سَنُرِيهِمْ آيَاتِنَا فِي الْآفَاقِ وَفِي أَنفُسِهِمْ حَتَّىٰ يَتَبَيَّنَ لَهُمْ أَنَّهُ الْحَقُّ ۗ أَوَلَمْ يَكْفِ بِرَبِّكَ أَنَّهُ عَلَىٰ كُلِّ شَيْءٍ شَهِيدٌ ٥٣
🔤 Transliteration
Sanureehim Aayaatinaa fil aafaaqi wa feee anfusihim hattaa yatabaiyana lahum annahul haqq; awa lam yakfi bi Rabbika annahoo `alaa kulli shai-in Shaheed
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
မကြာမြင့်မီပင် ငါအရှင်မြတ်သည် ထိုသူတို့ အားမိုးကုပ်စက်ဝိုင်းများ၌လည်းကောင်း၊ ထိုသူတို့၏ ကိုယ်များ၌လည်းကောင်း၊ မိမိသက်သေလက္ခဏာတော်များကို ပြတော်မူမည်။ နောက်ဆုံးတွင် ၎င်းတို့၌ ဧကန်စင်စစ် ယင်း(ကုရ်အာန်ကျမ်းတော်မြတ်)မှန်ကန်ကြောင်း သိသာထင်ရှား၍လာပေမည်။ (အို-နဗီတမန်တော်၊)အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည်ပင် (အသင့်အဖို့) လုံလောက်တော်မူသည် မဟုတ်လော။ ဧကန်မလွဲ ထိုအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို မြင်တော်မူ သော အသိသက်သေပင် ဖြစ်တော်မူ၏။
🌐 Additional reference in ภาษาไทย
၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ آيَاتِنَا (အာယာသ်နာ) — ငါအရှင်မြတ်၏ သက်သေလက္ခဏာများ၊ အံ့ဖွယ်ရာ နိမိတ်များ။الْآفَاقِ (အလ်အာဖာက်) — လောကီနယ်ပယ်များ၊ ဒေသအရပ်ရပ်၊ မိုးကောင်းကင်နှင့် မြေပြင်အနှံ့အပြား။أَنفُسِهِمْ (အန်ဖုစိဟင်မ်) — သူတို့၏ ကိုယ်တွင်းကိုယ်ပိုင်၊ သူတို့ကိုယ်တိုင်။يَتَبَيَّنَ (ယာသဗိုင်ယန) — ထင်ရှားစွာ သိသာထင်ရှားလာသည်။شَهِيدٌ (ရှဟီဒ်) — သက်သေခံတော်မူသောအရှင်၊ အရာခပ်သိမ်းကို မြင်သိသက်သေခံတော်မူသောအရှင်။၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက် အလ္လာဟ်အရှင်မြတ်သည် မိစ္ဆာဒိဋ္ဌိတို့အား မိမိ၏ သက်သေလက္ခဏာများကို လောကီနယ်ပယ်အရပ်ရပ်၌လည်းကောင်း၊ သူတို့၏ ကိုယ်တွင်း၌လည်းကောင်း ပြသတော်မူမည်ဖြစ်သည်။ လောကီနယ်ပယ်များ၌ ပြသတော်မူခြင်းမှာ အစ္စလာမ်သာသနာ အောင်ပွဲရရှိမှုများ၊ မွတ်စ်လင်မ်တို့ သိမ်းပိုက်ရရှိသော ဒေသများ၊ မိုးကောင်းကင်နှင့် မြေပြင်တွင် ဖြစ်ပေါ်သော ကြီးကျယ်သော အဖြစ်အပျက်များဖြစ်သည်။ သူတို့၏ ကိုယ်တွင်း၌ ပြသတော်မူခြင်းမှာ ဗဒရ်စစ်ပွဲနှင့် မက္ကာမြို့ကို သိမ်းပိုက်ခြင်းကဲ့သို့သော ဖြစ်ရပ်များဖြစ်သည်။ ဤသို့ဖြင့် ကုရ်အာန်သည် အမှန်တရားဖြစ်ကြောင်း၊ ရှရီအသ်တရားတော်သည် သစ္စာတရားဖြစ်ကြောင်း သူတို့ထံ သံသယကင်းစွာ ထင်ရှားလာမည်ဖြစ်သည်။
