက်အရေးကျေအေးရန် ကမ်းလှမ်းခဲ့ကြပါသော် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား ၎င်းတို့နှင့်ဆန့်ကျင်ဘက်ပြုကြရန် (ဝါ) စစ်တိုက်ကြရန် မည်သည့်နည်းလမ်းကိုမျှ ခွင့်ပြုတော်မူသည်မဟုတ်ချေ။
91سَتَجِدُونَ آخَرِينَ يُرِيدُونَ أَن يَأْمَنُوكُمْ وَيَأْمَنُوا قَوْمَهُمْ كُلَّ مَا رُدُّوا إِلَى الْفِتْنَةِ أُرْكِسُوا فِيهَا ۚ فَإِن لَّمْ يَعْتَزِلُوكُمْ وَيُلْقُوا إِلَيْكُمُ السَّلَمَ وَيَكُفُّوا أَيْدِيَهُمْ فَخُذُوهُمْ وَاقْتُلُوهُمْ حَيْثُ ثَقِفْتُمُوهُمْ ۚ وَأُولَٰئِكُمْ جَعَلْنَا لَكُمْ عَلَيْهِمْ سُلْطَانًا مُّبِينًا
အသင်တို့သည် အခြားသူတို့ကိုလည်း မကြာမြင့်မီ တွေ့ရှိကြလတ္တံ့။ ထိုသူတို့သည် အသင်တို့၏ဘေးရန်များမှလည်းကောင်း၊ မိမိတို့လူမျိုးဖြစ်သော ကာဖိရ်တို့၏ ဘေးရန်များမှလည်းကောင်း၊ လွတ်ကင်းချမ်းသာစွာနေလိုကြ၏။ (သို့ရာတွင်) ထိုသူတို့သည် မည်သည့်အခါမျိုးမဆို စစ်တိုက်ခိုက်မှုတွင် ကာဖိရ်တို့၏ ပြန်လည်သိမ်းသွင်းခြင်းကို ခံကြရသော်၊ ထိုစစ်တိုက်ခိုက်မှုဘက်သို့ပင် ပြန်လှည့်တတ်ကြကုန်၏။ သို့ဖြစ်ပေရာ အကယ်၍သာ ၎င်းတို့သည် အသင်တို့ (နှင့် ပြိုင်ဆိုင်တိုက်ခိုက်ခြင်း) မှ ဆုတ်ခွာ၍မနေခဲ့သည်ရှိသော်၊ ၎င်းပြင် အသင်တို့ထံ စစ်မက်အရေး ကျေအေးပြေငြိမ်းရန် ကမ်းလှမ်းခြင်းမပြုခဲ့သည်ရှိသော်၊ ၎င်းပြင် မိမိတို့လက်များကို (အသင်တို့နှင့် ပြိုင်ဆိုင်တိုက်ခိုက်ခြင်းမှ) ချုပ်တည်း၍ထားခြင်း မပြုခဲ့ကြသည်ရှိသော် အသင်တို့သည် ၎င်းတို့အား တွေ့ရှိရာအရပ်ဒေသ၌ ဖမ်းဆီးကြလေကုန်။ သတ်ဖြတ်ကြလေကုန်။ ဤသူတို့အပေါ်၌ပင်လျှင် ငါအရှင်မြတ်သည် အသင်တို့အား ထင်ရှားသောအခွင့်အာဏာ၊ တန်ခိုးသတ္တိ၊ နိုင်နင်းမှုကို ပေးသနားတော်မူခဲ့လေသည်။ (ရကူ)
အန်-နီဆာကုရ်အာန် ညွှန်းကိန်း
176အာယာသ်
MedinanRevelation
89အာယာသ်

ဘာသာပြန် — အန်-နီဆာ 89

စူရာ အန်-နီဆာ အာယာသ် 89 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ၎င်း (မုနာဖစ်က် မွတ်စ်လင်မ်အယောင်ဆောင်) တို့သည် မိမိတို့ (ကိုယ်တိုင်) ‘ကာဖိရ်’ သွေဖည်ငြင်းပယ်သောသူများ ဖြစ်ကြသကဲ့သို့ပင် အသင်တို့လည်း…

စူရာ အာယာသ် 89/176 — စူရာ အန်-နီဆာ النساء (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အန်-နီဆာ နားထောင်, စူရာ အန်-နီဆာ ဘာသာပြန်, စူရာ အန်-နီဆာ mp3, စူရာ အန်-နီဆာ pdf. အာယာသ် 87–91. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Wednesday, October 21, 2026

Don't forget us in your sincere prayers