ထို့နောက် အလ္လာဟ်အရှင်မြတ်သည် ဤသို့ မိန့်တော်မူသည် — အို တမန်တော်၊ သင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် အရာခပ်သိမ်းကို သက်သေခံတော်မူသောအရှင် ဖြစ်တော်မူခြင်းသည် ဤမိစ္ဆာဒိဋ္ဌိတို့အတွက် ကုရ်အာန်သည် အမှန်တရားဖြစ်ကြောင်း လုံလောက်သော သက်သေအထောက်အထား မဟုတ်လော။ အလ္လာဟ်အရှင်မြတ်၏ သက်သေခံချက်ထက် ကြီးမြတ်သော သက်သေခံချက် မည်သည်က ရှိသနည်း။ အကယ်၍ သူတို့သည် အမှန်တရားကို လိုလားသူများဖြစ်ပါက သူတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ သက်သေခံချက်ဖြင့်ပင် ကျေနပ်သင့်ပေသည်။
၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ အလ္လာဟ်အရှင်မြတ်သည် မိမိ၏ သာသနာတော်ကို အောင်ပွဲပေးတော်မူမည်ဖြစ
سَنُرِيهِمۡ ءَايَٰتِنَا فِي ٱلۡأٓفَاقِ وَفِيٓ أَنفُسِهِمۡ حَتَّىٰ يَتَبَيَّنَ لَهُمۡ أَنَّهُ ٱلۡحَقُّۗ أَوَلَمۡ يَكۡفِ بِرَبِّكَ أَنَّهُۥ عَلَىٰ كُلِّ شَيۡءٍ شَهِيدٌ ٥٣
မကြာမြင့်မီပင် ငါအရှင်မြတ်သည် ထိုသူတို့ အားမိုးကုပ်စက်ဝိုင်းများ၌လည်းကောင်း၊ ထိုသူတို့၏ ကိုယ်များ၌လည်းကောင်း၊ မိမိသက်သေလက္ခဏာတော်များကို ပြတော်မူမည်။ နောက်ဆုံးတွင် ၎င်းတို့၌ ဧကန်စင်စစ် ယင်း(ကုရ်အာန်ကျမ်းတော်မြတ်)မှန်ကန်ကြောင်း သိသာထင်ရှား၍လာပေမည်။ (အို-နဗီတမန်တော်၊)အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည်ပင် (အသင့်အဖို့) လုံလောက်တော်မူသည် မဟုတ်လော။ ဧကန်မလွဲ ထိုအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို မြင်တော်မူ သော အသိသက်သေပင် ဖြစ်တော်မူ၏။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 51-54 — စူရာ ဖုစ်စီလာ့
51 وَإِذَا أَنْعَمْنَا عَلَى الْإِنسَانِ أَعْرَضَ وَنَأَىٰ بِجَانِبِهِ وَإِذَا مَسَّهُ الشَّرُّ فَذُو دُعَاءٍ عَرِيضٍ
စင်စစ်မှာကား ငါအရှင်မြတ်သည် လူသား တို့၏အပေါ်၌ ကျေးဇူးပြုတော်မူသောအခါ ၎င်းမှာ မျက်နှာလွှဲကာအဝေးသို့ရှောင်ဖယ်၍ သွားလေ့ရှိ၏။ သို့တစေလည်း 4င်း၌ဘေးဒုက္ခသက်ရောက်သောအခါ (၎င်းမှာ)ကျယ်ဝန်းစွာ (တစ်နည်း)ရှည်လျားစွာဆုတော�်းပတ္ထနာ ပြုလေ့ရှိပေသတည်း။
52 قُلْ أَرَأَيْتُمْ إِن كَانَ مِنْ عِندِ اللَّهِ ثُمَّ كَفَرْتُم بِهِ مَنْ أَضَلُّ مِمَّنْ هُوَ فِي شِقَاقٍ بَعِيدٍ
(အို-နဗီတမန်တော်)အသင်သည် ပြောကြားပါလေ။ (အချင်းတို့၊) အသင်တို့သည်ပင် ပြောပြကြလေကုန်။အကယ်၍ ယင်း(ကုရ်အာန်ကျမ်းမြတ်)သည် အလ္လာဟ်အရှင်မြတ်အထံတော်မှ (ကျရောက်ခဲ့သည်) ဖြစ်ခဲ့အံ့။ ထို့နောက်တစ်ဖန် အသင်တို့သည် ယင်း(ကုရ်အာန်ကျမ်းတော်မြတ်)ကိုငြင်းပယ်ခဲ့ကြသည်ရှိအံ့၊ သို့ဖြစ်လျှင် ဝေးကွာလှသော ကွဲပြားမှု၌ရှိနေသောသူထက် ပိုမို၍လမ်းမှားသောသူ မည်သူရှိအံ့နည်း။
53 سَنُرِيهِمْ آيَاتِنَا فِي الْآفَاقِ وَفِي أَنفُسِهِمْ حَتَّىٰ يَتَبَيَّنَ لَهُمْ أَنَّهُ الْحَقُّ ۗ أَوَلَمْ يَكْفِ بِرَبِّكَ أَنَّهُ عَلَىٰ كُلِّ شَيْءٍ شَهِيدٌ
မကြာမြင့်မီပင် ငါအရှင်မြတ်သည် ထိုသူတို့ အားမိုးကုပ်စက်ဝိုင်းများ၌လည်းကောင်း၊ ထိုသူတို့၏ ကိုယ်များ၌လည်းကောင်း၊ မိမိသက်သေလက္ခဏာတော်များကို ပြတော်မူမည်။ နောက်ဆုံးတွင် ၎င်းတို့၌ ဧကန်စင်စစ် ယင်း(ကုရ်အာန်ကျမ်းတော်မြတ်)မှန်ကန်ကြောင်း သိသာထင်ရှား၍လာပေမည်။ (အို-နဗီတမန်တော်၊)အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည်ပင် (အသင့်အဖို့) လုံလောက်တော်မူသည် မဟုတ်လော။ ဧကန်မလွဲ ထိုအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို မြင်တော်မူ သော အသိသက်သေပင် ဖြစ်တော်မူ၏။
54 أَلَا إِنَّهُمْ فِي مِرْيَةٍ مِّن لِّقَاءِ رَبِّهِمْ ۗ أَلَا إِنَّهُ بِكُلِّ شَيْءٍ مُّحِيطٌ
သတိပြုကြလေကုန်။ ဧကန်အမှန် ၎င်းတို့ သည်မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်နှင့်တွေ့ဆုံကြရမည်နှင့်စပ်လျဉ်း၍ အရာခပ်သိမ်း ရှိနေကြကုန်၏။ သတိပြုကြလေကုန်။ မလွဲဧကန် ထိုအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို ဝန်းခြုံလျက် ရှိတော်မူပေသတည်း။
ဘာသာပြန် — ဖုစ်စီလာ့ 53 စူရာ ဖုစ်စီလာ့ အာယာသ် 53 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : မကြာမြင့်မီပင် ငါအရှင်မြတ်သည် ထိုသူတို့ အားမိုးကုပ်စက်ဝိုင်းများ၌လည်းကောင်း၊ ထိုသူတို့၏ ကိုယ်များ၌လည်းကောင်း၊ မိမိသက်သေလက္ခဏာတော်များကို ပြတော်မူမည်။ နောက်ဆုံးတွင် ၎င်းတို့၌…
စူရာ အာယာသ် 53/54 — စူရာ ဖုစ်စီလာ့ فصلت (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ဖုစ်စီလာ့ နားထောင်, စူရာ ဖုစ်စီလာ့ ဘာသာပြန်, စူရာ ဖုစ်စီလာ့ mp3, စူရာ ဖုစ်စီလာ့ pdf. အာယာသ် 51–54. မြန်မာဘာသာ: ภาษาไทย.